Powered By Blogger

Wednesday, December 7, 2016

[ Pumpuang Duangjan ] အရင်ခေတ်က ထိုင်းအဆိုတော်အမျိုးသမီးအကြောင်းလေး..








หม้ายขันหมาก - พุ่มพวง ดวงจันทร์ [ Pumpuang Duangjan ]
----------------------
အင်တာနက်နဲ့ မရင်းနှီးခင်က ဖျော်ဖြေရေး အဓိကထဲမှာ ၈ပေစလောင်းလည်းပါတယ်ပေါ့ ဗျာ...အဲ့ ၈ပေမှာက   ဖရီးလိုင်းတွေက ရာကျော်နဲ့ အိမ်နီးချင်းနိုင်ငံတွေက ဖရီးလိုင်းတွေပါရတော့  အဲ့  ၈ပေကို ရတဲ့  လိုင်းမှန်သမျှ ပတ်ကြည့် နေတာနဲ့ တင် တစ်ည တစ်ည အချိန်ကုန်တယ်ပေါ့  တစ်ခါတစ်လေ ညလုံးပေါက်လုလုဖြစ်သွားလို့    အိပ်ရေးပါ ပိုပျက်တဲ့  ၈ပေပေါ့  အဲ့ ရာကျော်ဖရီးလိုင်းတွေထဲမှာ ထိုင်းက ဖရီးလိုင်းတွေလည်း အတော်များတော့  ထိုင်းလိုင်းတွေပါ ကြည့် ဖြစ်တာပေါ့ လေ အဲ့ မှာ ထိုင်းကန်းထရီးသီချင်းလိုင်တွေပါ ကြည့် ဖြစ်နားထောင်ဖြစ် သံစဉ်တွေ တစ်ချို့ ပါ ကြိုက်ဖြစ်ခဲ့ တယ်ဆိုပါတော့ ..ထိုင်းစာ ထိုင်းစကား မတတ်တော့  ထိုင်းက နာမည်ကြီး ကျေးလက်အဆိုတော်တွေ အမည်ကိုတော့ မသိတာများတယ်...

'' စာခြောက်တန်း အခါတိုင် နဲ့  ပစ္စည်းပျောက် ''


'' စာခြောက်တန်း အခါတိုင် နဲ့  ပစ္စည်းပျောက် ''
--
ပစ္စည်းပျောက်လိုင်းက လာလာ မေးခဲလွန်းလို့  ထဲထဲဝင်ဝင်တော့ မလိုက်စားခဲ့ ဘူး  ဒီလို့ ကေ့စ်တွေက တစ်နှစ်လုံး လက်တစ်ဖက်ချိုးလို့ မပြည့် ချင်ဘူး တစ်ချို့ နှစ်တွေဆို တစ်မှု့ မှတောင်မလာတတ်ဘူး..( ဒီတော့  စီးပွားရေး အမြင်ဖက်ကကြည့် ရင် စီးပွားရေးတွက်ခြေမကိုက်ဘူးပေါ့ ဗျာ )

ဒါပေမယ့်  အခါတိုင်နဲ့ ပတ်သက်တဲ့   စာခြောက်တန်း လင်္ကာတွေက အချက်အလက် ၃ ခုလောက်ကိုတော့ ပေါ့ ပေါ့ ပါးပါး ပြောပြလို့ ရတယ် ( ဘာအာရုံမှခံနေစရာမလိုဘူးပေါ့ လေ) ..၊ ဒိထက်လိုက်စားရင်တော့  အမည်အစတွေ ဘာညာနဲ့  ဒီ့ ထက် ဒီ့ ထက် ပိုပြောလို့ ရနိုင်ပါတယ်..

တစ်ခါက ကြံခင်းမြို့ လေးမှာ...





