'' ဗေဒင်အကြောင်းလေးတွေနဲ့  အတွေ့ အကြုံတွေ ရေးဖို့  ''တဲ''လေး တစ်ခုလောက်ပါပဲ ဒါထက် ပိုမရည်ရွယ်ပါဘူး ''...
Sunday, April 26, 2015
ငွေမြဲချင်လို့ တဲ့ ....
ငွေမြဲချင်လို့ တဲ့ ....
-----
ငွေမမြဲဘူးလို့  ငြီး အပြခံရတာကလည်း အကြားရဆုံးစကားလုံးပါ...သူတို့ သာ လာငြီးပြတာ ကျနော်ကိုယ်တိုင်ကလည်း ၀င်သမျှ မလောက်ပါဘူး သုံးပစ်သလားမမေးနဲ့ ဆိုတာမျိုးပါပဲ...ငိငိ..ဆရာဝန်တစ်ချို့ လိုပေါ့  သူများသာ ရောဂါတွေကုပေး ဆောင်ရန် ရှောင်ရန်တွေသာပြောပေးတာ သူကိုယ်တိုင်ကလည်း ရောဂါတစ်ခုခုကြောင့်  ဆေးလုံးတွေနဲ့ ပါးစပ်နဲ့ မပြတ်ဆိုသလိုပေါ့ 
အဲလိုလာငြီးပြရင် ဟုတ်ဟုတ် မဟုတ်ဟုတ် (အနဲဆုံး စိတ်သက်သာရာရစေဖို့ ပဲဖြစ်စေ ငွေအထွက် နဲသွားအောင် ပိုက်ဆံထားနေကျ နေရာမှာ သပြေညွန့် ခပ်သေးသေး လေး ထည့် ထားလိုက်ပါ တနင်္လာနေ့ မှာထည့် ပါ အညွန့် လေး အသစ်လဲရင်လည်း တနင်္လာနေ့မှပဲလဲပါ အချိန်နဲ့ ထည့် ချင်ရင် မနက် ၉-၁၀း၃၀ကြား ဖြစ်စေ နေ့ ၁၂-၁း၃၀ကြားဖြစ်စေ ည ၉-၁၀း၃၀ကြားမှာဖြစ်စေထည့် ပါ အသစ်လဲပါ မီးခံသေတ္တာတွေ ငွေသိမ်းအံဆွဲတွေ စသဖြင့် တွေမှာထည့် ထားလို့ ရတယ်ပိုဓါတ်သက်ခိုင်ပါတယ်ပေါ့ 
ဂြိုလ်ပတ်ယတြာ...အလွယ်စတိုင်

ဂြိုလ်ပတ်ယတြာ...အလွယ်စတိုင်
-------------------
မူလနည်းပညာကို လွယ်ကူပြီး ထိလည်းထိရောက်အောင်ခြုံ့ ထားတဲ့ ယတြာပညာပါ .သာမန်အများသိ..ကိုယ့် မွေးနံတစ်ထောင့် ထဲမှာ...(သို့ )စနေထောင့် ပန်းလှုမယ်သဘောထက် ပိုစွမ်းရည်မြင့် ၊ပိုကာကွယ်ခြင်း ပိုကံပွင့် စေခြင်းသဘောရှိသလို အကျိုးသက်ရောက်မှု့ အားမြန်ဆန်လှပါတယ်။ ငွေကုန်သက်သာပြီး တော်ယုံနဲ့ ငွေကုန်များတဲ့  ယတြာတွေသုံးစရာ မလိုပါဘူး..တစ်ခုပဲဆိုစရာရှိတာက အိမ်မှာတော့  မဟုတ်ဘဲ..အရပ်မျက်နှာထောင့် တွေ ပါတဲ့ စေတီပုထိုးတွေမှာ သွားလှုတာပါ..ဘုရားတက်လေ့ တက်ထရှိတဲ့သူတွေကတော့  အလွယ်တကူလုပ်နိုင်မယ်ပေါ့ ဗျာ...နည်းပညာက မခက်လှပါဘူး...။
တိုက်စစ် န၀င်းရိုက်ခြင်း

တိုက်စစ် န၀င်းရိုက်ခြင်း
----------
ဗဟုသုတအဖြစ်ပါ၊ ရှိတယ်လို့ ပြောပြတာပါ..အသိနဲပါတယ်၊ ဆရာကြီးလက်ထွက်ပါ၊ ဆရာ့ ဆီကတစ်ဆင့် ရတာပါ၊ ဒါပေမယ့်  အရွက်တွေနဲ့ ရိုက်ပေးရတဲ့ သူက ခေါင်းတွေမူးဖတ်ဖတ်တွေမောကျန်ခဲ့ လို့  တော်ယုံနဲ့ မလုပ်တော့ သလို အသုံးနဲသွားတဲ့ ဘ၀ကိုရောက်သွားပါတယ်...
