Powered By Blogger
Sunday, August 9, 2015
လွမ်းတယ်အမေ.လွမ်းတယ်အဖေ..
လွမ်းတယ်အမေ.လွမ်းတယ်အဖေ..
----------------------------
ကောင်းကင်ထက် မြေလွှာကို ပိုစိတ်ဝင်စားတယ်၊ နေ့ တဓူဝ ပဲပြုတ်ရောင်းနေတဲ့ အစ်မကြီး ဘာတွေများတွေးနေမလဲ၊
ဝယ်စားမိလို့  ၀ယ်စားမလားလို့ မျှော်လင် ချက်နဲ့ နေ့ တဓူဝ အိမ်ရှေ့ လာရပ်တဲ့ မှောင်မှာင်သည် ရဲ့  အတွေးကို စိတ်ဝင်စားတယ်
အမှိုက်ပစ်တိုင်း ငွေအပါအ၀င် ထွေလီကာလီတွေပေးတတ်လို့  သိပ်သဘောကောင်းသွားတဲ့  စည်ပင် အန်တီကြီးရဲ့ ဘ၀အမြင်တွေကို စိတ်ဝင်စားတယ်.
...မြေသားမို့  မြေလွှာတွေကို ပိုအာရုံကျနေလေသလား...သူတို့ အတွေး သူတို့ အသိထဲမှာ ဘာတွေများရှိနေပါ့ မလဲ သိချင်စရာကောင်းလှတယ်..
အိမ့် မျက်စောင်းထိုးက ခြောက်ထပ်တိုက် တစ်နှစ်ကျော်ပြီ မပြီးသေးဘူး ဖြိုတုန်းက
တစ်လမကြာခဲ့ ဘူး...
.အဖြိုတော့ မြန်လိုက်တာ အဆောက်သာကြာတယ်...
ဘုရားဖြစ်ဖို့ ဗျာဒိတ်ရနောက်ပိုင်းတောင် လေးသင်္ချေ နဲ့ ကမ္ဘာတစ်သိန်း အချိန်တွေရင်းခဲ့ ရတယ်လို့ ဆိုတယ်
အဲ့ မတိုင်ခင်က ကမ္ဘာပေါင်းက မရေနိုင်လောက်အောင် ဘုရားဖြစ်ဖို့ ကြံနေတဲ့  ကာလတွေ
မပါသေးဘူးလို့ ဆိုတယ်.
.ဘုရားဖြစ်လို့  ဘုရားဘ၀မှာ နေခွင့် ရသွားတဲ့ ကာလလေးက အသက် ၃၅နှစ်ကနေ အသက် ၈၀ထဲ...အောင်မြင်မှု့ ရဖို့  ပေးဆပ်ရတဲ့ ကာလတွေကြာသလောက် အောင်မြင်မှု့ ကို ခံစားသွားရတဲ့ ကာလလေးကတိုတောင်းလိုက်တာ...
တည်ဆောက်ရတာ ကြာသလောက် ဖြိုချရတာ လွယ်လွန်းတယ်
အပြုသဘောတဲ့ အဖျက်သဘောက ပိုလွယ်တယ်
ရှင်သန်ဖို့ ထက် ကျဆုံးဖို့ ကပိုလွယ်တယ်
ချစ်ဖို့ ထက် မုန်းဖို့ က ပိုလွယ်လေသလား
တွဲတဲ့ လက်မြဲဖို့ ထက် မြဲတဲ့ လက်ဖြုတ်ချလိုက်ဖို့ က ပိုလွယ်လေသလား..
တစ်ကိုယ် တည်းက သားသမီးရော မိဘရော ဖြစ်နိုင်တယ်.
..သားသမီးခံစားမှု့ ရော မိဘ ခံစားမှု့ ရော ခံစားတတ်တယ်...
အားငယ်သွားတယ်...လွမ်းတယ် တမ်းတတယ်
အမေ့ ကို အဖေ့ ကို မြင်ချင်သေးတယ် စကားတွေပြောချင်သေးတယ်
အမေချက်ပေးတဲ့ ဟင်းနဲ့ ထမင်းစားချင်တယ်
 အဖေ့ အသံသြဇာကို အားကိုးတကြီးကြားချင်သေးတယ်...
