Powered By Blogger
Tuesday, March 22, 2016
တိုင်ပညာဘေ့ စစ်ကနေ
တိုင်ပညာဘေ့ စစ်ကနေ
------------
တိုင်ဘေ့ စစ်က  ခိုက်နဲ့  န၀င်းကို ဘေ့ စစ်ထားတယ်။ ဥပမာ တနင်္ဂနွေ တိုင်န၀င်းမှာ ကြာသာပတေး နံ ပညာ တရား ပေါ့  ခိုက်မှာ  စနေနံ အမှု့ ပြဿနာပေါ့   ဒီတော့  တနင်္ဂနွေတိုင် မှာ ပတ်ဝန်းကျင်ရဲ့  စကားသံ အမူအယာသံတွေမှာ တရား နဲ့ အမှု့ ၂ ခု တစ်ခုခု ကြီးစိုးနေတယ်  ပညာအကြောင် ဓမ္မ အကြောင်း သိသိသာသာ ပြောသံဖြစ်ရင်ဖြစ် သိက္ခာကို တိုက်ခိုက်တဲ့ အသံ အမှု့ သံ ဖြစ်ဖြစ် သိသာအောင်ကြားရလေ့ ရှိတယ်  အဲ့ တနင်္ဂနွေတိုင်မှာ ဗေဒင်လာမေးရင် ပညာသဘောကျောင်းကိစ္စ အဓိဌာန်ကိစ္စစသဖြင့် အတွက် ဒါမှ မဟုတ် အမှု့ သိက္ခာ အင်ပရက်ရှင်အတွက်လာမေးတာ...၂ ခုထဲက တစ်ခုခုပေါ့  အများအာဖြင့်  လူတွေက ခိုက် နဲ့ လာတာများတယ်  ဘောမတိုင်မှာလာရင် ငွေ ကိစ္စ  ၀မရှိပဲ ၀ိလုပ်တာမျိုးတွေ  ဂုရုတိုင်မှာဆို လူ ခိုက် ဆိုတာ ဖြတ်လမ်းသမား လောင်းကစားသမား ဖွန်ကြောင်တွေလာတာ အဲ့ ကိစ္စတွေများတယ်...စနေတိုင်ဘေ့ စစ်က သောကြာနံခိုက်သဘော ထောင်ဆေးရုံဘုန်းကြီးဗိုက်မသာကလေးအမှု့ လို ရှော့ ကီး ထုတ်တယ်။ တနင်္ဂနွေတိုင်ကို တရားတိုင်အမှု့ တိုင်  တနင်္လာတိုင်ဆို ခရီးခွဲခွာတိုင် အင်္ဂါတိုင်ဆို အကြွားအလိမ်အရှုတ် ဓါတ်နတ် ဟူးတိုင်ဆို ယှဉ်စိတ်ပြိုင်စိတ် အနိုင်လိုစိတ် ကြာတေးတိုင်ဆို  လူပျက်အကျင့် ပျက်တိုင် သောကြာတိုင်ဆို အရူးးအပျော်တိုင် လို့  ရှော့ ကီးတွေရှိတယ် ခိုက်နံ နဲ့ န၀င်နံ ၂ ခုကိုပဲ ချုပ်ပြောတာ...
အဲ့ ရှော့ ကီးတွေ ကိုင်ထားလိုက်ပြီး  ရုပ်ဖမ်းသံဖမ်းခြေရာကောက်သဘောတွေကို လတွေ ရက်တွေ နှစ်တွေနဲ့ ချီပြီး စိတ်နှစ်နေရတာ လနဲနဲရတော့  အခါတိုင်တွေကို အထာပေါက်လာတယ်....
ဆိုပါတော့  ဒီနေ့ က ကြာတေးနေ့   မနက်က ကြောင် ပြဿနာလာပြောတဲ့  သူက ကြာသာပတေးသမီး န၀င်းနဲ့ လာတာ သူလာတာက သူ့ ကို အပုတ်ချနေတာ အကူတွေထဲကကို အထင်လွဲနေတာတွေအကြောင်း ( မြေကွက်ပေးထားတာ ဘုန်းကြီးကတဲ့  ( တနင်္ဂနွေတိုင်တရားသံပါလာတယ်)....အင်ပရက်အဖဲ့ ခံနေရတာ တနင်္ဂနွေတိုင်ရဲ့  ခိုက် စနေနံ အမှု့ သဘော...အဖိုက်ခံနေရတဲ့  ကြာသာပတေးသမီးက န၀င်းမှာမို့  ခုကိစ္စမှာ သူပြိုလဲ မသွားနိုင်ဘူး..(ဒါက တိုင်ပညာက သူ့ စကားနားထောင်ပြီး အဖြေသိနေပြီ) (ဘဘုန်းက ကြောင်တွေရော အလှုငွေတွေရောလက်ခံပြီး သူပဲ သိမ်းထားတယ်လို့ ဆိုတယ်  ကြောင့်  စားရိပ်အ၀၀ကြတော့  ကြောင်ပရဟိတ လုပ်တဲ့  အဲ့ ကြာတေးသမီးက အများဆုံးစိုက်ထုတ်နေရတယ် ( ဒါက မကျေနပ်သံ  )  အခါတိုင်မှာ န၀င်းသမားမို့  မပြိုလဲ နိုင်သေးဘူးဆိုတာ  ဒီကြောင်ဂေဟာ ဘယ်လောက်ခံမလဲဆိုတာ အဲ့ ကြာတေးသမီးသက်ရောက်  သောကြာသက်ရောက် လစိတ် သောကြာမို့  လောလောဆယ် အိုကေနေဦးမယ်လို့ အဖြေထပ်ပေါ်တယ် ( ဒါက သက်ရောက်နဲ့ ညှိပြတာ)
သဘောက အခု ကြာတေးသမီးရဲ့ ပြဿနာကို စွယ်တော်ရွက်ယတြာတွေ ကြက်ဥပြုတ်လှုတာ ဘာညာနဲ့ တင် လောလောဆယ် အဆင်ပြေသွားလိမ့် မယ်ပေါ့ 
ဆရာဟာ လဲ ဘယ်အခါတိုင်ထဲမှာ မဆို ကိုယ့် မွေးနံ ဘယ်မှရှိလဲ ဆိုပြီး အမြဲ ဆင်ခြင်နေတယ်  အခါတိုင်တစ်ခုဟာ တစ်လောက်ကလုံးကို လွှမ်းမိုးတယ်  ဥပမာ သောကြာတိုင်ဟာ အရူး အပျော် တိုင်ဆိုတာ  အရူးဆိုတာ စိတ်ထင်တိုင်းထရမ်းတာ ကြာသာပတေး ခိုက် အတွေးလွတ် သဘော  အပျော်က အင်္ဂါနံ စိတ်အောင်မြင် စိတ်ချမ်းသာခြင်းသဘော...ဒီတော့  သောကြာတိုင်မှာ ကြာသာပတေးသား သာ ပေါက်ကရ ထရမ်းရင် ဒုက္ခရောက်နိုင်ပြီး အင်္ဂါသားက ကေါက်ကထလုပ်ရင် ရုတ်တရက် ဒုက္ခမရောက်တတ်သေးဘူး စိတ်လွတ်လက်လွတ်ပျော်လို့ ရသေးတယ်....( ဒါက ကိုယ်တိုင်အတွက် ကစားတာ)
အခုရေးခဲ့ တာ တိုင်ကို လက်တွေ့ သုံးတတ်အောင်လို့  ချုပ်ရေးပြတာပါ ကျယ်တော့ ကျယ်ပါတယ်   အခါတိုင် တစ်ခု အတွင်းမှာ ရှော့ ကီး အသံတွေဟာ သိသာထင်ရှားအောင် ပတ်ဝန်းကျင်တစ်ခုလုံးမှာ ရုပ်ပိုင်း အသံပိုင်း အမြင်ပိုင်း နမိတ်ပိုင်းနဲ့ ပြပေးနေလေ့ ရှိတယ်  အဲ့ ဒါကို စောင့် ကြည့် နေခဲ့ ရတာ  ဘယ်ကိစ္စက န၀င်းအသံ ဘယ်ကိစ္စက ခိုက်သံ လို့ ခွဲယူတာ...
သင်းချိုင်းကုန်းမှာ
သင်းချိုင်းကုန်းမှာ
----
ပုခက်တွင်းကနေ မူကြိုအရွယ်ကြားခေးတွေ အနိစ္စရောက်တာ တွေ့ ရရင် ပုံမှန်ထက် ရင်ထဲမကောင်း ဖြစ်ဖြစ်သွားတယ်...
ကျနော့် အောက်မှာ နှစ်နှစ် မပြည့် ခင် ကွယ်လွန်သွားခဲ့  ညီလေး တစ်ယောက် ရှိခဲ့ တာကိုး
အဲ့ တုန်းက ဆေးပညာကလည်း အသိမကြွယ်သေး ရုန်းကန်နေရဆဲမိသားစုတွေ မို့  ညီလေးဟာ ဆေးပေါင်းခသလို
 ဖြစ်ခဲ့ ရတယ် အတွင်းတက် တက်သွားရင် တော်တော်နဲ့ ပြန်မကျတတ်ဖူး...မောင်နှစ်မတွေထဲမှာ ရုပ်အဖြောင့် ဆုံး
အသားအဖြူဆုံးလေးမို့  ညီလေးဆုံးတော့  အားလုံး ယူကျုံးမရပါပဲ.......
မိသားစုလိုက် ဘ၀ဖြတ်သန်းမှု့ မှာ ( ကြုံရတတ်တဲ့  ) ကြုံခဲ့ ရတဲ့  ရင်နာစရာကောင်းတဲ့  အကြောင်းတွေမှာ ဆေးကု စားရိပ်တောင်
လိုက်ချေးငှားခဲ့ ရတဲ့ သဘောတွေလဲပါတယ် ဆင်းရဲတာ သိပ်ကြောက်စရာကောင်းတာပဲ ဆိုတာ အဲ့ ကတည်းက အသိဝင်ခဲ့ တယ်ပေါ့ လေ..
ညီလေးက မွေးကတည်းက ချူခြာလွယ်တဲ့ ခေးလေးဖြစ်ခဲ့ တယ်  မိသားစုကနေ နှစ် နှစ်မပြည့် ခင် ခွဲခွာသွားတော့  တိုင်းရင်းဆရာတွေက
ရောဂါခေါင်းစဉ်တပ်တာက သူငယ်နာကျဗဟုံး ဆိုလားဘဲ....အဲ့ တုန်းက ညီလေးကို ကြံတော သင်းချိုင်းကုန်းပို့ တော့  ဆိုင်းနဲ့ ဝိုင်းနဲ့ ပို့ ကျတာ
ငိုလိုက်ကြတာ ငိုလိုက်ရတာလေ ဘာပြောကောင်းမလဲ
အမေဆိုတာ ပဋာမြေလူးပဲ...ညီလေးက ချောကလဲချော ဖြူကလဲဖြူနဲ့  ပိုးမွေးသလို မွေးခဲ့ ရ ( ပိုးမွေးသလို မွေးခဲ့ ရတယ်ဆိုတာ
အမေပြောခဲ့ တဲ့ စကားလေးပါ) .. ခလေး ဆေးစားရိပ် ပြတ်သွားလို့  အမျိုးအိမ်တွေ မျက်နှာအောက်ချပြီး လိုက်ချေးခဲ့ ရ ဒီညီလေးအတွက်
အတော်ကြီးကို အားစိုက်ခဲ့ ရတာ  လွန်သွားချိန်မှာ ပကတိ အိပ်ပျော်နေသလိုပါပဲ  ငယ်ဘ၀အကြောင်းတွေ အားလို့ ပြန်တွေးးရင်
အဲ့  လွန်သွားတဲ့ ညီလေးကို တစ်ခါတစ်ခါ သတိရမိတယ်...။
သင်ချိုင်းကုန်းမှာ ဆိုတဲ့  ငယ်စဉ်က ဖတ်ရတဲ့ စာ လို  သုဿန်ဆိုတဲ့  လုပ်တိုင်းကုန်းဆိုတဲ့  သင်းချိုင်း ဆိုတဲ့ အကြောင်း
အက်ဆေးတွေ ရသစာလေးတွေ တွေ့ လိုက် ဖတ် လိုက်ရင် ကိုယ့် ရဲ့  ချစ်ခင်ရတဲ့ သူတွေ ခွဲခွာသွားတာတွေ သတိရမိပြီး
   ခံစားမှု့ တွေ တစ်မျိုးဖြစ်ဖြစ်သွားတတ်တယ်  သံယောဇဉ်ဆိုတာ ဒီလိုပါပဲ ထိထိရှရှ ကြေကြေကွဲကွဲ နဲ့ 
ရင်နဲ့ အမျှ အဖြစ်တွေလည်း ကြုံရတာပါပဲ..
ရာဟုခတ်ခြင်း
ရာဟုခတ်ခြင်း
-------------
ရာဟုတ်ခတ်တာဟာ တစ်ချို့ လူတွေကို သွေးသားဖေါက်ပြန်စေပြီး  စိတ်တွေ ဂယောင်ခြောက်ခြား ဖြစ်စေတတ်တယ်ခမျ။  ၉၀ ဖွား  ကြာတေးသမီး  MSC တက်နေပြီ  ရီးစားသညာ ဘာညာမရှိ   စာချိုးလေး.. သူ့ မိဘ ၂ပါးစလုံး သူတို့  သမီးအတွက်  ကျနော့် ဆီရောက်လာတယ်  လာတဲ့  အခါတိုင်က စနေ တိုင်  ကြာသာပတေး ဆပွတ်  ခေါ်တဲ့  စုတ်နေရာမှာ
အသက်က ၂၆  ရာဟုသက်ရောက်  လစိတ်က  စနေလစိတ် ( မွေးလပြန်ဝင်ခါနီးနေပြီ)...သူတို့ သမီး  အခု တစ်အိမ်လုံးနဲ့  မတည့် ဘူး ဖြစ်နေတယ်  အိမ်ကထွက်သွားချင်တယ်လဲ ဆိုနေတယ်  .
ကျနော်က သိပြီ ဒါ..ရာဟုတ်ခတ်နေတဲ့  သဘောပဲ  အကယ်၍  အဲ့  ကြာသာပတေးသာ ကျားဆိုရင်  ကေတီဗွီတွေ  ကြက်တန်းတွေ  ရောက်နေပြီ..အခုက  စာချိုး..သွေးသားက  သတ္တ၀ါတွေရဲ့  သဘာဝတ္တတရားအရ  တောင်းဆိုနေတဲ့  အဖက်   သဘောက ဆင်တွေ မုန်ယိုနေချိန်  ဒေါသ ဖြစ်နေတဲ့ သဘော............