ပုံမှန်အများသူငါ ကြားဖူးမြင်ဘူးနေတာက ထိုင်တယ် ပြီးရင် ခြေဆန့် ခြေဆင်းထိုင်ပြီး ငယ်ထိပ်ကနေ ခြေဖျားအထိ အရွက်တွေနဲ့ သပ်ချတဲ့  န၀င်းထိုင်တဲ့ စတိုင်ပါ
အဲ့ ဒါက ပုံမှန်အခြေအနေတွေသဘောမှာ မြင်နေကျ လုပ်နေကျစတိုင်ပါ..
အခုကတော့  ရက်ပိုင်းအတွင်း (သို့ ) တစ် နေ့ တာအတွင်း (သို့ )နာရီပိုင်းအတွင်း အရေးကြီးကိစ္စတစ်ခုခု ဖြေရှင်းရဖို့ ရှိနေတဲ့ အခါ ( ရိုက်ပေးမယ့် ဆြာကလည်း အရေးကြီးပုံရတယ်လို့ ထင်မြင်တဲ့ အခါ) န၀င်းအရိုက်ခံမယ့်  လူကို မတ်တတ်ရပ်ပြီး ငယ်ထိပ်ကနေ ခြေခုံပေါ် အထိ လက်ယျာရစ် ခရုပတ်ကြောင်လိမ်လှေကားဆင်းသလို ခပ်ဖြေးဖြေး ရိုက်ဆင်းချသွားတာပါပဲ. .အဆုံးသပ်ပုတ်ပေးလိုက်တာက ခြေဖျား ခြေခုံပေါ်မှာပါ...
သုဂတောဂုဏ်တော်..

သုဂတောဂုဏ်တော်..
----------
ဒီ သုဂတော ငါးချက် ဂါထာဟာ စကားအရာနဲ့ ပါတ်သက်တဲ့ သုဂတောဂုဏ်တော်ကို ဖွဲ့ ထားတာဖြစ်လို့  ၃ကြွင်းမဟာဘုတ်နဲ့ မွေးတဲ့ သူတွေနဲ့  သောကြာနံ စကားခိုက် နေရာမှာရှိတဲ့  စနေသားသမီးတွေ အတွက် တစ်သက်တာ အားကိုးဖို့  သီးသန့် အဖြစ် ညွှန်ပေးလေ့ ရှိပါတယ်..ရည်ရွယ်ချက်က ဂါထာတွေမှာ ညွှန်းလေ့ ရှိတဲ့  စီးပွားတက်ဖို့ ဘာညာတွေထက် ( စကားမှားတတ်မှု့ တွေအတွက် ကြိုတင်ဖြေဆေး) အဖြစ် ထုံမွှမ်းထားဖို့  ညွှန်းတာပါ..
ဒီတော့ ဒီလိုကြိုလုပ်ထားတဲ့  ကုသိုလ်တွေ အားကောင်းထားရင် တော်ယုံ စကားအမှားတွေမှာ ပြဿနာနဲသွားမယ် မှားရင်လည်း ပြေလည်တာလွယ်မယ်ပေါ့ ဗျာ...