တစ်ခါက ကြံခင်းမြို့ လေးမှာ...
----------------
ဒီညတော့ ဂူဂယ်လ်အပ်နဲ့ အဖေဖက်က အဖိုးအဖွားတွေနေခဲ့ တဲ့ အဖေတို့ ဇာတိ ကြံခင်းမြို့ လေးကို သွားလယ်ခဲ့ တယ် :P ကျနော်တို့ ကလေးဘ၀က နွေကျောင်းပိတ်ရက်တွေဆို တစ်နွေလုံးသွားနေဆော့ ကစား မြစ်ထဲရေဆင်းကူးခဲ့ တဲ
့ပျော်စရာကောင်းတဲ့ မြို့ လေးပေါ့ လေ..

အဲ့ တုန်းက ကြံခင်းမြို့ ခြေရင်းအထိမော်တော်ကြီးတွေဆိုက်ဖို့ ရေကြောင်းလမ်းရှိသေးတယ်
သောင်ပြင်က မြို့ အထက်ပိုင်းမှာတော့ စကျယ်နေပြီ.. ကြံခင်းကို အဲ့ တုန်းက တွင်ကျယ်တဲ့ လမ်းက ပြည်ကနေ မော်တော်အကြာကြီး စီးသွားရတာပါပဲ..လမ်းမှာ အခု ခေတ်စားလာတဲ့  အကောက်တောင်နံရံက ဘုရားတွေဆို မော်တော်ပေါ်ကနေ ဖူးခဲ့ ရတာမျိုးပေါ့ ..နွေပေါက်ကျောင်းပိတ်ချိန် ၇တန်းနှစ်မှာ ကိုရင်ကို ရန်ကုန်မှာ စီးပြီး ကြံခင်းက အဖေ့ အစ်ကိုအကြီးဆုံးငယ်ဖြူ ဘကြီးဘုန်းကြီးဆီမှာ တစ်နွေလုံး ကိုရင်ဝတ် ဘ၀လေးနဲ့ သွားနေခဲ့ ဘူးတယ်...ဘကြီးဘုန်းကြီးရဲ့  ကျောင်းဝင်းကြီးက မြို့ အထွက်ဖက် လက်ကွင်းကျယ်ကြီးတွေနဲ့ ဆက်နေတဲ့ ရှေးကျတဲ့ ဒီဇိုင်းတွေနဲ့  ဘုန်းကြီးကျောင်းတွေ စေတီလေးတွေ အများကြီးရှိတဲ့ မြို့ အထက်ဖက် မြို့ ပြင်ကျကျအကွက်ထဲမှာ..၊

အမား...(၁) (၂) (၃)


အမား...(၁)
---
အ၀တ်လျှော်စက်တွေ အိမ်မှာ သုံးတာကြာလာပြီ.... လူသက်သာတာတော့  ငြင်းမရတာအမှန်ပါပဲ....ဒါပေမယ့်  အ၀တ်လျှော်စက်က စကားမပြောတတ်ဘူး...

အ၀တ်လျှော်စက်တွေ မတိုင်ခင်က အိမ်မှာ နေ့ တိုင်းလာ တအိမ်လုံးရဲ့ အ၀တ်တွေကို လျှော်ဖွတ်ပေးရင်း အိမ်သားတွေနဲ့  ကျနော်တို့ ကလေးတွေနဲ့  စကားစမြည် ပြောခဲ့ ကြတဲ့ .အ၀တ်လျှော်ရင်း ကျနော်တို့ ပူဆာလို့  ကုလားကားတွေထဲက သီချင်းတွေ ဆိုပြခဲ့ တဲ့  အမားကို လွမ်းတယ်..

အဲ့ အမားကြောင့် ပဲ..အ၀တ်လျှော်မပျက် ကျနော်တို့ ကလေးတွေကို အမားဆိုပြတဲ့  ကုလားကားတွေထဲက ရုပ်ရှင်သီချင်းတွေအိန္ဒိယရဲ့  ယဉ်ကျေးမှု့ သဘောတွေကို ရင်းနှီးသွားခဲ့ တယ်.......

အမားရဲ့  သဘောကောင်းလွန်းလှတဲ့  အကြင်နာပါတဲ့  အပြုံးတွေဟာလည်း
နှစ်လိုဘွယ်ရာကောင်းပါလားလို့ လဲ ခံစားတတ်သွားခဲ့ တယ်..