အဲ့ သဘောကို ရှင်းပြရတာ အတော် လက်ဝင်တယ်.ဘာပယောဂမှမှုတ်ဖူး ဆိုတာကိုလဲ ရှင်းပြရတာ လက်ဝင်တယ်  ဒီသဘောဟာ ဆေးပညာသဘော ပတ်သက်ကြောင်းလဲ ရှင်းပြရသေးတယ်  ယတြာပေးရတာလဲ ခက်တယ်(  ခက်ပေမယ့်  မတွန့် စေရ အညွန့် တွေ ပေးရတယ်  ကျန်တာ အရုပ်ပညာပေါ့  )
သဘောက  လူ့  သဘာဝတ္တတရားဆိုတာ အတော်ကျယ်ပြန့် သလိုစာဖတ်နာတာ   သဘာဝတ္တတရားသဘောတွေ ကို  နားလည်ထားတာ ဆရာသမားတွေဆီက ဆည်းပူးခဲ့ တဲ့  ဗဟုသုတတွေပါ အများကြီးထည့် တွေးရတယ်.
ရာဟုသက်ရောက်  ရာဟုလစိတ်ဖြတ်ရင် ရာဟုစိတ်တွေ ထကြွလာလေ့ ရှိတယ် အဲ့ မှာ အဲ့ စိတ်ကို ထိမ်းကွပ်ရတာ  အတော်ပညာပါတယ်  ဆိုက်ကိုတွေကိုပါ ထည့် တွက်ရတယ် နေရာတကာ ဂြိုလ်စီးဂြိုလ်နင်းဖက်ချည်း  တွေးပြီး  တွက်ချက် ပြနေလို့ မရပေဘူး.
လူဟာ သူ့ လိုလားတဲ့  ဆန္ဒ မပြည့် ရင်လဲ ရန်လိုစိတ် ဖြစ်လာတတ်တယ်ဆိုတာ  ဆိုက်ကိုသဘောပဲ
ငါးဗြေမ ဂီတဆရာ နဲ့  စာတွေကပေးတဲ့  စိတ္တဇ
ငါးဗြေမ ဂီတဆရာ နဲ့  စာတွေကပေးတဲ့  စိတ္တဇ
----------
ကျော်ကြားတဲ့  ဂန္တ၀င်မြောက် စန္ဒရားဆရာ တစ်ယောက်ဟာ အရွယ်ကောင်းအချိန်မှာပဲ  ရုတ်တရက် သွေးတိုးပြီး ကွယ်လွန် သွားရှာတယ်...ယူကျုံးမရပါပဲ
အဲ  ပြဿနာက ဘာဖြစ်ကျန်ခဲ့ လဲဆိုတော့   အဲ့ လို သွေးရုတ်တရက် ဆောင့် တိုး မကွယ်လွန်ခင်လေးတင်က  ကျော်ကြားတဲ့  ဓါတ်ရှင် မင်သမီးရဲ့  အလှုတစ်ခုမှာ
ငါးဗြေမ ဟင်းလျားနဲ့  ထမင်းစားခဲ့ တယ်လို့  သတင်းတွေက ပါလာတယ်.သဘောက  ငါးဗြေမ ဟင်းလျားက သွေးတိုးအခြေခံရှိသူတွေနဲ့ မတည့် သလိုလို
ငါးဗြေမ စားရင် သွေးတိုးတတ်သလိုလို တွေ   အသိစိတ်မှာ ဖြစ်ကျန်ခဲ့ တယ်.
အဲ့ စိတ္တဇက  အိမ်မှာ ငါးဗြေမ ဟင်းချက်တိုင်း  စားပြီး ဆေးသောက် ဖြစ်ခဲ့ တော့ တာပါပဲ....ငါးဗြေမဟာ  သွေးတိုးမတိုး အသေအခြာ မသိပေမယ့် 
သတင်းတွေ  စာတွေအလိုအရ  ငါးဗြေမဟင်းကို စားခါနီးတိုင်း စားပြီးရင် သွေးတိုးတော့ မှာလားဆိုတဲ့  စိတ္တဇ တော့  ၀င်သွားခဲ့ ပြီ.......
ဟုတ်သောရှိ  မဟုတ်သောရှိ  ငါးဗြေမ ဟင်းစားပြီးတာနဲ့  သွေးကျဆေးကို  ကြိုသောက်တဲ့  ဘ၀ဖြစ်လာတယ်....စာတွေရဲ့  စကားတွေရဲ့  လွှမ်းမိုးမှု့ ဆိုတာ အဲ့ လောက်တာသွားတယ်လေ........။
မရဏအိမ်နဲ့ အလျော်အစား
မရဏအိမ်နဲ့ အလျော်အစား
--
ခဏခဏလာတတ်တဲ့  သုည တနင်္ဂနွေသမီးတစ်ယောက်ရှိတယ်  တော်တော်စွာတယ် စိတ်လဲ အလွန်မြန်တယ် စိတ်မြန်လွန်းတော့  စကားပြောတာပါ သိပ်မြန်တယ်  သူ့ ယောက်ျားက ၅ ဟူးသား ဆလရ ဖက်က အကောင်မျိုးတွေ ထောတယ် ကဲတယ် ဒီတနင်္ဂနွေနဲ့ တကျက်ကျက်ပဲ  အဲ့  ၅ဟူးသားကလဲ အပြင်လူဆို အရမ်းသဘောကောင်းသလော အဲ့  တနင်္ဂနွေ သမီးနဲ့ ဆို ပက်ပက်စက်စက် ဆဲ တဲ့ အထိ မတည့်  မတည့် သာမတည့် တာ ကွဲတော့ မကွဲသွားဘူး......အဲ့  အမျိုးသမီး မွေးထားတာကလဲ တစ်ဦးတည်းသော သမီး
၅ ဟူးသမီး ဖြစ်နေပြန်တယ်  အဲ့  သမီးကလဲ အဲ့ တနင်္ဂနွေသီးနဲ့  မတည့် ပြန်ဘူး ဟူးသမီးက  မအေနဲ့ သာမတည့် တာ ဖအေနဲ့ ကြတော့  တည့် နေပြန်တယ် ဖအေကလဲ သမီးဆို ဂွတ်ပြီးသား သဘော ဖြစ်နေတယ်  ဒီတော့  သုံးယောက်မိသားစုမှာ  ဖအေနဲ့  သမီးက တစ်ဂိုဏ်း မအေက တစ်ဂိုဏ်းလိုဖြစ်နေတယ်ပေါ့ လေ
မိသားစုဆက်ဆံရေး စတိုင်ကို ရေးပြခဲ့ တဲ့  အကြောင်းက အသက် ၂၂ တနင်္ဂနွေမရဏသက်ရောက်ထဲ ၀င်နေပြီ ဖြစ်တဲ့   သမီး ၅ ဟူး မလလေးက ဘဲများတယ် ဒါကို မအေကမကြိုက်ဘူး ပြောလို့ လဲမနိုင်တော့ ဘူး အဲ့ မှာ သမီး အိမ်ထောင်ရေး ဘယ်လိုနေမလဲမေးတော့  ကျနော်က အဲ့  ၅ဟူးသမီး ဘယ်သူနဲ့  ဘယ်အသက်မှာ အိမ်ထောင်ကျကျ
အိမ်ထောင်ကံဆိုးလိမ့် မယ် သူ့ ကို တစ်ဖက်သပ် ဗိုလ်ကျတဲ့  သူနဲ့ ပဲ ကျမယ် အိမ်ထောင်ရေးမကောင်းဘူးဆိုတာ ဓန ရှိတာမရှိတာ ကွဲတာမကွဲတာနဲ့  မဆိုင်ဘူး  လို့ ပြောလိုက်တော့  မအေတနင်္ဂနွေက ကျမကိုစော်ကားလို့ လားလို့ မေးတယ် ကျနော်က အဲ့ စကားလုံးက ပြင်းထန်တယ် ကျနော်ဆိုလိုတာက သူက မိဘတွေအပေါ် ဗိုလ်ကျလွန်းရင် လောကဓံက သူ့ ကို ပြန်ဗိုလ်ကျမယ့်  သူကချည်း တစ်ဖက်သပ် အလိုပြန်လိုက်နေရတဲ့ အိမ်ထောင်ရေးမျိုး ပြန်ချပေးလိမ့် မယ် အဲ့ အတွက် ယတြာမရှိဘူးလို့ ဆိုလိုတာ လို့ ဆိုလိုက်တော့  မအေက  ဒါဆိုဘယ်လိုလုပ်လို့ ရလဲလို့ ထပ်မေးတယ်  ဒီတော့ ကျနော်က ဒါကတော့  အဲ့  ဟူးသမီးကိုယ်တိုင် သူ့ ကိုယ်သူ ကာရိုက်တာတွေ နှစ်နဲ့ ချီ
ပြောင်းလဲပစ်မှ ရမှာလို့  ပြောလိုက်တယ်....အခုတောင် သူထားတဲ့ ဘဲတွေကို သူဘယ်လောက်အလိုလိုက်နေရလဲ သိမှာပေါ့ ဆိုတော့  မအေက ဟုတ်တယ် အဲ့ ဒါကိုပဲကျမက
မကျေနပ်တာ သမီးထားတဲ့ ကောင်လေးတွေက သမီးဆီကချည်း ရိတ်နေတာဆရာ တဲ့  ........( မအေသုည တနင်္ဂနွေက အသက် ၄၈ ထဲမှာ ဖအေ ၅ဟူးက အသက် ၅၆ /၅၇လောက်ရှိပုံရပြီ)  ၅ဟူး သမီးကဲတာ ၅ဟူးသားကြီး..ဖအေ့ ဇတွေ အများကြီးပါနေတဲ့ သဘောလဲရှိတယ်။ ၅တွေဟာ ကျားဆို ဖအေနဲ့  မဆို မအေနဲ့  ထိပ်တိုက်ခဏခဏတွေ့ တာများတတ်လေ့ ရှိတယ် ။ ဘာဘဲဖြစ်ဖြစ် မအေ တနင်္ဂနွေအတွက်တော့  စိတ်မကောင်းစရာပါပဲ မအေဆိုတာ မအေ့ ခံစားမှု့ ရှိတယ်မဟုတ်လား
ခိုက် ၂ မျိုး ( န၀င်းယတြာပညာခန်းအကြောင်းပါ)
ခိုက် ၂ မျိုး ( န၀င်းယတြာပညာခန်းအကြောင်းပါ)
---------
အဲ့ မှာ ခိုက် ၂ မျိုး ထွက်လာတော့ တယ်..။  မရဏဖွား နဲ့ ရာဇဖွား အတွက်ဆို  အလယ်တွဲ အမြစ်အညွန့်  ဟာ  အထက်ဆောင်ပန်း အောက်နင်းကြမ်း ဖြစ်ပြီး  တြိရမ်း စတုရမ်း ဟာ ခိုက်အဖြစ် အသွင်ပြောင်းသွားတယ်...
ဥပမာ  ၁ သောကြာ ရာဇဖွား နဲ့  ၄ သောကြာ သိုက်ဖွား ကို ဆောင်းပန်း နင်းကြမ်း ခိုက် ဖြုတ်  န၀င်းယတြာ ကစားပေးတော့ မယ်ဆိုပါတော့ .
၁ သောကြာ အတွက်  ဆောင်ပန်း နင်းကြမ်းဟာ အလယ်တွဲ အညွန့်  စနေနံ  နဲ့  အမြစ်  ကြာသာပတေးနံ  ထန်းနဲ့ ပျဉ်းမ ဟာ ဆောင်ပန်းနင်းကြမ်း အတွဲ ဖြစ်လာပီး တြိရမ်း အုန်း ညွန့် နဲ့   စတုရမ်း ကံ့ ကော် ညွန့် ဟာ  ခိုက် ဖြစ်သွားတယ်သဘော
၎ သောကြာ အတွက် ဆို အင်္ဂါ နံ အညွန့်  ဇော်စိမ်း တို့  ဇီးတို့ က ဆောင်ပန်း အညွန့်   ကံ့ ကော်တို့  ကြံရွက်တို့ က  နင်းကြမ်း တနင်္လာနံ အရွက် အတွဲ ဖြစ်ပြီး  အမြစ်နံ  ကြာသာပတေးနံ ပျဉ်းမရွက်က  ခိုက် ညွန့် ဖြစ်သွားတယ်သဘော
ဒီ န၀င်းရိုက်တဲ့  ပညာမှာ ခိုက်နံဟာ  အရေးပါတဲ့  သဘောရှိတယ်  ဖြစ်လာသမျှ ဒုက္ခအ၀၀ကို ခိုက် ကို နင်း ထိုင် န၀င်းရိုက်ပြီး ဖြေရှင်းတာမျိုး သလေဘာဆောင်သလို  ခြေမန်းကွင်းနဲ့  တုတ်နှောင်ချည်ငင်တဲ့  အခါမှာလဲ  ခိုက် နံကို  အရင်ဆုံး ဦးစားပေး ချည်နှောင်တုတ်ငင်ရတဲ့ သဘော ရှိပါတယ်..
အခုရေးပြခဲ့ တာ ခိုက် ၂ မျိုး ကွဲတဲ့ အကြောင်းပါ  န၀င်းပညာဟာ ခြေခြေမြစ်မြစ် ယုတ္တိကျကျ ရှိပါတယ်ပေါ့ ဗျာ  ချုပ်လိုက်ရင် န၀င်းထိုင်တဲ့  ပညာရပ်မှာ  ဘယ်မဟာဘုတ်နဲ့ မွေးမွေး   မရဏဖွား နဲ့ ရာဇာဖွား ရဲ့  ( အမြစ်အညွန့် မတွန့် စေရ  အလယ်တွဲ သမားတွေ) တွေရဲ့  ခိုက် နံဟာ သူတို့  အသီးသီးရဲ့  တြိရမ်းနဲ့  စတုရမ်းနံသာဖြစ်ပြီး  ကျန် အဖွားတွေရဲ့ ခိုက်က  သူတို့ မွေးနံ အသီးသီးရဲ့  အမြစ်နံ က ခိုက် ဖြစ်တယ်လို့ ဆိုလိုတာပါ
လက်ကိုင်အညွန့် ကိစ္စပါ
လက်ကိုင်အညွန့် ကိစ္စပါ
---------------
ကျနော်တို့ ဗေဒင်အချုပ်မဟာဘုတ်နိဒါန်း ဆရာကြီးဦးကြာမြင့် လိုင်းမှာ  ယတြာစနစ်တစ်ခုခု  ကွန့် တော့ မယ် အပြောင်းအလဲ တစ်ခုခု လုပ်တော့ မယ်ဆိုရင် ယုတ္တိတန်တဲ့  အကြောင်းပြချက် နဲ့ သာ အရွေ့ လုပ်ခဲ့ ကြတယ်ဗျ  အဲ့ အရွေ့ တွေမှာ ဆရာဦးလင်းအောင်နဲ့  ဆရာကြီးနဲ့  အပြန်အလှန်ဆွေးနွေးပြီးမှ အပြောင်းအလဲ လုပ်ခဲ့ ကြတာများတယ်
ဆရာဦးလင်းအောင်က သိပ်ဘရိမ်းပြေးပြီး လောကီရေးရော လောကုတ်ရော နှံ့ စပ်တယ် ဆရာကြီးအာဘော်တွေကို ဖွင့် ဆိုရှင်းပြတဲ့ နေရာမှာ တစ်ခါတစ်လေ ဆရာကြီးရဲ့ အာဘော်ကို ကျနော်တို့ လိုက်မမီတဲ့ အခါ ဆရာဦးလင်းအောင်က ကျနော်တို့ ကို ကြားကပြန်ရှင်းပြမှ နားလည်သွားတာလဲ အများကြီးပဲ...........