နောက်တစ်ချက်က တော်ကီတွေ လွှတ်နေရတာ များတဲ့ စီးပွားသဘောတွေ အတွက်လည်း ကိုယ့် တော်ကီတွေ အလုပ်ဖြစ်အောင်လည်း
ဒီ သုဂတော ငါးချက်ကို သီးသန့် အားကိုးနိုင်ပါတယ်ပေါ့ ..စကားစီးအောင်ပေါ့ ..
ပုတီးစိတ်နည်းတွေက အမျိုးမျိုးရှိပါတယ်...ကျနော်လုပ်တဲ့ နည်းက ကိုယ့် အပျင်းရောဂါကြောင့် စိတ်တဲ့ နည်းက ပေါ့ ပေါ့ပါးပါး စိတ်တတ်ပါတယ် စိတ်တဲ့ ပုံက.....
တစ်ကြောင်းကို ပုတီးတစ်လုံးချနဲ့ ပုတီးတစ်ပတ်ပါ..ငါးကြောင်းမို့ ငါးပတ်ဖြစ်တဲ့ အခါ ဂါထာတစ်ပုဒ်လုံးကို ပုတီးတစ်ပတ် စိတ်မိလိုက်သလို တွက်စိတ်တာပါပဲ အဲ့ တော့ မြန်ပြီး ခါးမညောင်း အိပ်မငိုက်ဘူးပေါ့ လေ....
နောက်တစ်နည်းက ဂါထာကို မကြာခဏ အလွတ်ရွတ်တာပါ ခပ်သုတ်သုတ် ၉ ခေါက်ပါ...
နောက်တစ်နည်းက ဒီဂါထာကို ရွတ်ရမှာ ပျင်းတဲ့ အခါ ။ မေ့ နေတဲ့ အခါ ဂါထာကျက်ရမှာ ပျင်းတဲ့ သူတွေအတွက်ဆိုရင်
'''' သုဂတောသိဒ္ဓိ ''..'' သုဂတောသိဒ္ဓိ ''..'' သုဂတောသိဒ္ဓိ ''..ဆိုပြီး အရဟံကို ပုတီးစိတ်သလို စိတ်ပါတယ် ။ အဲ့ လို စိတ်လည်းဖြစ်တာပါပဲ စိတ်က ရွတ်နေလည်းဖြစ်တာပါပဲ..
နောက်တစ်နည်းက ဥုံ '' သုဂတောသိဒ္ဓိ ''....ဆိုပြီး ရေကို ၉ ခါ မန်းပြီး ကိုယ့် ဟာကိုယ် သောက်တာပါပဲ..( အနှောင့် တွေရှိပုံရတယ်လို့ မသင်္ကာရင် မန်းပြီးလက်နဲ့ တောက်တာ တိုက်တာတွေလုပ်ပါတယ်)
နောက်ဆုံးချုပ်ရရင် ဘာအကြွင်းနဲ့ မွေးပါစေ ဘာနေ့ သားဖြစ်ပါစေ မည်သူမဆို ရွတ်ဆိုပွားများတာ ရေလဲအမျိုးမျိုးနဲ့ သုံးလို့ ရတာချည်းပါပဲဗျာ.ဘုရားစာဟာ အဓိပ္ပါယ်သေခြာမသိပဲ လန့် ပြီး ရွတ်မိ ယောင်မိတာတောင် အလုပ်ဖြစ်ပါတယ်ဆိုတာ ဇာတကတွေမှာတွေ့ နိုင်တာပါပဲ..
ဒုတိယမ္ပိ ထပ်ချုပ်ရရင် ဂါထာတွေပုတီးစိတ်တွေမှာ အရပ်သားသဘော လောကီကြီးပွား စီးပွားသဘောတွေ အတွက်သာ ရည်ရွယ်တဲ့ အခါ မကြာခဏ လုပ်ဖြစ်နေတယ် ရွတ်ဖြစ်နေတယ် ဆိုရင် ဘ၀ခရီးအတွက်လုံလောက်ပြီလို့ ယူပါတယ်
ဒီတော့  ဒီလို လောကီစီးပွားသမားတွေ ဘ၀ထဲမှာကျင်လည်နေမယ့် သူတွေအတွက်ဆိုရင် အလုပ်မပျက် လူမှု့ မပျက် လုပ်လို့ ရတဲ့ ပေါ့ ပေါ့ ပါးပါးနည်းလေးတွေကိုသာ ရည်ညွှန်းပါတယ်..ကုသိုလ်တစ်ခုလုပ်ဖို့ ကို သောကတွေ စိတ်ဖိအားတွေ ထပ်ရနေတာမျိုး မကြိုက်ပါဘူး ကုသိုလ်တစ်ခုလုပ်ဖို အရေ့း စိတ်ညစ်မသွားစေချင်ပါဘူး...
