အသည်းကွဲဖေဖေါ်ဝါရီ..
======================
၁၀တန်း ပထမနှစ်မှာ ဆုံခဲ့ တဲ့  ရီးစားက ကျနော်တို့ ကျားသီးသန့်  ကျောင်းနဲ့  လမ်းမကြီးခြားနေတဲ့  မိန်းကလေးကျောင်းကပေါ့  ..ကျောင်းသူတွေ အများကြီးထဲမှာမှ ကြွေသွားမိပုံက သူက လျော့ တိလျော့ ရဲ့ 
နဲ့  ထမိန် ရှပ်တိုက် ခြေမူးဒိုး ၀တ်လျှောက်တဲ့ စတိုင် ပိန်ပိန်ပါးပါးလေးနဲ့  အရပ်က မဆိုးဘူး ပေမီ ဒေါက်မီထဲမှာပါတယ်ပေါ့  စိနနွယ် ကပြားမလေးဆိုတော့ အသားအရည်က ပိုးဟတ်ဖြူလေးလိုပဲရယ်..မျက်နှာကျကလည်း ဟို တရုပ်သရဲကားတွေထဲ လေထဲလွင့် လာတတ်တဲ့  လှတပတ တရုပ်သရဲ မလေးလို မျက်နှာကျလေး...
အစက ဒီလောက် မကြွေမိသေးဘူး....ကြွေမိသွားတဲ့  အချိန်က ဒီဇင်္ဘာ နံနက်ခင်း ဆောင်းဦးနှင်းတွေဝေနေတဲ့  အချိန်ပေါ့  အဲ့ အချိန်မှာ သူတို့ ကျောင်းရော ကျနော်တို့ ကျောင်းပါ မနက်ပိုင်းတက်တဲ့ ကျောင်းတွေချည်းနဲ့  ကျနော်တို့ ကျောင်းက ၇နာရီ ၁၅မှ သူတို့ ကျောင်းက ၇နာရီ ကွက်တိဆိုတော့  သူတို့ ကျောင်းရှိရာ အရပ်ကို ကျနော်တို့ က သွားရှိုးနေလို့ လွယ်နေတဲ့ သဘောပေါ့ ...အဲ့ မှာ ဆောင်းမနက်ခင်းရဲ့ 
နှင်းထု အပြီး မကွဲသေးချိန် နေရောင်က နှင်းထုကို ဖေါက်ပြီး မပွင့် တတ်ပွင့် တတ်သေးချိန် ၀ိုးတ၀ါး မြူနှင်းတွေကြားမှာ ထမိန်ရှပ်တိုက်ပြီး လှုပ်စိ လှုပ်စိနဲ့  နွဲ့ နွဲ့ လေး လျှောက်လာပုံက ......လေထဲမှာ လွင့် လာနေသလိုလို မျိုးလေး..သိပ်ကို ကြည့် လို့ လှတာပဲဗျာ .. အဲ့ မှာ....
============================================
ကြွေသွားမိပြီဆိုကတည်းက မျက်စိချင်း ဆုံမိအောင်ကြိုးစားရတော့ တာပေါ့ လေ ချစ်ခြင်းအစ မျက်စိကလို့ ဆိုသကိုး ဟဲဟဲ ...အဲ ကံ ရေစက် ဆုံချင်တော့  ကျနော့် သူငယ်ချင်းက အာ့ လေးကို သိနေပြီး အဲ့ လေလွင့် တံခွန်ဖြူလေးလို လှ နု နွဲ့ နေတဲ့ သူလေးကတဲ့  ကျောက်တံတားက (--) ညနေပိုင်း အနီးကပ် ၃လပြတ်ကျူရှင်တက်နေတယ်တဲ့  အဲ့ ကျူရှင်မှာ သူနဲ့ ဘေးချင်းကပ်ထိုင် သူငယ်ချင်းဖြစ်နေတဲ့  တစ်ယောက်က ကျနော့် သူငယ်ချင်း ရဲ့  ရီးစားပါတဲ့  ဗျာ..