အဲ့ အတွက် ခိုင်လုံတဲ့  အကြောင်းပြချက်က နေ့ သားတွေ န၀င်းထိုင်ပေးရင်  ခိုက် ဆိုတာ ရှိတယ် အဲ့  ခိုက်က နေ့ သားတွေရဲ့  အမြစ်နံပဲ  ဥပမာ တနင်္ဂနွေသားတွေရဲ့  ခိုက်  စနေနံပေါ့ 
အဲ့ စနေနံ ဒန်းတို့  ထန်းတို့ ဟာ  အလယ်တွဲဖြစ်တဲ့  တနင်္လာနံ အညွန့် ကံ့ ကော် နဲ့   ( အမြစ်အညွန့်  အလယ်တွဲ အဖြစ် န၀င်းဓါတ်တစ်လုံး မိနေတယ်  သဘောက န၀င်းထိုင်တဲ့ လူတိုင်း  ဆောင်ပန်းနင်းကြမ်း န၀င်းတစ်လုံးအပြင်  ခိုက်+ လက်ကိုင် အညွန့်  = န၀င်းတစ်လုံး ထပ်ရလို့ ဆောင်ပန်းနင်းကြမ်း ခိုက် လက်ကိုင်အညွန့်် နဲ့ တင် န၀င်းဓါတ် ၂ လုံးရသွားတယ်.......အဲ့ အတွက်  ဘာဆိုက် အဖက်မှမရှိဘူး  ပိုအားပြည့် သွားတာ ပိုကောင်းသွားတာပဲရှိတယ်
အဲ့ မှာမှာတောင်မှ ပထမပိုင်းမှာ  လက်ကိုင်အညွန့် ကို ကိုင်ယုံသာ ကိုင်ထားစေတာနဲ့  ရိုက်ပေးတာ ကွာသွားသေးတယ် ဥပမာ  ၆ တနင်္ဂနွေ န၀င်းထိုင်တော့  လက်ကိုင်တနင်္လာနံ ကံ့ ကော်ဟာ အကိုင်အဆင့် ပ မရီုက်ပေးခဲ့ ကြဘူး ကျန် တနင်္ဂနွေသားတွေကို ရိုက်ပေးခဲ့ ကြတယ်   ၆ တနင်္ဂနွေကို မရိုက်တာက မရဏညွန့် ဖြစ်နေလို့  အကြောင်းပြချက်
နောက်တွေ့  အတွေ့ အကြုံတွေနဲ့  စမ်းသတ်ခဲ့ ချက် တွေးဆခဲ့ ချက်တွေအရ  အရ  ဘာမဟာဘုတ်တွေနဲ့ မွေးမွေး  လက်ကိုင်အညွန့် နဲ့  နေ့ သားအားလုံးကို ရိုက်လို့ ရတယ် ဖြစ်လာတယ်...ဒါ ဆရာကြီးဆရာတို့  လက်ထက်ကတည်းကပဲ
တန်ပြန် (သို့ ) ဒဏ်ပြန် ပညာခန်းဆိုတာ သပ်သပ်ရှိတယ်  ဒါက ပြန်ဖိုက်တဲ့  ပြန်ခန်းသဘော လက်ကိုင် အညွန့်  ကိုင်ခြင်း မကိုင်ခြင်းနဲ့  ဘာမှမဆိုင်ခဲ့ ဘူး  ဒဏ်ပြန်ပညာခန်း စတိတောင် ဒီဂရုထဲ ကျနော်ရေးပြခဲ့ ဖူးသေးတယ်....ဆရာတွေမှာချက်အရ အလွယ်နဲ့ တောင်မလုပ်စေချင်တတ်ဖူး သံသရာဝဋ်သဘောတွေ မျှော်မြင်ပြီးတော့ ပေါ့ 
ချုပ်လိုက်ရင် မူလပထမကရှိခဲ့ တဲ့  ယတြာနည်းစနစ်တစ်ခုခု ချိန်းတာ ကွန့် တာ တွေဆိုတာ  အနဲဆုံး ယုတ္တိကျကျ အကြောင်းပြချက်တွေ ရှိနေသင့် တယ်  ဆရာကြီးတို့  ဆရာတို့ တွေလဲ ယတြာန်းစနစ်တိုင်းကို ယုတ္တိကျကျ ရှင်းပြဖွင့် ဆိုခဲ့ ကြတယ် စိတ်ကူးယဉ်သက်သက်မဟုတ်ခဲ့ ကြဘူး လက်တွေ့ ဆန်ဆန်တွေ အများကြီးပြုခဲ့ ပြီးမှ အတွေးအခေါ်တွေပေါင်းပြီး ယတြာနည်းစနစ်တွေ ပြောပြခဲ့ ကြတာပါပဲ
ဝဋ်ကြွေးနဲ့ တူပါတယ်ဆရာရယ်တဲ့ 
ဝဋ်ကြွေးနဲ့ တူပါတယ်ဆရာရယ်တဲ့  :'(
---------------------------
ဒီနေ့ တနင်္လာနေ့  မနက်၉နာရီကွက်တိ ဂုရုတိုင်အ၀င်မှာ ရောက်လာတာက အသက် ၃၀ ပြည့် ခါနီး စနေသက်ရောက်ထွက်ခါနီး ၄ သောကြာ မဒီလေးဗျ  ဘာအဓိက ကြည့် ပေးရမလဲဆိုတော့  အချစ်ရေးနဲ့ အလုပ် တဲ့  အချစ်ရေးအဓိကလို့  မဲ့ တဲ့ တဲ့ အမူအယာလေးနဲ့ .....သြော် လောလောဆယ် ကွိုင်တက်နေတယ်ပေါ့   ပြန်ညက်ချင်လို့ လား လို့ ဆိုလိုက်တော့  အသံလေးတုန်တုန် တုန်ုတုန်နဲ့  ဟုတ် သမီးကို ဖုံးမဆက်နဲ့ လို့ ပြောလို့  သမီးက သူ့ ကို နားပူအောင်လုပ်လို့ တဲ့ ဆရာရယ် သူက သမီးအရင်လဲ ပွေတယ် သမီးအပြင်လဲ ပွေနေလားမသိပါဘူးဆရာရယ်  သူပွေမှန်း သိပေမယ့် သမီးက သူ့ ကို မခွဲနိုင်ဘူးဆရာ သမီးကို ခွဲမသွားအောင်ပါဆရာရယ်.သူက သမီးအပေါ်ဘယ်လိုလဲဟင်. သမီးက ပွင့် ပွင့် လင်းလင်းပြောရရင် သူနဲ့ မှားခဲ့ ပြီးပြီ  .သူနဲ့ ယူဖြစ်မှာလားဟင် ...လို့  ကရားရေလွှတ်တောက်လျှောက်ကြီး ရင်ဖွင့် လာတော့ ........
အာ.....မှားခဲ့ တာတွေဘာတွေ စိတ်ထဲမထားနဲ့  ဒီဖက်ခေတ်ဒါတွေက ဖြစ်ရိုးဖြစ်စဉ်ပါဗျာ.  ဒါနဲ့  သူက ဘာနေ့ သားလဲ အသက်ဘယ်လောက်လောက်ရှိပြီလဲဗျလို့  စိတ်ပေါ့ သွားအောင် ပြောလိုက်ပြီး မေးလိုက်တော့  မေလ ၉၁ ဖွား တနင်္လာသားပါဆရာတဲ့   ...( အသက် ၂၅ ရှိပြီဖြစ်တဲ့  ၂ တနင်္လာပေါ့   လာတာက ဂုဂုတိုင်နဲ့ ). အေးဗျာ အဲ့ တနင်္လာက လှည့် ဖျားနေတာတော့ သေခြာတယ် သူနဲ့  ယူဖြစ်မယ်မယူဖြစ်မယ်ဆိုတာတော့  မွေးလကျော်လို့  ရှိရင် အဖြေပေါ်လာလိမ့် မယ်  အခုအထိတော့ ယူဖြစ်ဖို့  မသေခြာဘူး နောက်တစ်ချက်က မွေးလကျော်ရင် အသစ်တွေ လာလိမ့် မယ် လို့ ဆိုလိုက်တော့  ဟုတ် အခုတောင် အသစ်တွေ ကမ်းလှမ်းလာတာ ကြုံနေရတယ်ဆရာ သမီးက သူ့ ကိုပဲ ချစ်တယ် သူနဲ့ မကွဲချင်ဘူး  မကွဲအောင် ယတြာလုပ်လို့  မရဘူးလားဟင်..သမီးက ဖုံးစမဆက် သူက စဆက်လာအောင် လုပ်ပေးလို့ ရလားဟင်..တဲ့ ..
ယတြာက အခုပေးလိုက်ရင် သုံးလေးရက်အတွင်း သူ့ က စ ပြန်ဆက်သွယ်လာတာမျိုးတော့  ရတတ်တယ် ဒါပေမယ့်  ရေရှည်ကြတော့  အခုလိုပဲ ပြန်ပြန် ရစ်နေမှာပဲ အဲ့ တော့ လဲ အခုပေးတဲ့ ယတြဲာ ပြန်ပြန်လုပ်နေရလို့  ယတြာတွေ ခဏခဏ လုပ်နေရလိမ့် မယ်..  တစ်ခုတော့ ရှိတယ် အခုပေးလိုက်တဲ့ ယတြာတွေကို ခဏခဏ လုပ်နေရင်းနဲ့  ယူဖြစ်သွားတာတွေလဲရှိတယ်  တစ်ခါတစ်လေ ကံတွေပြောင်းသွားလို့  ကိုယ်တိုင်က သူ့ အပေါ်အကြီးအကျယ် စိတ်ကုန်သွားတာမျိုးလဲ ဖြစ်တတ်တယ်  တကယ်တော့ ဗျာ  တစ်ခါတစ်လေဗျာ ချစ်ရတာ   ကိုယ်က တစ်ခြမ်းကြီး အနွံအတာ ခံပေးနေရတာကြီးက်ဝဋ်ကြွေးမျိုး ဖြစ်နေတာမျိုးဗျာ.......လို့ ဆိုလိုက်တော့  ဟုတ်ပါတယ်ဆရာရယ် သမီးကို ညာနေမှန်းသိရက်သားနဲ့ ကို သမီးကိုက မခွဲနိုင်တာ ၀ဋ်ကြွေးနဲ့ တူပါတယ် ဆရာရယ်...တဲ့ ဗျား
----------
လတ်တလောပြန်ညက်သွားအောင်တော့  ၂ နံတွဲ ယတြာတွေကိုပဲ ဟိုလိုလှုဒီဟာလုပ်လို့ ပေးလိုက်ရတယ်......၀ဋ်ကြွေးနဲ့ တူပါတယ်ဆရာရယ်တဲ့ :'(
Monday, March 21, 2016
မင်းသိစေချင်ခဲ့ သည်ပဲလေ....
မင်းသိစေချင်ခဲ့ သည်ပဲလေ....
-----------------
ထားလက်စ သစ္စာတရားတွေကလွဲရင်
မင်းနဲ့ ပတ်သက်ခဲ့ သမျှ
ငါရခဲ့ တာ အလွမ်းတွေမျှသာပါပဲ
ကွယ်ရင်မေ့ ခဲ့ 
တပ်မက်ခြင်းတွေသက်သက်နဲ့ 
သံယောဇဉ်ကြိုး
ကြိုးညှိ တီးခတ်ပြခဲ့ တာ မဟုတ်ခဲ့ ရပါဘူးလေ
လျှာဖျားစကား
တီတာခွန်းချို
မေတ္တာဆိုတေး မသွက်ခဲ့ လို
လမ်းခွဲခြင်း အက်ကြောင်းတွေဖြစ်လာလိမ့် မယ်လို့ 
ငါမသိခဲ့ ရိုးအမှန်ပါ
စိတ်ဗလာ အထာကြည့် ရင်း
သဏ္ဍာန်သရုပ်ကို
ဟန်လုပ် မပြုံးပြတတ်ခဲ့ ပေမယ့် 
မင်းပြုံးရင် ငါပျော်ခဲ့ 
မင်း ငိုရင် ငါကြေကွဲတတ်ခဲ့ ပါကြောင်းဆိုတာတော့ 
မင်းသိစေချင်ခဲ့ သည်ပဲလေ......။
Wednesday, March 16, 2016
စဓဗဝ
မျက်နှာသစ်တိုင်း စဓဗ၀ ဂါထာ စိတ်ကရွတ်ပြီး မျက်နှာသစ်တယ် ရေချိုးတိုင်း ဒိဝါတပတိ ဂါထာ စိတ်ကရွတ်ချိုးတယ်
ဒါ ပုံမှန်သဘော  အားတာနဲ့  ဂါထာတစ်ခုခု စိတ်က ကောက်ရွတ်လိုက်တတ်တယ် စိတ်ဝါဒီ သဘောတော့ ပိုဆန်တယ်
စိတ်သာရှင်စော သဘောကို ယုံသူပေါ့ လေ ဒီလိုလုပ်လာတာ ဆယ်စုနှစ်တွေ မနဲတော့ ဘူး...အဲ့ ရဲ့ ကောင်းမှု့ စိတ်အကျိုးသွားက
ကြီးကျယ်တဲ့ ထွက်ပေါက်ပျောက်သလောက်ဖြစ်သွားတဲ့  ဆိုးကျိုးကြီးတွေ မကြုံရသလောက်ပဲ ဆိုတာ
ကိုယ်တိုင်ဖြတ်သန်းခဲ့ တဲ့  အတွေ့ အကြုံတွေကနေ ရခဲ့ တယ်
ကျောက်ဂေါ်လီ
ကျောက်ဂေါ်လီ
----------
စောစောစီးစီး ငယ်ဘ၀က ဂေါ်လီရိုက်ခဲ့ တာကို ဘယ်လိုကဘယ်လို သတိရမိလိုက်မှန်း မသိဘူး...
ကျနော်တို့ တုန်းက ပြည်ပက အရုပ်တွေရှားပါးတော့  ပြည်တွင်းဖြစ်တွေ အများဆုံးသုံး ကစားခဲ့ ရတာမျိုး..