.ဒိထက်ပိုတဲ့  ဆန္ဒမျိုးတွေဖြစ်တဲ ( ရုပ်ပစ္စည်းအပေါ်အခြေခံတဲ့ တန်ခိုးမဟုတ်ပဲ )စိတ်ပေါ်အခြေခံတဲ့  စိတ်တန်ခိုးတွေရချင်လို့  အိုက်ချလောင်းလုပ်ချင်လို့  ဆိုလာရင်တော့  သမာဓိဖြစ်လာဖို့ လိုပါမယ် သမာဓိဆိုတာ သီလအားပေါ်မှာ အခြေမခံပဲ မထူထောင်နိုင်ပါဘူး...''သီလ''သဘောတွေကို အရင်တည်ဆောက်ရပါလိမ့် မယ် တည်ဆောက်တဲ့  စနစ်တွေ တိကျလာရပါလိမ့် မယ်..ပေါ့ ပေါ့ ပါးပါးနဲ့ ရဖို့ မလွယ်တော့ ပါဘူး.အချိန်တွေဘ၀တွေပေးရပါလိမ့် မယ်ပေါ့ ဗျာ..။
ရုပ်ပစ္စည်းပေါ်အခြေခံတဲ့ တန်ခိုးဆိုတာ လူတွေ အများကြီးကို တစ်ကြိမ်ထဲနဲ့ လေထဲမှာ ပျံသန်းသွားနိုင်အောင် သယ်သွားပေးနိုင်တဲ့ ဂျမ်ဘိုဂျက် လေယာဉ်ပျံကြီးတွေဟာ ရုပ်ပစ္စည်းပေါ်အခြေခံတဲ့ တန်ခိုးလို့ ဆိုလိုတာပါပဲဗျာ...
နို့ ညှပ်အိမ်..

နို့ ညှပ်အိမ်..
--------
အဲ့ ကိစ္စက ဘယ်သူကစထွင်ခဲ့ မှန်းတော့ မသိဘူးဗျ...ကျနော်ကတော့ လောကီပညာတစ်ချို့ တို့ ဗေဒင်ယတြာတို့  သဘောက ယုံချင်ယုံမယုံချင်နေ သဘောပဲလို့ သတ်မှတ်ထားတယ်၊ ကိုယ့် အတွက်မယုံပေမယ့်  သူများကယုံချင်ယုံနေတတ်တာ...အဲ့ တော့ လာတုန်းလေး စိတ်ချမ်းသာဖို့  ယုတ္တိရှိရှိလေးတော့ ပြောပြီး ယတြာပေးတတ်တယ်...
တစ်အိမ်လုံးစာတွက်တာ လူကြီးတွေချည်း၅ယောက် နဲ့ လူငယ်တွေ အငယ်ဆုံးဆရာမ တောင် အသက် ၄၂ တဲ့ ။ တစ်အိမ်လုံးဘိုးဘွားရိပ်သာနဲ့ နလံထစခန်းတွဲထားသလိုပဲ..။ အဲ့ မှာ ဆရာမက အားလုံးပြီးမှ သူ့ အိမ်က နို့ ညှပ် လိုဖြစ်နေတာကြောင့် များလားလို့ ပြောလာတယ်...အဲ့ တော့  ကျနော်က ပြန်မေးရတယ် အခုအိမ်မှာနေတာ ဘယ်လောက်ကြာပြီလဲဆိုတော့  ၃ နှစ်လောက်ရှိပြီတဲ့ 
(မြောက်ဒဂုံမှာ)..ပြောင်းလာကာစက နို့ မညှပ်သေးဘူးတဲ့ ၊ နောက်တော့  ခေါင်းရင်အိမ်ကလူတွေက ကျမတို့ ခြေရင်းအိမ်ကိုဝယ်လိုက်လို့ နို့ ညှပ်လိုဖြစ်သွားတာ ပြီးတော့ အိမ်တွေမြှင့် ဆောက်လိုက်တော့ ကျမတို့ အိမ်ကပုကျန်ခဲ့ တယ်တဲ့ ဗျာ...
