မင့် ကိုယ်စား...
-----
မလွမ်းဝံ့ ဝံ့ 
လွမ်းဆွတ်တဲ့ အကြောင်း
မင့် ကို တိုင်တည် ကြေညာ
အဖြေရှာ နေခဲ့ ရင်း......
စိုး တထိတ်ထိတ်
တိုးတိတ်ရင်မှာ
ဝေဒနာ
ဆူးတို့ ပွင့် ရာ
ခြေရာဟန်တွေ
ကျန်ခဲ့ လေမလား...
ဆိုင်သူ မင်းမငဲ့ ခဲ့ 
မင့် ကိုယ်စား
အလွမ်းစာများ
မှတ်စုများ
မျက်ရည်များနဲ့ 
ရေးဖွဲ့ ရတဲ့ 
မင့် ကိုယ်စား
ကဗျာတွေစီ
အချစ်ကိုယ်စား
.ဒဏ်ရာနီ..။..
No comments:
Post a Comment
'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..