အသက်ဘယ်လောက်ရရ ကိုယ့် ခြေထောက်ပေါ်ကိုယ် ဘယ်လိုရပ်ရပ် .
.အဖေအမေတို့ အကြောင်း သတိရလိုက်ရင် ကျနော်ဟာ အမြဲတမ်းကလေးလေးပါပဲ...
ကျနော်..လွမ်းတယ်အမေ  ကျနော်..လွမ်းတယ်အဖေ...
တစ်ကပြန်စလို့ ရရင် စချင်တယ်လေ....
တစ်ကပြန်စလို့ ရရင် စချင်တယ်လေ....
တစ်ကပြန်စချင်ပေမယ့်  နှောင်းလွန်အိပ်မက်တွေ ဖြစ်ခဲ့ ပြီပေါ့ လို့ ဆိုရလောက်ပေမယ့် 
မင့် မျက်ဝန်းကြည်လဲ့ မှာ ၀ဲနေတဲ့  မျက်ရေကြည်လေးတွေ နဲ့  မင်းရဲ့  တုန်ရီနေတဲ့ 
နီတာရဲ အောက်နှုတ်ခမ်းလွှာလေးကို ဖိကိုက်ထားတဲ့ ဝမ်းနည်းနေတဲ့ မင့် ပုံရိပ်..
လမ်းခွဲစကားကို မင်းနှုတ်ဖျားက တိုးတိုးညင်သာ ခပ်ဖွဖွ မရဲတရဲ ဆိုအပြီးမှာ မင်းရဲ့ 
ကြာသွယ်ညို ဖူးငုံလက် နှစ်သွယ်ထဲက လက်ကိုင်ပုဝါ ပန်းရောင်လေးကို
တင်းတင်းဆုပ်ရင်း အဆက်မပြတ် ခြေမွလိမ်ကျစ်ရင်း မင့် တုန်လှုပ်မှု့ ကို တည်ငြိမ်အောင်
ဟန်ဆောင် ထိမ်းသိမ်းနေတဲ့  မင်းရဲ့ ပုံရိပ်တွေကို...
ငါ့ ရဲ့ တစ်သက်တာရဲ့  အိပ်မက်ဆိုး ညတွေမှာ ဘယ်လို မှ မေ့ ဖျောက်မရခဲ့ ဘူးလေ....
မင့် ဆန္ဒအစစ်တွေပါလို့ လဲ ငါမထင်ခဲ့ တာ မင့် ကို မကြာခဏ သတိရ
တမ်းတမိတာက ငါ့ သက်သေပါ.. မင်း..အခက်မပွေရအောင် မင့် ဆန္ဒတွေကို
သစ္စာထားပျက်သူရယ်လို့ မဆိုရက်ပဲ ကြေကွဲ နှလုံးသားတွေကို ရင်းပြီး
လိုက်လျောပေးခဲ့ တာလဲ အပါအ၀င်ပဲပေါ့ 
မင့် မျက်ရည်တစ်စက်ဟာ ငါ့ နှလုံးသားကို ကမ္ဘာဖျက်မီးလျံတွေထက်ပြင်းတဲ့ 
လောင်မြိုက်တဲ့ အက်စစ်တစ်ခွက်လိုပါပဲ
မင်းဘယ်ရောက်နေလဲ ငါမသိတော့ ဘူး မင်း ဒီကမ္ဘာကြီးရဲ့  ရပ်ဝန်းတစ်နေရာရာမှာ
ရှိနေသေးလား ငါမသိတော့ ဘူး..ငါသိတာ မင်းရဲ့ နောက်ဆုံးမျက်ရည်တွေနဲ့ လိမ်းကျံထားတဲ့ 
ငါ့ ရဲ့ နှလုံးသားထောင့် စွန်းနေရာလေးမှာ ...မင့် ပုံရိပ်တွေ ရှိနေဆဲပဲဆိုတာပါပဲလေ...
နှောင်းလွန် အိပ်မက်တွေလို့ ပဲဆိုပါစေ..
မင်းနဲ့ ဆုံစည်းစ
အချစ်ချို
ပန်းနုရောင်ကဗျာနု
ကောင်းကင်ပြာ
မြက်ခင်းစိမ်းကာလ အချိန်လေးတွေကို
တစ်ကပြန်စလို့ ရရင် စချင်တယ်လေ....