ဟားးး..မိုက်ပြီပဲ စိုးပိုင်ရဲ့  အောင်သွယ်တော် လိုပါသည် ပဲ ..ဟီးး.. : အဲ့ မှာ ကျနော်လည်း တစ်ခြားကျူရှင်တွေဖျက်ပစ်လိုက်ပြီး နေ့ ချင်းညချင်း အဲ့ ၁၀တန်း ၃လပြတ် ကျူရှင်ရဲ့ အနီးကပ် သင်တန်းသားကြီးဖြစ်သွားပါရောဗျာ..ဒီလိုပေါ့ နော် ကြွေပြီဆို နည်းးပေါင်းစုံလမ်းပေါင်းစုံ ကြံရတော့ တာပေါ့ လေ.....အဟီးးး. ...၊
အဲ့ ပိုးဟတ်ဖြူလေးကလည်း သိသဗျ မနက်ခင်းပိုင်း ကျောင်းမတက်ခင်တွေမှာကတည်းက ထင်သာမြင်သာရှိအောင် သူလေးနဲ့  မျက်လုံးချင်းဆုံမိအောင် သွား သွားရှိုးထားတော့  ညနေပိုင်း ကျူရှင်မှာ ကျနော့် ကို သူ့ တက်နေတဲ့  ကျူရှင် လှေခါးရင်းမှာ ဘွားကနဲ့ တွေ့ လိုက်တော့  ရုတ်တရက် အံ့ သြပြီး ပြုံးယောင်သန်း သဘောကျသွားတဲ့  အမူအယာက သူ့ မျက်လုံးထဲမှာ အရောင်တွေ ဖြတ်ကနဲ ပြေးသွားတာ ဖုံးမရလိုက်ဘူးလေ ဟေးးးး..... သူ ကျနော့် ကို သိနေပြီ ခိခိ ..အဲ့ ပထမနေ့ မှာတင် ပျော်ချက်ပေါ့  ကိုယ်ကြွေနေတဲ့ သူလေးက ကိုယ်ကြွေနေတဲ့ အကြောင်း သိနေခဲ့ ပြီ အသိအမှတ်ပြုနေသလိုလည်း ဖြစ်နေတဲ့  အပြင် ပန်းနုရောင် ပြေးနေတဲ့  သူ့ နှုတ်ခမ်းပါးလေးပေါ်မှာ ပါးပါးလေး ပြုံးယောင်ခြယ်သွားတယ်ဆိုတာကိုယ်က ကျနော့် ရင်ထဲမှာ ရင်ထဲမှာ ဒိန်းတပ်တပ် ဒိန်းတပ်တပ်နဲ့  ကုလားဘုရားလှည့် နေခဲ့ြ့ပီလေ..
အဲ့ အချိန်မှာ စာမွဲကြီး အရမ်းနီင်္းနေပြီ ဆိုတဲ့  အကြောင်း သတိရပုစ် ...စာဖြေရမယ့် ရက်တွေနီးလာတာ အရမ်းမြန်လိုက်တာလိုပဲ ..စာမွဲမကြောက်တာမဟုတ်ပဲ နွေရက်တွေ ခံသွားရင် မတွေ့ ရတော့ ဘူးဆိုပြီး ရီးစားမဖြစ်ရသေးခင်ကို ကြိုဆွေးနေလိုက်သေးတာရယ်....ခ်
ဘေးဘီ မျက်လုံး မကစားတတ်ပဲ မြေကသိုင်းရှု့  လမ်းလျှောက်တဲ့  သူလေးနဲ့  မျက်လုံးချင်း ဆုံမိအောင် အချိန်တစ်ခုအထိ စိတ်ရှည်ပေးခဲ့ ရတာကလည်း အချစ်အတွက် ခန္တီပါရမီ ဖြည့် နေရသလိုပါပဲ .အတော်တော့  မလွယ်ပါဘူး...
