Powered By Blogger

Saturday, October 31, 2015

4 in 1 တပွဲတိုးယတြာ


 4 in 1 တပွဲတိုးယတြာ
---
မတွန့် စေရ ကို ၄ မျိုးသုံးသွားတာပါ  ကျနော် ကြံဆပြီး သုံးနေတဲ့  ပေးနေတဲ့ ယတြာနည်းပါ အများအားဖြင့်  ကံတော်တော်မကောင်းနေချိန် နဲ့  ကျမ္မာရေး ခဏခဏ ညံ့ နေတဲ့ လူတွေ ငွေကုန်ခံပြီး န၀င်းထိုင်မနေရပဲ စားရိပ်သက်သက်သာသာ နဲ့  အဆင်ပြေသွားအောင် ကြံဆ စမ်းသတ်ပြီး ပေးတာပါ ...

ဆိုပါတော့  တနင်္လာသားသမီးတစ်ယောက်က အတော်လေး ကံညံ့ နေတယ် အဆီအငေါ်တွေမတည့် ဘူးဖြစ်နေတယ်ဆိုလာတဲ့ အခါ..

၁....သပြေ ၁၁ ညွန့် ကို ဖန်ခွက်သပ်သပ်နဲ့ ထည့်  ရေထည့်  ဘုရားပန်းလှုသလို လှုထားလိုက် နွမ်းရင်အသစ်လဲ
၂။ နောက်ထပ် သပြေ ၁၁ ရွက်လောက် (သို့ ) ၁၁ညွန့် ကို ပလပ်စတစ်အိပ်လေးနဲ့ ထည့်  ခေါင်းအုံးအောက်မှာထားအိ တစ်ပတ်တစ်ခါ အသစ်လဲ ( ကိုယ်ပိုင်ခေါင်းအုံးထား ခေါင်းအုံးစွပ်ကြားမှာ သပြေ၁၁ရွက်ထားအိပ်လည်း ဖြစ်တယ်ပေါ့ )
၃။ မနက်ရေချိုးတိုင်း သပြေ ၁ ညွန့် ရေစိမ်ချိုးလိုက် တစ်ပတ်လောက်ပေါ့  ( ဖျားနေရင် သပြေညွန့်  ရေစိမ် ရေဖတ်တိုက်လိုက်ပေါ့ ဆိုတာမျိုး)
၎။ အပြင်သွား အပြင်လာ သပြေ ၁ ရွက်ကို ပိုက်ဆံအိပ်လေးထဲဆောင်သွား တစ်ပတ်လောက်ဆို အသစ်လဲလိုက်ပါ ဆိုတာမျိုး...ယတြာပေးလိုက်ပါတယ်...

.( အဓိကက မတွန့် စေရ အရွက်ကို စတိုင် ၄ မျိုး တစ်ပြိုင်နက်ထဲ သုံးချပစ်လိုက်တာပါ ...တပွဲတိုး ခပ်မြန်မြန်လေး ကံအကြောတည့်သွားအောင်သဘောပေါ့  )
ဘုရားလှုထားတာ က တစ်ပတ်တစ်ခါ အသစ်လဲ သုံးပတ်လောက်လုပ်ပါလို့ မှာတတ်ပြီး ခေါင်းအုံးအောက်ထားအိပ်တာက ပုံမှန်ဖြစ်သွားရင် မလိုတော့ ...ရေချိုးတာလဲ တစ်ပတ်လောက်ဆိုရပြီသဘော လူမှဆောင်တာက ဆောင်ချင်သလောက်ဆက်ဆောင်ထားနိုင်တယ်ပေါ့ ဗျာ)

ဂြိုလ်ပြေ နံပြေ...


ဂြိုလ်ပြေ နံပြေ...
---
ရေးပြဘူးတယ်..ပြန်ရေးပြတာပါ...သက်ရောက်ဂြိုလ်တစ်ခုခု ရောက်နေလို့  ယတြာခြေတဲ့ အနေနဲ့  အရွက်တွေကို လှုတဲ့ အခါ  ကိုယ့် သက်ရောက်ဂြိုလ်မှာရော ကိုယ့် မွေးနံ ဂြိုလ်ထောင့် မှာပါ နှစ်နေရာ နှစ်စုံ ခွဲ လှုတာပါ

ဆိုပါတော့  အင်္ဂါသား တစ်ယောက်ဟာ တနင်္ဂနွေ သက်ရောက် ဖြတ်နေလို့  ရွက်လှ ညွန့်  ကို ကံအပွင့် အဖြစ် ယတြာအဖြစ် လှုစေတဲ့ အခါ သက်ရောက် တနင်္ဂနွေထောင်မှာလည်း ရွက်လှညွန့် ကို လှုစေတယ်....သူ့ မွေးနံ အင်္ဂါထောင့် မှာလဲ လှုစေပါတယ်....