အယူ မျှော်လင့် ချက်..နဲ့  ကျဆုံးခန်း...
အယူ မျှော်လင့် ချက်..နဲ့  ကျဆုံးခန်း...
-------------
သမ္မာဖြစ်စေ မိစ္ဆာဖြစ်စေ ဘာကြောင့် အယူတွေဟာ တည်မြဲနေသလဲ လူကြိုက်များသူ ရှိနေလဲ တွေးရင် သမ္မာဖြစ်စေ မိစ္ဆာဆိုစေ...ဒုက္ခရှိကြောင်း သုခရှိကြောင်းကို ပြတယ် ပြီင်္းရင် ဘာကြောင့် ဒုက္ခဖြစ်လာကြောင်းပြတယ် ဘယ်လိုလုပ်ရင် ဒုက္ခတရားကလွတ်မြောက်ရာ ရှိကြောင်း ယုံကြည်အောင်ပြတယ်..ပြီးရင် သုခတရားကို သွားရာလမ်းကြောင်း ရှိကြောင်းပါပြတယ်.
စိတ္တဇ လေကြော...
စိတ္တဇ လေကြော...
-------
အိမ်မှာ ကောင်းကောင်းနေတဲ့ မိန်းမကို အသလွတ် အပြစ်ရှာပြီး ပေါက်ကွဲပြတတ်တဲ့  ဘဲတွေထဲမှာ အပြင်လောကမှာ မအောင်မြင်ပဲ ကျဆုံးလာတဲ့ ဘဲနာကြီးဘဲနာလေးတွေလဲ ပါတာတွေ့ ရတတ်ပါတယ် သူတို့ က အပြင်လောကမှာ မနိုင်၍ သီးခံခြင်းသည်၎င်း.ဆိုတဲ့  တရားနဲ့ အညီ ကျွတ်ကျဲလာသမျှ သူ့ မျက်နှာကြည့် နေရတဲ့  သူ့ ကိုပြန်မလှန်မဲ့  အိမ်က အိမ်သူသက်ထားဇနီးမယား သူ့ မိန်းမကို အနိုင်စားယူပြီး စိတ်ထွက်ပေါက်အဖြစ် ရှုံးမဲ မဲတဲ့ သဘောပေါ့ လေ...
အရေခွံတွေ ခွာကြည့် ကြည့် 
အရေခွံတွေ ခွာကြည့် ကြည့် 
---
၁၃၃၁ ကြာတေးသမီးတဲ့  ဒီနေ့ တနင်္ဂနွေနေ့  မနက် ၉နာရီကျော်လောက်....ယှဉ်စိတ်ပြိုင်စိတ်အနိုင်စိတ်နဲ့  စိတ်ခိုက်ဆိုတဲ့  ဗုဒ္ဓတိုင် နဲ့  ( လာငြီးတာ ၁ကြွင်း ကြာတေး အဓိပတိဖွား ပေါ့  ငြီးဆို အသက်က ၄၆ အင်္ဂါသက်ရောက်ကို ၀ါခေါင်လပြည့် ကျော်မှာပြည့် မှာ ၊ အဓိက ငြီးပြသွားတာက ပါရဂူတန်း တက်တက်နေတာ တစ်နှစ်ပဲကျန်တော့ တယ်တဲ့  ပြီးပါ့ မလားတောင်ထင်နေပြီလို့ ဆိုတယ်.
ဒါနဲ့  လပိုင်းလေးတွေကြောင့် ပါ ဘာညာနဲ့  ပြောတော့  စိတ်တော့ သက်သာရာရသွားပုံပေါ်ပါတယ်၊ အဲ့ မှာ သိလိုက်ရတာက သူ့ စကားအရ သူက နယ်ကနေ စာမေးပွဲလာလာဖြေရတာ လို့ ငြီးသံလည်းပါတယ် ပိုက်ဆံတွေ ဒလဟောကုန်တယ်လို့ လဲ ပါတယ်..ပြီးတော့  သူ့ ဂိုက်လိုင်းဆရာမက တနင်္လာသမီး လို့ ပါတယ်...
