'' ဗေဒင်အကြောင်းလေးတွေနဲ့  အတွေ့ အကြုံတွေ ရေးဖို့  ''တဲ''လေး တစ်ခုလောက်ပါပဲ ဒါထက် ပိုမရည်ရွယ်ပါဘူး ''...
Friday, June 19, 2015
ပြည်ပက မိတ်ဆွေတစ်ယောက်ရဲ့ Cbက E စာတစ်စောင်အကြောင်း..
ပြည်ပက မိတ်ဆွေတစ်ယောက်ရဲ့ Cbက E စာတစ်စောင်အကြောင်း..
----------------------------
ဆရာ.ကိုအားနာစွာလေးစားစွာဖြင့်ဒီကနေပဲမေးခွင့်ပြုပါနော်ဆရာ
အလုပ်ရပြီဆရာ။လာမယ့်တနင်းလာနေ့စလုပ်ရပါမယ်။ အလုပ်မှာအဆင်ပြေမလားသိချင်လို့ပါဆရာ။
အလုပ်မလုပ်တာကြာပြီးခုမှပြန်စလုပ်ရမှာမို့လို့စိတ်ပူလို့ပါဆရာ။ ပြီးနော့အလုပ်လဲမြဲချင်ပါတယ်ဆရာ။
နောက်တချက်က အိမ်ထောင်ရေးပါဆရာ။
အိမ်ထောင်ရေး ကစကားမပြောနဲ့ နဲနဲများများပြောရင်စကားများရန်ဖြစ်ပြီဆရာ။
(--) နဲ့ သူနဲ့ ရန်မဖြစ်ချင်လို့ စကားနည်းပြီး ကိုယ့်အားကိုယ်ကိုး တတ်နိုင်သမျှ
သူ့ကိုအားမကိုးပဲကိုယ်စွမ်းရှိသမျှ သားကိုဂရုစိုက်စောင့်ရှောက်လုပ်ပေးတယ်ဆရာ။
ခုလဲ အလုပ်လုပ် ကလေးထိန်း အိမ်မှုကိစ္စအားလုံး တယောက်ထဲလုပ်မှာပါဆရာ။
တခါတလေ ကလေးကိစ္စပြောဆိုတိုင်ပင်ရာက စကားများရတယ်ဆရာ။
တတ်နိုင်သလောက်သူ့ကိုမပြောတော့ဘူးဆရာ။ ဒါပေမယ့်ရေခြားမြေခြားနေတော့ သားသမီးကိစ္စတော့
ဒီလင်မယားမှ မတိုင်ပင်မပြောရင်ဘယ်သူ့ပြောရမလဲဆရာ။သူလဲအလုပ်ပင်ပန်း အချိန်မရှိတာနားလည်တယ်ဆရာ။
သူ့အနေနဲ့ အလုပ်လုပ်ပိုက်ဆံရှာပေးတာသူ့တာဝန်ကျေပြီထင်နေလို့ (--) လဲဘာမှသိပ်မပြောတော့ပါ။
သားကိုမချစ်တာမဟုတ်ပေမယ့် လိုချင်တာဝယ်ပေးမယ် ဒီလောက်ပဲရှိပြီး ဂရုစိုက်အကြင်နာ အချိန်မပေးမဆော့နိုင်ဘူးဆရာ။
အလုပ်ကပြန်လာပြီးရင်ရေတောင်ခပ်မသောက်ချင်အောင်သူကပင်ပန်းပြနေတယ်။ သူ့အလုပ်က သူများတကာထက်ပင်ပန်းတဲ့အလုပ်လဲမဟုတ်ဘူးဆရာ။
ကိုယ်ကတက်နိုင်သလောက်အစွမ်းကုန်နားလည်ပေးပေမယ့်သူကတော့ တဖက်သူကိုပြန်နားမလည်ပေးတက်ဘူးဆရာ။
သူ့ကိုယ်သူအဟုတ်ထင်တကိုယ်ကောင်းဆန်ပါတယ်။ လူတိုင်းperfect မဖြစ်ပါဘူးဆရာ။ ( ) လဲခြောက်ပြစ်ကင်းသဲလဲစင်မဟုတ်ပါဘူးဆရာ။
လူတိုင်းလိုအပ်ချက်အားနည်းချက်ရှိပါတယ်။ သူနဲ့ယူပြီးကိုယ်လဲအနစ်နာခံစွန့်လွှတ်လိုက်ရတာအများကြီးရှိပေမယ့် စိတ်ညစ်စရာ စိတ်ကုန်စရာတွေရှိပေမယ့်