အကယ်၍ စနေသက်ရောက် ဖြတ်နေရင်  စနေထောင့် မှာ လည်း ခရေ ၆ ညွန့်  လှူစေတယ် သူ့ မွေးန အင်္ဂါံထောင့် မှာလည်း ခရေ ၆ ညွန့်  လှုစေပါတယ်...
၀၀၀၀၀၀၀၀၀

နောက်တစ်ခါ အလိုဆန္ဒကို ချိန်ပြီး လှုစေတာက တနင်္လာနံသဘော ငွေလိုရင် ငွေကိစ္စဆိုရင် တနင်္လာထောင့် မှာရော မွေးနံထောင့် မှာပါ ယတြာခြေစေတာ...အချစ်ရေး ဆိုရင်တော့  ပီယဂြိုလ်စန်းဂြိုလ်ဖြစ်တဲ့ ရာဟုထောင့် မှာရော ကိုယ့် မွေးနံ ထောင့် ရော သူ့ မွေးနံထောင်မှာပါ အညွန့် တွေလှုတာမျိုး...စာရွက်စာတမ်းကိစ္စတွေဆို အင်္ဂါထောင့် မှာရော ကိုယ့် မွေးနံထောင့် မှာပါ လှုစေတာသဘော...

Tuesday, October 27, 2015

ဧတေနသစ္စ၀ဇ္ဇေန...


ဧတေနသစ္စ၀ဇ္ဇေန...
---
ကျနော့် ရဲ့ ဘ၀ခရီးတစ်လျှောက်မှာ အဓိက က အတွေးအခေါ်တွေက အရင်ဦးဆောင်ပြီး ဖြတ်သန်းလာခဲ့ တာများတယ်...နဂိုစိတ်အခံကိုက တစ်စုံတစ်ရာရဲ့ လောင်းရိပ်အောက်မှာ နေရမှာကို မကြိုက်သလို
တစ်ယောက်ယောက်ရဲ့  သစ္စာတော်ခံဘ၀ဖြစ်နေမှာကိုလည်း မကြိုက်တတ်ဘူး...ကိုယ်လုပ်သမျှ ကိုယ့် လွတ်လပ်တဲ စိတ်အခြေခံနဲ့ ပဲ လုပ်ချင်တယ် ပြီးတော့  ကိုယ့်  ပါးစပ်နဲ့ ကိုယ် ကိုယ့် အပြုအမူနဲ့ ကိုယ် ကိုယ့် ဘ၀ ချောင်ပိတ်နေမှာမျိုးကို မဖြစ်ချင်ဘူး..အဲ့ ဒီ့စိတ်ကနေ ဖြစ်လာတဲ့  ဘ၀ခရီးဖြတ်သန်းမှု့ စတိုင်က တစ်ခုခုလှုပ်ရှားတိုင်း ကိုယ့် ဘ၀ကိုယ် ကိုယ့် ဟာကိုယ် ပြန်ချည်နှောင်နေတာမျိုး ဖြစ်မဖြစ် ဖရီးဖြစ်မဖြစ် အရင်ချက်ကင်ဝင်တတ်တဲ့  အလေ့ ဖြစ်လာတယ်...အနှောင်အဖွဲ့ သဘောကို မကြိုက်တဲ့ ဖီလင်ပေါ့ 

စတိတ်ကျောင်းတုန်းကတောင် ကျောင်းကောင်းစီဖြစ်လာတုန်းက သစ္စာဓိဌာန်တွေ ဆိုတုန်းကတော့  အများလိုပဲ ပေါ်လစီသဘောမို့  အလေးအနက်မရှိပါဘူး ဟေးလားဝါးလားပေါ့  ..ဘ၀ထဲကိုရောက်လာတော့   တစ်ချို့ ကိစ္စတွေမှာ သစ္စာသဘောတွေက ဟေးလားဝါးလားလုပ်ဖို့  မလွယ်လှတော့ ဘူး..