ဗေဒင်အချုပ်မဟာဘုတ်နိဒါန်း မဟာဘုတ်ပါရဂူ ဆရာကြီးဦးကြာမြင့် ရဲ့  န၀င်းစီးယတြာပညာမှ န၀င်းပွဲပုံစံ..
ဗေဒင်အချုပ်မဟာဘုတ်နိဒါန်း မဟာဘုတ်ပါရဂူ ဆရာကြီးဦးကြာမြင့် ရဲ့  န၀င်းစီးယတြာပညာမှ န၀င်းပွဲပုံစံ....
မူလက ဆန်ကောနဲ့ ပါ ခေတ်သဘောကြောင့်  စတီးလင်ဗန်းတွေ ကို သုံးလို့ မရဘူးလားလို့ မေးတော့  စဉ်းစားပေးပြီး သုံးစွဲခွင့် ပြုခဲ့ တာပါပဲဗျာ
န၀င်းပွဲရဲ့  ဆန်ပုံအလယ် ထိပ်မှာ လက်ဘက် ၉ပုံနဲ့  ကွမ်းယာ ၉ ယာ ထောင်ပြီ ရံထားတဲ့  ရေဖန်ခွက် ရှိပါတယ်...အဲ့ ဒီရေဖန်ခွက်ကို န၀င်းရေ လို့ ခေါ်ပါတယ် ပွဲထွန်းပြီးသွားရင် အဲ့ ရေဖန်ခွက်ထဲက န၀င်းရေဟာ ရေမန်းသဘောဖြစ်သွားပြီး အိမ်ရှင်းမြေရှင်း ကားရှင်း တွေ နေရာမသန့် တဲ့ နေရာတွေကို ရှင်းတာ အတိုက်တွေပယောဂတွေ ကိုရှင်းထုတ် တောက်ဖြန်းတိုက် စသဖြင့်  ဆေးဘက်ဝင် အစွမ်းထက်တဲ့  န၀င်းရေအဖြစ် အသုံးကျသလို န၀င်းပွဲထွန်းပြီးရင် န၀င်းပွဲက ဆီတွေဆန်တွေ ကွမ်းရွက်တွေလက်ဘက်တွေဟာ န၀င်းဓါတ်သက်ဝင် ပစ္စည်းတွေဖြစ်သွားပြီး ဆွမ်းချက်လှုတာအပါအ၀င် အမျိုးမျိုးအသုံးချလို့ ရသွားပါတယ်.

နော်တို့ ဟာမျိုးဟာနွယ်တွေရဲ့ နာရေး ရက်လည်အလှုလေးပါလေ.
.
နော်တို့ ဟာမျိုးဟာနွယ်တွေရဲ့ နာရေး ရက်လည်အလှုလေးပါလေ.
-------------------------------------------------------
နာရေး ရက်လည်ညဦးမှာ အမျိုးတွေစုံတော့  နာရေးက နာရေးနဲ့ မတူတော့ ဘူး ဆွမ်းသိမ်းပွဲ အောင်ပွဲခံ အလှုလုပ်နေသလိုမျိုးနဲ့ တူလာတယ်ဗျ....နာရေးဆိုတော့  မလွှဲမကင်းသာနဲ့ ဆုံတုန်းကြုံတုန်းလေးဆိုတော့  ရှေးဟောင်းနှောင်းဖြစ်တေ ပြောလိုက်ကြ ငယ်ကျိုးငယ်နာတွေ ဖေါ်လိုက်ကျနဲ့  တ၀ါးဝါး တဟားဟားပေါ့  အပျော်ဆိုပြီး အမျိုးတွေစုဖဲရိုက်ကြတာလည်း ကိုယ့် အမျိုးနဲ့ ကိုယတင် အိမ်ပြည့် လို့  ဘေးထိုးတောင် နေရာလုနေရတယ်...ဟီးးးအဲ့ ဒါ ညဦးပိုင်းပေါ့ လေ...