အင်္ဂါသက်ရောက် တနင်္လာနံ ခိုက်ဓါတ်လေးရှိနေတာမှာ ဟိုလိုလို ဒီလိုလို လုပ်နေတယ်ဆိုတဲ့ သူ့ ဆရာမကြီးက တနင်္လာသမီး ဆိုတော့  ထူးဆန်းတဲ့ တိုက်ဆိုင်မှု့ ပေါ့ ...ပြောတော့ ပြောသွားသေးတယ် စာတမ်းဖတ်ဖို့ ကြရင် ယတြာလာယူအုံးမယ်လို့ ဆိုတယ်....အဟီးး...ကျနော်ကတော့  ဂြိုလ်ပဲမြင်တာ လူကိုမမြင်ဘူး...ဘယ်လုပ်စားစားဂြိုလ်သဘောက သူ့ ခွင်ထဲရောက်ရင် အခြေအနေကြည့်  ရစ်လို့ ရတဲ့ ထောင့် ကနေရစ်လွှတ်လိုက်တာချည်းပဲဆိုတာမျိုးဗျား..
ပြီးတော့  သူပြန်သွားတော့ တွေးနေမိသေးတယ်...အသက် ၄၆တောင် ရှိနေပြီ ပါရဂူတန်းအတွက် စာဖတ်ရတုန်းဆိုတော့  သူ့ အစား ပျင်းထှာ..လူ့ ဘ၀ကို စာဖတ်ဖို့ များလာတာလား မသိ...လို့ .ခိခိ...
..ဒါပေမယ့်  အဲ့ သူတို့ လောက ကလည်း လူလုပ်ရတာမလွယ်ဘူး အပြိုင်အဆိုင်တွေက  မင်္ဂလာဈေးအထည်တန်းက အပြိုင်အဆိုင်သဘောတရားတွ နဲ့  အတူတူပဲတောင်ပြောလို့ ရတယ်
 အမြီးမှ မရှည်ရင် လွယ်ဘူး..ချောင်ထိုးခံရတာနဲ့  ဖိထားတာ နင်းထားတာနဲ့ ..ပညာရှိနည်းနဲ့ နှိပ်ကွပ်ထားတတ်ကြတာမျိုးတွေ များပါ့ လို့ ဆိုတယ်. ခေတ်ပညာတွေ ခေတ်လွန်ပညာတွေ ဘယ်လောက်တတ်တတ် လူ့ စိတ် က လူ့ စိတ်ပဲ သဘောပေါ့ ..
အာ့ ကြောင့်  လူတွေရဲ့ အရေခွံတွေ ခွာကြည့် ကြည့်  ရယ်ရတယ်လို့ ...ဟီးဟီး...ငိငိ
ပညာမပါတဲ့  အသက်မွေးမှု့ ရှိနိုင်သလား...
ပညာမပါတဲ့  အသက်မွေးမှု့ ရှိနိုင်သလား...
-----------
ခွဲခြားပုံပါ..ဘယ်အလုပ်ဖြစ်ဖြစ် ပညာသဘောပါပါတယ် ပညာဆိုတာ ကိုယ့် အလုပ်ကို ကျွမ်းကျင်လိမ္မာတဲ့ သဘောလည်းရှိပါတယ်..ဥပမာ ဆန်အိပ်ကို မ တာဟာ ပညာပါပါတယ် မနေမကျသူ မမဘူးသူတွေဟာ ဆန်အိပ်ထောင့် စွန်းတွေကို လက်နဲ့ ဆုပ်ပြီး မ လို့  လက်ဝါးတွေနာပြီး မြေပေါ်ကကြွအောင် မ ရခက်ပါတယ် မနေကျလူ ကတော့  အဲ့ ဆန်အိပ်ထောင့် စွန်းတွေထဲ လက်ထိပ်တွေကို ထိုးနှိုက်စိုက်သွင်းလိုက်ပြီး ကုပ်ပြီးမလိုက်တော့  လက်ဝါးကြီးနဲ့  ဆုပ် မတာထက်ပိုလွယ်သွားပါတယ်  ဒါဟာ ဆန်အိပ်မတဲ့ နေရာမှာတောင် ဆန်အိပ်မနည်း ပညာ သဘောပါ...
