Powered By Blogger
Friday, August 21, 2015
ကျနော် နဲ့ ပုတီးစိတ်ခြင်း
ကျနော် နဲ့ ပုတီးစိတ်ခြင်း
------
ဒီလိုပါဗျ..ကျနော်လဲ ပုတီးစိတ်တတ်ပါတယ်..( အခု မစိတ်ဖြစ်တာတောင်တော်တော်ကြာပြီ)...ဒါပေမယ့်  ပုတီးသမားလို့ တော့ ပြောရခက်တယ်..နောက်တစ်ခုက ကိုယ့် အနားမှာ ပုတီးမရှိရင် ဘာလိုနေမှန်းမသိ သဘောအထိ စိတ်မျိုးတော့ ရှိတယ်။
ရိုက်ပေါက်...
ရိုက်ပေါက်...
---------------------------------------------
ကျနော်လဲ ခဏခဏ အမေးခံရတယ်...စောစောက ဗေဒင်စာတစ်ခုမှာလဲ ဖတ်လိုက်ရတယ်...ကျနော် ခဏခဏ အမေးခံရတဲ့ မေးခွန်းက သူတို့ ကို ဘယ် အထက် ပုဂ္ဂိုလ်တွေက စောင့် ရှောက်နေသလဲတဲ့ ဗျ...ကျနော်ကလဲ သိသမျှ ဒဲ့ ပြောတာပဲ သိဘူး လို့ .ကျနော့် ကိုယ် ကျနော်တောင်မသိဘူးလို့ ..:P 😁😁  .
.( ဆက်ပြောတာတွေ ရှိသေးပေမယ့် ..ဒါ ခဏထားလိုက် )..
Monday, August 17, 2015
မြို့ ခိုခြင်း...
မြို့ ခိုခြင်း...
-----------
ဘယ်လောက်ဆိုးရွားတဲ့ နိုင်ငံရေးစနစ်ဖြစ်စေ ပြည်တွင်းစစ်တွေမှပဲ ဖြစ်စေ အဲ့ နိုင်ငံရဲ့ မြို့ တော်က မြို့ တော်သားတွေရဲ့  ဘ၀လူနေမှုက ဒေသအတွင်းက တစ်ခြားမြို့ ရွာတွေထက် ပိုပြီးလုံခြုံစိတ်ချရတဲ့ သဘောရှိတယ်၊ ဒါဟာ ဒီဗမာပြည်မှာမှ မဟုတ်ဘူး ဒေသတွင်းတည်ငြိမ်မှု့ မရှီိတဲ့ 
ကမ္ဘာ့ နိုင်ငံအသီးသီးရဲ့ သဘာဝပဲ ..
.ပြည်သူလူထု သန်းနဲ့ ချီ အငတ်ဘေးဆိုက်တော့ မှ ကယ်တော်မူကြပါလို့ ထအော်တဲ့  မြောက် နိုင်ငံဆိုလဲ ကျေးလက်တွေသာ ငတ်ကြောဆိုက်သွားတာမြို့ တော်ပြုံယမ်းသား ပြုံယမ်းသူတွေကတော့  အကမပျက် အခန်းနားကျင်းပမပျက်ပဲ
ကျနော်တို့ မိဘတွေ ဧရာတိုင်းကြီး အမဲရောင် ဖြစ်နေတုန်းက မြို့ တက်ပြေးရင်းက ရန်ကုန်ရောက်မှ လုံခြုံရာအရပ်ကိုရောက်ရတဲ့ သဘောဖြစ်သွားတယ် အမဲထဲကျန်ခဲ့ တဲ ရေကြည် အသုတ် ငါးသိုင်းချောင်းဆိုတာတွေ
ဥာဏ်ပညာ အနဲ အများ....သစ်တစ်ပင် ဥာဏ်စွမ်းအား မိုက်ရူးရဲဆန်ရင်တော့  မြန်မြန်ကားသွားမယ်ပေါ့ လေ.
ဥာဏ်ပညာ
---
သမိုင်းမှာ ရုပ်အင်အားချင်းယှဉ်ရင် ဘယ်လိုမှ နိုင်ဖို့ မလွယ်တဲ့ အင်အားကြီးတွေကို ဥာဏ်ပညာနဲ့  အနိုင်ယူပြီး ရပ်တည်လာခဲ့ တဲ့  အဖြစ်အပျက်တွေ ရှိခဲ့ တယ်.