အဲ့ မှာ ဂေါ်လီရိုက်တာလဲပါတယ်...ဂေါ်လီမှာ ထုံးဂေါ်လီနဲ့  ကျောက်ဂေါ်လီ ဆိုပြီး ၂ မျိုး ဆိုင်ကရောင်းရင်
ဓန ရှားပါးချက်က မာကျောတဲ့ ကျောက်ဂေါ်လီကို မ၀ယ်နိုင်လို့  ဈေးသက်သာတဲ့ ထုံးဂေါ်လီကို ၀ယ်ရတယ်
ကျောက်ဂေါ်လီလောက် မမာပေမယ့်  ထုံးဂေါ်လီလဲ အတော်လေတော့  မာကြောတယ်..ပုံမှန်ရိုက်ယုံလောက်နဲ့ မကွဲဘူး
သူရိုက်ကိုယ်ရိုက်နဲ့ အားကုန်သုံးပြီဆို ထုံးဂေါ်လီက ထက်ခြမ်းကွဲတော့ တာပါပဲ...အဲ့ မှာ ကြေကွဲပြီပေါ့ လေ..
တစ်လုံးတစ်လေ ၀ယ်တဲ့  ကျောက်ဂေါ်လီမှာ အပွ အကျစ်က ပါတတ်သေးလို့  အသံနားထောင်ပြီး ရွေးယူရသေးတယ်
အပွရွေးမိရင် အဲ့ ကျောက်ဂေါ်လီလဲ ထက်ခြမ်ကွဲတာပဲ...။ ကျောက်ဂေါ်လီကို မ၀ယ်ပဲ ရတတ်တဲ့  နည်းလမ်းတစ်ခုရှိသေးတယ်
မိဘပိုက်ဆံရှိလို့  ကျောက်ဂေါ်လီတွေ ၀ယ်သုံးနိုင်တစ်ချို့ တွေ ဂေါ်လီရိုက်ရင် လမ်းထဲက ရေမြောင်းတွေထဲကျသွားရင်
မြောင်းက ကျနော်တို့  ကလေးအရပ်နဲ့ ဆို ခါးတစ်ဝက်လောက်နက်ပြီး မြောင်းပုတ်တွေက ခြေဖမို့ ကျော်ကျော် လောက်နဲ့ မို့ 
ပြန်မဆယ်ပဲ ပစ်ထာခဲ့ ကြတတ်တယ်။ တစ်ခါတစ်လေ ကိုယ့်  ဂေါ်လီ မြောင်းထဲကျသွားရင် ကျနော်တို့ က ဂေါ်လီကို အဆုံမခံနိုင်လို့ 
အဲ့ မြောင်းပုတ်ရေတွေထဲ ခြေထောက်တွေနဲ့  စမ်းရှာရင် ကိုယ့်  ဂေါ်လီအပြင် တစ်ခြားဂေါ်လီတွေ ပါ စမ်းမိပြီး ခြေချောင်းလေးတွေနဲ့ ညှပ်ပြီး ဆယ်ယူလိုက်ကြတယ်
အဲ့ မှာ စိမ်းဖန့် ဖန့် ရောင် အသားကျစ်ကျစ်  ခေါက်ကြည့် ရင် သံ အသံထွက်နေတဲ့  ကျောက်ဂေါ်လီ တစ်လုံးလောက်ပါလာရင် ရွှေကောက်ရသလိုပဲ ၀မ်းသာချက်က..
သရေကွင်းထပ်လို့  အနိုင်ရတဲ့ သရေကွင်းတွေ  ရွှေလက်ကောက်လို လက်ဖြန်းလောက်အထိ စွပ်ထားပြီးပြီးဖေါ်လျှိုးလုပ်ရတာကလဲ အဲ့ ကာလက ကလေးချင်း ဂုဏ်ခံရတာမျိုး
ကိုယ့် အရွယ် ကိုယ့်  ဖြတ်သန်းမှု့  ကိုယ့် ခေတ်နဲ့ ကိုယ် တပ်မက်ခြင်းသဘောတရား ဆိုတာ ဒီလိုပေါ့ လေ..........။
Friday, March 11, 2016
၉၄ဖွား ၅ကြွင်း ဟူးသား နဲ့  ၉၇ဖွား ၁ကြွင်း ကြာသာပတေးသမီး လင်မယားတို့ သည်
၉၄ဖွား ၅ကြွင်း ဟူးသား နဲ့  ၉၇ဖွား ၁ကြွင်း  ကြာသာပတေးသမီး လင်မယားတို့ သည်
--
လာတာက ကြာတေးသမီးလေး သူ့ အမေကခေါ်လာတာ အိမ်ထောင်ရေးအတွက်တဲ့  ဘာဖြစ်လို့ လဲဆိုတော့ 
သူ့ ယောက်ျား အိမ်က ထွက်သွားလို့ တဲ့  ညက ပြန်မလာဘူးတဲ့  ဒါဆိုပြန်လာစေချင်တဲ့ သဘောပေါ့ ဆိုတော့ ဟုတ်ကဲ့ တဲ့  ( ကြာသာပတေးနေ့ ၁၀နာရီလောက်ပါ တနင်္ဂနွေတိုင်ပါ)
ဒါဆို ဒီကပြန်ရင် ကြုံရာဘုရား ရာဟုထောင့် မှာ လဘက်သားတစ်ထုပ် +ပျဉ်းမ၁ညွန့် +ရွက်လှ ၁ ညွန့်  ၀င်လှုသွား အဲ့ ဟူးသားအမြန်ပြန်လာပါစေပေါ့ ၊ အိမ်ရောက်ရင် သူ့ ဓါတ်ပုံကိုယ့် ဓါတ်ပုံမျက်နှာချင်းဆိုင်ထပ် ဘုရားစင်တင် အဲ့  အပေါ်ကနေ ပန်းကန်ပြားလေးနဲ့ 
လဘက်အသားချည်း ၂ဇွန်းလောက်ပုံ ပြန်လာပါစေလို့ ဆုတောင်းလိုက် .သူ့  အတွက် စပယ် ၈ ကုံးပါလှုပေးထား စပယ်ရိုးလေးနဲ့ သူ့ ဓါတ်ပုံကို ခဏခဏရိုက်ပေးနေလိုက်လို့ ယတြာပေးလိုက်တယ်
ကြာတေးသမီးလေးက ပြန်မလာမှာ စိုးရိမ်နေတာ  မြဲမှာလားလို့ လဲမေးတယ်..အိမ်ထောင်ကျတာဘယ်လောက်ကြာပြီလဲမေးလိုက်တော့   ၆လလောက်ရှိပြီ တစ်ခါမှ အဲ့ လိုထွက်မသွားဘူးဘူး လို့ ဆိုတယ် ။  ၆ လလောက်ဆိုတော့ ကြာတေးသမီးက ၁၉ နှစ်အ၀င် ဟူးသားလေးက ၂၁ ထဲမှာသဘောပေါ့ ဒါဆို သက်ရောက်တွေကောင်းနေလို့ အလွယ်နဲ့ တော့ မကွဲတတ်ပါဘူးပေါ့ လေ
အခုထွက်သွားတာကလဲ ဟူးသားလေးရဲ့ မာနတစ်ခုခုကို သွားပုပ်ခတ်လို့ ရှက်ရမ်းရမ်းပေါက်ကွဲပြီးထွက်သွားတာမျိုးပဲ ( တနင်္ဂနွေတိုင်နဲ့ လာတာကိုး) လို့ ဆိုလိုက်တော့  ကြာတေးသမီးလေးက သူ့ အမေကို ရယ်ကျဲကျဲနဲ့  မော့ ကြည့် တယ်  ကြာတေးသမီးလေးရဲ့  မအေကလဲ
ကဲ တွေ့ လား ရန်မဖြစ်ပဲ အိမ်ကဘယ်ထွက်သွားမလဲလို့  သူ့ သမီးကိုပြောတယ်...( ယုတ္တိအရ တွေးရင် တိုင်ပညာတောင်မလိုပါဘူး တစ်ယောက်ယောက် ထွက်သွားတယ်ဆိုတာမျိုးက ကွိုင်တစ်ခုခုမတက်ပဲ
ရောက်ရာပေါက်ရာ အလွယ်ထွက်မသွားတတ်ပါဘူး) ( တနင်္ဂနွေတိုင် ရဲ့ ပြချက်က  ခိုက်က စနေနံ မာနကို သွားထိလို့  နာ နေရာမှာ ရှိတဲ့  ဟူးသားက ပေါက်ကွဲသွားတာမျိုး  အဲ့ တိုင်စဉ်မှာ ကြာတေးသမီးနဲ့  ဟူးသား ဟာ ပန်းယအတွဲ အဖြစ်ချိတ်ဆက်နေသေးတော့  ခဏနဲ့ ပြန်လာလောက်မှာပါလို့ တွေးလို့ ရတယ် ပြီးတော့  ၅ ကြွင်းက ကျားက အဲ့ လောက်အသည်း မမာတတ်ဘူး
သူ့ ယောက်ျား ၅ကြွင်းအကြောင်း သီဝရီလာ ကာရိုက်တာလေး နဲနဲပြောပြလိုက်တယ် အဲ့ အတိုင်းပဲတဲ့ ....အဲ့ ဒါလေးကို နဲနဲ စိတ်ရှည်ပေးကြည့် ပေါ့  ကိုယ်က အလိုမကျတိုင်း သွားပေါက်ကွဲနေရင် ကြာရင်မကောင်းဘူးလို့ ဆိုတော့  အဲ့ ကြာတေးသမီးလေးက ရယ်ကျဲကျဲနဲ့  ပြန်လာမှာပါနော်တဲ့ ..သြော်..သူ့ ခေါင်းထဲ ဒါပဲရှိနေသကိုး...အိမ်ထောင်သည်တို့ သည်ကား...ပဲ
သောကြာနေ့ မနက်ကြတော့  ကိတ်မုန့် ဗူးလေးနဲ့  အဲ့ ကြာတေးသားအမိတွေ ပြန်ဝင်လာတယ်  အဲ့ ကြာသာပတေးနေ့  ညနေမှာပဲ အိမ်ပြန်ရောက်လာပါတယ်တဲ့  ကျေးဇူးဘာညာပေါ့ ....( လဘက်သားထုပ်က အဓိက ဇာတ်ဆောင် ၂ နံ တွဲ ပဲ..ရုတ်တရက်ကြီး လက်ပံ လဲမှို့ တွေ မြို့ ခါးလယ်ခေါင်ကြီးဘယ်ရလွယ်မလဲ ...ဟူးသား ထွက်သွားလို့  ဟူးသား ကို ရှေ့ ထား ကြာတေးသမီးနောက်ထား လိုက်တော့  လက်ဖက် ဆိုပြီးထွက်လာတာ အမြန်ပြန်ရောက်လာတာက ယတြာသဘောလဲပါသလို လူငယ်အိမ်ထောင်ရေးတွေကတော့ 
အဲ့ လိုပဲ စိတ်တက်စိတ်ကျ မြန်တတ်တဲ့ သဘာဝရှိတာမျိုးသဘောလဲပါလောက်တယ်....( အသုံးစားရိပ်ပြတ်ရင်လဲ ပြန်လာတာမြန်တတ်တယ် ငိငိ)
Thursday, March 10, 2016
ကံပဲဆိုတဲ့ ရောဂါ သဘောတွေ
ကံပဲဆိုတဲ့ ရောဂါ သဘောတွေ
---------
အဲ့ အမျိုးသမီးလေးက ၁၂လပိုင်း ၈၀မွေး ကြာသာပတေးသမီး ဘင်္ဂဖွားဆိုပါတော့ .။ သူ့ လာရင်းက ကျမ္မာရေး..။ တနင်္ဂနွေ မရဏသက်ရောက် ဖြစ်နေတော့  အခုလိုနှစ်မှာ ခြူခြာလွယ်ပြီး ခြူခြာရင် ဆေးရုံတက်ရတာမျိုးအထိဖြစ်သွားတတ်တယ်.အကြောင်းက အိမ်ကနေ အခွာပြနေတဲ့  နှစ်မို့ ပါဆိုတော့  သူက ကျောက်မှာကျောက်တည်နေတာ
ဟဲဗီး ၃လုံး ရှိနေတာ ခွဲထုတ်ရမယ့် အကြောင်း ကြီးတာမှအတော်ကြီးကြောင်း..မနှစ်ကလည်း ဒီလို လမှာ ကျောက်တည်ဘူးတာ ဆေးစားရင်းပျောက်ခဲ တဲ့ အကြာင်း အခုက ခွဲမှရမယ့် အကြောင်း ပြောလာတယ်...သူစိုးရိမ်တာက အသက်ထိမှာကြောက်နေတာ နဲ့ အဆင်ပြေသွားအောင်ယတြာလိုချင်တာ..
ဒီနေရာမှာ သက်ရောက်သဘောအရ မနှစ်ကလည်း ဖြစ်ခဲ့ တယ် ခွဲခန်းမရောက်ဘူးဆိုတာက ရာဟုသောကြာသက်ရောက်သဘော က ပံ့ ပိုးပေးထားလို့ သဘောဆန်ပြီး အခုဖြစ်တော့ ခွဲခန်းရောက်သွားတယ်ဆိုတာက အိမ်ကနေ အခွာပြနေတဲ့  တနင်္ဂနွေ မရဏ သက်ရောက်မှာ ဖြစ်နေလို့  သဘောပေါ့ ။ နောက်တစ်ချက်က ၅ ကြွင်း အမျိုးသမီး
တွေ ဖြစ်ရင် အစာအိမ် သားအိမ်တွေကို အများဆုံး ဖြစ်လေ့ ရှိပြီး ကွမ်းချိုးကပ်နေတဲ့ ယောကျာ်းတွေဖြစ့် လေ့ ရှိတဲ့  ကျောက်ကပ်ကျောက်တည်ဆိုတာမျိုး ဖြစ်တောင့် ဖြစ်ခဲ ပဲ
ဒီတော့ ဒါဟာ မျိုးရိုးလိုက်တဲ့ သဘောပေါ့  ဆိုတော့  ဟုတ်တယ် သူ့ အစ်မလဲ ကျောက်တည်ဖူးတယ် ခွဲခဲ့ ရတယ်လို့ ဆိုပါတယ်..သဘောက မျိုးရိုးရဲ့  သွေးသား တည်ဆောက်ပုံအတိုင်း လိုက်ဖြစ်လာတတ်တဲ့ရောဂါဘယသဘောတွေလည်း ဖြစ်တတ်တယ်ပေါ့ လေ။
''အိမ် .''
''အိမ် .''
----------------
ဆီတို့ ဖူးဆိုလား ဘာလား ဆီစိမ်ထားတဲ့ ဖြူဖြူးတုံး ဗူးလေး...မင်းကွန်းချောင်က ဘဘုန်းကျောင်းမှာ ကပ္ပိယလိုလို  တကာ့ သားလိုလိုနဲ့  တစ်ဝါခိုခဲ့ တုံးကပေါ့ ......