လူသိရှင်ကြားဆိုမိတဲ့  သစ္စာကို သစ္စာပျက်မှု့ သဘောဟာဘ၀မကူးခင်ကို ကိုယ့် စိတ်ကိုကိုယ် မလုံစေဘူး...စိတ်မလုံသူရဲ့  စိတ်သတ္တိကလဲ စိတ်ခွန်အားကို လျော့ ကျစေတယ်...စိတ်ခွန်အားဆိုတာ လိုတာမရ ရတာမလိုလို့  ဖြစ်လာတတ်တဲ့  ထပေါက်ကွဲတတ်တဲ့  စိတ်ဒေါသနဲ့ မတူဘူး လောကီလောကုတ် သဘာဝဓမ္မ မှန်ကန်ခြင်းပေါ်မှာ တည်ဆောက်ထားတဲ့  စိတ်သတ္တိပဲ....

ဒီတော့  လောကီပညာလိုင်းဖက်ရောက်လာတော့  သစ္စာပါတဲ့  အချုပ်တွေပါတဲ့  ဘာလောကီပညာကိုမှ တပည့် ခံ မယူတော့ ဘူး...ဒီမဟာဘုတ်ဆရာ ၂ ယောက်နဲ့ ကံပါလို့ ဆုံလို့ 
တပည့် ခံမိတာတောင် အဓိက က ဘာသစ္စာမှ ဆိုရတာ ဘာမလုပ်ရ ညာမလုပ်ရတွေ နဲ့  ဂိုဏ်းတစ်ခုလို့  ဘာစည်းကမ်းကလနားမှ ဟုတ်တိပတ်တိမရှိလို့ ပဲ...ဆရာ ၂ ယောက် သတိပေးတတ်တာက သဘာဝဓမ္မသဘောလောကရဲ့  ကျေးဇူးတရားဓမ္မ သဘောလောက်ပဲ ပေါ့ ပေါ့ ပါးပါးပြောသွားလို့ ပဲ...အချုပ်သဘောကတော့ သဘာဝဓမ္မအတိုင်းပဲ ကိုယ် အပြုအမူအတွက် ကိုယ့် မှာပဲ တာဝန်ရှိတယ်...ဒါလေးပဲ...အဲ့ ဒီလို ဖရီးဖြစ်လို့  ပေါ်တင် တပည့် ခံမိသွားတာမျိုး...

ဖရီးတိုက်နဲ့  ဘ၀ခရီးကို ဖြတ်လာ စာတွေဖတ်ရင်း က ဘုရားစာ တစ်ပုဒ်နှစ်ပုစ်လောက်ကျက်ထား ဒါကိုပဲ အမြဲစိတ်ရွတ်လုပ်လာခဲ့ တယ်..တစ်ချို့  ဘုရားစာမှာ
''' ဤ ဖေကိုယ်သည် ဤ မှန်သော သစ္စာစကားကို ဆိုရခြင်းကြောင့် ...ဘာဖြစ်ရပါလို၏ ဘာဖြစ်ပါစေ ညာဖြစ်ပါစေ '' ဆိုတဲ့  သစ္စာတိုင် ဆုတောင်း အဓိဌာန်စကားလုံးတွေပါလာတယ်...အဲ့ ဒီမှာလည်း သစ္စာအကြောင်းကို တွေးပြီး  အချည်အနှောင်တွေ ဖြစ်လာလောက်မယ့်  သစ္စာဆို ဘာသစ္စာမှ မဆိုပဲ ပတ်ပြေးခဲ့ ပြန်တယ်..