ကာလတွေ အချိန်တွေ ရွေ့ လျားသွားတဲ့ အခါ....ကျနော်တို့ တွေ အရွယ်ရလာသလို အမားလည်း အရွယ်ရခဲ့ ပြီလေ..တစ်ခါတစ်လေ အမား အိမ်ကိုဝင်လည်တဲ့ အခါ...

ကျနော်တို့ တွေ သံယောဇဉ် ရင်လှိုင်း ခတ်သံအပြည့် နဲ့  ဆီးကြိုရင်း သာကြောင်း မာကြောင်းတွေ စကားဖေါင်ဖွဲ့ ရင်း...

အရင် အတိတ်က ငယ်နုစဉ်က ပုံရိပ်တွေ ပြန်လည်မြင်ယောင်ရင်း.....

အမားရော ကျနော်တို့ ပါ ကိုယ်စီ....မျက်ရည်တွေကို ၀ဲလို့ ....

အမားရဲ့ မျက်နှာမှာရော ကျနော်တို့  မျက်နှာမှာပါ အရောင်မဆိုးတဲ့  အပြုံးပန်းတွေပွင့် လို့ ပေါ့ ....
.
အမား သက်ရှည်ကျမ္မာရှိပါစေ....

.♫ ♪♫ ထန်းပင်ကျရေ ထန်းပင်ကျရေ.. ချို သမျမျ ခါးသလေလေ့  ♫ ♪♫



.♫ ♪♫ ထန်းပင်ကျရေ ထန်းပင်ကျရေ.. ချို သမျမျ ခါးသလေလေ့  ♫ ♪♫
------
အဲ့  ငွေဆောင်က ကျနော်တို့ တည်းခဲ့ တဲ့  ရီဇော့ မှာ တိုက်ဂါးဘီယာလေးတစ်ဗူးကို ဈေးမေးကြည့် တာ ထောင့် ငါးရာတဲ့ ..ပုံမှန် ဘယ်လောက်လဲတော့ မသိဘူး...ကျနော်ကလည်း အာ့ တွေ မသောက်တာ ကြာပြီဆိုတော့ လေ..ခိခိ မ၀ယ်ပဲ ဈေးသည် အခြေအနေကြည့်  ဈေးတွေလျှောက်မေးတာတော့  ရောက်လေရာ အရပ်ပဲ အဟီး... အဲ ပုသိမ်မှာတော့ သိုက်ဘုရား သိုက်ဆက်
ထွက်ရပ်ပေါက်ဂိုဏ်းတွေ ရဲ့  အောင်မြေလို့ နာမည်ကြီးတဲ့  ရွှေမြင်တင်ဘုရား အသွား ( အတော်သွားယူရတယ် မြို့ နဲ့  လှမ်းပြီး ချောင်ကျတယ် ကျောင်းပြေးလို့ အတော်ကောင်းတဲ့  ဘုရားပဲ အဲ ကျောင်းပြေး အတွဲလေးတွေ တောင်တွေ့ ခဲ့ သေးတယ်.
အဲ့  အတွဲလေးတွေ တွေ့ လိုက်တော့  ကျနော်တို့  ဆယ်တန်းတုန်းက ရွှေတိဂုံဘုရားပေါ် အတွဲလေးနဲ့  ကျောင်းပြေးခဲ့ တာလေးတောင် သတိရလိုက်သေး အဟီး... ) အဲ့ ဘုရားမရောက်ခင် လမ်းမှာ ကားက ထန်းတောရှေ့ ဖြတ်တုန်း ထန်းရေ၀ိုင်းတွေ တွေ့ တာနဲ့  မနေနိုင်တော့ ပဲ အဲ့ ထရေဆိုင်မှာရပ် ထန်းရေ ၀ယ်မိတော့တာပါပဲဗျာ...ထန်းတောထဲ ထိုင်ရောင်းနေတော့  ထရေက အင်တော့ မဖြစ်လောက်ဖူးလို့  တွက်တာလည်းပါပေါ့ လေ...