.
ကုက္ကား + မုလေးပွား+ထီး +ယပ်+တံခွန်+အလံ +ဂြိုလ်စုံ+ကြက်လျှာ ( ၈မျိုး) ( ဂြိုလ် ၈ ခွင် သဘော)
ဂြိုလ်စုံ+ကြက်လျှာ
ထီး +ယပ်
ကုက္ကား + မုလေးပွား
တံခွန်+အလံ
'''ရမ်းပြော ရမ်းမှန် အကြားအမြင် ဆရာမ ''
'''ရမ်းပြော ရမ်းမှန် အကြားအမြင် ဆရာမ ''
------------------------------
အရေးအခင်းပြီးစ ၉၀စွန်းကာလတွေမှာ ဆရာက ရွှေတိဂုံဘုရား ဗဟန်းမုဒ် အလယ်ဖြတ်လမ်းဘေး က ယာယီ ဈေးဆိုင်တန်းက ဗေဒင်တန်းမှာ ဆိုင်ထိုင်ပါတယ် အဲ့ မှာ ကျနော်တို့ က တပည့် တွေပေါ့ ရုန်းရုန်းရုန်းရုန်းနဲ့  ဗေဒင်ကနဲနဲ ဆရာကြီးပညာအကြောင်း လေဖောကျတာကများပါတယ်..
အဲ့ ဆိုင်တန်းမှာ တစ်ခြားဆရာတွေလည်းရှိပါတယ်..ဗေဒင်ဆရာဆိုတာ ကိုယ့် ဟာကိုယ်တော့  ဆရာသခင်တွေချည်း လိုလို ကိုယ့် စတိုင်နဲ့ ကိုယ့် ပရိပ်သတ်သဘောမို့  မေးထူးခေါ်ပြောတွေပေါ့  ...( အဲ့ မှာ ဗေဒင်ဆရာတွေရဲ့  စရိုက် တော်တော်များများကို ဆရာ့ တပည့် စတိုင်နဲ့  ဒိုင်လျိုလေး ချက်နေလို့ ရခဲ့ တာပါပဲ
Sunday, August 16, 2015
ညခရီးသွား...
ညခရီးသွား...
---------------
ဒီအလုပ်ကိုမလုပ်ခင်တုန်းက မိဘအလုပ်မို့  လဆန်းတိုင်းကြွေးသိမ်းခရီးစဉ်ထွက်ရတယ်၊ တစ်မြို့ ဝင်တစ်မြို့ ထွက် ကားပေါ်အိပ် လမ်းထမင်းဆိုင်စားပဲ ၊တစ်ချို့ မြို့ မှာတော့  မိတ်ဆွေတွေအိမ်ညအိပ်ရတယ်။ အဲ့ အခါမျိုးတော့ ကျောညောင်းသက်သာတယ်၊
ခရီးကြောက ကားလမ်းများလို့  ရထားစီးရခဲတယ်၊ တစ်ခါတစ်လေ မန္တလေးသီးသန့် ဆိုမှ ရထားနဲ့ အတက်အဆင်းတိုက်ရိုက်ပေါ့ လေ၊ ကားခရီးစဉ်နဲ့ သွားတဲ့ အခါမှာတော့  အနဲဆုံး ၃ညအိပ် ၄ရက် လောက်ကြာတယ် လမ်းမှာ က ည ခရီးစဉ်တွေများတယ် နေ့ ဘက်က ဈေးဆိုင်တွေမှာ အကြွေးသိမ်း တော်ကီထု ဆိုင်တွေက တိုက်သမျှ လဘက်ရည်သောက် မုန့် စားပေါ့ လေ
'' စေတနာဟာ...''
'' စေတနာဟာ...''
--------------------
စိတ်ကောင်းထားဖို့ ခွင့် လွှတ်တတ်ဖို့ မေတ္တာထားဖို့ တွေကို လမ်းညွှန်တဲ့ စာတွေ ဖတ်ရတဲ့ အခါ စာကောင်းမို့ ကောင်းတယ်၊ အဲ့ ဒီ့ စိတ်ကောင်းတွေကို လမ်းညွှန်သူ အများစုက လူဝတ်တွေ နဲပြီး သာသနာဝင်တွေ များတယ်...
