Powered By Blogger

Friday, June 19, 2015

''' ဖြစ်လေရာဘ၀မှာ..''




''' ဖြစ်လေရာဘ၀မှာ..''
---
မေ့ ပစ်ချင်တာတွေကို
မေ့ပစ်လို့ ရတတ်တာမျိုး မဟုတ်တတ်ပါပဲ..

သူ့ အလိုလို မေ့ နေတတ်တာ
သူ့ ဟာသူ သတိမရတတ်တာ
သတိရချင်တဲ့ အခါကြတော့ 
ဖြတ်ကနဲ သတိရချင်တာတွေ သတိရသွားတတ်တာ...
လျှောက်တွေးရင်းက သတိရသွားတတ်တာ
တစ်ခုခု တိုက်ဆိုင် ဆင့် ပွားပြီး
သတိရစရာကောင်းတာတွေကို သတိရသွားတတ်တာ
သတိမရချင်စရာတွေကိုလည်းသတိတွေပြန်ရတတ်သွားတာ.....

'' ဖြစ်လေရာဘ၀မှာ
  ဖြစ်ချင်တဲ့ သူနဲ့ 
  ဖြစ်ချင်တိုင်း ဖြစ်ရပါလို၏..'' ဆိုတဲ့ 
 ဆုတောင်းစာလိုလို ဘာလိုလို
 စာတမ်းတစ်ခုကို ဖတ်လိုက်ရတဲ့ အခါ...

မေ့ ပစ်ချင်တာတွေကို
မေ့ပစ်လို့ ရတတ်တာမျိုး မဟုတ်တတ်ပါပဲ..

No comments:

Post a Comment

'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..