'' ဗေဒင်အကြောင်းလေးတွေနဲ့  အတွေ့ အကြုံတွေ ရေးဖို့  ''တဲ''လေး တစ်ခုလောက်ပါပဲ ဒါထက် ပိုမရည်ရွယ်ပါဘူး ''...
Thursday, March 10, 2016
ရွှေတောင်ကြား
ရွှေတောင်ကြား
----------
ဖြတ်ကနဲ တစ်ရေးနိုးလာတော့  ရုတ်တရက်ခေါင်းထဲရောက်လာတာက ''ရွှေတောင်ကြား '' ။
ပလေးဘွိုင်းသန်းနိုင်ရဲ့  ရွှေတောင်ကြား..။ ကျနော်စွဲလန်းခဲ့ စွဲလန်းနေဆဲ သီချင်းလေးဗျ။
အဲ့ သီချင်းလေးက ခဏခဏနားထောင်ဖြစ်နေတဲ့ အချိန်က ကျနော်တို့ က ၁၀တန်းကျောင်းသားတွေ..
ကျောင်းပြေး လက်ဘက်ရည်ဆိုင် ထိုင်ရင်း နားထောင်ခဲ့ ရတာ. ။သူ့ သီချင်း အတော်များများကြိုက်ခဲ့ တဲ့ အထဲမှာ
ဒီ ရွှေတောာင်ကြား ကို ပိုကြိုက်ခဲ့ ရတာက ကိုယ်တိုင် ဇာတ်လမ်း မရှိခဲ့ ပေမယ့်  သူငယ်ချင်းက ဇာတ်လမ်းရှိခဲ့ တယ်
သူ့ ရီးစားလေး စိန်ဖလိုးကျောင်းသူလေးက ရွှေတောင်ကြား မှာ ခြံကြီးနဲ့  နေတာကိုး..အဲ့ ဒါ သူ့ ရီးစားအိမ် သွားသွားချောင်းတော့  ကျနော်က
ဘော်ဒါကဏ္ဍသဘော လိုက်လိုက်သွားခဲ့ ရတာ..ပြီးတော့  အဲ့  ရွှေတောင်ကြားရပ်ကွက်ကြီးက က ကျနော်တို့ ဘ၀တွေနဲ့ ဘာမှမဆိုင်သလိုပဲ
ဓန အဆင့် တစ်ခုရှိနေတဲ့  လူတွေနေတဲ့ အရပ် သဘောဖြစ်နေတယ် ....စိတ်ကူးယဉ်လို့ ကောင်းတဲ့ အရပ်ပေါ့ ဗျာ.
အဲ့ လိုသဘောတွေ နဲ့  သံစဉ်ကလဲ စလိုးလေးနဲ့  ခပ်ငြိမ့် ငြိမ့် လေးဆိုတော့  တက်ပလက်မြိုထားချိန်နဲ့ ဆို အတော် ဖီးလ် လာတဲ့  သီချင်းမျိုး
ပြီးတော့  အဆိုရှင်ရဲ့ အသံနဲ့  သံစဉ်က သူနဲ့ ပဲ လိုက်သလိုမျိုး...အဲ့ မှာ လူက ဆေးပြား ခပ်ရွဲရွဲနဲ့  ကိုယ်သွားပတ်နေကြ ရပ်ကွက်ကို
စိတ်ကူးတွေ ယဉ်ပြီး အဲ့ေ ရွှတောင်ကြား ကို ခဏခဏ နားထောင်ဖြစ်တော့ တာပါပဲ ငယ်ဘ၀က ဖီလင်တွေပေါ့ လေ...ငယ်ဘ၀သာပြောတာပါ
အဲ့ ရွှေတောင်ကြားကို ခုထိကြိုက်တုန်းပဲ..သီချင်းပြောတာပါ.. ငိငိ အဲ ရုတ်တရက်ကြီး ပြန်နားထောင်ချင်လာတော့  ယူကျူ့ မှာဝင်ရှာတာ မတွေ့ ဗျ
အာ့ နဲ့  လူက ခုဆို ခုမှ စိတ်မျိုးဆိုတော့  ဖြူနီပြာဝါ ဘလော့ မှာ ၀င်ရှာ တော့ တွေ့  MP3 ကနေ MP4 ပြောင်း ယူကျူ့  တင် လိုက်ရတယ်...
ကိုယ့် လိုပဲ နားထောင်ချင်တဲ့ လူတွေ ဇာတ်လမ်းသမားတွေ ရှိနိုင်မှာပါလေ ဆိုပြီး...ဟီးး. အဲ တစ်ခါတစ်ခါ အချင်းချင်းတော့ နောက်ပြီးဖျက်ဆိုတာရှိသေးတယ်..
'''နေရောင်မဖြာတဲ့  လမ်းကလေးအတွင်းမယ် ချစ်သူကလေးရဲ့  အိမ်သာ..'' ဆိုပြီး ...ခ်ခ်...။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment
'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..