အကျိုးပေးအလုပ် +၁ကြွင်းကြာသာပတေးသမီး+ခရီးသွားလုပ်ငန်း+ရှယ်ယာရှင်+သက်ရောက်+.....
အကျိုးပေးအလုပ် +၁ကြွင်းကြာသာပတေးသမီး+ခရီးသွားလုပ်ငန်း+ရှယ်ယာရှင်+သက်ရောက်+.....
------------------------------
ဒီအပတ်ထဲမှာပဲ တိုက်ဆိုင်ချက်က  အသက် ၄၆ အင်္ဂါသက်ရာက် ထဲရောက်နေတဲ့  ၁ကြွင်း ကြာသာပတေးသမီး အဓိပတိဖွား တစ်ယောက်ရဲ့ ပြဿနာက ပြီးခဲ့ တဲ့  ၃လလောက်က ခရီးသွားလုပ်ငန်းတစ်ခု သူငယ်ချင်းနဲ့ အတူတူစထောင်ပါတယ်တဲ့ ( အင်္ဂါသက်ရောက်အ၀င်မှာ)  ( သူငယ်ချင်း လုပ်နေတယ်ဆိုတဲ့  အလုပ်ထဲ သူက ငွေရှယ်ယာပဲထည့် လိုက်တဲ့ သဘောရှိပါတယ်)...အဲ့ ဒါ ဆက်လုပ်ရကောင်းမလားလို့ ပါတဲ့  ( ဆက်လုပ်ရကောင်းမလားဆိုတာ ပြဿနာရှိနေပြီဆိုတဲ့ သဘောပေါ့ ..အလုပ်က ဂွတ်နေရင် ဒီအလုပ်ကြောင့်  ဗေဒင်ဆရာဆီ ရောက်လာမှာ မဟုတ်ဘူးပေါ့ ..(ဒါက ကွက်ကျော်တွေးပါ) )
Saturday, August 8, 2015
စကားအလင်္ကာ
စကားအလင်္ကာ
-----------
ဂလုထဲမှာ စာတစ်ပုဒ် သွားရေးရင်းက သုံးမိတဲ့  အသုံးအနှုံးတစ်ခုကို ကိုယ့် ဟာကိုယ်ပြန်သတိထားမိသွားတယ်...
အဲ့ မှာ ကျနော်တို့ ယဉ်ကျေးမှု့ ရဲ့  ကရုဏာသဘော အကြင်နာပါတဲ့ သဘော သိမ်မွေ့ တဲ့ 
သဘော စာပေနဲ့ စကားပရိယာယ် အဆင့် အတန်းမြင့် တဲ့ သဘော ကို သွားတွေ့ တယ်...
အဲ့ မှာ ခေတ်အခြေအနေနဲ့  ဟတ်ပြီး ဖီလင်လဲဝင်သွားတယ် လျော့ ကျလာနေတဲ့ ယဉ်ကျေးမှု့ ကောင်းတွေကို သမျှောလဲသမျှောမိသလို အမျိုးအမည်မသိတဲ့ ခံစားမှု့ တွေ ဖြစ်သွားတယ်...
ကျနော် မထင်မှတ်ပဲ သုံးမိတဲ့  စကားလုံးကဆင်းရဲချို့ တဲ့ တာကို ''''ဆင်းရဲချို့ တဲ့ တယ် ''' လို့  ဒဲ့ မပြောပဲ
 ''' လက္ခဏာရှားပါးလှတယ် ''' လို့  သွယ်ဝိုက်ပြီး သုံးမိခဲ့ တာပါပဲဗျာ...
ဒီအသုံးဟာ ကျနော် ထွင်သုံးတာမဟုတ်ပဲ ကျနော်တို့ ငယ်ငယ်က ရှေးလူကြီးမိဘတွေ သုံးနှုံးကြတာကို နားရေ၀နေရာက စွဲနေပြီ
အခုလို တိုက်ဆိုင်တဲ့ နေရာမှာ ဆင်းရဲတယ်လို့  မသုံးရက်လို့  နှိမ်ရာများကျနေမလားလို့ 
ဆိုပြီးဖြစ်လာတဲ့ စိတ်ကနေ လက္ခဏာရှားပါးလှတယ်လို့ ပရိယာယ်နဲ့ သုံးခဲ့ တော့တာပါပဲဗျာ...