သစ္စာဆိုတာ ဖြစ်ရပ်တစ်ခုခုက တကယ်ဖြစ်ခဲ့  ဖြစ်နေဆဲ အမှန်စင်စစ် ပဲ...အမှန်စစ် ဆိုရင် စွမ်းအင်သတ္တိတစ်ခုထွက်လာတယ်  အမှားလုပ်မိတာဟာ မှန်နေရင်တောင် အဲ့ ဒီအမှားကို သစ္စာဆိုရင် အဲ့ အမှားဟာ သစ္စာစကားဖြစ်တယ်...ဒါကြောင့် ဇာတကတစ်ခုထဲကလို ရသေ့ ဝတ်နေခဲ့ ရတာဟာ တကယ်တော့ မပျော်ပဲ ၀တ်နေခဲ့ ရတာပါလို့ ဆိုတာဟာ  အမှန်ပါလို့  သစ္စာဆိုတဲ့ သဘောဖြစ်လာတာ...သစ္စာထိုက်တဲ့ စကားဆို လောကဓမ္မအတိုင်း အကျိုးဆက်တစ်ခုခုပြန်လာတာပါပဲ

ပြုမိခဲ့ ပြုနေဆဲကို ဖြစ်ခဲ့ ဖြစ်နေဆဲကို သစ္စာဆိုတယ်ဆိုပေမယ့်  တစ်ချို့ သီလတွေကို သစ္စာဆိုရတာ တွေးကြည့် ရင် ဖြုံစရာကောင်းတယ်..

အထူးသဖြင့် ကတိခံ ကတိပေးရမယ့်  သစ္စာသဘောတွေကို ဆိုလိုတာ...လူ့ ဘ၀မှာ အခက်ဆုံး ကတိသစ္စာက မရောက်သေးတဲ့  ဖြစ်မလာသေး အပြုအမူတွေအတွက် ကြိုပြီး ပေးရတဲ့ ကတိသစ္စာပဲ....အဲ့ လို ကတိသစ္စာမျိုးတွေကိုတော့  တတ်နိုင်သမျှ ရှောင်ခဲ့ တာချည်းပဲ...ကိုယ်ကပေးမှ ဖြစ်မှာမို့ 
ကိုယ် မပေးရင် ကိုယ့် ဘ၀ ချောင်မပိတ်တော့ ဘူးပေါ့ ...

ဒိဝါတပတိအဒိစ္စော..ရတ္တိမာ ဘာတိစန္ဒိမာ..လို ဂါထာက ဧတေနသစ္စ၀ဇ္ဇေန...ဘာညာဆိုတဲ့  သစ္စာပြုစာသားမျိုးကတော့  သဘောအကျဆုံပဲ...
ဒါက ကိုယ့် ဘ၀မှာ ကိုယ်ပြုမူခဲ့ တာကို ကိုယ်သက်သေပြန်ပြုပြီး သစ္စာဆိုတာ  မဟုတ်ပဲ ဘုရားရဲ့ ဘ၀ကို သစ္စာဆိုတာမျိုးဖြစ်လို့ ပဲ....

ပေးမိတဲ့  ကတိသစ္စာကိုစောင့် ထိမ်းရတဲ့  ထူးခြားကောင်းကျိုးက ကိုယ့် စိတ်ခွန်အားကို အလွန်မြင့် မားသွားစေတယ် ရဲစေတယ်

အိမ်တင်ပြီး ကောင်းမှု့ တစ်ခု



အိမ်တင်ပြီးကောင်းမှု့ တစ်ခု
---
မနက်ဆို ဒီလိုလေး..စိတ်ထဲကနေ စက္ခုမာစရ မာစိဏ္ဏော ဓမ္မညုဓမ္မ သာမိကော..ဘာညာနဲ့ 
 စမဂါထာကို ဖြည်းဖြည်းလေးရွတ်ပြီး
ရေစက်ချသလို ဘုရားကို ရေတစ်ခွက်လောင်း သပ္ပါယ်လိုက်တယ်လို့ 
(အမွှေးစပရေးလေး ရေခွက်ထဲ နဲနဲထည့် ဖြန်းလိုက်တော့ နံ့ သာရေဖြစ်သွားသေးတယ်ပေါ့ )
အိပ်ယာထ ကုသိုလ်သဘောပေါ့ ..
.( အိပ်ယာက ထချင်တဲ့ အချိန်ထတာမို့ ...ငိငိ )
အဲ့ ဒါကို ကိုယ့် အိမ်တင် အိယာထတိုင်း ကုသိုလ်စလုပ်ထားလိုက်တဲ့ စတိုင်လို့ ပြောတာဗျာ..
.အဲ့ ဒါ ဘော်ဒါတွေ ကျနော် ဘယ်လိုလုပ်လဲဆိုတာ မြင်ရအောင် လုပ်ပြတာပါ....

