အိပ်မက်လိုလို တကယ်လိုလို
-----
အဲ့ ဒါနဲ့ ကျနော့် အမေဟာ CA ရောဂါဆိုးကြီးကို အကျိတ်အနယ် ဖိုက်တင်ပလေးနေရတဲ့ ကာလဦးလေးဖြစ်လာတယ်ပေါ့ ..အဲရောဂါရဲ့ ကိုယ်တွင်းဝေဒနာဟာ အတော်ပြင်းထန်တော့ စစချင်းမှာ အတော်ခံရချက် ဆိုးပါတယ် လည်ချောင်းတွေ ကျဉ်းသွားချက်က ထမင်းလုပ်တိုင်းဟာ နင်နေလို့ ထမင်းတစ်လုပ် ရေတစ်ငုံ မျှောချရတဲ့ အခြေအနေပါ ..ဒီတော့ ဆေးချက်က မသက်သာစေခင်မှာ ဝေဒနာရှင်တင်မက တစ်အိမ်လုံးပါ အလွန်မှ စိတ်ဆင်းရဲ ကိုယ်ဆင်းရဲဘ၀တွေပါပဲ..ညညဆို ဝေဒနာရှင်ရော တစ်အိမ်လုံးပါ ကြက်အိပ်ကြက်နိုးပါ..ချွတ်ကနဲဆိုတာ အကုန်လန့် နိုးမိ လျက်သာဘ၀တွေပေါ့ လေ... အမေဟာဝေဒနာကို အတော်အံ့ တု နိုင်သူဖြစ်ပြီး ပါးစပ်ကထုတ်ငြီးတာမျိုးတောင် မလုပ်ပြလို့ ဘေးကနေသာ မျက်နှာရိပ် အကဲခတ်ပြီး လုပ်ပေးနေရတာမျိုးပါ..
ဒီလိုနဲ့ တမက်နက်မှာ အမေဟာ သောကမျက်နှာနဲ့ အိပ်ယာနိုးလာပါတယ်..ညက ဘာများဖြစ်လို့ လဲ တော်တော်ပူလို့ လားလို့ မေးတဲ့ အခါ..အမေက ညက အိပ်မက်လိုလို တကယ်လိုလိုနဲ့  လူမဲမဲကြီး ၂ယောက် အိမ်ရှေ့ ကနေ၀င်လာပြီး သူ့ ကုတင်နားကပ် သူ့ လက်ကိုလာဆွဲခေါ်တယ်လို့ ဆိုပ်ါတယ်..
.ဒီလိုလာဆွဲတော့  အမေက သူမလိုက်နိုင်သေးဘူး ဒီမှာကလေးတွေနဲ့ စိတ်မချရသေးဘူးလို့ ပြန်ငြင်းရင်းရုန်းကန်လိုက်တော့  အဲ့ လူမဲမဲကြီးတွေက လက်ကိုလွှတ်ပြီး ပြန်ထွက်သွားကြတယ် အိပ်မက်မကောင်းဘူးလို့ ထင်တယ်လို့ ပြောပါတော့ တယ်...
ဒီအကြောင်းကြားလိုက်ရတော့ ကျနော်လည်း အတော်ညစ် အတော်စိတ်ပူသွားပြီး ကျနာ့် အဖေကို အမေ့ အိပ်မက်က မဟန်ဘူးဒီလို ဒီလိုမက်တယ်လို့ ပြောတယ် အမေ ပြောပုံက အိပ်မက်တောင် မဟုတ်ဖူး တကယ်ဖြစ်နေတာလို့ ပြောနေတယ်...တစ်ခုခုလုပ်ကျရအောင်အဖေ လို့  ပြောလိုက်တဲ့ အခါ ကျနော့် အဖေက တစ်ချက်စဉ်းစားပြီး
အိမိမှာ ဘုန်းကြီးဆွမ်းကပ် သင်္ကန်းကပ် ကမ္မ၀ါစာဖတ် ပရိတ်ကြီးရွတ် အိမ်သန့် ပစ်ဖို့  စီမံပါတော့ တယ်..