===================================
ကျနော့် ရီးစား ပင်လယ်ဓားပြ
------------------
ပထမပိုင်းတော့  ကျနော့် သူငယ်ချင်းရီးစားကနေ တစ်ဆင့်  စာပေးစာယူသဘောနဲ့  မင့် ကို သေလုအောင် ကြွေခဲ့ မိပြီဆိုတဲ့  အချစ်စာတွေ စီကာဖွဲ့ ပေးလိုက်တယ်ပေါ့  စာပေးစာယူဆိုတာ စာပေးတာမဟုတ်ပဲ ဗလာစာအုပ်အလွတ်မှာ ရင်ဖွင့် စာရေး ကြားလူ အောင်သွယ်ကနေ စာအုပ်လိုက်ပေးလိုက်တာမျိုးပါ အဲ့ စာအုပ်ကို လက်ခံပြီး တစ်ခုခုများပြန်ရေးပေးလိုက်ရင် ..ကပ္ပိလပြည်ဖက် ဘီးတစ်ဝက်နင်းပြီဟေးးး...ပဲ အဟီး...အဲ့ မှာ ပထမဆုံး စာချွန်တော်ပို့ တဲ့ နေ့ မှာ ကျနော်က သူ့ နောက်တန်းခုံ လေးငါးတန်းလောက်မှာပေါ့  အဲ့ တော့  သူ့ နောက်ကြော သူ့ အက်ရှက်ကိုမြင်နေရ တာပေါ့ ..အဲ့ မှာ သူငယ်ချင်းရီးစားက သူ့ ကို စကားတိုးတိုးလေး ကပ်ပြောပြီး ကျနော့် ဗလာစာအုပ်လေးကို သူ့ ဖက်ချပေးလိုက်တော့  ..ဟားးး...ရင်တထိတ်ထိတ်နဲ့  ဖတ်မှ ဖတ်ပါ့ မလား.နဲ့ .မဖတ်ဘူးဆိုရင် ငါတော့ သေပြီဆရာပဲ .။ အဲ့ မှာ ကျနော့် ရင်ဖွင့် စာ ဗလာစာအုပ်လေးကို သူလေးက ကြည့် ပြီး လှန်ဖတ်လိုက်တာလည်းမြင်လိုက်ရရော နာရီတွေ ရပ်သွားသလို လို ဘေးဘီက အသံတွေ ငြိမ်ကျသွားသလိုလိုပါပဲ ကိုယ့် နှလုံးခုန်သံ တဒုန်းဒုန်းသာ နားထဲ ပြန်ကြားနေတော့ တာမျိုး ...ဖြုံပြီလေ...ပြဿနာလား အသေစား သေစေလား သူ နဲ့ ကျနော် စိမ်းလမ်း လွင်ပြင်မှာ ဆုံတွေ့ ဖြစ်လာမှာလား....သူ့ ရဲ့  စီရင်ချက် အက်ရှင်သဘောကို စောင့် နေရတဲ့  စက္ကန့် ပိုင်းအက်ရှင်..........။
နောက်ကနေ ကိုယ်တစောင်းလေးပဲ မြင်နေရတဲ့  ပြုံးယောင်သန်းနေတဲ့  သူ့ နှုတ်ခမ်းလေးရယ် စိတ်ဝင်တစားဖတ်ကြည့် နေပုံရတဲ့  သူ့ အက်ရှင်လေးကိုသာ မှန်းဆပြီး အခြေအနေက သေဒဏ်တော့  မကျလောက်ဖူးနဲ့ တူပါရဲ့ လို့ တော့  ရင်တထိတ်ထိတ်နဲ့ တွေးရင်း.သက်ပြင်း တစ်ဝက်ချ ပေါ့ ..အဲ့  အချိန်မှာ သူငယ်ချင်းရဲ့  ရီးစားလေးက ကျနော်တို့  ခုံတန်းဖက် မသိမသာလေးလှည့် ပြီး အိုကေတယ်ဆိုတဲ့ အမူအယာနဲ့  ပြုံးပြ လက်မလေးမသိမသာခိုးထောင်ပြလိုက်တာမြင်လိုက်ရတော့  ဟူးးး..ကနဲပဲ တော်သေး ပြဿနာ ထမရှာတာလို့ တွေးပြီး ရင်ထဲက အပူက အဲ့ တော့ မှ ကျသွားတော့ တာပါပဲဗျာ...စာပေးစာယူအချစ်ကသွားလမ်းသာလို့ လာလမ်းပေါက်ခဲ့ ပြီလေ...ငိငိ...ချက်ချင်းတော့  ဘယ်ပြန်စာရမလဲ တစ်လလောက်ကြာပြီးမှ စာတစ်ကြောင်းစ နှစ်ကြောင်းစလာတာ..ဟား...သူလေးလည်း ကဗျာသမား စာသမား ဖီလင်သမားပဲဟ..လို့ 
အဲ့ မှာ ချစ် အဖြေပြန်ပေးလာပုံက ရိုးရိုးပြန်မလာဘူး ပညာသည်တွေနဲ့  တွေ့ နေရသလိုပါပဲ ...စာအုပ်ထဲမှာ ပြန်ရေးပေးလာတော့  စာ တစ်ကြောင်းထဲရယ်.....'' ပင်လယ်ဓားပြ ပါ ရှင်ရေ ''' တဲ့ ....