ဂယ်ပါပဲ  လျှိုမြှောင်တောင်ကြား   ခေါင်ချက်က  ဟင်းလေးအိုးကြီးနဲ့  နှစ်ပါးသွားခဲ့ ရတာ..တော်သေး  အဲ့ ငံ ကျိကျိ  ဆီတို့ ဖူးဆိုလား ဘာလား ဖြူဖြူ အတုံးကြီး ရှိနေလို
့ ထမင်းစားဝင်ခဲ့ တာ ။ ခေါင်ချက်က မင်းကွန်း ကတို့ ဆိပ်နဲ့  ဘဘုန်းကျောင်းက  သဲနွံဆွဲတွေထဲ ခြေကို ရုန်းပြီး လျှာထွက်အောင် လျှောက်မှ ရောက်တဲ့  တစ်နာရီနီးပါး ခရီး....
အခြောက်အခြမ်း အလှုကျန် မှိုတက်တွေကို အခြောက်လှမ်း ထုထောင်းပြန်ကြော်လှော်  အာရုံစာ နေ့ ဆွမ်းစာ သဘောထားရတဲ့ အနေအထား..။
ဘယ်လိုပဲ အစားအသောက် ချို့ ငဲ့ စေပေါ့ ...ဘဘုန်းကျောင်း နောက်က တောင်ပူစာပေါ် ညနေစောင်းတွေ ရောက်တိုင်း တက်တက်သွားပြီးအဲ့ တောင်ပူစာ ခပ်မြင့် မြင့် လေးပေါ်
ကနေ လှမ်းမြင်နေရတဲ့ ....ဟိုး....အဝေးက မှိုင်းပြပြမြင်နေရတဲ့ မန္တလေးတောင်တောင်က မှိန်ပြပြမီးပွင့် လေးတွေ တောင်တော် ပတ်လည်က မြူလိုလို အခိုးလိုလိုတွေ ရစ်သိုင်း
ယှက်နွယ်နေတဲ့ အခိုးတွေ.ဟိုးခပ်လှမ်းလှမ်းက ပြာလဲ့ လဲ့  ရှမ်းရိုးမကြီးရယ်..မင်းကွန်းပုထိုးတော်မြင့် မြင့် မားမားကြီးရယ်..စိမ်းညို့ ညို့  သစ်ပင်ထိပ်ဖျားတွေရယ်..
..မြူငွေ့ ရေငွေ့ တွေနဲ့  မပီဝိုးတ၀ါး မြင်နေရတဲ့  ဧရာဝတီ မြစ်ပြင်ကြောကြီးရယ်..
ဟားးး...အိမ်ပြန်ချင်တဲ့  အလွမ်းစိတ်  တိတ်တဆိပ် ရောက်လာတယ်ပဲ...တောင်ကမူ ကုန်းမြင့် ဖျားက လွမ်းစေတီလေးရဲ့  လေအခတ်မှာ တစ်ချွင်ချွင်နဲ့ 
သာယာလွန်းတဲ့  ဆွဲလဲသံတွေ အောက်မှာ.........အတောင်ပံပါရင် မင်းဆီကို...ဆိုတဲ့ အတိုင်းပဲ.....ချက်ချင်းပျံသွားလိုက်ချင်စိတ်တွေဆိုတာ တဖွားဖွားပဲ.
.ခံစားတတ် မျက်ရည်မခိုင်တတ်သူတွေဆိုတော့  ငိုချလိုက်ချင်ချက်...အိမ်က အဖေ့ ကိုကြောက်လို့ သာလေ.... ။
အိမ်ချစ်သူတွေဆိုတာ  အိမ်နဲ့ ဝေးတဲ့ အခါတွေမှာ  လေအပင့်  ရော်ရွက်လေးတွေကြွေရင်...နွေနေဦးက လေပွေရူးနဲ့  ရင်လှိုင်းခတ်လာရင်တောင်...
မိုးဖွဲဖွဲနဲ့  မိုးသည်းနေရက်တွေ....နှင်းလိုမြူလို တလူလူကျရင်း ရင်ထဲစိမ့် အောင်အေးမြတတ်တဲ့ ဆောင်းရယ်..အိုးးး....လွမ်းတတ်သူတွေဆိုတာ
သုံးရာသီစလုံး  အလွမ်းသုံးရာသီပါပဲလေ. ....ဘာဘဲဖြစ်ဖြစ် ကျနော့် အိမ်ကို ကျနော် ချစ်တယ်အမေ...
ဆရာ...တဲ့ လား....
ဆရာ...တဲ့ လား.....
ချည်နှောင်တဲ့  ကြိုးလား
ဘောင်ခတ်တဲ့  အကွပ်လား...
သတ်ကွင်းလား  ပင့် ကွင်းလား
ငရဲလမ်းလား ကောင်းကင်ဘုံလား
ငါလေ....
လူကောင်း စင်စစ်ပဲ ဖြစ်ချင်ခဲ့
သီလကထာ
သီလကထာ
---------------------
ဘ၀ နေမချိုခဲ့ တော့ 
ခဏခဏ
ဒေါသ လေတွေပြိုရင်း
ဒီလိုနဲ့ 
ဘ၀က နေညိုလာခဲ့ ပြီ...။
ရာသီ အခါညီ
လက်မရွံ့ 
လူရည်လည်တွေကြား
သီလကထာ တဖွဖွရွတ်
ရွတ် ရွတ် ရွတ်.
များလာတဲ့ ဒဏ်ရာ
အနာရွတ်တွေကို
ရင်ဝယ်သာပိုက်
တစ်ဘ၀စာအတွက်
မိုက်ကမ်းမှ မ၀ံ့ ခဲ့ တာ
စွန့် ခဲ့ ရတာက
များလှသလား
တုံးအောက်ဖား
ပြားချင်သလောက်ပြားစမ်းစေ
အမေရေ.....
ခုဘ၀ အဆင်မချောရင်တောင်
ဘ၀တစ်ကွေ့ မှာ..
ဘ၀တစ်ကွေ့ မှာ..
----------------------
မြစ်ထဲ ရေဆင်းကူးရင်း ရေနစ်သွားပြန်ပြီဆိုတဲ့ သတင်းဖတ်ရပြန်တော့ ..ဘေး သဘောတွေမှာ ကိုယ်တွေ့  ကြုံခဲ့ တာများတော့  အသားလွတ်ဘေးသဘောတွေကို ဖြုံတယ် ဘေးနဲ့  ကိုယ်နဲ့ က သိပ်ကင်းပုံမရဘူးဆိုတာ ကြီးတော့ ပြန်တွေးလို့ ရတယ်။ ၄ နှစ်သားနဲ့ ၂ ထပ်တိုက် ၀ရံတာက ပြုတ်ကျတာ ဆန်းရှိတ်ပေါ် တင်နေ့ လို့ သာ အခုအထိစာရိုက်နေနိုင်တာမျိုး၊ ကျောင်းပြေးတော့ ရထားခိုးစီး ပြေးတက်ပြေးဆင်းနဲ့ ကညော့ ရင်းက ရထားအထွက်မှာ ခိုထားတဲ့ လက်ချော်ထွက်ပြီး တွဲကြားထဲကျသွားတာ ပလက်ဖေါင်းဖက် ပြားနေအောင်ကပ်ထားမိခဲ့ လို့ သာ...အတော်ကြာတယ် ရထားတွဲတွေဆို ဖြုံနေတာ၊.
ဒီလိုပဲ ကျောင်းပြေးပြီး ကန်တော်ကြီးရေဆင်းကူးတော့ ရေနစ်ပြန်ရော ရေနစ်တာရေရေလည်လည် ခံရဆိုးတယ် ၀ူးဝူးဝါးဝါးပဲ ဘာအမေ ဘာဘုရားမှ တ မနေနိုင်ဘူး လက်ရောခြေရော ရုန်းနေချက်က ခေါင်းတစ်ခုလုံး ပေါက်ကွဲတော့ မတတ် ထူပိန်းမွန်းကျပ် ရင်ဘတ်ထဲဆို့ လာတာ ရေတွေဆိုတာ ရင်ခေါင်းထဲဝင်ဝင်လာတာ.. ကြောက်စိတ်က အသေကြောက်နေပြီ အဲ့ မှာလဲတော်သေးတယ် နစ်သွားရင်းက ရုတ်တရက် မြေအမာကို နင်းမိချိန် စွပ်ပြီး အားကုန် ခြေစုံကန်ထဲ့ လိုက်တာ ကမ်းဖက် ခြေဖျား ထောက်မှီတဲ့ ဖက်ပြန်ရောက်သွားလို့  သံချောင်းတို့ အဖေ ဖြစ်သွားတယ်.အဲ့ ဖြစ်နေတာ ကိုယ့် ဟာကိုယ်တော့ ရေထဲမှာတစ်ကမ္ဘာလောက်ထင်နေတာ အမှန်က ခဏလေးပဲ . အမျိုးသား ရေကူးကန်မှာ သွားသွားကူးနေလို့ ရေကူးတတ်တယ် ဆိုတဲ့ ဘ၀င်က ဒုက္ခပေးတာမျိုးအဲ့ မှာ တော်တော်နဲ့ ကန်တွေ မြစ်တွေ ရေဆင်းမဆော့ ရဲဘူးဖြစ်သွားတယ်၊
နောက်တစ်ခါ နစ်တာက တောက အဖိုးအဖွားတွေဆီနွေကျောင်းပိတ်ရက် သွားလည်ရင်းမြစ်ထဲရေဆင်းကူးတာ...အဲ့ မှာလဲ ရေကူးတတ်တယ်ဆိုတဲ့ မာန်ခံနေတော့  ကူးနည်းစုံနဲ့ ကူးနေတာ အဖွားက ကမ်းပါးထိပ်ပေါ်က စိုးရိမ်လို့ ပြန်တက်ခဲ့ ဆိုတာ မြစ်ထဲကနေ လှမ်းပြောင်ပြ လိုက်သေးတယ်. .သိပ်မကြာဘူး နစ်ရော အဲ့ မှာ အေးအေးလူလူမြစ်ရေချိုး အ၀တ်လျှော်နေတဲ့ မအေက ရေအိုးတစ်လုံး ဖက်ပြီး လာဆယ် ကမ်းဖက်ပြန်ကူးလာလို မသေပြန်ဘူး. .ငယ်ထိပ်တော့ ဖုသွားတယ်.အခေါက်ခံရတာ..ကံကောင်းတာက ရေစီးနှေးနေတဲ့ နေရာလေးဖြစ်လို့ ...မြစ်တွေချောင်းတွေဟာ တစ်နယ်သားကို လူစားတတ်တယ်လို့ ဆိုသကိုး.အဖွားက အာ့ ကြောင့် စိုးရိမ်နေတာ.ပြီးတော့  ရှင်လဲပြုခါနီးနေပြီလေ...။
ကျောင်းပြီးတော့  ကားမောင်းစားဘူးတယ်...ကားမောင်းမစားခင်မှာကို မီးပွိုင့် မှာ ရပ်ထားတဲ့ ကားရှေ့ ကရော်ကမယ်နဲ့ ဖြတ်အလျှောက် ကားက ရုတ်တရက်ထထွက်လာ လန့် ပြီးခုန်ရှောင်လိုက်ပေမယ့်  မလွတ်တလွတ်နဲ့ ဖင်ကိုတိုက်ခံလိုက်ရတော့  ပစ်လဲ ခြေသန်းလေးကျိုးပေါ့ ..နောက်ကားမောင်းစားတော့  မသေထိုက်သေးလို့ ဆိုတာက ၂ ခါလောက်နဲ့  အသေးစားက ၃ ခါလောက် ကိုယ်က သွားဖဲ့ တာကမှ ၁ ခါထဲ သူများလာဖဲ့ သွားတာချည်းပဲ..အဲ့ မှာ တွေးဖြုံပြီး ....ဆက်မောင်းစားနေရင် မြန်မြန်ဂိမယ့် ပုံပဲ ကံပါပုံ ရတယ်တယ်ဆိုပြီး ကားမောင်းမစားတော့ ဘူးဖြစ်သွားတယ်.. အရင်ကသံထည်ကိုယ်တွေနဲ့  ပန်ကာနဲ့  သတိလစ်လုလု သေလုလုအထိ ဓါတ်လိုက်ခံရပြီးနောက်ပိုင်း ဘယ်လျပ်စစ်မှ လျှော့ မတွက်ရဲ့ တော့ ဘူး.. ဘ၀တစ်ကွေ့ ရဲ့ တစ်ချို့ အကွေ့ တွေဟာ ဘ၀အတွေ့ အကြုံကနေ ဘ၀နေမှု့ စတိုင်ကို ပြောင်းလဲပေးလိုက်တာမျိုးလဲရှိတတ်တယ်ပေါ့ လေ...
စက်ပွဲ
စက်ပွဲ
--
ငပိလောကနဲ့ ပတ်သက်နေရတုန်းကပေါ့ ...သူတို့ ငပိကြိတ်စက် ကွိုင်တက်ပြီဆိုတာနဲ့  ရောက်လာတော့ တာပဲ....ကြိတ်စက်က ဟိုကဖေါက်ဒီကဖေါက်နဲ့ ပေါ့ ...အဲ့ မှာ
စက်ပွဲပေးချင်လို့ တဲ့ .. ရောက်ရောက်လာတယ် ကျနော်က န၀င်းပွဲသမား  အုန်းငှက်ပျော်ပွဲသမားမဟုတ်ဘူး...ဒါပေမယ့်  ငပိပွဲရုံသမားတွေက ထောတာများတယ် ဘိတ်ဆက်တွေ
များတယ် ဒီတော့  ဆရာကို ငွေအများကြီးပေးတတ်တယ်..အဲ့  ငွေ မက်ပြီး လုပ်ရတော့ တာပေါ့ ....
ပညာခန်းလဲပါ လောကထုံးစံလဲဖြစ်အောင် အိမ်မှာတော့  န၀င်းပွဲရော ငှက်ပျော်ပွဲရော ပြင်ထွန်း လှု..ငပိကြိတ်စက် ဘာညာပေါ့ ...သူတို့ လာခေါ်တဲ့ ကားနဲ့ ကိုယ်က လိုက်သွား စက်ရုံရောက်တော့ 
န၀င်းရေ နဲ့ နံ့ သာရေ စပ် သရက်ရွက် ၁၀ရွက်နဲ့  ငပိကြိတ်စက်တွေကို ပက်ဖြန်းပေးလိုက်တာပေါ့ ...ခြေကြွခက မက်လေက်အောင်ပေးသကိုး....အဲ့ လိုလုပ်တိုင်း စက်က ပုံမှန်ပြန်ပြန်ကောင်းသွားလေ့ ရှိတယ်
သရက် ဆိုတာ အင်္ဂါနံရဲ့  ဓါတ်မိလေ...တိုင်းရင်းဆေး ကိစ္စတွေမှာလဲ ဆေးပွဲဆိုပြီး အဲ့ လို လုပ်ပေးခဲ့ ရတာပါပဲ..
