'' ဗေဒင်အကြောင်းလေးတွေနဲ့  အတွေ့ အကြုံတွေ ရေးဖို့  ''တဲ''လေး တစ်ခုလောက်ပါပဲ ဒါထက် ပိုမရည်ရွယ်ပါဘူး ''...
Friday, June 19, 2015
အိမ်ယာထူထောင် လူတို့ ဘောင်မှာ..
အိမ်ယာထူထောင် လူတို့ ဘောင်မှာ..
-------
ကျနော်တို့ တွေ ဗေဒင်သဘောတွေကို တွေးတာက သံသရာကပါလာတဲ့ လျို့ ဝှက်တဲ့ ကံသတ္တိသဘောတွေ သဘာဝဓမ္မဘောင်တွေကနေ
ကျော်ထွက်မသွားဘူး...ဗေဒင်ဆိုတာ ကံတွေကို ဥာဏ်ကစားထားတဲ့ သဘောလို့ သာယူထားတာမျိုးပဲ..
ဆိုပါတော့  အိမ်ထောင်ပြုဖို့ မှာ (အထူးသဖြင့်  အမျိုးသမီးတွေမှာ ) ဘာလို့  အသက်ပိုင်းကို အသည်းအသန် ထည့် စဉ်းကြသလဲ ကို ပြန်လိုက်တွေးရင် အစဉ်အလာ သဘာဝဓမ္မ စတိုင်အရ သားသမီးယူခြင်းမယူခြင်း ကိစ္စကလည်း အဓိက အချက်နေရာမှာ ရှိနေတာမျိုးလို့ တွေးလို့ ရတယ်
ဒါဆို နောက်တစ်ချက် ထပ်တွေးရရင် သားသမီးကိစ္စက အဓိကမကျဘူး ရချင်ရ မရင်ချင်နေ သဘောကို ကိုင်ထားလိုက်ပြီဆိုရင်
၂ ယောက်သားကြားမှာ ကွာဟနေတဲ့  (သို့  )အသက်ကြီးခြင်း ငယ်ခြင်း ငယ်ရွယ်နုပျိုခြင်းတွေဟာ အိမ်ထောင်ပြုခြင်းသဘောမှာ အလွန်အကျွံ အရေးပါတဲ့ သဘာတွေ မရှိတော့ ဘူး (၀ါ) ချစ်ခြင်းမေတ္တာနဲ့  သစ္စာတရား ကိစ္စကလွဲရင် ထည့် တွေးစရာမလိုတော့ ဘူး
သူတို့ တွေးရမှာက နှစ်တွေအကြာကြီး ဒီလိုပဲ အလွတ်ကြီး သဘောနေလာခဲ့ ပြီးမှ အခုမှ ထပြီး ဘာလို့ အိမ်ထောင်ပြုချင်ရတာလဲ ?...အိမ်ထောင်ပြုခြင်းသဘောကနေ ဘာကို လိုချင်ကြတာလဲ ?..ကိုပဲ တွေးစရာလိုတော့ မယ်...
ဒီအတွေးကို အထောက်အကူဖြစ်နေတာက ၂ ယောက်သား ဘိုးဘွားရိပ်သာရောက်ခါနီးမှ အိမ်ထောင်ထပြုချင်ပြုနေကြတဲ့  စုံတွဲတွေကို အများကြီးကြုံလာနေရလို့ ပါပဲဗျား......
Labels:
ဗေဒင်ကိစ္စ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment
'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..