.
လွမ်းစရာကောင်းတဲ့  ရှေးအသုံးလေးတွေထဲကတစ်ခုပေါ့ လေ..
လက္ခဏာရှားပါးတယ်ဆိုတာ ဆင်းရဲလို့  ပင်ပင်ပမ်းပမ်း အလုပ်တွေ လုပ်ကိုင်စားသောက်
အသက်မွေး ၀မ်းကြောင်းခဲ့ ရတာ နှစ်တွေကြာလာတော့  လက်ဖ၀ါးပြင်တွေဟာ မွေးရာပါလို
နူးညံ့ မနေတော့ ပဲ လက်အရေးကြောင်းတွေတောင် မထင်ရှားတော့ ပဲ
လက်ဖ၀ါး အရေပြားတွေတောင် အသားမာတက် ကြမ်းတမ်းနေပြီဆိုတဲ့ 
သဘောကို ပရိယာယ်နဲ့ ပြောတာလို့ ဆိုကြောင်းကြားဖူးပါတယ်ဗျား.
ဘွတစ်ကွေ့ မှာလေ...
ဘွတစ်ကွေ့ မှာလေ...
----------------
အလှုအကြောင်းတွေကနေ သတိရလိုက်တာ လွန်ခဲ့ တဲ့  ငါးနှစ်ခြောက်နှစ်လောက်ကပေါ့  ကြံကြံဖန်ဖန်ကြုံရပုံပေါ့ 
ကျနော်တို့ ဘက်မှာ တောဖိတ်မြို့ ဖိတ် ဆရာလေးတွေ ဆန်ခံတန်းဆွမ်းရှိတယ် တော်တော်တော့ များတယ် တစ်ချို့ အပတ်ဆို ရာကျော်တယ် ပုံမှန်ဟင်းခတ်စတီးဇွန်း တစ်ဇွန်းဆန်တောင် အပါးစေ့ လောင်းရတာ
မချောင်ဘူး...ကံကောင်းထောက်မလို့  အဲ့ အတွက်တကူးတကတော့ ကြောင့် ကြစိုက်မနေရသေးဘူး..
အဲ့ လိုတစ်ဇွန်းဆန် လောင်းသက်က မိဘတွေရှိကတည်းက ဆိုတော့ ဆယ်စုနှစ်တွေတော်တော်ကြာခဲ့ ပြီ...အဲ့ တော့  တစ်ချို့ စာသင်တိုက်တွေက သီလရှင်တွေနဲ့  မျက်မှန်းတန်းမိတာတွေ ရှိတယ်ပေါ့ လေ..ဖအေကိုယ်တိုင်က သီလရှင်တွေရဲ့ ချို့ တဲ့ တတ်တဲ့ သဘာဝအပေါ် အလေးထားစိတ်များလို့  လမ်းထဲမှာ ဆန်လောင်းတဲ့ ဒိုင်ခံအိမ်တွေထဲက တစ်အိမ်လိုဖြစ်နေတယ် အဲ့ တော့ ဆရာလေးတွေနဲ
့ပိုရင်းတော့ တာပေါ့ လေ
နောက်တော့ တစ်ချို့ ဆရာလေးအကြီးတန်းတွေက ဆိုင်းဘုတ်လေး မော့ မော့ ကြည့် ပြီး နွေဦးပေါက်ရာသီ စာမေးပွဲကာလရောက်လာပြီဆို ဗေဒင်ဝင်တွက်ပြီး ယတြာယူတေယ့ တာပဲ...အဲ့ ကာလဆို ဆရာလေးတွေ ကို ဖရီးတွေတွက်ရင်း သူတို့ ဘ၀ဇာတ်ကြောင်းတွေ အခက်အခဲတွေ အတွင်းပြဿနာတွေ
တီးခေါက်စပ်စုခွင့် ရတော့ တာပါပဲဗျာ..
