'' ဗေဒင်အကြောင်းလေးတွေနဲ့  အတွေ့ အကြုံတွေ ရေးဖို့  ''တဲ''လေး တစ်ခုလောက်ပါပဲ ဒါထက် ပိုမရည်ရွယ်ပါဘူး ''...
Wednesday, May 27, 2015
တမီလ်နဲ့ လစ်ဗျား
ʘ‿ʘ
တမီလ်နဲ့ လစ်ဗျား
--------
်သီရိလင်္ကာ တမီလ်ကျားတွေရဲ့ ကျဆုံးခန်း နဲ့ လစ်ဗျားတော်လှန်ရေးသမားတွေရဲ့ ကဒါဖီကို တိုက်ထုတ်နိုင်တဲ့ ပွဲ ၂ပွဲကိုကြည့် ရင် သီရိလင်္ကာကျားတွေရဲ့  အဓိက ပြော့ ကွက်ဖြစ်သွားရတာက မြို့ တော် ကိုလံဘိုကို တက်သိမ်းဖို့ ပလန်မရှိပဲ ကိုယ့် တမီလ်အများစုရှိတဲ့ ဒေသ ကွက်ကွက်ကလေးကနေပဲ တိုက်နေတာ ကြာသွားတဲ့ အတွက် ခေတ်တွေပြောင်းသွားတဲ့ အခါ ကျဆုံးခန်းဘက်ကိုရောက်လာတဲ့ သဘောစဖြစ်လာတာမျိုးပဲ...ဒါတောင် သူတို့ ကျားတွေက အသေခံဗုံးခွဲရဲသေးတယ်
န၀င်းပွဲမတိုးတာရှိလား
န၀င်းပွဲမတိုးတာရှိလား
------------
ပွဲကစားလို့ မတိုးဘူးဆိုတာ မရှိဘူးဗျ...အကြိမ်ရေ စိတ်တာနဲ့  စိတ်စရာ မလိုတဲ့ လူ နဲ့ ပြဿနာ အမျိုးအစားတွေပဲ ကွာတာ...ပြဿနာက ဘာလဲ ဘယ်လောက်ကြီးမားလဲ ဘ၀ပျက်နိုင်လား စိတ်ကဖြစ်နေတာလား ထောင်တန်းကိစ္စလား ရောဂါဆို သေးသေးလား ကင်ဆာလား..ဒါတွေပေါ်မူတည်ပြီး လုပ်ပေးရတဲ့ စတိုင်ကွာတယ်..ကစားကွက် ပုံစံတွေ ကွာတယ်.တရားမ အမှု့ သမားဆို ရုံးချိန်း သွားခါနီး တစ်ရက်အလိုတိုင်း လာထိုင်ပြီးမှသွားတယ် တစ်ချို့ က ခရီးတစ်ခါ ထွက်ခါနီးတိုင်း သင်္ဘောတစ်ကြောင်း တက်ခါနီးတိုင် လာထိုင်သွားတယ်...တစ်ချို့ ဆို တစ်ပတ် တစ်ကြိမ် သုံးပတ်လောက် ဆက်တိုက်သွားရတာမျိုးရှိတယ်...တစ်ချို့ ကတော့  သုံးနှစ်အတွင်းတစ်ကြိမ်နဲ့ တင်နော်မယ်လ်ဖြစ်သွားတယ်...( အများစုကတော့ တစ်သက်လုံး န၀င်းမထိုင်သွားဘူးဘူး ကြားတောင် မကြားဘူးကြတဲ့ သူတွေတစ်ပုံကြီး ....ဟီးဟီး) အဲ့ ဒီလူတွေက အားလုံးလိုလို အွန်လိုင်းကဆုံခဲ့ တဲ့ တဲ့ လူတွေမဟုတ်ဖူး ဆယ်နှစ်မက ဆက်ဆံရေးရှိခဲ့ သူတွေ..ကျနော်ရေးခဲ့ ဘူးတယ်လေ သုံးလုံး ချဲဒိုင်သမားက ၁၅ရက် တစ်ကြိမ် လာလာထိုင်ပါတယ်လို့ လေ...သူထိုင်တာက အလျော်အစားထက် အမှု့ ကင်းချင်လို့ ဆိုတာလေ....