သဘောက တစ်ခါတစ်ရံ လောကဟာ မမြင်နိုင်တဲ့ အရာတွေနဲ့  ထုးဆန်းတာတွေ ရှိတယ်ပေါ့ ဗျာ
'' မိဘတွေ ဝမ်းနည်းအားငယ်နေတဲ့အခါ ခွန်အားပေးနိုင်သူ ဖြစ်ပါစေ..''
 '' မိဘတွေ ဝမ်းနည်းအားငယ်နေတဲ့အခါ ခွန်အားပေးနိုင်သူ ဖြစ်ပါစေ..''
------------------------------------------
အဲ့ စာသားလေးမြင်လိုက်ရတော့  ကျနော့် အဖေရဲ့ ရောဂါအကြောင်း သူဝမ်းနည်းခဲ့ တာအကြောင်း ပြန်သတိရပြီး ၀မ်းလည်းနည်းသွားတယ် ကျနော့် အဖေကို သတိလည်းရမိတယ်....ပြီးတော့  ကျနော့် အဖေကိုကျနော် ဖြေဆည်ရာစကားလေး ပြောပေးပြီး နှစ်သိမ့် နိုင်ခဲ့ အတွက် ၀မ်းလည်းသာမိတယ်..
ရေးပြခဲ့ ဘူးတယ်...ကျနော့် အဖေအသက်ရတော့ ကျောက်ကပ်ပျက် စက်နဲ့ ဆေး အသက်ဆက်ရတဲ့ အကြောင်း..သက်ကြီးကျောက်က်ပျက်ဆိုတာ အသက်ငယ်ပိုင်းလို အလွယ်နဲ့  အစားထိုးပေးလို့ မရဘူးလေ...
ကျောက်ကပ်ပျက်ပြီ ဆေးမှ ရတော့ မယ်ဆိုတော့ ဘေးက ဆရာဝန်သူငယ်ချင်းက ခြံရှိခြံ ကားရှိကားကုန်မှာပဲလို့  ကရုဏာသက်တဲ့ အမူအရာနဲ့ ။ ဗဟုသုတတွေအရ သိနေပေမယ့် လဲ
ဘာရောင်းရရ ဒါ ငါတို့ အဖေ တစ်ရက်အသက်ရှည်လည်း တစ်ရက်ဆိုတဲ့ စိတ်နဲ့  ဆေးစားရိပ် မောင်နှစ်မတွေ တက်ညီလက်ညီ။  ..
အရမ်းမောင်းရပါတယ် ကျောက်ကပ်ဆေးစာရိပ်အတွက် ရှိတာတွေ တစ်ခါတစ်လေ ထုခွဲပေါ့ ၊ မငြီးခဲ့ ပါဘူး..။ ဆေးစာရိပ်ခန်းသွားမှာသာသောကကြီးခဲ့ တာ၊...ကျောက်ကပ်မဆေးခင်ကို
ဆီးဆိပ်တက် မေ့ မျော ငန်းဖမ်းနေတုန်းကို အသက်လုရတာ မနဲမနော ကုန်တယ်၊ နောက်တော့  အသက်ပြန်ါလာတော့ ကျောက်ကပ်ဆေးပြီ..။  အသက်ပြန်ပါလာချိန် ကျောက်ကပ်ဆေးတော့ 
လူနာခမျာ နေရထိုင်ရတာပေါ့ ပါးသွားရှာတယ်။..အဖေရယ်ပြုံးလို့  အဖေပြုံးတော့  ကျနော်တွေလဲ ပျော်တာေါ့ အဖေ  .။  အဖေက လက်ဦးမှာ ကျောက်ဆေးတဲ့ စားရိပ် ကုန်ကျငွေ မသိရှာဘူးလေ။
မကြာခင် ပါးနပ်တဲ့ လူကြီးတွေမို့  လစဉ်ကျောက်ကပ်ဆေးခ စားဆေးခ ဘယ်လောက်ကုန်တယ်ဆိုတာ ရိမိသွားတော့  ....သားကြီးဖြစ်တဲ့ ကျနော့် ကိုဝမ်းနည်းစကားဆိုလာရှာတယ်...မျက်ရည်တွေကိုဝဲလို့ ..
''မင်းတို့ အညွန့်  ငါချိုးသလို ဖြစ်နေပါပြီကွာ. ကျောက်ကပ်မဆေးချင်တော့ ဘူး...''...တဲ့ ...။ ကြားခါစမှာ ဆို့ နင့် သွားခဲ့ တယ်..ဘယ်ကစလို ဘာပြောရမှန်း စကားအစရှာမရဘူး...အဖေမျက်ရည်ဝဲတော့  ကျနော် မျက်ရည်ကျမိပြီပေါ့ ..
နောက်တော့  ကွယ်ရာသွား မျက်ရည်သုတ်ပြီး...ကျနော် အဖေ့ ကို ပြန် စကားပြောရတယ်...''ဟာ....အဖေကလဲ ငွေရေကြေးရေ ဘာမှမပူနဲ့  သူ့ ဟာသူ ဖြစ်လာတာ...
အဖေ့ ကို ကျောက်ကပ်ဆေးပေးနေတာ ကျနော်တို့ အမြစ်ကို ကျနော်တို့  ရေလောင်းပေးနေတာမျိုးပါ အဖေရ..''လို့  ရယ်ကာမောကာ ခပ်ရွှင်ရွှင်နဲ့  ပြောပေးလိုက်တော့ ...ကျနော့် အဖေ ကျနော့် ဆိုလိုရင်းကိုတန်းသဘောပေါက်သွားပုံရပါတယ်..
မျက်နှာလေးကို ပြန်ကြည်လာတော့ တယ်...။  
လွမ်းတယ်အဖေ...။
ကျပ်ချင်တာကျပ်ပလေ့ စေ
ကျပ်ချင်တာကျပ်ပလေ့ စေ
နေကျပ်လို့  မကောင်းဆိုးဝါးတွေ နိုးထလာပြီး အဖျက်လုပ်လို့  ကမ္ဘာပျက်လုလု ရုပ်ရှင်တွေ အများကြီးကြည့် ခဲ့ ရတယ် စပယ်ရှယ်အဖက်တွေကကောင်းတော့ အခုချက်ချင်းပဲ ကမ္ဘာပျက်တော့ မလိုလို သွေးပျက်လောက်အောင် ရိုက်နိုင်ကြတယ်..တစ်ခြား မဟာဆူနာမီင်္ မဟာငလျင် မဟာတိုင်ဖွန်း မဟာဟာရီကိန်းမဟာတိုနေးဒိုး ညု့ ကလီးယားရန်စွယ် တိုင်းဗုံး..အများကြီင်္းပဲ..ကမ္ဘာကြီးသက်တန်းက နှစ်ဘီလျံသန်းချီနေပြီလို့ ဆိုတယ် အဲ့ ဒါဆို နေကျပ် လကျပ် တဲ့ အကြိမ်ပါင်းလဲ မနဲဘူးပေါ့  ခုထိတော့ ကမ္ဘာ မပျက်သေးဘူး ကမ္ဘာကြီးမှာ ဖြစ်နေတဲ့  အနိဌာရုံတွေ ဆိုတာက နေမကျပ် လမကျပ်လဲ ဖြစ်နေတာပဲ..နေကျပ် လကျပ်လို့  ဟိုဟာနဲ့ ဒီဟာနဲ့  ဟိုနင်းပြုလို့  ဘာပြုတယ် ညာပြုတယ် ကမ္ဘာပျက်တော့ မတတ် ဆိုတဲ့ လူတွေသာ အချိန်တန်သေသေသွားတာ ကမ္ဘာကြီးကတော့ မပျက်သေးဘူး..
.
ကပ်ကြီး ၃ပါး မကလို့  ၅ ပါး ၆ ပါး ၉ ပါးပဲ ဆိုက်ဆိုက် သေထိုက်ချိန်မှသေမှာ မသေထိုက်သေးရင် သေကိုမသေဘူး..ဘာကပ်ကြီးတွေ ဘာငလျင်ကြီးတွေ မရှိ ဘာနေမှမကျပ် လဲ ဆိုင်ကယ်မှောက် ကားမှောက် ရေနစ်နဲ့  ချက်ချင်းသေသွားနိုင်တာပဲ..ကမ္ဘာစစ်ကြီးမှာ စစ်ကိုမှီပြီးချမ်းသာသွားတဲ့ သူတွေ တစ်ပုံကြီးရှိသလို အဆင်းရဲဆုံးနိုင်ငံကနေ အချမ်းသာဆုံး ဆိုတာတွေ ထွက်လာတာမျိုး အချမ်းသာဆုံး နိုင်ငံတွေထဲမှာ အိုးမဲ့ အိမ်မဲ့  အလုပ်လက်မဲ့ တွေ မနဲမနောရှိနေသေးတယ်ဆိုတာတွေ....အများကြီးပဲ...အဲ့ ဒါကို ကမ္ဘာကြီးလို့ ဆိုနိုင်တယ်..ဒီဒေသကြီးမှာလဲ ဘာကျပ်လို့  ညာကျပ်လို့  ဘာညာဆိုတာ နှစ်ကို ရာပေါက်နေပြီ အဲ့ အဟောဆရာတွေတော့ မရှိတော့ ဘူး ဒီဒေသကြီးကတော့  သဘာဝလောကဓံ လူလုပ် လောကဓံမျိုးစုံနဲ့  ရှေ့ သို့ ဆက်နေတာ နှစ်ရာထောင်ချီခဲ့ ပြီ..ဒေသကြီးကတော့  ဒီလိုပေမယ့်  လူဆိုတာတော့  ဘာနေလမှ မကျပ် ဘာငလျင်မှ ဘက်ကြီးတွေမှ မရှိလဲ အချိန်မရွေး သွေးတိုးလေဖြတ် အက်စီးဒန့် တစ်ခုခု နဲ့  ချက်ချင်း သေနိုင်တာပါပဲ..
တစ်ခါတစ်လေ သူများထက် ကဲပြနေရင် ကိုယ့် တစ်ယောက်ထဲ အသက်ပါသလိုလို အိုဗာအတ္တ ပုံစံပေါက်နေတယ်..ဒီကြားထဲ ''ယုံရင်လုပ် မယုံရင်မလုပ်နဲ့ '' ဆိုတာမျိုးက ပါသေးတယ် လေသံကိုက သူ့ ဟာသူ ပုံမှန် နေတဲ့  လူတွေကိုပါ ဆရာကျသလိုလို ခြိမ်းခြောက်သလိုလို ရပ်ကွက်လူကြီး မိုက်နဲ့ အော်သလိုပဲ '' မိမိ တာဝန်သာဖြစ်သည် ''..ဆိုတာမျိုးလို့  .တွေးမိပြီး ကိုယ့် ဟာကိုယ် ရယ်ကျိကျိ ဖြစ်မိသေးတယ် ငယ်တုန်းက ဆော့ ရင်းကစားရင် ရွတ်ခဲ့ မိတဲ့  ဟာသ သံပေါက်လေး တစ်ပိုင်းတစ်စ.''.မယုံ မေးကြည့်  ဂဠုန် ဂွေးကျိ '' တဲ့ ...ဘာဆိုလိုမှန်းပြန်တွေးတာမသိတော့ ဘူး အဲ့ ခေတ် ကတော့  ဂဠုန်ဆိုတာ ပလက်ဖေါင်း ဈေးသည်တွေကို လိုက်ဖမ်းတဲ့ စည်ပင်ရယ်..အဲ့ စည်ပင်တွေလဲ လေးခွနဲ့ အဆွဲခံရတာ ခုံနဲ့ ကောက်ရိုက်ခံရတာတွေတောင်ဖြစ်ခဲ့ ဖူးတယ်..အိုဗာဖြစ်ရင် အိုဗာဖြစ်တယ် အိုဗာမဖြစ်ရင် အိုဗာမဖြစ်ဖူး....
ရွှေတောင်ကြား
ရွှေတောင်ကြား
----------
ဖြတ်ကနဲ တစ်ရေးနိုးလာတော့  ရုတ်တရက်ခေါင်းထဲရောက်လာတာက ''ရွှေတောင်ကြား ''   ။
ပလေးဘွိုင်းသန်းနိုင်ရဲ့  ရွှေတောင်ကြား..။ ကျနော်စွဲလန်းခဲ့ စွဲလန်းနေဆဲ သီချင်းလေးဗျ။
အဲ့ သီချင်းလေးက ခဏခဏနားထောင်ဖြစ်နေတဲ့ အချိန်က ကျနော်တို့ က ၁၀တန်းကျောင်းသားတွေ..
ကျောင်းပြေး လက်ဘက်ရည်ဆိုင် ထိုင်ရင်း နားထောင်ခဲ့ ရတာ. ။သူ့ သီချင်း အတော်များများကြိုက်ခဲ့ တဲ့ အထဲမှာ
ဒီ ရွှေတောာင်ကြား ကို ပိုကြိုက်ခဲ့ ရတာက ကိုယ်တိုင် ဇာတ်လမ်း မရှိခဲ့ ပေမယ့်  သူငယ်ချင်းက ဇာတ်လမ်းရှိခဲ့ တယ်
သူ့ ရီးစားလေး စိန်ဖလိုးကျောင်းသူလေးက ရွှေတောင်ကြား မှာ ခြံကြီးနဲ့  နေတာကိုး..အဲ့ ဒါ သူ့ ရီးစားအိမ် သွားသွားချောင်းတော့  ကျနော်က
ဘော်ဒါကဏ္ဍသဘော လိုက်လိုက်သွားခဲ့ ရတာ..ပြီးတော့  အဲ့  ရွှေတောင်ကြားရပ်ကွက်ကြီးက က ကျနော်တို့ ဘ၀တွေနဲ့ ဘာမှမဆိုင်သလိုပဲ
ဓန အဆင့် တစ်ခုရှိနေတဲ့  လူတွေနေတဲ့ အရပ် သဘောဖြစ်နေတယ် ....စိတ်ကူးယဉ်လို့ ကောင်းတဲ့ အရပ်ပေါ့ ဗျာ.
အဲ့ လိုသဘောတွေ နဲ့  သံစဉ်ကလဲ စလိုးလေးနဲ့  ခပ်ငြိမ့် ငြိမ့် လေးဆိုတော့  တက်ပလက်မြိုထားချိန်နဲ့ ဆို အတော်  ဖီးလ် လာတဲ့  သီချင်းမျိုး
ပြီးတော့  အဆိုရှင်ရဲ့ အသံနဲ့  သံစဉ်က သူနဲ့ ပဲ လိုက်သလိုမျိုး...အဲ့ မှာ လူက ဆေးပြား ခပ်ရွဲရွဲနဲ့  ကိုယ်သွားပတ်နေကြ ရပ်ကွက်ကို
စိတ်ကူးတွေ ယဉ်ပြီး  အဲ့ေ ရွှတောင်ကြား ကို ခဏခဏ နားထောင်ဖြစ်တော့ တာပါပဲ  ငယ်ဘ၀က ဖီလင်တွေပေါ့ လေ...ငယ်ဘ၀သာပြောတာပါ
အဲ့ ရွှေတောင်ကြားကို ခုထိကြိုက်တုန်းပဲ..သီချင်းပြောတာပါ.. ငိငိ   အဲ ရုတ်တရက်ကြီး ပြန်နားထောင်ချင်လာတော့  ယူကျူ့ မှာဝင်ရှာတာ မတွေ့ ဗျ
အာ့ နဲ့  လူက ခုဆို ခုမှ စိတ်မျိုးဆိုတော့  ဖြူနီပြာဝါ ဘလော့ မှာ ၀င်ရှာ တော့ တွေ့  MP3 ကနေ MP4 ပြောင်း ယူကျူ့  တင် လိုက်ရတယ်...