ဗေဒင်လမ်း

ဗေဒင်လမ်း
----
ပထမဆုံး ဗေဒင်ပညာတွေဟာ ဘာကြောင့်  နှစ်ပေါင်း သုံးလေးထောင်မက လုံးဝ ကွယ်ပျောက်မသွားပဲ မှိန်ချည်း လင်းချည်းနဲ့ တစ်ယောက်က တစ်ယောက်ကို  ခေတ်အဆက်ဆက် လက်ဆင့် ကမ်းသယ်ဆောင်လာပြီး ဒီနေ့ အထိ ခိုင်ခိုင်မာမာ ရပ်တည်နေခဲ့ လဲဆိုရင် လာမေးတဲ့ လူတွေရဲ့  ဘ၀အတ္ထုပတ္တိတွေကို အတော်လေး မှန်အောင် ဟောပြောနိုင်လို့ နဲ့  လာမေးတဲ့ လူတွေရဲ့  သူတို့ ဖြတ်သန်းနေတဲ့  ဘ၀ခရီးတွေမှာ ကြုံရတဲ့ အခက်အခဲတွေကို လျော့ ပါး သက်သာသွားအောင် တတ်နိုင်သမျှ ကူညီပံ့ ပိုးပေးနိုင်လို့ ပဲလို့  ယူဆနိုင်မယ် ထင်တယ်...သဘောက လူတွေအတွက် တစ်နည်းနည်းနဲ့ အသုံးတည့် နေလို့ သာသဘော....

ကိုယ့် ရပ်ဌာနေ......တီး/ဆို..ဘိုတာထွန်းညွန့် ...ရေး..စန္ဒရားထွန်းညွန့် .

သီချင်းမျိုးစုံ နားထောင်တတ်တယ်...အလွန်အကျွံ ဟတ်ထိတဲ့ သီချင်းမျိုးက တကယ်ဆို နဲပါတယ်...
ဒါပေမယ့်  ဘယ်အချိန်ဖွင့် ဖွင့်    ဖွင့် ပြီး သိပ်မကြာခင်မှာ ဟတ်ထိပြီး

မျက်ရည်တွေ ၀ဲတက်လာ ငိုချင်စိတ်တွေ အရမ်းပေါက်လာတတ်တဲ့ သီချင်း တစ်ပုဒ်ရှိတယ်...
အဲ့ သီချင်းလောက် ဘယ်သီချင်းမှ ကြာကြာဟတ်မထိနိုင်ဘူး...

အများအားဖြင့်  သီချင်းမဆုံးခင် ကျော်ပစ်ရတာ ကျလာတတ်တဲ့ 
မျက်ရည်ကို ကြိတ်သုတ် ပုတ်ခတ်ပုတ်ခတ်လုပ်ပြီး
အာရုံလွှဲပစ်ရတာမျိုးတွေ လုပ်ပစ်လိုက်ရလေ့ ရှိတယ်..

တစ်ခါတစ်ခါ ငယ်ဘ၀ကို သတိရလို့  ဖွင့် နားထောင်ချင်ပေမယ့် 
မဖွင့် ရဲလို့ မဖွင့် ဖြစ်တာက အကြိမ်ပေါင်းမနဲ......

ကျနော့် အမေ ခလေးပုခွဲလွှဲသိပ်ရင်း...
ခဏခဏ ငြီးဆိုနေတတ်တဲ့ ..စန္ဒရားထွန်းညွန့် ရဲ့  ''ကိုယ့် ရပ်ဌာနေ ''..သီချင်းပေါ့ ဗျာ....
ခုညလဲ အမေတို့ အဖေတို့ ကို သတိရနေလေရဲ့ ....

အတိတ်သဏ္ဍာန် အလွမ်းပုံရိပ်တွေ ဆိုတာ နှလုံးသားထဲကနေ မေ့ ပျောက်ပစ်ရခက်တယ်လေ...

လွမ်းတတ် သတိရတတ် သံယောဇဉ်အမျှင်တမ်းမိရင် မေ့ ဖျောက်ရတာ ခက်တတ်တဲ့ သူတွေဆိုတာ ဒီလိုပါပဲနဲ့ တူပါရဲ့ လေ...