အဲ့ ဒီမှာ လူဝတ်နဲ့  သာသနာဝင်တွေရဲ့  လူမှု့ ဆက်ဆံရေး ပုံစံက အကြီးကြီးကွာသွားလို့  ပြန်ဆက်ဆံခံရပုံတွေ သိပ်ကွာသွားတော့  စာကောင်းတွေက ညွှန်ပြတဲ့  စိတ်ကောင်းသဘောတွေကို နှလုံးသွင်းရတဲ့ အခါ စာဆိုသလောက် လက်တွေ့ ဘ၀မှာ နှလုံးသွင်းရ သိပ်ခက်တာတွေဖြစ်လာတယ်. .ကောင်းမှန်းသိနေတာတောင် ကျင့် သုံးရ ခက်တယ် ရတဲ့ အခါရ မရတဲ့ အခါမရ...မရတာက ခပ်များများ...
'''တောင်တွေရှိနေလို့ ပါ.''.
'''တောင်တွေရှိနေလို့ ပါ.''.
----------------
ကောင်းကင်ခရီး အမြင့် ခရီးတွေ ကို အချိန်တိုအတွင်း အလွယ်တကူ ပျံသန်းတက်ရောက်သွားနိုင်တဲ့ စက်မှု့ နည်းပညာတွေ အရှိန်အဟုန်နဲ့ ပေါ်ထွန်းနေတဲ့ ခေတ်မှာ ဒီလောက် မတ်စောက်ပြီး မာကျောကြမ်းတမ်းလှတဲ့  ကျောက်တောင်အမြင့် ကြီးကို စက်ကိရိယာအကူ မယူပဲ
လူ့ စွမ်းအား ဘော်ဒီ ခွန်အား သက်သက်နဲ့ အသက်ကို ရင်းပြီး စွန့် စားတက်နေတဲ့  တောင်တက်သမားရဲ့  အားထုတ်နေမှု့ ကို မြင်လိုက်ရင် ...အမြင်ထောင့်  အမျိုးမျိုး ခံစားမှု့ အဖုံဖုံတွေ ဖြစ်သွားလောက်မှာပါ...
သတင်းဌာနတစ်ခုက တောင်တက်သမားတစ်ယောက်ကို ဗျုးတဲ့ မေးခွန်း တစ်ခုနဲ့ ဖြေတဲ့ လူစွန့် စားရဲ့  အဖြေက အတော်စိတ်ဝင်စားစရာကောင်းပြီး အတွေးတွေကို အများကြီးရစေခဲ့ ပါတယ်..
''ဘာကြောင့်  ဒီလောက် ကြမ်းတန်းခက်ထန်မြင့် မားမတ်စောက်ပြီး..အချိန်မရွေး အသက်အန္တရာယ် ရှိတဲ့ တောင်တွေကို တက်နေရတာလဲ ''လို့ ဆိုတဲ့ မေးခွန်းကို တောင်တက်သမားဖြေလိုက်ပုံက အေးအေးဆေးဆေးရှိလှပါတယ်..
.'''တောင်တွေရှိနေလို့ ပါ.''..လို့  တစ်ခွန်းထဲ ဖြေသွားတဲ့ အခါ.....
(ဗျူးစာဖတ်နေတဲ့  ကျနော့် မှာတော့  နောက်ထပ် ဘာဆက်မေးရမှန်း
မသိအောင် ဖြစ်သွားပြီး သူ့ လို ဖြေဖို့ ကိုလည်း တစ်ခါမှ မတွေးဘူးခဲ့ ပါဘူးပေါ့ လေ)
စိတ်အဟာရ ဆိုတဲ့ စကားလုံးဟာ ကျနော်တို့ ငယ်စဉ်က မကြားဖူးခဲ့ တဲ့ စကားလုံးဖြစ်ပြီး အခု ဒီဘက်ခေတ်မှ တစ်စ တစ်စ စပြီးကြားဖူးလာတဲ့ စကားလုံးပါ...
အခုတော့  အစားအသောက်ပြင်ဆင်ပုံတွေကအစ ဆေးကုတာအလယ်...စသဖြင့် စသဖြင့်  နယ်ပယ်အသီးသီးမှာ တွင်ကျယ်လာတဲ့ စကားလုံးဖြစ်လို့ လာခဲ့ ပြီပေါ့ လေ..