သဘောက အွန်လိုင်းပေါ်မှာ ဖတ်နေရတဲ့ စတိုင်တွေ နဲ့ အပြင်မှာ သွားနေတဲ့ စတိုင်က ကွဲတယ် ပြီးတော့ အွန်လိုင်းကနေ ဆုံမိကြတဲ့ သူတွေ နဲ့  အွန်လိုင်း ခေတ်မစားခင် အရင် ဆယ်နှစ်တန်းတွေလောက် ကတည်းက လက်တို့ လို့ ရောက်လာတဲ့ သူတွေနဲ့ စတိုင် မတူကြဘူး...ကျနော်တို့  ရဲ့ တကယ့် အသက်မွေးဝမ်းကျောင်းကို ဖြစ်စေလာခဲ့ တဲ့ စတိုင်က အရင်ကတည်းက ကစားလာခဲ တဲ့  လူတွေနဲ့ ဖြတ်သန်းသွားနေတာမျိုးပဲ...သဘောက ဒီနေ့  ဖွဘုတ်ကို ဖြတ်တောက်လိုက်ရင်လည်း ကျနော်တို့ ရဲ့ အသက်မွေးဝမ်းကျောင်းကို လာမထိခိုက်ပါဘူးလို့ ဆိုလိုတာပါပဲ နဂိုကတည်း အွန်လိုင်းကို မှီထားတာမဟုတ်ခဲ့ လိုပဲဗျား..
သက်ရောက်ဗေဒင် အဟောနဲ့ ယတြာ
သက်ရောက်ဗေဒင် အဟောနဲ့ ယတြာ
--------
လောကဓံ ဗေဒင်ဟောနည်းက အမှားပြောမိဖို့ နဲတယ်ဗျ...နဲဆို စကတည်းက ဘာဖြစ်လာတယ် ညာဖြစ်လာတယ်လို့  တိတိကျကျ ဘာမှ မပြောပဲ သက်ရောက်ရဲ့  ဘေ့ စစ်တွေချည်း အရင်ထိုင်ပြောလိုက်တာ..အဲ့ ဘေ့ စစ်ထဲ သူမေးချင်တာတွေနဲ့  သူဖြစ်နေတာတွေ ပါသွားတော့  ဆိုက်ကိုမနိုင်တော့ ပဲ သူ့ ဟာသူ ပွင့် ကျလာတာမျိုးတွေ ဖြစ်ကုန်တာ...
အင်္ဂါရုပ်+အမူအကျင့် +အသိဥာဏ်ပညာကွန်ထရိုး..
အင်္ဂါရုပ်+အမူအကျင့် +အသိဥာဏ်ပညာကွန်ထရိုး..
---------
ကျော်ကြားနေတဲ့  ဒဿနဆရာရဲ့ နှာခေါင်းကသာမန်ထက်မြင်သာအောင်ကြီးနေတော့  အင်္ဂါရုပ်ဖတ်တတ်တဲ့ ပညာရှင်တွေက ဒီလက္ခဏာအရတော့  နှာဘူး စိတ်သန်တယ်လို့ ဝေဖန်ရင်း ကျော်ကြားမှု့ ကို မနာလိုတာနဲ့  လှောင်ပြောင်ကျတော့  ဒဿနဆရာရဲ့  တပည့် တွေက မခံနိုင်ဘူး...ဒါပေမယ့် ဒဿနဆရာက သူတို့ ဖတ်တာ မမှားဘူး.သူတို့ မသိတဲ့ အချက်က ငါက ကိုယ့် အသိဥာဏ်ပညာနဲ့ ကိုယ့်  စိတ်ရိုင်းတွေကို ထိမ်းချုပ်နိုင်ထားလိုက်တာ လို့ ပြန်ပြောတဲ့ သဘောလေး အတိအကျမဟုတ်တောင် ဒီသဘောဆန်ဆန် ဖတ်ခဲ့ ရတယ်..ကိုယ့် ဗီဇဆိုးတစ်ခုကို ကိုယ့် အသိဥာဏ်ပညာနဲ့ ထိမ်းချုပ်နိုင်ခဲ့ တယ်ပေါ့ လေ....
( အာ့ လေးနဲ့ ဆင်ခြေပေးပြီး ကာကွယ်ထားရတာ..ကျေးဇူးကြီးပါပေ့ ဒဿနဆရာရယ်..ငိငိ)
အစိမ်းရောင်မင်းသမီး...
အစိမ်းရောင်မင်းသမီး...