ကျနော်တို့  အ ချက်ကလည်း ငင် အာ့  ဘာကြီးဒုံးပဲ ဘော်ဒါတွေ လိုက်မေးတော့ လည်း ကိုယ့် လို ဗလွတ်ရွှတ်တတ် ငပြောင်တွေ ပေါက်ကရ ပေါက်ပန်းဆေးတွေချည်း ပဲ ဟီး....အဲ့ မှာ ဘော်ဒါထဲက ဘော်ဒါရဲ့  ရီးစားက သိသွားပြီး ဟားရင်း စကားထာရဲ့  ကုတ် ကို ဖြေပေးတော့ မှ သိတော့ တာ... အဲ့ ဒါ နင့် ကို ပြန် ကြိုက်ပါတယ် လို့ အဖြေပြန်ပေးလိုက်တာ ဟဲ့  ပြန် ချစ်တယ်ပြောတာဟဲ့  ....ပင်လယ်က မကျယ်လား ကျယ်တယ် ဓားပြက မတိုက်လား တိုက်တယ် ကျယ်တိုက် ကြိုက်တယ် အဲ့ ဒါ နင့် ကိုချစ်ပါတယ်လို့  အဖြေပြန်ပေးတာဟဲ့  တဲ့ ...သြော....ဂလိုလား ဟီင်္းဟီး. တိဘူးလေ .ငါတို့ က ကာတွန်းတွေမှ မဖတ်တာလို့  ပြောင်္ပြီး....ခ်...ရီးစားဆီက က ချစ်တယ.်ဆိုတဲ့  အဖြေရတော့  ပျော်တာပေါ့ အမေရယ်ပေါ့ ညှော်. .ခိခိခိ
==========================================
မိုးအောက်မြေပြင်မှာလေ....
----------
ချစ်ခြင်းတရားတို့ 
နင်နဲ့ ငါ အတူတူ လက်ချင်းတွဲ
စာသီဖွဲ့  .....
တေးသံသာတို့ လွင့် ပျံ့ နေဆဲမှာ..
သူလေးနဲ့ ကျနော့် ရဲ့ ကမ္ဘာလေးဟာ
ကမ္ဘာသစ်လေးဖြစ်နေလို့ .......
စိမ်းလန်းလွင်ပြင်
မြက်ခင်းစိမ်းလေးတွေနဲ့ .....
ဟောဒီ့ ...
မိုးအောက်မြေပြင်ဟာ
ချစ်ခြင်းတရားနဲ့ 
သုခတရားတို့  ပြီးပြည့် စုံခဲ့ ..........။
============================================
ပြီးပြည့် စုံနေတဲ့ ချစ်ခြင်းတရားတို့ ရဲ့ ဘ၀ရဲ့  ကာလချိုလေးတွေ
-----------------
♫ ♪♫ လိုချင်ရင် လာယူပါ ♫ ♪♫ အချစ်တွေ အချစ်တွေ မင်းအတွက်ပါ ♫ ♪♫ ဟီးဟီး.. အဖြေလွှာလေး ပြန်ရပြီဆိုတော့  လူက လမ်းလျောက်နေတာတောင် ခြေထောက်နဲ့ မြေကြီး သိပ်မထိတော့ သလိုပေါ့ လေ..ကျူရှင်းဆင်တဲ့  ညနေခင်းတွေရဲ့  မြို့ ပြရဲ့  မာကျူရီမီးပွင့် တွေရဲ့ အလင်းရောင်ဆိုတာ ခါတိုင်းထက် ပိုလှနေသလိုပါပဲဗျာ..။ ၃လပြတ်က တနင်္လာကနေ သောကြာနေ့ အထိ ငါးရက်ဆက်တိုက် တက်ရတဲ့ ကျူရှင်ဆိုတော့  အဲ့ ငါးရက်မှာ ၂ ရက်လောက် အတူတူ ကျူရှင်ပြေးဖြစ်ကြတာပေါ့ ။ လွတ်လပ်ရေးကျောက်တိုင်ခြေရင်းတွေ ပန်းရုံလေးတွေအောက်က ခုံတန်းရောင်စုံလေးတွေ ဆူးလေဘုရားရင်ပြင်တော်တွေဆိုတာ
