အမေ့ ဆိပ်ကမ်း
----------
အပေအတေ
အရွယ်သင့် မို့ 
ချစ်ခြင်းပင်လယ်မှာ
စိတ်သင့် ရာ ရွက်လွှင့် ခဲ့ တော့ 
ဘ၀အမော
လောကဓံ မုန်တိုင်းတွေနဲ့ 
ကောင်းကင်တို့ ပြို
တိမ်ညိုတို့ မဲ
သောကလှိုင်းကြမ်းတွေထဲမှာ
အလဲလဲ အကွဲကွဲနဲ့ ပေါ့ အမေရယ်......။
အလူးလူးအလိမ့် လိမ့် နဲ့ 
ဟန်ချက်ကိုတည်
ဒီခရီး ဒီပင်လယ်
ဒီတက်နဲ့ လှော် ဟိုတက်နဲ့ ကွေ့ 
ဘ၀ရွေ့ လျားရာနောက် ပဲ့ ကိုင်ရင်း
ဘ၀တို့  နွမ်းနယ်လာတဲ့ အခါ
ပြင်းပြတဲ့ ဆန္ဒနဲ့ 
နားခိုရာဖြစ်လိုက်ချင်တာက
စာနာတရား ကရုဏာနှလုံးသားတွေနဲ့ 
မေတ္တာရနံ့ တွေ သင်းပျံ့ နေမြဲဖြစ်တဲ့ 
အမေ့ ရင်ခွင်
အမေ့ ဆိပ်ကမ်းပါပဲပေါ့ အမေရယ်.........။
No comments:
Post a Comment
'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..