ကိုယ့် လိုပဲ နားထောင်ချင်တဲ့ လူတွေ ဇာတ်လမ်းသမားတွေ ရှိနိုင်မှာပါလေ ဆိုပြီး...ဟီးး. အဲ တစ်ခါတစ်ခါ အချင်းချင်းတော့ နောက်ပြီးဖျက်ဆိုတာရှိသေးတယ်..
'''နေရောင်မဖြာတဲ့  လမ်းကလေးအတွင်းမယ်  ချစ်သူကလေးရဲ့  အိမ်သာ..''  ဆိုပြီး  ...ခ်ခ်...။
.ကြုံရဆုံရဘ၀တစ်ကွေ့ တွေ
.ကြုံရဆုံရဘ၀တစ်ကွေ့ တွေ
--
လွန်သွားပြီဖြစ်တဲ့  အမျိုးထဲက အသက်လယ်ဘယ်တန်း ညီအစ်ကိုတော် ရှပ်ကီသမားတစ်ယောက်အကြောင်းပါ....
လေတော်ကီက အရမ်းကောင်းပြီး သူ့ မှာပါလာတဲ့ ပါရမီထူးက သူငိုပြရင် မျက်နှာငယ်လေးနဲ့ လုပ်ပြရင်
တော်ယုံလူ သနားသွားကြတာများတယ် ပြီးတော့  အမြဲလုံလိုခပ်ပြုံးပြုံးလေးနေတတ်တယ် မောင်နှစ်မ ၂ယောက်ထဲ ရှိတဲ့ 
တစ်ဦးသောသား..၉တန်းနဲ့ ကျောင်းထွက်ခဲ့ သူမိဘတွေက သူငယ်စဉ်မှာ အခြေခိုင်နေရာက သူအရွက်ရောက်တော့
 စီးပွားပျက်သွားတော့  ဖယိုဖရဲတွေ ဖြစ်ကုန်တယ်..နောက်တော့ မိဘတွေလွန်သွားတယ် အစ်မကလဲ အစောနဲ့ အိမ်ထောင်သည်ကျတော့  ဖတ်သီဖတ်သီနဲ့ ။
အသက်လယ်ဘယ်တန်းဖြစ်လို့ ကစားဖေါ်အကိုတစ်ယောက်လို ခင်တွယ်ကြတယ်..ဘာလေး အကူညီတောင်းတောင်း ဖင်တော့ ပေါ့ တယ် အမျိုးတွေက သနားလို့  အလုပ်တွေခေါ်ခေါ်
ပေးကြခိုင်းကြနဲ့ ...လုပ်ခဆို မျက်နှာမွဲလေးပါဆိုပြီး ပိုပိုသာသာ...ခက်တာက ဘယ်အလုပ်မှာမှတာရှည်မခံဘူး အလုပ်ကိုလာချင်သလိုလာ လာချင်တဲ့ အချိန်မှလာပြန်ချင်သလိုပြန် အဆိုးဆုံးက
 အလုပ်ခွင်က အရက်ဖိုးသာသာ ပစ္စည်းလေးတွေ လက်ဆော့ တတ်တယ်...သိလို့ ဆူရင် မျက်ရည်လေးတွေက ပိုးပိုးပေါက်ပေါက်ကြပြတော့  ပြန်သနားသွားကုန်ပြန်ရော. ..
တစ်ခါတော့ အလုပ်လက်မဲ့ ဖြစ်နေချိန် ကျနော်က သူများတွေဆီမှာ ပင်ပင်ပမ်းပမ်း လျှောက်လုပ်နေမယ့် အစား ကွမ်းယာဆိုင် လုပ်ပါလား ကျနော် ကွမ်းဗန်းဖိုးလောက်တော့ တတ်နိုင်တယ် ကိုယ်လဲ ကွမ်းချိုးပဲဟာ
ထုံးစပ်နည်းလေးချက်လိုက်ရင်ပြီးတာပဲ ပါးပါးလေးထင်ရပေမယ့်  ဂွတ်ပြီဆို ကုန်မထမ်းရလူမပင်ပမ်းရပဲ အလုပ်ဖြစ်တယ်..ကိုယ့် လဲ ဘော်ဒါတွေပေါ်တဲ့ ဟာ လို့ ပြောတော့  သူကစိတ်ဝင်စားသွားပြီး လုပ်ဖြစ်ရောဆိုပါတော့ ..
ဘဲက လျှာအရသာခံ ခံတတ်သူ အကောင်းကြိုက်သမားလေး မူးသာမူးနေတတ်တာ သများရှပ်ဘဲတွေလိုဖယိုဖရဲမနေဘူး ရှိတာလေးနဲ့ သန့် သန့် လေးနေတတ်တော့  အရက်မသောက်ချိန်မှာလူရည်သန့်  လူဖြောင့် လေးပဲ
အဲ့ တော့  သူ့ ကွမ်းယာဗန်းက အစပိုင်းမှာ ထင်ထားတာထက်ရောင်းကောင်းတယ် ထုံးစပ်နည်းတွေ လျှောက်စပ်စုပြီး ကစ်တာ. ဘဲက ဖြတ်ထိုးဥာဏ်အားကြီးကောင်းတယ် အရွှီးကလဲတော်တယ်..
တွေ့ တဲ့ လူကို သူ့ ကို ကျသွားအောင်တော်ကီလွှတ်နိုင်တယ် ။
လနဲနဲပဲကြာပါတယ် ဟိုဟာကြောင့်  ဒီဟာကြောင့်  ဟိုဟာဈေးတက်သွားလို့ ဒီဟာဝယ်မရလို့ နဲ့  ခေါင်းစဉ်မျိုးစုံနဲ့  ကွမ်းယာဆိုင်မထွက်ဖြစ်တာတွေခဏခဏ ဖြစ်လာပြီး နောက်တော့  ဆိုင်ပြုတ်သွားတော့ ပြန်တာပါပဲဗျာ..ဟီးဟီး.
သူမသေခင်အထိ အလုပ်မျိုးစုံလုပ်ဖူးတယ် ဘယ်အလုပ်မှ တာရှည်စွဲစွဲမြဲမြဲမလုပ်သွားဘူး.....( စကားမစပ် အဲ့ ဘဲက ၆ကြွင်း တနင်္လာသားမရဏဖွားဗျ..တော်ကီကောင်းတာနဲ့  ငိုပြတတ်တာ လွှတ်ကာင်းတယ် သူ့ ကိုကြွေတဲ့ 
မဒီလေးတွေ ရှိခဲ့ တယ် ထိုင်သားစားနေပါ လုပ်ကျွေးမယ်ဆိုတဲ့ အထိတောင် ကြွေတဲ့ သူရှိခဲ့ သေးတယ် အဲ့ ဒါတွေကိုတော့  စိတ်မ၀င်စားဘူး အီစီကလီလုပ် ရှပ်ဖိုးတောင်းတော့ 
တာပါပဲ အာ့ လေးတွေကလဲ ပေးတယ်ဗျာ. တစ်ခ့တော့ ကျေးဇူးတင်ရတယ် မိန်းမမှု့ တော့  ပွေမသွားတာကိုပဲဗျား......ငိငိ ) ..ကြုံရဆုံရဘ၀တစ်ကွေ့ တွေပေါ့ လေ
ခေတ်သစ် ခေါစာ ပစ်တဲ့ စတိုင်လိုလို ကုန်းစာရေစာလိုလို...
ခေတ်သစ် ခေါစာ ပစ်တဲ့ စတိုင်လိုလို ကုန်းစာရေစာလိုလို...
---
ရေးခဲ့ ဘူးသားနည်းစနစ်ပါ အတွေ့ အကြုံ တစ်ခုပြန်ပြောပြတာ  ပြီးခဲ့ တဲ့ လပိုင်းက တနင်္လာသက်ရောက်ထဲရောက်နေတဲ့  အသက် ၃၈ နှစ် ရှိပြီဖြစ်တဲ့  ၃ ကြွင်းစနေသမီး ပထမဦးဆုံး ကိုယ်ဝန်ဆောင်..သူ့ အတွက်လာတာ ခွဲရမလား ရိုးရိုးလားလို့ မေးလာတာ ရိုးရိုးပဲ ဗိုက်အပ်ထားတယ် ဂျူ့ ဒိတ်က အခုလကုန်နဲ့ မတ်လဆန်းလောက်လို့ ပြောတယ် ခွဲရင် ဘယ်နေ့ ခွဲမွေးရမလဲလို့ မေးလာတယ် ( မပြတ်သားတဲ့ သဘောပေါ့ ) သူ့ ယောက်ျားကလဲ ၃ ကြွင်းအ င်္ဂါ အသက် ၃၆ ကြာတေးသက်ရောက်ထဲမှာ သက်ကြီးအိမ်ထောင်ကျတွေ ( အဲ့ စနေသမီးဖက်ကို  ကျနော် ချွန်ပေးလိုက်တာ.ငိငိ )
သူလာတွက်ချိန်က စန္ဒရောတိုင် စနေသမီး စုတ် ( ဆပွတ်နေရာ) မှာရောက်နေတယ် လစိတ်က  သောကြာ မရဏ လစိတ် ၀င်စဖြစ်နေပြီ ..အဲ့ တော့  ကြည့် ရတာ မွေးရတာမှာ ၀ရုန်းသုန်းကားနိုင်မယ့် ပုံပေါ့  သက်ရောက်ကောင်းနေကြလို့ အသက်ဘေးတော့ မရှိပါဘူး.ဒါပေမယ့်  အဲ့ စနေသမီး အသက် ၃၈ ဆိုတာ အရိုးရင့် လာပြီဆိုတော့  ကလေးအများကြီးယူဖို့ မကောင်းတော့ တဲ့ သဘောတော့ ရှိနေပြီ ကိုယ့် စိတ်နဲ့ သာဆို ၀ါးတားတားလုပ်မနေဘူး ခွဲမွေးလိုက်တာပိုကောင်းမယ်လို့ တွေးမိတယ် ဒါပေမယ့်  သူ့ ကိုတော့  ခွဲမွေးပါလို့ တော့  ဒဲ့ မပြောပါဘူး..ဆေးရုံကို ကမန်းကတန်းတော့  ထပြေးရနိုင်တယ် မြန်လဲမြန်နေတယ် ၆ရက်၁၀ရက်အတွင်းတောင် ကိန်းဖြစ်နေတယ်  ဗိုက်အနာသိပ်မခံချင်ရင်တော့  ဆရာဝန်ချိန်းတဲ့ ရက် ဆေးရုံအတက်ပြတုန်း ပုံမလာရင် ခွဲသာခွဲလိုက်ပါလို့ ပြောလိုက်ပေါ့  ယတြာတော့  ခံထားဗျ လို့ ဆိုပြီး မာလကာရွက်တွေ လှုတာ ခေါင်းအုံးအောက်ထားအိပ်တာ ရေစိမ်ချိုးတာတွေ လုပ်ခိုင်လိုက်တယ်  ဒါ့ အပြင် အခုအိမ်ပြန်ရောက်ရင်ဆိုပြီး..
ဆံပင်လက်သည်းခြေသည်းတွေ စတိညှပ်  ကျွတ်ကျွတ်အိပ်ထဲထည့်  ထမင်း၇ ဆုပ်ထည့်  ပန်း၇ ပွင့် ထည့်  အင်္ကျီဟောင်းတစ်ထည် ထည့်  အမှိုက်ပုံပစ်လိုက်..လို့  မှာလိုက်တယ် (အဲ့ ယတြာက ခေါစာပစ်တာလိုလို ကုန်းစာရေစာပစ်သလိုလို ဟဲဟဲ..) အဲ့ မှာမေးသေးတယ်.ဘာပန်းလဲတဲ့  ပန်းဖြစ်ရင်ပြီးရောလို့  ထမင်းက ထမင်းဦးပေါင်းလာတဲ့  ထမင်းဖြစ်ရင်ပြီးရောလို့  နေ၀င်ရီတရောလား တဲ့  မဟုတ်ဖူး အဆင်ပြေတဲ့ အချိန်ပစ်လို့  ရေမျှောရမှာလားတဲ့  မလိုဘူး ရေမျှောတာ စည်ပင်နဲ့ တွေ့ ရင်အဆင်မသင့် ရင် ဒဏ်ရိုက်ခံနေရလိမ့် မယ် အမှိုက်ပုံးထဲသာပစ်လိုက်လို့   ပစ်ပြီးရင် လှည့် မကြည့် ရဘူးလားတဲ့ ..အဲ့ ဒါလဲ ရပါတယ် အမှိုက်ပုံထဲ ရောက်ပြီးတာပဲလို့ ..တိကျတဲ့ မေးချက်တွေက အဲ့ လို ...။
မွေးပြီဆိုပြီး သတင်းပြန်လာတာက လာသွားတဲ့ ရက်နဲ့  တစ်ပတ်လောက်ပဲကွာတယ်...ခွဲမွေးလိုက်ရတာတဲ့  အားလုံးအိုကေနေတယ်တဲ့   ဗိုက်နာလို့ အိမ်သာတက်ရင်းကနေ အိမ်သာထဲကြမှ ဟွှာတွေဖြစ်ကုန်လို့  ကမန်းကတန်း ဆေးရုံပြေး ကြုံတဲ့  အိုဂျီနဲ့ ခွဲမွေးလိုက်ရတာလို့ ဆိုပါရောဗျား..ဂွတ်တယ်ဆိုပြီးတာပါပဲဗျာလို့ ....ငိငိ  ..