ချစ်ခြင်းတရားတွေ ဖွင့် ဆို စာဖွဲ့ ကြရာနေရာလေးတွေလို ဖြစ်ခဲ့ ကြတာပေါ့ နော့်  .. 😁
ကျူရှင်ပြေးပြီး ချိန်းတွေ့ ရတာအားမရတော့ နေ့ ကျောင်းပြေးးကြဖို့  ကျနော်က စကားဆိုပါတယ် အဲ့ မှာတော့  မလွယ်ပါဘူး ပထမပိုင်းငြင်းတယ်လေ ဟုတ်တာပေါ့ နော် အင်ပရက်ရှင်ဆိုတာ ရှိသေးတယ်လေ အချိန်ကလည်း ဇနွဝါရီလကုန်ပိုင်းလောက်ဖြစ်လာပြီဆိုတော့  စာမွဲကြီးက တအားနီးလာပြီလေ..ဒါပေမယ့်  အဲ့ အချိန်မှာ စာချိုးတော်တော် များများက နေ့ ကျောင်းကြီးသိပ်မတက်ကြတော့ ဘူး ကျနော်တို့ လို
ကျောင်းဆွေးဆွေးလူဆွေးဆွေး ကျောင်းပြေးလေးတွေနဲ့ တစ်ချို့  ကျောင်းကြောက်တဲ့ ကျောင်းသားတွေလောက်ပဲ ကျောင်းလာကြတော့ တယ် ကျောင်းခေါ်ချိန်တွေ ပြည့် ကုန်ကြသလောက်ရှိကုန်တော့  ( မပြည့် လည်း အဲ့ တုန်းက ဆရာမတွေက ဖြည့် ပေးတတ်ကြတယ် ဟဲဟဲ :P ) ဆရာကြီးရော အတန်းပိုင်တွေက ကျောင်းခန်းထဲ သုံးပုံနှစ်ပုံလောက် ကျောင်းသားလျော့ နေတာ ပြဿနာမရှာတတ်ကြဘူး ..
ဒါနဲ့  နေ့ ကျောင်းအတူတူပြေးကြဘို့  အသည်းအသန်ငိုပြရတော့ တာပေါ့ ခမျာ ငိငိ သူလေးက နေ့ ကျောင်းတစ်ခါမှ မပြေးခဲ့ ဘူးလို့  အစပိုင်းမှာ အတော်လေးငြင်းပါတယ် ကျောင်းစောစောလာပြီး ကျောင်းမတက်ခင် ကျောင်းနဲ့ မလှမ်းမကမ်းမှာ ဈေးမဖွင့် သေးတဲ့  ဗိုလ်ချုပ်ဈေး မျက်နှာစာတန်းမှာ အတူတူ လက်ချင်းတွဲ လမ်းလျှောက်ကြရင် အပြန်အလှန် ချစ်ခြင်းဖွဲ့  ရေးထားတဲ့  စာအုပ်လေး ပေးရင်း ယူရင်း စကားလေးတွေသာ ပြောနေခဲ့ ရတာ...။ နောက်တော့  ဇန္န၀ါရီလကုန်ပတ်လောက်မှာတော့  ကျနော် နားပူနားစာ တောင်းဆိုလွန်းလို့  သူလေးက ချီတုံချတုံ အမူအယာလေးနဲ့  အင်း...တဲ့  ဘယ်ကို သွားကြမှာလဲဟင်တဲ့ ... အဟီး ပျော်ပြီလေ..