တစ်ခါတော့ အသက် ၃၀ နားနီးနေပြီဖြစ်တဲ့  အကြီးတန်းဆရာလေးတစ်ပါးက ပြောလာပုံက  နွေဦးပေါက်စာမေးပွဲပြီးလို့ ရွာပြန်ရင်တဲ့  အလှုခံလို့ များများရအောင်ယတြာလေးတဲ့ ...အဟီးးး...ရုတ်တရက်တော့  စိတ်ထဲက ရယ်ချင်ချင်ဖြစ်သွားတာပေါ့ ဗျာ...ကျနော်တို့ က ဘုရားစာတွေထဲက ကောင်းနိုးရာရာတွေ ကောက်သင့် ကောက် ရွေးထုတ် လာဘ်ပွင့်  ကံပွင့်  ငွေဝင်ဂါထာတွေ ရွတ်ရ ဖတ်ရ ပုတီးစိတ်ရနဲ့  ဖတ်ဖတ်ကိုမောလို့  အဲ့ ဒါ သာသနာ့ နွယ်ဝင်က လာဘ်ရွှင်အောင်ယတြာ ဆိုတော့  ရယ်ချင်မိတာပေါ့ ဗျာ...အဖြစ်က ကျနော်တို က ဆရာလေးတွေဆီက
ပြန်တောင်းရမယ့် ကိစ္စလို့ ထင်ထားတာ..ခ်
ရယ်ချင်စိတ်က ခဏပါ..တကယ်ကြတော့  သူတို့ တွေရဲ့  လက္ခဏာရှားပါးတာကို အတော်လေး သိနေတာရယ် ပြီးတော့ ဒါက ကိုယ့် ကိုယုံကြည်အားကိုးတဲ သဘောလို့  တွက်လို့ ရတာရယ် ငွေကြေးလက္ခဏာ တော်ယုံ မပြတ်လတ်ပဲ ဒါမျိုး ပြောမှာ မဟုတ်တာရယ်ကို ချက်ချင်းသတိထားမိတော့  သူ့ မွေးသကက္ကရာဇ်မေးကာက်တွက်ပြီး အညွန့် လှုတွေ ဘာတွေ့ ပေါ့  ယတြာအရွက်လှုပုံလှုနည်းတွေ ပြောပြပေးပြီး လာဘ်ရွှင်ဂါထာလို့ နာမည်ကြီးတဲ့  ဒိဝါတပတိအာဒိစ္စောကို ဘယ်လိုရွတ်ပါပေါ့ လေ..ဟဲဟဲ
အဲ့ ဆရာလေး ပြန်သွားမှ ပြန်တွေးမိတယ် အကြီးတန်းဆရာလေးကို လူဝတ်ကြောင် ဂျလေဘီ ငါက လာဘ်ရွှင်ဂါထာ ပြန်ပေးမိလျက်သားပါလား...လို့ ...
အဟီးး..အဖြစ်က ကြုံလိုက်ရင် အဲ့ လိုတွေပါလေ...အဲ အဲ့ ဆရာလေးက သုညကြွင်း တနင်္လာ သိုက်ဖွားဆိုတာတော့  အသေမှတ်မိပါ့ ဗျာ...ခိခိ..
===================================
သိုက်ဖွားရဲ့ အဓိကလက္ခဏာက တွေးပူကြံကြောက်တွေ ဒီတော့  ကိစ္စတစ်ခုခုဆို တွက်ပြီ ကိုယ့် တာကိုယ်လုံအောင် အရင်တွက်ပြီးမှ အပြင်ကိုကြည့် တယ် ဒီတော့  ဆင်းရဲမှာ စိုးသွားတဲ့  သိုက်ဖွားက မဆင်းရဲအောင်အရင်ကြံတော့  ပစ္စည်းဥစ္စာ စုလွယ်သွားပြီးချမ်းသာဖို့ လွယ်သွားတာမျိုး...
ပြောင်းပြန်သဘောက ဘာကိုမှ အလေးအနက်မရှိတော့ တဲ့ သိုက်ဖွားဆို ရရစားစားဖြစ်သွားတယ်..ဒါကို သိုက် သဘော စေ့ စပ်ခြင်းသဘော တံခါးပွင့်  ဗျဲလရမ်းသိုက်ဖွားလို့ ဆိုနိုင်တယ်..
.ဆင်းရဲမှာ အကြောက်လွန်တဲ့  သိုက်ဖွားကတော့  စေ့ စပ်တာအိုဗာဖြစ်သွားရင် သံသယ၀ါဒီဘက်ရောက်သွားတတ်တယ်..