Friday, October 23, 2015

ပယောဂလုပ်ကြံမှု့ လား ဂြိုလ်လား ဇာတာလား အတိတ်ကံကြွေးလား အားလုံးရောနေတာလား


ပယောဂလုပ်ကြံမှု့ လား ဂြိုလ်လား ဇာတာလား အတိတ်ကံကြွေးလား အားလုံးရောနေတာလား
---
ကြာခဲ့ ပြီအဖြစ်ပေါ့  ကျနော့် ညီမ ၃ကြွင်းဟူး..၁၀တန်းတုန်းက အဖြစ်ပေါ့ ..ကျောင်းတက်နေရင်းက ရုတ်တရက်ကြီးလည်ချောင်းထဲက တစ်စို့  တစ်စို့ ကြီးဖြစ်လာတယ်လို့ ဆိုတယ်..နောက်တော့  အစာစားပြီးရင် ပြန်ပြန်အံတာမျိုးတွေ ဖြစ်လာတာ...ဒါနဲ့ ရင်ခံနေတယ်လိုလို အစာအိမ်လိုလို နဲ့ ဆေးခန်းသွားတော့ လည်း မပျောက်ဖူးဆိုပါတော့ ...ကြာတော့  အစားတစ်ခုစားဖို့ အရေး ပြန်အံရင် ဒုက္ခပါပဲဆိုတဲ့ စိတ္တဇဖြစ်လာတယ်...ဖြစ်ပုံက မနက်ကျောင်းသွားခါနီးတွေမှာ ပိုဖြစ်ပြီး အော့ အံပြီးသွားလို့  ကျောင်းရောက်ရင် အကောင်း..ကျောင်းကပြန်လာလဲ အကောင်းပဲ...ကျောင်းတက်ခါနီး အာရုံနောက်တဲ့  အဖြစ်ပေါ့ လေ..

ငြိမ်းချမ်းရေးပွဲတွေနဲ့ ညစာမူးပွဲတွေ ထပ်တူဖြစ်နေတဲ့  ခေတ်မှာ...


ငြိမ်းချမ်းရေးပွဲတွေနဲ့ ညစာမူးပွဲတွေ
ထပ်တူဖြစ်နေတဲ့  ခေတ်မှာ...
------------
အပြစ်မဲ့ ခေးလေးတွေ အပြစ်မဲ့  လူသားတွေ
အာဏာရှင်နဲ့  အာဏာရှင်အဖွဲ့ ဝင်တွေရဲ့ 
စကားလုံး ကမ်းကုန်အောင်
ရက်စက်လွန်းတဲ့ 
ရင်နင့် စရာသတင်းတွေ ဖတ်ရ ကြားရ မြင်ရတဲ့ အခါ ...
ဓမ္မကို မေ့ ခဲ့ ပြီ.
ဝဋ်ဆိုတဲ့ စကားလုံးလောက် နဲ့  မကျေနပ်နိုင်ခဲ့ ဘူး
အလှည့် ဆိုတဲ့  အချိန်ကို မစောင့် ချင်တော့ ဘူး
ဟာမူရာဘီ ခေတ်ကို ပြန်တမ်းတမိတယ်
သိကြားမင်းကို အငေါ့ တူးချင်တယ်
နား ၂ဖက်စလုံးကို ပြန်ကိုက်ချင်တယ်
တရားကို သေနတ်စောင့် ခဲ့ ပြီလားလို့ 
ဓမ္မရှင်ကြီးတွေကို မေးလိုက်ချင်တယ်
မဖြေကြနဲ့  လာမဖြေကြပါနဲ့  မကြားချင်ဘူး ငါလည်းစာသမားပါ..
အာဏာရူးတွေကို မချွတ်နိုင်ပဲ ဘာမှလာမပြောနဲ့ ...ငါလည်းစာသမားပါ....
ရယ်လို့  ငိုကြွေးလို့ အပြစ်မဲ့ သူတွေအတွက်.စာနာရလွန်းလို့ ..
ဆောင်းလေရူးနဲ့ စိတ်တွေတဒင်္ဂရူးသွတ်လို့ 
ငါလေ ဖြစ်နိုင်ရင် လက်စားချေပေးချင်မိတယ်
ငြိမ်းချမ်းရေးပွဲတွေနဲ့ ညစာမူးပွဲတွေ
ထပ်တူဖြစ်နေတဲ့  ခေတ်မှာ....။