----------
ငယ်တုန်းကတော့ ထုံးစံအတိုင်း သိပ်စိတ်ကူးယဉ်ကြတာပေါ့ ဗျာ..ပြီးတော့  သဲသဲလှုပ်တွေလည်းဖြစ်ခဲ့ ကြတာပေါ့ လေ...ဒါနဲ့ ဇီးပြားတွေ ဘာတွေလည်း ကြိုက်တတ်တော့  ရီးစားတွေ ဘာတွေလည်း ထားခဲ့ ဘူးတယ်ပေါ့လေ....ခိခိ......(ငင့် ..ဘာမှလည်းမဆိုင်ဘူး..ခိခိ)
ဒီလိုနဲ့တစ်ခါတော့  သူမှားတယ် ကိုယ်မှန်တယ် ကိုယ်မှန်တယ် သူမှားတယ်နဲ့ 
..( ကိုယ်ချည်းမှန်ပလိုက်တယ် အေးရော..အဟိ..) နှစ်ယောက်သား ကောက်ကွေးပြီး...လမ်းခွဲကြမယ်ပေါ့ ...စိတ်သိပ်ဆိုးကြပြီပေါ့ လေ..နင့် မျက်နှာလည်း နာမကြည့် ချင်ဘူး နာ့ မျက်နှာလည်း နာမကြည့် ချင်ဘူး.လမ်းမှာတွေ့ ရင် ရေခဲမုန့် လာ မတောင်းမစားနဲ့ ကျွေးဘူး.ဘာဘူး ညာဘူးပေါ့ လေ...အဲ့ မှာ လမ်းခွဲတာ ရိုးရိုးတန်းတန်း မခွဲဘူး..အဖြစ်က...သူကစပြောပုံက ဇာတ်လမ်း စခဲ့ တဲ့ နေရာဟောင်းလေးမှာ ပြန်လမ်းခွဲမယ်တဲ့ ....အမငီး...မနဲပြန်စဉ်းစားရတယ် ဘယ်နေရာမှာမှန်းတောင် မမှတ်မိတော့ လို့ ....အတော်လေးစဉ်းစားလိုက်မှ သြော် ရွှေတိဂုံဘုရားက မြေပြိုပြီး ပြန်တည်ထားတဲ့  ရာဟုထောင့်  အောက်ချိုင့် ထဲက ပုံတော်တူစေတီလေးနား ချိန်းတာကိုး...လို့ ...ဟီဟိ..
ယတြာသဘော
ယတြာသဘော
ရေရှည်ယတြာသဘောက ပညာကိုပါ တီးခေါက်မိသွားပြီး ကံသုံးပါးစလုံးကိုပါ အလိုက်သင့် နေတတ်သွားတာမျိုးမှ အဆင်ပြေတယ်...မေးသူတွေအများစုက ပညာသမားမဟုတ်ပဲ သမားရိုးကျ မေးတယ် ကိစ္စတစ်ခုခုအတွက် ယတြာပေးရတယ် အဲ့ ယတြာမျိုးက တပွဲတိုး...ဒီတပွဲတိုးယတြာဟာ ပုံသေမရှိဘူး..သီဝရီတွေ ဆရာလုပ်သူရဲ့ အတွေ့ အကြုံတွေ ဗေဒင်လမိုင်းတွေကြောင့်  ဘာပေးရမလဲဆိုတာ ဖြတ်ကနဲပေါ်လာတဲ့ သဘောတွေကနေ အမျိုးစုံဖြစ်လာတဲ့ ယတြာတွေပဲ
ဥပမာ ဒီလူရဲ့ ကားကို သီဟို ဆိုပေမယ့်  နောက်လူရဲ့ ကားက လဘက်တွေ (သို့ ) သပြေတွေ (သို့ ) ဒန်းတွေ ဖြစ်ချင်ဖြစ်သွားတယ် ဒါဟာတပွဲတိုးပဲ...ဒီတော့ တပွဲတိုးကို ပုံသေမှတ်နေရင် မှတ်လို့ မဆုံး ကျက်လို့ မဆုံးဖြစ်နေတတ်တယ်...ဗေဒင်ကယူရတာက သဘောတွေကို ယူမှ ကိုယ် တိုင်အတွက်လုပ်တတ်လာလိမ့် မယ်....ဥပမာ...တနင်္လာသားကို သြဇာ သုံးချင်တာ သြဇာက ဘယ်မှမရတော့  သပြေ ညွန့် ထိပ်မှာ အုံးဆီတို့ ပြီးသုံးတာဟာ ဗေဒင်ဆရာတွေမှာ ကြံစီတတ်တဲ့ 
လမိုင်းပဲ...အဲ့ လမိုင်းကို ဗေဒင်လိုက်သူက လိုက်ဖမ်းတော့ မှ ကိုယ်တိုင်ကြံစီတတ်သူဖြစ်လာမှာပါပဲဗျား
မြစ်ပေါ်ကလှေ
မြစ်ပေါ်ကလှေ
-----
ကြံကြံဖန်ဖန်ပေါ့ ဗျာ..ပျက်ဆီးချင်လာရင် ဂလိုပဲလို့  တွေးရတာပဲဗျာ....၁ကြွင်း တနင်္လာသားကြီး ပုတိဖွားကြီး တစ်ယောက်ပေါ့  သူက ဆန်သမား..ပုံမှန်လုပ်စားနေတာ ဂွတ်နေတာပဲ...သူက အသက်၅၀ အင်္ဂါသက်ရောက်ဝင်တယ်...အဲ့ မှာ သူက ပြောလာတာက စားရိပ်သက်သာအောင်တဲ့  ကမ်းနားမှာ လှေခွံကြီးတစ်ခုဝယ်ပြီး အဲ့ လှေခွံထဲမှာ ဆန်အိပ်တွေထားမတဲ့  ပဲသေဆိုက်ထားတာတဲ့  ဂိုထောင်လေးသဘောတဲ့  ရာချီဆန့် တယ်တဲ့ ..သူများတွေလည်း အဲ့ လိုပဲတဲ့  ကုန်ကားကို အဲ့ လှေပေါ်ကနေ တိုက်ရိုက်တင်ပေးတော့  ကြားစားရိပ်တွေ သက်သာသတဲ့ ...
