'' ဗေဒင်အကြောင်းလေးတွေနဲ့  အတွေ့ အကြုံတွေ ရေးဖို့  ''တဲ''လေး တစ်ခုလောက်ပါပဲ ဒါထက် ပိုမရည်ရွယ်ပါဘူး ''...
Thursday, March 10, 2016
'' မိဘတွေ ဝမ်းနည်းအားငယ်နေတဲ့အခါ ခွန်အားပေးနိုင်သူ ဖြစ်ပါစေ..''
'' မိဘတွေ ဝမ်းနည်းအားငယ်နေတဲ့အခါ ခွန်အားပေးနိုင်သူ ဖြစ်ပါစေ..''
------------------------------------------
အဲ့ စာသားလေးမြင်လိုက်ရတော့  ကျနော့် အဖေရဲ့ ရောဂါအကြောင်း သူဝမ်းနည်းခဲ့ တာအကြောင်း ပြန်သတိရပြီး ၀မ်းလည်းနည်းသွားတယ် ကျနော့် အဖေကို သတိလည်းရမိတယ်....ပြီးတော့  ကျနော့် အဖေကိုကျနော် ဖြေဆည်ရာစကားလေး ပြောပေးပြီး နှစ်သိမ့် နိုင်ခဲ့ အတွက် ၀မ်းလည်းသာမိတယ်..
ရေးပြခဲ့ ဘူးတယ်...ကျနော့် အဖေအသက်ရတော့ ကျောက်ကပ်ပျက် စက်နဲ့ ဆေး အသက်ဆက်ရတဲ့ အကြောင်း..သက်ကြီးကျောက်က်ပျက်ဆိုတာ အသက်ငယ်ပိုင်းလို အလွယ်နဲ့  အစားထိုးပေးလို့ မရဘူးလေ...
ကျောက်ကပ်ပျက်ပြီ ဆေးမှ ရတော့ မယ်ဆိုတော့ ဘေးက ဆရာဝန်သူငယ်ချင်းက ခြံရှိခြံ ကားရှိကားကုန်မှာပဲလို့  ကရုဏာသက်တဲ့ အမူအရာနဲ့ ။ ဗဟုသုတတွေအရ သိနေပေမယ့် လဲ
ဘာရောင်းရရ ဒါ ငါတို့ အဖေ တစ်ရက်အသက်ရှည်လည်း တစ်ရက်ဆိုတဲ့ စိတ်နဲ့  ဆေးစားရိပ် မောင်နှစ်မတွေ တက်ညီလက်ညီ။ ..
အရမ်းမောင်းရပါတယ် ကျောက်ကပ်ဆေးစာရိပ်အတွက် ရှိတာတွေ တစ်ခါတစ်လေ ထုခွဲပေါ့ ၊ မငြီးခဲ့ ပါဘူး..။ ဆေးစာရိပ်ခန်းသွားမှာသာသောကကြီးခဲ့ တာ၊...ကျောက်ကပ်မဆေးခင်ကို
ဆီးဆိပ်တက် မေ့ မျော ငန်းဖမ်းနေတုန်းကို အသက်လုရတာ မနဲမနော ကုန်တယ်၊ နောက်တော့  အသက်ပြန်ါလာတော့ ကျောက်ကပ်ဆေးပြီ..။ အသက်ပြန်ပါလာချိန် ကျောက်ကပ်ဆေးတော့ 
လူနာခမျာ နေရထိုင်ရတာပေါ့ ပါးသွားရှာတယ်။..အဖေရယ်ပြုံးလို့  အဖေပြုံးတော့  ကျနော်တွေလဲ ပျော်တာေါ့ အဖေ .။ အဖေက လက်ဦးမှာ ကျောက်ဆေးတဲ့ စားရိပ် ကုန်ကျငွေ မသိရှာဘူးလေ။
မကြာခင် ပါးနပ်တဲ့ လူကြီးတွေမို့  လစဉ်ကျောက်ကပ်ဆေးခ စားဆေးခ ဘယ်လောက်ကုန်တယ်ဆိုတာ ရိမိသွားတော့  ....သားကြီးဖြစ်တဲ့ ကျနော့် ကိုဝမ်းနည်းစကားဆိုလာရှာတယ်...မျက်ရည်တွေကိုဝဲလို့ ..
''မင်းတို့ အညွန့်  ငါချိုးသလို ဖြစ်နေပါပြီကွာ. ကျောက်ကပ်မဆေးချင်တော့ ဘူး...''...တဲ့ ...။ ကြားခါစမှာ ဆို့ နင့် သွားခဲ့ တယ်..ဘယ်ကစလို ဘာပြောရမှန်း စကားအစရှာမရဘူး...အဖေမျက်ရည်ဝဲတော့  ကျနော် မျက်ရည်ကျမိပြီပေါ့ ..
နောက်တော့  ကွယ်ရာသွား မျက်ရည်သုတ်ပြီး...ကျနော် အဖေ့ ကို ပြန် စကားပြောရတယ်...''ဟာ....အဖေကလဲ ငွေရေကြေးရေ ဘာမှမပူနဲ့  သူ့ ဟာသူ ဖြစ်လာတာ...
အဖေ့ ကို ကျောက်ကပ်ဆေးပေးနေတာ ကျနော်တို့ အမြစ်ကို ကျနော်တို့  ရေလောင်းပေးနေတာမျိုးပါ အဖေရ..''လို့  ရယ်ကာမောကာ ခပ်ရွှင်ရွှင်နဲ့  ပြောပေးလိုက်တော့ ...ကျနော့် အဖေ ကျနော့် ဆိုလိုရင်းကိုတန်းသဘောပေါက်သွားပုံရပါတယ်..
မျက်နှာလေးကို ပြန်ကြည်လာတော့ တယ်...။
လွမ်းတယ်အဖေ...။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment
'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..