ငွေဆောင်(၉)







ငွေဆောင်(၉)
--
အဲ့ မှာ ၂ ဘီးဆိုင်ကယ်ရော၎ ဘီးဆိုင်ကယ်ပါ ငှားတယ် စက်ဘီးလည်းငှားတယ် မြင်းလည်းရှိတယ်.. တစ်နာရီဘယ်လောက် နာရီဝက်ဘယ်လောက်ပေါ့ လေ ဆိုင်ကယ်တွေက ကိုယ်တိုင်မောင်းချင်လည်း မောင်းတတ်ရင် ရော့ ယူသွားဆိုပြီး ပေးလိုက်တာပဲ သောင်ပြင်တင် စီးကြတာဆိုတော့  ခိုးပြေးသွားမှာ စိတ်မပူရဘူးနဲ့ တူလို့ ပေါ့ လေ..အဲ့ ငွေဆောင် သောပြင်တန်း အရှည်က သူတို့ ပြောချက်အရ ၉မိုင်ခွဲလောက်ကို ရှည်သတဲ့ ဗျာ..ဒါနဲ့  စီးဘူးတယ်ရှိအောင်နဲ့  သဲဆွဲလို့ မမှောက်လောက်ဘူးထင်တဲ့  ၄ ဘီးဆိုင်ကယ်တစ်စီးကို မေးစမ်းကြည့် တော့  နာရီဝက် ၈ထောင် တစ်နာရီ တစ်သောင်းခွဲတဲ့  ၄ယောက်လောက်စီးလို့ ရတယ်..မောင်းရတာလည်း လွယ်တယ် အဲ့ တော့  အကြာကြီးလည်း မစီးချင်ဘူး ကိုယ့်  အဆောင်ကနေ ဟိုး နဲနဲ လှမ်းတဲ့  ချစ်သူများကျွန်းဖက်ကိုသွားချင်ယုံလေးဆိုတော့  ၅ထောင်ဖိုးလောက် စီးလို့ ရမလား ချစ်သူများကျွန်းလေးဖက် အသွားအပြန်လောက်ပဲ စီးချင်တာလို့ ဆိုတော့  အငှားသမားလူငယ်လေးက ရသတဲ့  ( ခိခိ အဲ့ လိုတွေ ဈေးကွက်ဖြက်တာ ငိငိ)

ငွေဆောင် (၇) (၈)








ငွေဆောင် (၇)
---
ပင်လယ်ရဲ့ အရသာတစ်ခုက တမျှော်တခေါ်ကြီး ကျယ်ပြောလှတဲ့  ရေပြင်ပြာကြီး နဲ့  မိုးကုတ်စက်ဝိုင်းကြီး ထိတွေ့ သွားသလိုလို မြင်နေရတဲ့ မြင်ကွင်းကျယ်ကြီးကို မျက်စိတဆုံး လှမ်းမျှော်ကြည့် နေရတဲ့  အရသာတစ်ခုပါပဲ အဲ့ မြင်ကွင်းက ဘ၀လောကဓံဆိုးအမောတွေနဲ့  မွမ်းကျပ်နေတဲ့ စိတ်ကို သိပ်ကို ပေါ့ ပါး လွတ်လပ်သွားစေတဲ့ ခံစားမှု့ မျိုးကိုရတယ်၊ သိပ် ဝေးလွန်းတဲ့ အထိ ကျွန်းတွေဘာတွေ ပိတ်ခံမနေလေ အဲ့ မြင်ကွင်းကျယ်ကြီးကိုကြည့် ရတာကောင်းလေလေပါပဲ၊

ငွေဆောင် (၅) (၆)






