''အိမ် .''
----------------
ဆီတို့ ဖူးဆိုလား ဘာလား ဆီစိမ်ထားတဲ့ ဖြူဖြူးတုံး ဗူးလေး...မင်းကွန်းချောင်က ဘဘုန်းကျောင်းမှာ ကပ္ပိယလိုလို တကာ့ သားလိုလိုနဲ့  တစ်ဝါခိုခဲ့ တုံးကပေါ့ ......
ဂယ်ပါပဲ လျှိုမြှောင်တောင်ကြား ခေါင်ချက်က ဟင်းလေးအိုးကြီးနဲ့  နှစ်ပါးသွားခဲ့ ရတာ..တော်သေး အဲ့ ငံ ကျိကျိ ဆီတို့ ဖူးဆိုလား ဘာလား ဖြူဖြူ အတုံးကြီး ရှိနေလို
့ ထမင်းစားဝင်ခဲ့ တာ ။ ခေါင်ချက်က မင်းကွန်း ကတို့ ဆိပ်နဲ့  ဘဘုန်းကျောင်းက သဲနွံဆွဲတွေထဲ ခြေကို ရုန်းပြီး လျှာထွက်အောင် လျှောက်မှ ရောက်တဲ့  တစ်နာရီနီးပါး ခရီး....
အခြောက်အခြမ်း အလှုကျန် မှိုတက်တွေကို အခြောက်လှမ်း ထုထောင်းပြန်ကြော်လှော် အာရုံစာ နေ့ ဆွမ်းစာ သဘောထားရတဲ့ အနေအထား..။
ဘယ်လိုပဲ အစားအသောက် ချို့ ငဲ့ စေပေါ့ ...ဘဘုန်းကျောင်း နောက်က တောင်ပူစာပေါ် ညနေစောင်းတွေ ရောက်တိုင်း တက်တက်သွားပြီးအဲ့ တောင်ပူစာ ခပ်မြင့် မြင့် လေးပေါ်
ကနေ လှမ်းမြင်နေရတဲ့ ....ဟိုး....အဝေးက မှိုင်းပြပြမြင်နေရတဲ့ မန္တလေးတောင်တောင်က မှိန်ပြပြမီးပွင့် လေးတွေ တောင်တော် ပတ်လည်က မြူလိုလို အခိုးလိုလိုတွေ ရစ်သိုင်း
ယှက်နွယ်နေတဲ့ အခိုးတွေ.ဟိုးခပ်လှမ်းလှမ်းက ပြာလဲ့ လဲ့  ရှမ်းရိုးမကြီးရယ်..မင်းကွန်းပုထိုးတော်မြင့် မြင့် မားမားကြီးရယ်..စိမ်းညို့ ညို့  သစ်ပင်ထိပ်ဖျားတွေရယ်..
..မြူငွေ့ ရေငွေ့ တွေနဲ့  မပီဝိုးတ၀ါး မြင်နေရတဲ့  ဧရာဝတီ မြစ်ပြင်ကြောကြီးရယ်..
ဟားးး...အိမ်ပြန်ချင်တဲ့  အလွမ်းစိတ် တိတ်တဆိပ် ရောက်လာတယ်ပဲ...တောင်ကမူ ကုန်းမြင့် ဖျားက လွမ်းစေတီလေးရဲ့  လေအခတ်မှာ တစ်ချွင်ချွင်နဲ့ 
သာယာလွန်းတဲ့  ဆွဲလဲသံတွေ အောက်မှာ.........အတောင်ပံပါရင် မင်းဆီကို...ဆိုတဲ့ အတိုင်းပဲ.....ချက်ချင်းပျံသွားလိုက်ချင်စိတ်တွေဆိုတာ တဖွားဖွားပဲ.
.ခံစားတတ် မျက်ရည်မခိုင်တတ်သူတွေဆိုတော့  ငိုချလိုက်ချင်ချက်...အိမ်က အဖေ့ ကိုကြောက်လို့ သာလေ.... ။
အိမ်ချစ်သူတွေဆိုတာ အိမ်နဲ့ ဝေးတဲ့ အခါတွေမှာ လေအပင့်  ရော်ရွက်လေးတွေကြွေရင်...နွေနေဦးက လေပွေရူးနဲ့  ရင်လှိုင်းခတ်လာရင်တောင်...
မိုးဖွဲဖွဲနဲ့  မိုးသည်းနေရက်တွေ....နှင်းလိုမြူလို တလူလူကျရင်း ရင်ထဲစိမ့် အောင်အေးမြတတ်တဲ့ ဆောင်းရယ်..အိုးးး....လွမ်းတတ်သူတွေဆိုတာ
သုံးရာသီစလုံး အလွမ်းသုံးရာသီပါပဲလေ. ....ဘာဘဲဖြစ်ဖြစ် ကျနော့် အိမ်ကို ကျနော် ချစ်တယ်အမေ...
No comments:
Post a Comment
'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..