Powered By Blogger

Friday, June 19, 2015

''' နိဂုံး...'''



''' နိဂုံး...'''
-----
ဘ၀ကို ပေါ့ ပေါ့ ဆဆ နဲ့  မဟုတ်ပဲ စိတ်က ပေါ့ ပေါးပါးပါးတွေ တွေးခေါ်ပြီး နေလိုက်တော့ တယ် ဆိုတာ ကျနော့် '''အမေရဲ့ သေခြင်းတရား ''' ကြောင့် ပါပဲ.... ကျနော့် အမေက ကျနော်တို့ အိမ်မှာ သိပ်ကို အရေးပါတဲ့  အမေတစ်ယောက်မျိုးပါ...သူ့ ရဲ့ ဥာဏ်ရည်ပါးလှပ် လျင်မြန် သွက်လက် ရဲဝံ့ တဲ့  လှုပ်ရှား ဆောင်ရွက်ဆုံးဖြတ်နိုင်စွမ်းတွေဟာ ကျနော့် အဖေ အပါအ၀င် တမိသားစုလုံးအပေါ်မှာ ကြီးမားတဲ့  စိတ်လုံခြုံမှု့ ကို ရစေခဲ့ တဲ့ အမေမျိုးထဲက အမေတစ်ယောက်ပါ...



နှစ်ပေါင်း ၃၀ကျော် ကျနော့် ဘ၀အတွက် ကြီးမားတဲ့ ရိုက်ခတ် တုန်လှုပ်မှု့ မျိုး ဖြစ်စေနိုင်တဲ့ သေခြင်းတရားဆိုတာ မကြုံခဲ့ မခံစားခဲ့ ရဘူးသေးဘူး..အဖိုးတွေ အဖွားတွေ အမျိုးတွေထဲက လူကြီးသူမတွေ ဦးကြီးဒေါ်ကြီးတွေ ရွယ်တူတွေ သူငယ်ချင်းတွေ ကွယ်လွန်ကုန်ကြတာမျိုး ကြုံခဲ့ ပေမယ့် လည်း သေခြင်းတရားဟာ ကိုယ်နဲ့ မဆိုင်သေး..ကိုယ်နဲ့ သေခြင်းတရားဟာဝေးပါသေး...နေသေးသပါ့  အေးဆေးပါ့ ..သဘောပါပဲ...

သေခြင်းတရားဟာ ကိုယ့် အနားမှာ ကိုယ့် ကိုယ်ထဲမှာဆိုတာ ကိုယ့် အမေဆီ သေနိုင်တဲ့ ရောဂါဆိုးတစ်ခု စတင်ကျရောက်လာပြီး သေမင်းလက်နောက် အလွယ်တကူပါမသွားအောင် အသည်းအသန်ပြန်ဆွဲလုယူနေရတဲ့ အချိန်မျိုးရောက်မှ သေခြင်းတရားကို တုန်လှုပ်ရကောင်းမှန်းသိလာပါတော့ တယ်
.
ကိုယ့် အမေကို သေမင်းက လာခေါ်နေတာဟာ ကိုယ့် ရဲ့  နှလုံးသားကို လာဆွဲဆုပ် ထုတ်ယူနေတာမျိုးနဲ့ တူနေတာကိုး..

ကံကြမ္မာအလိုအရ သေမင်းခေါ်ရာနောက်ကို ကိုယ့် အမေပါသွားပြီလည်းဆိုရော ......

ကိုယ့် ဘ၀အတွက်ရော ဟောဒီ့ လောကကြီးတစ်ခုလုံးပါ ကိုယ့် အတွက် သီးခြားအဓိပ္ပါယ် ထူးခြား အဓိပ္ပါယ်တွေ မရှိတော့ သလိုပါပဲ..
..
လူ့ ဘ၀တစ်ခုဆိုတာ တစ်သက်တာ လောကဓံ အတက်တွေ အကျတွေ ဘယ်လိုပဲ အခြေအနေမျိုးတွေဖြစ်နေစေ ''' နိဂုံးတစ်နေ့ ဟာ သေခြင်း.''.ဘာကိုမှ ဆုပ်ထားချင်လို့ မရပေဘူး...ဆိုပြီး ပြင်းပြင်းထန်ထန်ခံစားလိုက်ရတယ်...

.မခံစားလိုက်ရလဲ ဘယ်နေပါ့ မလည်း မိသားစုတစ်စုလုံးကို တိုက်ရိုက်ထိခိုက်တုန်လှုပ်သွားစေတဲ့ 
 ( သေခြင်းတရား ရှိနေမှန်း မေ့ လျော့ နေခဲ့ တဲ့  ) သေခြင်းတရား ဆိုတာ နှစ်ပေါင်း ၃၀ကျော်မှာ ပထမဆုံး နဲ့ အပြင်းထန်ဆုံးအဖြစ် စပြီး ကြုံတွေ့ လိုက်ရတာမျိုးမို့ ပါပဲ...

အနှစ် ၅၀ အတွင်း ပထမဆုံး ရစ်ချက်တာစကေး ၁၀ လောက်ရှိတဲ့  မဟာငလျင်ကြီး တုန်ခါသွားတာကို ခံစားလိုရလို့  တစ်မိသားစုလုံး..ဆောက်ရာတည်ရာမဲ့ သွားသလို...

အဲ ကတည်းကစပြီး ပေါ့ ပေါ့ ပါးပါး နေတတ် ခံစားပေးတတ်သွားတော့ တာပါပဲ...တစ်နေ့ တစ်ချိန်မှာ နိဂုံး သဘောဟာ ကိုယ့် ဆီ ကိုယ် မိသားစုဝင်တွေ တစ်ဦးပြီးတစ်ဦးဆီကို သေခြာပေါက် ဆိုက်ရောက်လာ မှာပဲဖြစ်တယ်လို့  ကြိုတင်လက်ခံထားလိုက်ပြီးတဲ့ အခါ...

သေခြင်းတရားနဲ့ နိဂုံးချုပ်ရမယ့်  ဘ၀တိုလေးတစ်ခု မှာ ရေးကြီး ခွင်ကျယ်တွေ ခံစားနေစရာ တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ထားစရာ ဘာမှ သိပ်မရှိလှပါဘူးဆိုတဲ့ အတွေးက စတင်ဖြစ်လာတော့ တယ်

No comments:

Post a Comment

'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..