ကျနော်က သက်ရောက်က မကောင်းတဲ့ အပြင် သူက မော်တော်လို့ မပြောဘဲ လှေ လို့ ပြောတော့  နားထဲမှာ ၁ကြွင်းရဲ့  မရဏ ဗုဒ္ဓဟူးနံ ပစ္စည်းပဲ တန်းမြင်လိုက်တော့  မြွေတော့ ဖမ်းပြီနဲ့ တူတယ် ဆိုပြီးတားတယ်....ရှေ့ တင်တော့  တားလို့ ပဲ မ၀ယ်တော့ ဘူးလိုလိုပေါ့ ...နောက်တော့ ဝယ်လုပ်တာပဲ...၆လလောက်ပဲ သုံးလိုက်ရတယ် လှေဝမ်း ရုတ်တရက်ကွဲပြီး ကမ်းနားတင်မြုတ်တာ ဆန်အိပ်တွေက ၀ိတ်သေတွေဆိုတော့  ကျောက်ခဲမြုတ်သလို စုန်းစုန်းမြုတ်သွာတာ ဆန်အိပ်တွေ ရာချီပါသွားသတဲ့ ဗျာ....လက်လတ်သမားသိန်းတွေအများကြီးဆုံးရှုံးသွားတာ နာတာပေါ့ ဗျာ..
အဲ့ ဒါပဲ မရဏနံအားကြီးတဲ့ ပစ္စည်းကို စီးပွားအတွက်သုံးရတာ စိတ်မချရဘူးလို့ ဆိုတာ
အကြောက်တရား
အကြောက်တရား
-----------------
ထောင်ကြောက်လို့  ဥပဒေဆိုတာနဲ့  ရဲကိုကြောက်တဲ့ သဘောလို့ မြင်လို့ ရနိုင်မှာပါ..၊
ဖအေက ကျောက်ကပ်ပျက်သွားတော့ စက်နဲ့ ရေရှည်ဆေးရပြီ၊ ဒီတော့  အသက်ရှည်ရင် ရှည်သလောက်ဆေးရတော့ မှာဆိုတော့  အနာဂတ်အတွက် ငွေကြေးကိစ္စ
ကိုတွက်ရပြီပေါ့ ဗျာ။
အစောပိုင်းက သောကစိတ်တွေကို မေ့ပစ်လိုက်ပြီ ဘာဆက်လုပ်ရမလဲကို အသေအလဲ စဉ်းစားရတောတယ်၊..လောလောဆယ် ငွေကြေးကြောင့် ဟန်မပျက်သေးပေမယ့်  မိသားစုထဲရှိထားတဲ့ ဓနတွေ ကုန်သွားရင် ငါ့ အဖေတော့ ဆေးဆက်မကုနိုင်လို့ သေရပါတယ်ဆိုတဲ့ အဖြစ်ဆိုးမျိုတော့ ရောက်ရချည်ရဲ့ ဆိုပြီး တွေးပူရတဲ့ သောကထုထည်က သိပ်ကြီးတယ်...ဘေးနားက ဆရာဝန်ရဲ အားပေးချက်ကလည်း သင်းတယ်..ကျောက်ကပ် ဆေးခကုန်ချက်က ခြံရှိခြံ အိမ်ရှိအိမ် ပြုတ်တယ်တဲ့ ...
ကိုယ့် အကြောင်းကိုယ်သိ
ကိုယ့် အကြောင်းကိုယ်သိ
---------------------
ကိုယ့် အကြောင်းကိုယ်သိ ဆိုတာ အတော်အရေးကြီးတဲ့ သဘောရှိတယ်..သဘောက ကိုယ်ဟာ ဘာကိုခံနိုင်ရည်ရှိလဲ ဘာကိုမခံနိုင်ဘူးလဲကို သေသေခြာခြာတွေးထားပြီးတော့  ကိုယ့် အကြောင်းနဲ့ ကိုယ် ရှောင်ရန်ဆောင်ရန်တွေ ချမှတ်ထားရတဲ့ သဘော။...
Subscribe to:
Posts (Atom)