Powered By Blogger
Friday, June 19, 2015
အတွေးစာတွေ...
လိပ်ပြာသန့် တယ်ပဲပြောတာပါ...ခ်ခ်
အခြေအနေတွေတစ်ချို့ က ၂ ယောက်ရှိမှ ပြဿနာဖြစ်တာမျိုး..ဆိုပါတော့  လိမ်လည်မှု့ တစ်ခုခုကိုလုပ်ဖို့ ဆိုတာ အလိမ် ခံပေးမယ့် သူတစ်ယောက်ရှိဖို့ လိုမယ်ပေါ့ ..
ထင်ရပေမယ့်  ကိုယ်တိုင်ပါ သက်ရှိ ဖြစ်နေလို့ ကိုယ့် ကိုယ်ကို ပြန် သတ်သေတာမျိုးကလည်း ပါဏာတိ ထဲအကျုံးဝင်သွားတာမျိုးဖြစ်လာတယ်..
ရုပ်လှုပ်ရှားမှ့ တွေဖြစ်ဖို့ ဆိုတာ စေ့ ဆော်မှု့ စိတိတစ်ခုခု က တွန်းအားစပေးတဲ့ သဘောဖြစ်လို့ နောက်ဆုံးချုပ်တာက ဘယ်လိုစိတ်နဲ့ ရုပ်လှုပ်ရှားမှု့ တွေလုပ်သလဲ
အဲ့ ဒီ စိတ်က စေ့ ဆော်မှု့ တစ်ခုခုကို ဘယ်လောက် အားထည့် သလဲကလည်း လုပ်မိတာတွေ ကနေ ပြန်လာမယ့် အကျိုး အတိမ်အနက်ကို သက်ရောက်မှု့ ဖြစ်တယ်လို့ ဆိုတယ်
ဆဲတယ်ဆိုကတည်းက ဆဲချင်စိတ်ကြောင့် ဆဲအောင်အားထုတ်လို့  ဆဲဖြစ်လိုက်တာက အနှစ်ချုပ်သဘောပဲ ..
ဘာကြောင့် ဆဲဆဲ ဆဲခြင်းဟာ ကောင်းလား မကောင်းလား မေးခွန်း နဲ့  ရက်စ်အော် နိုး မေးရင် အဖြေက ..ကိုယ့် သဘောပဲ..
ဆဲခြင်းကြောင့် ပြန်လာတဲ့ အကျိုးသက်ရောက်မှု့ ကတော့ ကိုယ့် သဘော မဟုတ်တာ့ ပဲ သဘာဝဓမ္မက သူ့ သဘောဆောင်သူဆောင်သွားတာကိုတော့ အချိန်တန်သိရတာမျိုးပဲ..
ဘ၀င်နဲ့ ဘဝ
-----
ဘ၀င်မြင့် လိုစိတ် အခြေခံရှိထားတော့  ဘ၀င်မြင့် လို့ ရတဲ့  ဘ၀ မြင့် အောင် နည်းစုံလမ်းစုံနဲ့ လုပ်တော့ ဘ၀ မြင့် သင့် သလောက်မြင့် လာတယ် 
အဲ့ မှာ စပြီး ဘ၀င်မြင့် ပြတော့ တာပါပဲ..
နဂိုကကို ဘ၀င် မမြင့် တတ်တဲ့ သူက ဘ၀မြင့် မြင့် မမြင့် မမြင့် . ဘ၀င်က မြင့် ကို တက် မလာတတ်ဘူး...
မွေးကတည်းက နိဂုံးချုပ်တဲ့ အထိ နေနေတဲ့ စတိုင်အတိုင်း နေမြဲ ရိုးရိုးကြီးနေသွားတာပါပဲ...
အရိုးခံကြီး ကိုယ့် ဗိုလ်ချုပ် နဲ့  ဟို အတ္တချုပ်တွေ ဖြစ်ပျက်နေပုံကိုပဲ ကြည့် ပါဦး....
မကောင်းမှု့ ကို ကောင်းမှု့ ထင်ပြီး
----
ပထမဆုံးအရေးကြီးတဲ့ အချက်က မကောင်းမှု့ ကို မကောင်းမှု့ ပါလို့  စိတ်က သိထားလိုက်ဖို့ ပဲ...အဲ့ လိုသတိထား သိထားလိုက်ရတဲ့ အကျိုးက..
.မကောင်းမှု့ ကို အခြေအနေတစ်ခုကြောင့်  လုပ်ရတော့ မယ်ဆိုတဲ့ အခါ အားထုတ်ရတဲ့ စိတ်က မကောင်းမှု့ ကို မကောင်းမှု့ မှန်း မသိခင်ကလောက် 
အားထုတ်မိတဲ့ စိတ်တွန်းအား အထိ တက် မလာတော့ ဘူး..အဟန့် ဖြစ်ခဲ့ ပြီ...
ကြောက်စရာအကောင်းဆုံးစိတ်က မကောင်းမှု့ ကို မကောင်းမှု့ မှန်း မသိမမြင်သေးတဲ့ စိတ်အခြေအနေတစ်ခုရယ်..ပိုကြောက်စရာကောင်းတဲ့ စိတ်က 
မကောင်းမှု့ ကို ကောင်းမှု့ ထင်ပြီး အားထုတ်လုပ်နေတဲ့ စိတ်အခြေအနေက ကြောက်စရာအကောင်းဆုံး စိတ်အခြေခံ...
မီးကို ပူမှန်းမသိလို့  အလွတ်ကိုင်သူနဲ့  ပူမှန်းသိလို့  အခုအခံလေးနဲ့ ကိုင်သူ မီးအပူဒဏ် အတူတူ ခံရတာခြင်းအတူတူ 
ခံရတဲ့  အပူဒီဂရီတွေ တစ်ယောက်နဲ့ တစ်ယောက်မတူတော့ ပဲ ကွာခြားသွားတဲ့ သဘောမျိုး ...
No comments:
Post a Comment
'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..