တိရိစ္ဆာန်ရုံက ကျောက်ဝိုင်းက ကျောက်ဆစ်ခုံတန်းလေးတွေ မြတ်ဘုရားရွှေတံဂုံပေါ်က ရာဟုထောင့် အောက်ချိုင့် က စောင်းတန်းတွေ ကန်တော်ကြီးထဲမှာ...မယ်လမုဘုရား တစ်ရက်ဆို အာလိမ်ငါးဆင့် ဘုရားတောင်ရောက်လိုက်သေးပေါ့ လေ..တစ်ရက်တစ်လေ မြို့ ပတ်ရထား လျှောက်စီးကြတာလည်းပါခဲ့ တယ်..သူပျော်ပြီလေ. ရင်တွေခုန်လိုက်ထှာတဲ့  အိမ်က သိသွားမှာ ကြောက်လည်းကြောက်သတဲ့  မကြောက်ပါနဲ့ (--) ကျနော်တစ်ယောက်လုံး ရှိပါတယ် တကယ့် ကို ဘာညာနဲ့ တွေ...အဲ့ ခေတ်က ချစ်သူ့ လက်ဖ၀ါးလေးကို သာသာယာယာလေး ဆုတ်ကိုင်ပြီး အတူတူတွဲ စကားလေးတစ်ညေပာပြောနဲ့  လမ်းလျှောက်ခွင့် ရနေပြီဆိုယုံနဲ့  ကျနော်တို့ ရဲ့ ချစ်ခြင်းတရား ရသဟာ ပြီးပြည့် စုံနေခဲ့ ပြီလေ...။
======================================
---------------------------------
ရီးစားသက်တမ်း သုံးလထဲရှိခဲ့  ပျော်ပွဲဖြစ်ခဲ့ ရတဲ့ 
တစ်ခါက အထကကျောင်းသား ဗွက်က အဲ ဘ၀က ငိငိ
ဒုတိယမြောက် အသည်းကွဲဇာတ်လမ်းလေး အကြောင်း ငါ ဘယ်လို ရင်ဘတ်င်္ကြီးနဲ့  ရေးဖွဲ့ ရမှာလဲနင်....:'(
မရေးရက်ရက် ရေးခဲ့ ချင်ခဲ့  ..
ချစ်လျက်မို့  အပြစ်ဖွဲ့  ခွဲခွာရက်တယ်လေ လို့ လည်း
မဆိုရက်ရက် ဆိုခဲ့ ချင်ပေမယ့် လည်း...
==================================
အသည်းကွဲဖေဖေါ်ဝါရီ
-------------------
''ဆောင်းညအလီလီ..''
---------
ဆောင်းခိုမယ့် 
ဆောင်းကြိုတဲ့ နှင်းဆီ
ရဲခဲ့ ပြန်ပြီ
ရင်ထဲမှာ....
ထွေခင်းကာ ကစားကွက်တွေနဲ့ 
ချွေရစ်ခါထားခဲ့ တဲ့ 
နွယ် ခဲ့ တဲ့ ချစ်ခြင်းဖွဲ့ တွေ.....
မမေ့  မမေ့ 
မမေ့ တတ်သူအဖို့ 
မမေ့ တတ်ပါကြောင်း
ဆောင်းပေမင့် 
ဆောင်းဖြစ်ရ ခက်ခဲ့ ပြန်ပြီ
ဆောင်းညအလီလီ...။
------------------
♫ ♪♫ ကြည်ဖြူစရာ ဝေဒနာ နေခြည် အလာ တစ်လှည့် အပြန်တစ်လှည့်  အသွားတစ်လှည့် အတားခက်
ညှိုးနွဲ့ ဟန်ဆောင် ပြန်လည် အရုဏ်ကျင်း အလင်း ရောက်ရင် ပြန်ဆုံမလား ရင်ထဲမှာ.. ♫ ♪♫
-----------
အသည်းကွဲ ဖေဖေါ်ဝါရီ
---------------
''သစ်စိမ်းချိုး '' ဆိုတဲ့ စကားလုံးဟာ စာအလိုအရရော လက်တွေ့ ဘ၀အတွက်ပါ သိပ်နာကျဉ်ခံစားရတဲ့ ဝေဒနာကို ပေးစွမ်းနိုင်စွမ်းရှိပါတယ် ၊ သစ်ကိုင်းတစ်ကိုင်းကို ရုတ်တရက် ဖြောင်းကနဲ ချိုးချလိုက်တဲ့ အခါမှာ သစ်ပင်ရဲ့ နာကျဉ် ခံခက်လွန်းလို ထွက်လာတဲ့ ငိုငြီးရှိုက်သံကို ထောင်တတ်သော နားရှိသူတို့ သာ ကြားနိင်စွမ်းရှိတတ်သလို ''မေ့ ပစ်လိုက်ပါတော့ '' ဆိုတဲ့ စကားသံကို ချစ်သူ့ နှုတ်ခမ်းဖျားက မမျှော်လင့် ပဲ ရုတ်တရက် ကြီးကြားလိုက်ရတဲ့ အခါမှာတော့  ကမ္ဘာမြေတစ်ခုလုံးရဲ့  အသံတွေဟာ ငြိမ်သက်သွားသလိုပါပဲ...ဘာလို့ လဲ ဘာလို့ လဲ ဆိုတဲ့ မေးခွန်းတွေဟာ ပါးစပ်ဖျားဆီချက်ချင်းရောက်မလာသေးတဲ့  ရင်ထဲက မေးခွန်းတွေပေါ့  အံ့ အားသင့် လွန်းနေခြင်းက လူကို ကျောက်ရုပ် တစ်ခုလို..။