.ကိုးကွယ်နေကြ ဘုန်းကြီးကျောင်းဆြာတော်ကို ပင့် တဲ့ အခါဆြာတော်က ၇နေ့ နံ နေသား အဖြစ် ၇ပါး ကြွမယ်လို့ မိန့် ပါတယ်....( ဒါဟာရိုးရာဓလေ့ မှာ နာတာရှည်ဖြစ်လာရင် ၇နေ့နံဖွားစုံအောင် ၇ပါး ဆွမ်းကပ်ကောင်းမှု့ ကံ မြှင့် တင်လေ့ရှိပါတယ်)..ဆွမ်းကြွတော်မူကြပြီး ကပ်ကြရွတ်ကြပါတော့ တယ်
ကျနော့် အမေကို ကုတင်မှာလှဲနေစေပြီး ၀ိုင်းပြီးရွတ်ဖတ်ပေးတာလည်းပါပါတယ်...အားလုံပြီးသွားတဲ့ အခါ လူမမာဟာ သူ့ ကိုယ်သူယုံကြည်ချက်တွေပြန်ဖြစ်သွားပြီး ကြည်ကြာ်လင်လင်အမူအယာတွေ
ပြန်ဖြစ်သွားပါတာ့ တယ်...ဒါဟာ သူ့ ရဲ့ နောက်ဆုံး ဆွမ်းကပ် သင်္ကန်ကပ်သွားတဲ့ အိမ်တွင်း အလှုလေးဖြစ်သွားတော့ တာပါပဲ..
နောက်အပတ်လောက်မှာ တော့  ဒုတိယမြာက်အိပ်မက် တစ်ခုကိုထုတ်ပြောလာပါတယ် ဒီတစ်ခါတော့ ပြုံးပြုံးရွှင်ရွှင်နဲ့ ပေါ့ ...အိမက်ထဲမှာ သရက်ဥယျာဉ်ကြီး တစ်ခုထဲရောက်သွားပြီး ၀ါထိန်နေအောင် ပင်လုံးကျွတ်သီးနေတဲ့  သရက်သီးအမှည့် တွေတွေ့ ရပြီး ကြွေကျနေတာတွေလည်းအများကြီး သူလည်းအားရပါးရ ကောက်စားတာ တ၀ကြီးပဲလို့ ဆိုလာတဲ့ အခါ...ကျနော်ရော ကျနော့် အဖပါ အမေ့ အတွက် စိတ်ချရာလမ်းရခဲ့ ပြီလို့  ဖြတ်ကနဲ့ သိလိုက်ကြပါတော့ တယ်...စိတ်မပူရတော့ ဘူးပေါ့ လေ...
လွန်ခါနီး တစ်ပတ် အလိုလောက်မှာတော့  တတိယမြောက်အိပ်မက်ကို ပြောပြန်ပါတယ်...ကောင်းကင်မှာ ဘုရားထီးတင်တဲ့  ယာဉ်လိုမျိုး သူ ခေါင်းပေါ်ခပ်မြင့် မြင့် နေရာက သူ့ရှေ့ မှာလာရပ်နေတာညက အိပ်မက်ထဲ မက်တယ် ရေသူမရေမွှေးဆီနံ့ တွေလည်းရတယ်လို့ ပြောတဲ့ အခါ ကျနော်တို့ သားအဖ အမေ့ အတွက် သွားရာလမ်းကို ပိုပြီးစိတ်ချသွားခဲ့ ပါတော့ တယ်...
နောက် အပတ်မှာတော့ ကွယ်လွန်သွားပါတော့ တယ်ဗျား....သူဟာ သူ့ တစ်သက်မှာ အဲ့ ဒီလို နမိတ်ဆောင်တဲ့  အိပ်မက်တွေရတတ်သူပါပဲဗျာ...၁ကြွင်း တနင်္လာ ပုတိဖွားဖြစ်ပြီး အိမ်တွင်းအုန်း ဆွဲပါတယ်..ရိုးရာလည်း ကိုယ်တိုင်ကြော်လှော်ပြီး ကိုယ်တိုင်တင်တတ်သူပါ .အဲ့ အိမ်တွင်းအုန်းမှာ ခဏခဏ အိပ်မက်လည်းတောင်းတတ်လေ့ ရှိပြီး ရတတ်လေ့လည်းရှိပါတယ်ဗျားးး..
ကျနော်တို့ အတွက် ရလိုက်တဲ့ ဘ၀အတွက် အမြတ်သင်္ခန်းစာကြီးးကတော့  နမိတ်ဆိုး အိပ်မက်ဆိုးတွေကို ကောင်းမှု့ ကုသိုလ်တွေနဲ့ ခြေဖျက်ပြောင်းလဲပစ်လို့ ရတန်သလောက် ရတယ်ဆိုတဲ့ အသိ အကျိုးကျေးဇူးကြီးပါပဲဗျားးးး
No comments:
Post a Comment
'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..