ထုတ်ယောက်ဒိုင်းမြား


ထုတ်ယောက်ဒိုင်းမြား
----
ကျမ်းနဲ့ ခေတ်နဲ့ ထိတ်တိုက်တွေ့ ပြီး ကျမ်းအသေဘောင်ထဲကနေ ထွက်မတွေးမိခင်တုန်းက ပြဿနာတွေ ကိုယ့် ဟာနဲ့ ကိုယ် တွေးတွေးပြီး တက်နေခဲ့ ဘူးတာပေါ့ .ဆိုပါတော့  ကျမ်းထဲမှာ အိမ်ထွက်သွားသူ ပြန်ရောက်စေလိုသော် အိမ်ရဲ့  ယောက်တန်းမှာ ဘာအရွက်နဲ့  စရေဓါတ်ပေါ်ချိန်မှာ ဘာညာ ထွက်စေလိုထုတ်တန်း လာစေလိုယောက်တန်း ဆိုတဲ့  ဓါတ်ရိုက်ဓါတ်ဆင်ပညာခန်းတွေ ဖတ်ရတာပေါ့ 

ဖတ်စက ဖတ်ဖူးတယ် ဖတ်ယုံပါပဲပေါ့  အဲ့ က တစ်ဆင့် တိုးပြီး ဖတ်ရတာက အဲ့ ယောက်တန်း ဆိုတာ ဘယ်နေရာမှာ ရှိလဲဆိုတဲ့ မြန်မာ့ ရိုးရာ အိမ်ဆောက်နည်းနဲ့  အခေါ်အဝေါ်တွေစာပေကို ထပ်လှန်ရတယ်..အဲ့ တော့ မှ သြော..ဒီနေရာလေးက ထုတ်တန်း ဟိုနေရာလေးက ယောက်တန်း ဒါလေးက ဒိုင်းမြှားဆိုပဲ ဘာညာပေါ့ ...အဲ့ လိုလေးနဲနဲ မှတ်လိုက်တာပေါ့ ..

နောက်တော့ ပြဿနာတက်လာပုံက တကယ်အလုပ်ခွင်ထဲရောက်တော့  ကိုယ့် အထိုင်က ရန်ကုန်ဒေါင်းတောင်းမှာ..လာတဲ့ လူတွေကလည်း မြို့ သားတွေ အလွှာ တိုက်ခန်းတွေနဲ့ ချည်းနေကြတာ...အဲ့ အလွှာတိုက်ခန်းတွေအများစုက ထုတ်တွေ ယောက်တွေ ဘယ်ရောက်ကုန်မှန်းမသိဘူး..ကိုယ်တိုက်အောက်ငုံ့ ကြည့် တော့ လည်း နိုးယောက်တန်း...ခ်ခ်...အဲ..တစ်ချို့ ကို ခပ်တည်တည်နဲ့ မေးကြည့် သေးတယ် အိမ်မှာ ယောက်တန်းတွေ ထုတ်တန်းတွေရှိလားလို့ မေးကြည့် တော့  မျက်လုံးလေး ပြန်ပြူးကြည့် ပြီး ကြားဘူးဘူး..ဘာလဲဆြာ ထုတ်တန်းဆိုတာ..တဲ့ ..သြော်..စာဖတ်လိုက်ကြထှာ..ဟီးဟီး..အဲ ကိုယ့် လိုင်းမဟုတ်တဲ့ စာဆို သိပ်စိတ်မ၀င်စားတတ်တာက သဘာဝပေါ့ လေ..

သဘောက ဆိုလိုချင်တာက ကိုယ့် အရပ်နဲ့ ကိုယ့် ဇာတ် ကိုယ်ပိတ်သတ်နဲ့ ကိုယ်သဘောကို ဒေသံကာလံတွေ ထည့် တွေးပြီး နည်းပညာတွေ တွေးတော့ ကြံဆထားရတယ်ပေါ့ လေ  ကျမ်းကိုကျော်ပြီး မတွေးတတ်ရင် တကယ့် ပြဿနာကြီးတွေနဲ့ ကြုံတဲ့ အခါ ငူငေးငေါင်ငိုင် တွေဖြစ်ကုန်တတ်တယ်လို့ ပါ..