ကိစ္စတော်တော်များများကိုသီးခံနားလည်ပေးခဲ့ပါတယ်။
ဘယ်လောက်ပဲ ဒီယောက်ကျားယူမိလို့ဒေါသဖြစ်စိတ်ညစ်စရာရှိတောင် သြော်ကိုယ့်သဘောနဲ့ကိုယ်ယူခဲ့ပြီးပြီ
အကောင်းဆုံးဖြစ်အောင် သားလဲရှိလာတော့သားအတွက်အရာရာသီးခံပြီးနေခဲ့ပါတယ်။ ကိုယ့်မာနထိလာတဲ့စကားသူပြောခဲ့ရင်တောင်မှတ်ထားပြီး
ကိုယ်ပိုကြိုးစားမယ်ဆိုတဲ့စိတ်ပဲထားလိုက်တယ်ဆရာ။
ဒါပေမယ့်ဒီနေ့သားအကြောင်းပြောပြီးစကားများကြတယ်ဆရာ။ ဒီနေ့သားကိုကျောင်းကြိုပြန်လာတော့ သားကလမ်းဖြတ်ကူးလို့အတင်းလိုက်ဆွဲရတာ
ကံကောင်းလို့ဆိုင်ကယ်တိုက်မိတော့မယ့်အကြောင်းပြောပြနေတာ နောက်ဆိုပိုသတိထားရမယ့်အကြောင်းသူလဲသိအောင်ပြောပြနေတာ
သူကမီးငယ်ကိုနင်သေချာဂရုစိုက်ကြည့်လေဆိုပြီးမျက်နှာထိမျက်နှာထားနဲ့ ကိုယ့်ကိုစိတ်ပျက်ပုံနဲ့ (---) ကလဲ အေးငါသေချာကြည့်လို့ပေါ့
မဟုတ်ရင်တိုက်ခံရပြီလို့ အရင်တခါလဲသားသားကိုအိမ်ပြန်လမ်းမှာဂျီကျလို့သူ့ကိုနင်ခပ်လှမ်းလှမ်းမှာထားခဲ့တုန်းကလဲ ပြေးတယ်ဆိုတဲ့
အဲ့တခါအဲ့လိုဖြစ်ပြီးတည်းကမီးငယ်ပိုဂရုစိုက်ခဲ့တာပါ။ ကိုယ်မှားသွားတဲ့ပုံစံဖြစ်ရင်ပိုသတိထားဆင်ခြင်ပါတယ်။ သားကစိတ်ကြီးတယ်ဆရာ။
ဇွတ်လုပ်လို့မရလို့ အသာထိန်းရပါတယ်။ ချော့ပြီးကိုယ်လိုချင်တဲ့ပုံစံပြောပြရပါတယ်။ ဇွတ်လုပ်ရင်ပိုဆိုးတယ်ဆရာ။ အဲ့လိုပြောရာကနေ
ငါကဖြစ်ချင်မလား ငါကမွေးထားတာ နင့်ထက်ပိုစိုးရိမ်တတ်တယ်။ ငါမပြောပြလဲနင်မသိဘူးလို့ နင်သိအောင်ပြောပြတာ သားအကြောင်းလို့
သူနဲ့သားကစိမ်းတယ်ဆရာ။ သူကသိပ်မဆော့ပေးကစားကွင်းခေါ်သွားလေ့မရှိလို့ဆရာ။အဲ့ဒါကြောင့်သားအကြောင်းပြောပြတာ။
ဒါကိုသူကနင့်ကိုပြောရင်နင်ကမကြိုက်ဆင်ခြေဆင်လက်တွေချည်းပဲနင့်ကိုယူမိတာမှားတယ်တဲ့ဆရာ။
ဒီနေ့ဒီချိန်မှာဒီစကားကြားရတာ တော်တော်စိတ်နာတယ်ဆရာ။ သူကိုယ်တိုင်အသိဆုံးပါ သူယူထားတဲ့မိန်းမကသူ့ကိုလုံးဝမခူပ်ချယ်
နားညီးနေအောင်ပွစိပွစိမပြောတက် လုံးဝfreedom ပေးထားပြီးအများကြီးနားလည်ပေးထားတယ်ဆိုတာသူငြင်းလို့မရဘူးဆရာ။
ဒါတောင် ဒီစကားမိုးသူပြောလို့မီးငယ်စိတ်နာတယ်ဆရာ။