''အရင်ထဲက အိမ်က စေ့ စပ်ပေးထားပြီးသားလူရှိနေလို့ ပါ အမျိုးတော်တယ် သူ ကို မကြိုက်ပေမယ့်  မိဘတွေကို ငြင်းလို့ မရဘူး အဲ့ ဒါ စိတ်ညစ်နေတုန်း ရှင်နဲ့ တွေ့ ခဲ့ တာပါ ရှင့် ကို တကယ်ချစ်ခဲ့ တာပါ ဒါပေမယ့်  လက်တွဲဖို့ မဖြစ်နိုင်ပါဘူး. တစ်ခုတော့ ပြောချင်ပါတယ် ရှင့် ကို ခဏ အပျော်တွဲယုံလေး မဟုတ်ခဲ့ တာတော့ သစ္စာ ဆိုရဲပါတယ်ရှင်ရယ်..မ နဲ့  ဒီလပိုင်းလေးအတွင်း အတူတူပျော်ခဲ့ ရတာကိုတော့ တစ်သက်လုံး သတိရနေမှာပါ မ လည်း ပျော်ခဲ့ ရပါတယ်တဲ့  မေ့ ပစ်လိုက်ပါတော့ နော် အချိန်က ကုစားသွားပါလိမ့် မယ် ''' တဲ့ ...
ဟာ...ပဲ ရုတ်တရက် ဘာမှ တုန့် ပြန်စကားမပြောနိုင်တော့ ဘူးရယ်..ရှက်ခြင်း မာန ဒေါသ နဲ့  နာကျဉ်းစိတ်က သွေးတွေ ဆူတက်လာတယ် လွယ်လိုက်တာ အိမ်က သဘောတူထားပြီးသား ရှိပြီးသားတဲ့  တကယ်ချစ်ခဲ့ တာပါတဲ့  မေ့ ပစ်လိုက်ပါတော့ တဲ့ ...သစ္စာဆိုရဲပါတယ်တဲ့ လား...ဒါ...နင် ငါ့ ကိုကစားသွားတာပဲ လို့ ...အော်ပြောလိုက်ချင်ပေမယ့် ...ပေါက်ကွဲနာကျဉ်နေလွန်းလို့ ရင်အုံတစ်ခုလုံး တင်းကျပ်နေချက်က ရင်ထဲက ဒေါသ စကားလုံးတွေ အပြင်ကို ထွက်ကျမလာခဲ့ ဘူးလေ....ရုတ်တရက် အ သွားသလိုပါပဲ ...။
'' နင်..နင် သိပ်ရက်စက်တယ် တကယ့်  သစ်စိမ်းချိုးကြီးပဲ နင့် မှာ အရင်လူရှိနေခဲ့ ရင် အစကတည်းက ငါ့ ကို ဘာလို့  လက်ခံခဲ့ သလဲ..ငါကတော့  နင့် ကို တကယ်..တကယ်...''...ဆိုတဲ့ စကားတွေ ၀ူးဝူးဝါးဝါးနဲ့  ထွက်လာခဲ့ ပုံက ကျနော့် မျက်လုံးအိမ်မှာ မျက်ရည်တွေဝိုင်းလို့ ...အဲ့  ဖေဖေါ်ဝါရီနောက်ဆုံးပတ်ဟာ ကျနော့် အတွက်တော့  ချစ်ခြင်းတရားးမှာ ကျဆုံးခန်းပါပဲ...။ ကျလုလု မျက်ရည်တွေကို တစ်ဖက်လှည့်  ဖွက်သိမ်းပစ်လိုက်ရင်း..
'' အင်း '' ...လို့ သာ တုန့် ပြန်စကားတစ်ခွန်းဆို ခပ်စိမ်းစိမ်းပြန်ကြည့် လိုက်ရင်း ဆန့် ကျင်ဖက်အရပ်ကို ခွာထွက်ဖို့ ခြေလှမ်းပြင် သံယောဇဉ် လက်ကျန်နဲ့  နောက်ဆုံး တစ်ချက်ပြန် လျှိုးလိုက်တော့  သူ့ ပါးပေါ်မှာလည်း မျက်ရည်စီးကြောင်းနဲ့ ပါလားလေ....
===============================================
No comments:
Post a Comment
'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..