ကြာသာပတေးသက်ရောက်ထဲဝင်သွားတဲ့  စနေသမီး
ကြာသာပတေးသက်ရောက်ထဲဝင်သွားတဲ့  စနေသမီး
ကြာသာပတေးသက်ရောက်ထဲဝင်သွားတဲ့  စနေသမီး ဗေဒင်လာတွက်တော့  စီးပွားဘာညာ ပြဿနာ မရှိလှပေမယ့်  ကြာတေးသက်ရောက်နဲ့  စနေသာသမီးဆိုတာ ဓမ္မာ ကိန်း တစ်ခုခံနေလို့  လာတဲ့  အခါတိုင်က ဂုရုတိုင် ဆိုတော့ 
ကျမ္မာရေးဂရုစိုက်ပါ မတော်တဆမှု့ ပါ သတိထားပါလို့ မှာလိုက်တော့  အဲ့ တော့ မှ သူ့ လာရင်းက ကားမတော်တဆမှု့ ဖြစ်တာ ကားတော့ ရစရာမရှိတော့ လောက်ဖြစ်သွားတယ် လူတွေတော့  ဘာမှ မဖြစ်ဖူး..သိပ်ကံဆိုးနေလို့ လား
လာတွက်တာ လူမသေလို့  အကုန်လုံးက အံ့ သြနေကြတယ် ယတြာလေးပေါ့ ....ကားထဲလူဘယ်နှစ်ယောက် ပါသွားလို့ လဲ မေးတော့  သားအမိသားအဖ သုံးယောက် ယောက်ျားမောင်းတာ သူမောင်းနေကျ လို့ ဆိုတယ် ...
ယာဉ်တိုက်မှု့ ဖြစ်တဲ့  ၂ လပိုင်းကြည့် တော့  အဲ့  စနေသမီး လစိတ်က ရာဟုထဲမှာ  လစိတ်ရာဟု ကို စနေတွေ ဖြတ်နေရင် ပွဲကြမ်းလောက်အောင် မတော်တဆမှု့  ဖြစ်ခဲတယ်  ဖြစ်ချင်းဖြစ် ကြာသာပတေးလစိတ်မျိုး သောကြာ လစိတ်မျိုး အင်္ဂါလစိတ်မျိုးပေါ့ 
ဒါနဲ့  သူ့ ယောက်ျား မွေးသက္ကရာဇ် တောင်းကြည့် လိုက်တော့  ၇၁ ၉ လပိုင်းမွေး ၃ကြွင်းသောကြာသားတဲ့  အဲ့ တော့  အသက် ၄၅ ဟူးသက်ရောက်ထဲမှာ....အဲ့ မှာ လစိတ်ချကြည့် တော့  ၉ လပိုင်းမွေးမို့  ကားမတော်တဆမှု့  ဖြစ်တဲ့  ၂ လပိုင်းဟာ
အင်္ဂါလစိတ်မှာ ဒဲ့ ကျနေတယ် ဒီတော့  သူ့ ယောက်ျား သောကြာသားးက အဓိက ကံဆိုးနေလို့  ဖြစ်တာသေခြာသွားတယ်ပေါ့ 
အဲ့ မှာ တွေးစရာက သောကြာသား ကံတကယ်  မကောင်းရင် ၄၄ မှာ အဲ့ လိုတွေ အဖြစ်အများဆုံးသဘောရှိတတ်ပြီး ၄၅ နှစ် ဟူးသက်ရောက်မျိုးမှာ အဲ့ လိုပွဲကြမ်းတာမျိုး ကြုံလေ့ မရှိဘူး...အခု သူက ၄၄ မှာ မဖြစ်ပဲ   ၄၅ မှာ လာဖြစ်ရတာရဲ့ အကြောင်း
ဆက်စပ်မှု့ က သူ့ အမျိုးသမီး စနေသမီး အသက် ၅၀ ( ဓမ္မာ ကိန်း ဆိုတဲ့  အိမ်ထောင်ခွဲခွာ ကိန်း နဲ့  သွားငြိတဲ့ သဘောပေါ့ လေ သဘောက လင်နဲ့ မယား ကံချိတ်ဆက်မှု့ က အဲ့ လိုသဘောရှိတယ်  အကယ်၍ အဲ့ သောကြာသား တစ်ယောက်ထဲ
မောင်းသွားတုန်း ဖြစ်ရင် တန်းပြီး ပွဲပြီးသွားနိင်တဲ့ သဘော ရှိနိုင်တယ်...အဲ့ မှာ သူတို့ သားလေးက အသက် ၁၀ နှစ်သားလေး သောကြာသားလေး အဲ့ တော့  ကလေးကလဲ ကံကောင်းနေတဲ့ သက်ရောက်ထဲမှာပေါ့  ဒီတော့  ကာထဲပါသွားတဲ့  ၃ ယောက်မှာ
တွေးဆခန့် မှန်လို့ ရလွယ်တယ် ...
-----------------
၎ တန်းကလေးတစ်ယောက် ကျမ္မာရေးကလဲ စိတ်ဝင်စားစရာကောင်းတယ် သူ့ မအေက စိတ်ပူလို့ လာတွက်တာ ၃ ကြွင်တင်္နလာ ခလေးမလေး အသက် ၁၀နှစ် အင်္ဂါသက်ရောက်ထဲမှာ
 ဆေးရုံတောင်ခဏတက်လိုက်ရသေးတယ်လို့ ဆိုတယ် ၀မ်းချုပ် အူပိတ်သလိုဖြစ်သွားတာတဲ့  ဗိုက်ခွဲရတော့ မလိုတောင်ဖြစ်နေတာ ၀မ်းတွေချုရင်းက ၀မ်းပြန်သွားလို့  မခွဲရတော့ တာ
လို့ ဆိုတယ် ၄ တန်းတောင် မဖြေရတော့ ဘူးထင်နေတာလို့ ဆိုတယ်  အဲ့ မှာ ကလေးမွေးသက္ကရာဇ်အရ  မူလမဟာဘုတ်အရ ၃ ကြွင်တနင်္လာလေး  ဒီတော့  ဖြစ်ချင်းဖြစ်ရင် သွေးလွန်တုတ်ကွေးတို့ 
သွေးနီဥအားနဲတာ ခြေထောက်ထိခိုက်တာ သွားကိုက်တာ အာသီးရောင်တာမျိုး ဆိုပါတော့  ဒီလို ငယ်ငယ်ရွယ်ရွယ်နဲ့  အူပိတ်သလိုက ဖြစ်တောင့် ဖြစ်ခဲပဲ အဲ့ မှာ မွေးချိန်မေးလိုက်တော့  တနင်္လာမနက် ၁၀နာရီလို့ ဆိုတယ်
ဂုရုတိုင်နဲ့  မွေးတာပေါ့  ဒါဆို မွေးချိန်မဟာဘုတ်က ၅ ကြွင်းမဟာဘုတ်ပေါ့  ဒီတော့  သဘောက မွေးချိန် ၅ ကြွင်း မရဏအိမ်က တနင်္ဂနွေ နံ က အင်္ဂါသက်ရောက်မှာ ထ ပြဿနာ ရှာတဲ့ သဘောပေါ့ လေ
ဒီ မွေးချိန်မဟာဘုတ်က တစ်ခါတစ်ခါ ထ ထ ရစ်တတ်တာမျိုးလဲ ရှိကြောင်း ကိုယ်တွေ့ တွေရော အများတွေဆီက အတွေ့ အကြုံတွေ ရေးပြခဲ့ ဘူးပါတယ်ပေါ့ လေ  သဘောက လူ့ ကျမ္မာရေးမှာ
မူလမဟာဘုတ်မရဏ အိမ်က နံသင့် သဘောရော မွေးချိန်မဟာဘုတ် မရဏအိမ်က နံသင့်  သဘောပါ တတ်နိုင်သလောက် ဂရုစိုက်ရတယ်ပေါ့ 
ကျနော် ကိုယ်တိုင် မွေးချိန်က ၃ ကြွင်းမွေးချိန် လိုဖြစ်နေလို့  သူများ ၁ ကြွင်းထက်ပိုပြီး   ငယ်ကတည်းက မတော်တမှု့ ဘေးတွေ ခဏခဏ ကြုံခဲ့ ရတဲ့ သဘောရေးပြခဲ့ ဘူးပါရဲ့ နော့် 
အကျင့် ပါတတ်ကြောင်း
အကျင့် ပါတတ်ကြောင်း
--
၁လပိုင်း ၈၇ မွေး ၄ကြွင်းသောကြာသားပေါ့ လေ အခု ၃၀ ထဲ ၀င်ပြီး မရဏစနေသက်ရောက် ပေါ့ ..ဘာအတွက်လဲလို့ မေးလိုက်တော့  အလုပ်အတွက်တဲ့ 
အသစ်ရှာနေတာလားလို့ ဆိုတော့ ဟုတ်တယ် အလုပ်ထွက်ထားတာ ၇လ၈လလောက်ရှိပြီတဲ့ 
သူပြောတဲ့ လနဲ့  လစိတ်ချိန်လိုက်လိုက်တော့  ၆လပိုင်း၇လပိုင်း အင်္ဂါလစိတ်မှာအလုပ်ထွက်တာဖြစ်နေတယ် စိတ်ပေါက်ကွဲပြီးထွက်ချလိုက်တာမျိုးပေါ့ .(၆နဲ့ ၇လပိုင်းကြားမှာအလုပ်ထွက်ခဲ့ တာပါတဲ့ )
...အလုပ်ရနိုင်လစိတ်ချိန်တော့  အခု ၃လပိုင်းနဲ့ ၎ လပိုင်းဟာ တနင်္ဂနွေလစိတ်ဖြတ်နေလို့  အခု၂လအတွင်းအလုပ်ရနိုင်ခြေရှိနေပြီ  ဂြိုလ်ပတ်ယတြာလေးန့ ကလီကမာယတြာလေးပေးလိုက်ရင် အလုပ်သစ်ရပြီ....
ဒါပေမယ့်  စနေသက်ရောက်ခံထားလို့  သူ့ စိတ်ကြိုက်တော့ မရနိုင်ဘူး လစာငွေ အလုပ်ကြမ်း ပိုင်ရှင်စိတ်ကောင်းစိတ်တ်ပုတ် တစ်ခုခုတော့ ဟနေလိမ့် မယ် အချိန်သုံးတဲ့ သဘောနဲ့  အလုပ်ရှိတယ်ဆိုတဲ့ သဘောလောက်ပဲ ဆိုတာ ရှင်းပြရတယ်..အဲ့ မှာထပ်မှာတယ်
အခုအလုပ်ဖြစ်ပြီးရောအလုပ်ရလဲ လာမယ် လပိုင်းနဲ့  ၇ လပိုင်းကြားမှာ အလုပ်ထွက်ချင်စိတ်ဖြစ်လာဦးမှာ အဲ့ ဒါကိုတောင့် ခံနိုင်မှ  အလုပ်ကောင်းထပ်ောင့် မယ်ဆို ၁၀လပိုင်း၁၁လပိုင်းကြားလောက်မှ ဖြစ်နေလိမ့် မယ်ဆိုတော့ ( အရင်အလုပ်ကလဲ ၁၀လပိုင်းမှာဝင်ခဲ့ တာတဲ့ )
(အဲ့ ဒါ ကြာသာပတေးလစိတ်) ကျနော်က ဂြိုလ်တွေသဘောက အကျင့် ပါသွားတာလဲရှိတတ်တယ် နောက်ကြောင်းပြန်စဉ်းစားကြည့်  ပြဿနာတက်ပြီး အလုပ်ထွက်ပစ်တတ်တဲ့ လက အဲ့ ၆နဲ့ ၇ လပိုင်းကြားတွေ ဖြစ်ဖြစ်နေတတ်တယ်လို့ ဆိုတော့  သူက ပြန်တွေးပြီး ဟုတ်တယ်
အလုပ်နှစ်ခုထွက်တာ အဲ့  ၇ လပိုင်းတွေချည်းပဲ လို့ ဆိုတယ်
ကျနော်က သောကြာသားသဘောက အသက် ၂၈ ၂၉ ၃၀ က ဒီလိုပဲ ဖယိုဖရဲတော့ ဆန်တယ်... ဂြိုလ်ကံ မလိုက်ချိန်မှာ ဂြိုလ်တွေက ကိုယ် မခံနိုင်တဲ့ ကိစ္စတွေကို အရင်လိုက်လိုက်ရစ်တတ်တယ် အဲ့ ဒါကိုကျော်လွှာရတာ ဒီ ၈၇ဖွားတွေရဲ့ မခံနိုင်ဆုံးက ရင်ထဲက မခံချင်စိတ်နဲ့ မာနပဲ
အဲ့ ဒါကို ဖိုက်တာ အဲ့ မှာပေါက်ကွဲတာမျိုးပဲ့  တကယ့် အလုပ်ကောင်းသဘော အတွက်က ၃၁ ကြမှ ပြန်လာမှာ အဲ့ တော့  လာမယ် ၆နဲ့ ၇လပိုင်းကြား စိတ်ရှည်လိုက်ပါလို့ ပြန်မှာတော့  သူ သဘောပေါက်သွားတယ် ပြီးတော့  လိုအပ်တာတွေ မရဏစနေရဲ့  သဘောတွေ ထပ်မှာ ထပ်သတိပေး
ယတြာပုံမှန်သဘောပေးပေါ့ လေ..
အဲ့ ဒါ ကျနော်ဟောတဲ့ စတိုင်ပါပဲ ဘ၀ဘေ့ စစ်ရဲ့  လိုရင်းတွေပေါ့   ၁လပိုင်း ၈၇မွေး ၄ သောကြာ ဆိုတဲ့  အချက် နဲ့ ပဲ အားလုံးကိုင်ပြောသွားတာပါ
အမည်တောင် မမေးလိုက်ရပါဘူး...အကျင့် ပါတတ်တယ်ဆိုတာ အဲ့ လို့ အညံ့ လစိတ်တွေ ဖြတ်ရင်
မရိုးနိုင်လောက်အောင် နှစ်စဉ်လိုလို အနနဲ့ အများ  ထထ ရစ်တတ်တဲ့ သဘော..
အမေ့ ဆိပ်ကမ်း
အမေ့ ဆိပ်ကမ်း
----------
အပေအတေ
အရွယ်သင့် မို့ 
ချစ်ခြင်းပင်လယ်မှာ
စိတ်သင့် ရာ ရွက်လွှင့် ခဲ့ တော့ 
ဘ၀အမော
လောကဓံ မုန်တိုင်းတွေနဲ့ 
ကောင်းကင်တို့ ပြို
တိမ်ညိုတို့ မဲ
သောကလှိုင်းကြမ်းတွေထဲမှာ
အလဲလဲ အကွဲကွဲနဲ့ ပေါ့ အမေရယ်......။
အလူးလူးအလိမ့် လိမ့် နဲ့ 
ဟန်ချက်ကိုတည်
ဒီခရီး ဒီပင်လယ်
ဒီတက်နဲ့ လှော် ဟိုတက်နဲ့ ကွေ့ 
ဘ၀ရွေ့ လျားရာနောက် ပဲ့ ကိုင်ရင်း
ဘ၀တို့  နွမ်းနယ်လာတဲ့ အခါ
ပြင်းပြတဲ့ ဆန္ဒနဲ့ 
နားခိုရာဖြစ်လိုက်ချင်တာက
စာနာတရား ကရုဏာနှလုံးသားတွေနဲ့ 
မေတ္တာရနံ့ တွေ သင်းပျံ့ နေမြဲဖြစ်တဲ့ 
အမေ့ ရင်ခွင်
အမေ့ ဆိပ်ကမ်းပါပဲပေါ့ အမေရယ်.........။