ရင်ဖွင့်ပြောပြချင်တာများပေမယ့်ဆရာ့ကိုလိုရင်းလေးပဲပြောပြတယပါဆရာ။ မီးငယ်ပြန်ပြောလိုက်ပါတယ် နင်အချိန်တခုစောင့်ငါကွာပေးမယ်လို့
ကိုယ့်ကိုယူမိလို့မှားတယ်လို့ပြောတဲ့သူနဲ့လဲ မီးငယ်ဆက်မပေါင်းချင်ဘူးဆရာ။ သားမျက်နှာကြောင့်မိကွဲဖကွဲမဖြစ်ချင်လို့ငယ်သေးလို့သူ့ကိုသနားလို့ဆရာ။
အကြောင်းပြချက်မဟုတ်ပါ။ လုံးဝမဟုတ်ရပါ။
( _လက်ရှိမှာတော့သားအတွက်ကြိုးစားသီးခံပြီးနေပေးချင်တယ်ဆရာ။ ပိုက်ဆံရှာရင်းသားရှေ့ရေးအတွက်ပါဆရာ။
(--)တို့အိမ်ထောင်ရေးပြိုကွဲဖို့မြင်လားကြည့်ပေးပါဆရာ။ မီးငယ်ရင်ထဲမှာတော့ဒဏ်ရာတွေ တော်တော်များများနဲ့နာနေတာတော့အမှန်ပါဆရာ။
ကျေးဇူးတင်စွာဖြင့်
မ.........း
၁၂.လပိုင်း ၁၉၈၁
မနက် ၈:၄၅
သောကြာသမီး
ကို....
၆.၁၉၈၁
ကြာသပတေးသား..
ညနေ ၅ နာရီဝင်းကျင်
-------------
ကျနော် ပြန်ဖြေလိုက်တာက..
--------------
ပြဿနာကို ၂ပိုင်းခွဲမြင်ရတယ် ပထမတစ်ပိုင်းက သောကြာသမီးကိုယ်က ဗမာဆန်စိတ်များနေတယ် မောင်တစ်ထမ်းမယ်တစ်ရွယ် သွားချင်တာ အိမ်ထောင်ဘက်လို သူငယ်ချင်းလို တိုင်ပင်ဖက်လို မျှဝေခံစားသူလို သွားချင်တာမျိုး...ကြာသာပတေးသား သူက ကျနော်ပြောခဲ့ ဖူးသလိုပဲ ချစ်တတ်ပေမယ့်  တကယ့် အတွင်းသဘောက အပေါ်ယံ ဘယ်လောက်ဖေါ်ရွေပြပြ နောက်ဆုံး သူ့ ဘို့ အတွက်သာ သူကြည့် တာမှာ ဂိတ်ဆုံးကြည့် တယ်..
ဒီတော့ ပိုက်ဆံရှာပေးတာ အဓိကတာဝန် ကျန်တဲ့ သားသမီးရေး အိမ်မှု့ ကိစ္စမှာ သူက အရံလူ သဘောခံယူထားတယ် အဲ့ လို့ ဘေ့ စစ် စိတ်မတူရာက ပြဿနာစတင်တာ..
အိမ်ထောင်ပြိုကွဲကိန်းတော့  ဗေဒင်အရ မမြင်ရသေးဘူး သောကြာရဲ့ သီးခံစွမ်းအားက အသက်ပိုင်း ၃၅ နဲ့  ၃၆ကြားမှာ ကုန်သွားတတ်လေ့ ရှိတယ်...
သူက သူ့ စိတ်စတိုင်ကိုတော့  အလွယ်တကူပြင်မှာမဟုတ်ဘူး....
နောက်ဗေဒင်နည်းကကြည့် ရင် တိုင်ဆိုင်မှု့ ဖြစ်နေတာက တစ်နှစ်လုံးမှာ သောကြာသမီးရော အဲ့ ကြာသာပတေးသားမှာပါ ဧပြီနှောင်းပိုင်းကနေ မေ နဲ့  ဇွန် လ
ကုန်ကြားဟာ စိတ်တိုစရာတွေ ဒေါသပေါက်ကွဲစရာတွေ ရန်ပွဲတွေ ထိတ်လန့် စရာတွေ စိတ်ဆင်းရဲစရာတွေ ကျမ္မာရေးတွေ ငွေကုန်စရာကိစ္စတွေ များလာတာတွေ..