ငွေဆောင် (၅)
---
နေ့ ပိုင်းက ရေကျနေချိန်ဆိုတော့ သောင်ပြင်က အတော်ကျယ်တယ် ပြီးတော့  လှမ်းမြင်နေရပုံကြည့် ရတာက ကျောက်ဆောင်နဲပုံလည်းရတယ် ( ခြေထောက် ဆားရေနူးနေချိန် ကျောက်စွန်းတွေ ရှရင်မချောင်ဘူးလေ ကျောက်စွန်းတွေက ခရုခွံသေးသေးလေးတွေ ကပ်နေတတ်တယ် ( ရေထဲရောက်တော့ ကျောက်စွန်းတွေကို သေခြာလိုက်စမ်းကြည့် ခဲ့ တာ) ) ရေလှိုင်းတက်လာနေပုံတွေကြည့် ရတာ သိပ်တော့ နုပုံမရဘူးလို့ အကဲခပ်မိသေးတယ်...အဲ့ မှာ အခက်တွေ့ တာက အိမ်ကထွက်တုန်းက ပုဆိုးခါးတောင်းကြိုက်ဆင်းသွားမယ်လို့ တွေးပြီး ဘာဘောင်းဘီတထည်မှ ယူမလာခဲ့ မိဘူး..အဲ့ ပင်လယ်စပ်ရောက် အခန်းကနေ အချိန်စောင့် နေရင်း တစ်ဖြည်းဖြည်းတွေးမိလာတာက ပုဆိုးနဲ့ ဆင်းဖို့ အဆင်မပြေလောက်ဘူးပဲ..အဲ့ မှာ...'' ဟျောင်တွေ ဒီမှာ ဘောင်းဘီ ဒူးကျော်လေး ၀ယ်လို့ ရလားဟေ့ ''   ပဲ   အဟီး....ရွာတန်းရှည်ထဲကဆိုင်တွေမှာ ရသတဲ့ 
အိုကေပေါ့ ..တစ်ထည်ပေါ့ ..အဲ့ မှာ ၀ယ်ချလာတာ  ဒူးကျော်တော့ ဒူးကျော်ပဲ အဲ  သေခြာကြည့် လိုက်တော့  ၀က်သားရောင်းတဲ့  မတရုပ်မ ပိတ်ဘောင်းဘီလိုပဲ အနီရဲရဲနဲ့  အပွင့် တွေနဲ့  ညယ်...အဟိ...ထူးပါဘူး  အဆင်ပြေဖို့ ပဲ အရေးကြီးတာ ဒါဗြဲပေါ့ လေ...

ငွေဆောင်(၃)(၄)




ငွေဆောင်(၃)
---
အမှောင်ထုကနေ အလင်းရောင်လေးက တစ်စတစ်စ ကားနောက်က လိုက်လာသလိုပါပဲ နေရောင်လာနေပြီပေါ့  လမ်းဘေးဝဲယာက မြင်ကွင်းတွေလည်း တဖြည်းဖြည်းမြင်လာရပြီ လူသွားလူလာ ဆိုင်ကယ်သွားဆိုင်ကယ်လာတွေလည်းမြင်လာရပြီ မကြာခင်တော့ ရွှေမင်္ဂလာဆိုတဲ့ ဆိုင်ကြီးတစ်ဆိုင်မှာ မနက်မုန့် စားဝင်ခဲ့ ပြီပေါ့ ဗျာ ဆိုင်ကြီးက အတော်ကြီးပြီး အပေါ့ အလေးသွားရတာအတော်အဆင်ပြေတယ် ၊
အဲ့ ကနေ ဆက်ထွက်ရင်းကနေ ပုသိမ်အ၀င်ရောက်ပေါ့  လမ်းမှာ ဒါးကနားက သံလမ်းကျော်လေးမှာ ရထားလာနေတာနဲ့ ဆုံလို့ ကားရပ်ရင်း ဓါတ်ပုံလေးတစ်ပုံတောင် ရိုက်ခဲ့ လိုက်သေးတယ် ငွေဆောင်ခရီးရဲ့ လမ်းမှာရိုက်တဲ့ ပထမဆုံးပုံလေးပေါ့ လေ..အဲ့ ရထားကြည့် ပြီး တစ်ခါတုန်းက ကြံခင်းပုသိမ်ရထားစီးခရီးစဉ်တစ်ခု သွားခဲ့ ဘူးတာတောင်ပြန်သတိရလိုက်သေးတယ်..ပြည်တွင်းရထားလိုင်းတွေ စီးဘူးသမျှမှ အကျန်ခဲ့ ဆုံး ရထားလိုင်းတစ်လိုင်းလို့ ဆိုရင်တောင်မမှားလောက်ဘူးလို့ တောင်ထင်မိသေးတယ်..ခိခိ.