.ကြုံရတာမျိုး ၂ ယောက်စလုံးမှာ အတူတူလာတိုက်ဆိုင်နေတယ်...သဘောက ဒီသောကြာနဲ့ ဒီကြာသာပတေး
အိမ်ထောင်မပြုဖြစ်ခဲ့ ရင်လည်း ကိုယ့် နည်းကိုယ့် ဟန်နဲ့ တစ်ခုခုတော့ ပြဿနာတွေကြုံနေရမှာပဲ...အဲ့ ပြဿနာ အစုံဟာ
ဒီ ဇွန်လကုန်သွားရင် တစ်စတစ်စ ပြန်လည်အေးချမ်းတည်ငြိမ်တာပြန်ဖြစ်လာမှာပဲ..သဘောက အခု လပိုင်းတွေ ဆက်တိုက် ကွိုင်တွေပူနေတာဟာ
သူ့ အညံ့ လနဲ့ ကိုယ့် အညံ့ လထပ်သွားလို့  စိတ်ထဲက ခုနေတာတွေ အပြင်ကို အံထွက်လာတာမျိုးပဲ..
ဒီတော့  ဇွန်လကုန်တဲ့ အထိတော့  စိတ်ရှည်ပေးလိုက်တာပေါ့ လေ လို သဘောထားလိုက်တာ စိတ်သက်သာလိမ့် မယ်
အလုပ်ကတော့  အသက်ပိုင်းကောင်းနေလို အဆင်ပြေမှာပါ ဒီအလုပ်ရေရှည်မရှည်ကတော့ လာမယ့် ၉လပိုင်း၁၀လပိုင်းဝန်းကျင်မှာ
အဖြေပေါ်မယ် ဆက်လုပ်ဖြစ်ရင် ဒီအလုပ်စတိုင်နဲ ရေရျည်သဘော..ဒါမှမဟုတ်ဒိထက်ကောင်းတဲ့ အလုပ်သစ်တစ်ခု ရောက်လာနိုင်သေးတယ်
အလုပ်စဆင်းရင် အစဉ်ပြေသွားဖို့ က အ၀ါရောင်များတဲ့ ပစ္စည်းတစ်ခုခုဆောင်သွား အလုပ်မသွားခင် အိမ်မှာ မနက်ပိုင်းဘုရားကို ရေခဲရေ
တစ်ခွက်ဘုရားကပ်ပြီး အစအစ ရေလိုအေးချမ်းပါစေလို့ ဆုတောင်းသွားဗျား...
---------
၂ယောက်စလုံး ၆ကြွင်း ဆရာကြီးတွေပဲဖြစ်နေတော့ တဂူထဲခြင်္သေ့ ၂ကောင် အောင်းသလိုဖြစ်နေတယ်...ပြီးတော့  ကြာသာပတေးသားရဲ့ မွေးချိန်ဟာ
ဂရုတိုင် (၀ါ) ၅ကြွင်းမဟာဘုတ်မွေးချိန် (၀ါ) ၅ကြွင်း ကျား စတိုင် အိမ်ထောင်ကျသွားရင် သမီးရီးစားဘ၀က စတိုင်တွေ လျော့ သွားပြီး မိန်းမကို
ဗိုလ်ကျလိုစိတ်ဝင်လာတဲ့ စတိုင် အပြင်လူစတိုင်းပြောင်းသွားတဲ့ သဘောကို တွေ့ နိုင်ပါတယ်ဗျား..ပြီးတော့ သောကြာသမီးက ဗုဒ္ဒတိုင်
(၀ါ) ၄ကြွင်းမဟာဘုတ်မွေးချိန် စတိုင်အရ မခံချင်စိတ်မာနစိတ် ရုန်းကန်လိုစိတ်
ကိုမြင်နေရမှာပါ သားဇောကြောင့်  သူ့ မာနတွေကို မြေကြီးအထိပုံချထားတာကိုလည်း ခံစားနားလည်ပေးလို့ ရနိုင်မှာပါ...
.ပြည်ရောက်နေတဲ့ စုံတွဲပါဗျား
------------------------------------------------
ကျေးဇူးအများကြီးတင်ပါတယ်ဆရာ
ဆရာ.စာဖတ်ရတော့မှ ရင်ထဲကအပူဒေါသတွေ
၈၀% လောက်သက်သာသွားတယ်ဆရာ။
ဆရာ့ကိုရိုသေလေးစားစွာဖြင့်
ဆရာပြောတာတွေ အမှန်ပဲဆရာ
Chat Conversation End
Sent from Messenger
Labels:
ဗေဒင်ကိစ္စ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment
'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..