ဒီလိုနဲ့  ညမှောင်လာတော့  မနက်အတွက် မုန် ဟင်းခါးချက်ကြရောဗျား..
ဘုန်းကြီးကျောင်းကငှားလာတဲ့ ဒံပေါက်အိုးဆိုက်ကြီးနဲ့ ပေါ့  မုန့် ဖတ် အချိန်ရာချီဆန့် 
အိုးကြီးတွေပေါ့ ..အများကြီးချက်ရသလားဆိုတော့  အရပ်ကနဲနဲ အမျိုးတွတ်တီးပေးမှာနဲ့  အိမ်ချိုင့် ဆွဲမသွားမှာက အလှု့ မုန့် ဟင်းခါး တစ်ဝက်ကျိုးစာလောက်ရှိလို့ ပါ..အဟီးး..ကြိုက်တတ်ကြတာကိုး...ခိခိ...အဲ အဲ့ မုန့် ဟင်းခါးချက်တော့ မှ စောစောက တည့် ပြီးတ၀ါးဝါးတဟားဟားဖြစ်နေတဲ့ အမျိုးတွေ ပွစိတွေထိုးပြီး ရန်ဖြစ်ကြတော့ တာ.....
မဖြစ်ခံနိုင်ရိုးလား အမျိုးတွေက ဆရာ့  ဆရာကြီးတွေကြီးပဲ...ပဲကြိုနေတာ ကပ်မှာစိုးလို့ ဆိုပြီး လှော်တက်ကို လက်က မချတန်းမွှေးနေတဲ့ သူကို ဟဲ့  စွပ်မွှေမနေနဲ့  ပဲတွေ မပွခင် ကြေကုန်ရင် ဟင်းရည်ပျက်သွားမယ်လို့  သွားဆရာကျတော့ မွှေနေတဲ့ သူက လှော်တက်ကြီးစောင့် မွှေရင်း..လာဆရာမလုပ်နဲ့  ငါသိပါတယ်ဟ.ကြေမှာစိုးရင် လာမွှေလေလို့  ဘာညာနဲ့ ပွစိပြန်ထိုး ငှက်ပျော်အူ လှီးနေတဲ့ လူကို ဘယ်လိုလှီး ဆိုဒ်ကဘယ်လောက် လှီး လို့ သွားဆရာကျပြန်တော့  လှီးနေတဲ့ သူက မျက်စောင်းပြန်ထိုး မေတ္တာပြန်ပို့ ...ငံပြာရည်က ဘယ်ဆိုင်ကလဲ ဘယ်တံဆိပ်လဲ ပုပ်စော်နံနေလားမနံနေလား သေခြာ ရှုခဲ့ လားတို့  မုန့် ဖတ်မှာတာ သေခြာလား သခြာပစေနော် အချိန်မီပို့ ပါ့ မလားကတစ်မျိုး သွေးတိုးရှိလို့  အငံ ကြောက်သူက မငံစေနဲ့ နော်လို့ ပြောတုန်း. မုန့် ရေ နဲနဲ လေးပစဟေ့ ..ဒါမှ သံပြာရေ ညှစ်စားလို့  ကောင်တာ လို့ လှမ်း အမိန့် ပေးသူက ဖြတ်ပြော....ဟဲ့ ဟဲ့  မမွှေခင် ရေစိမ်းတွေဖြတ်မထည့် နဲ့ လေ မွှေနေတုန်းထည့်  ဗိုက်နာကုန်မယ်လို့ အမိန့်ဝင်ပေးတော့  ရေထည့် သူက ရေခွက်ကို ခွပ်ဆို စောင့် ချ...ပါးစပ်ကလည်း ဒီလောက်တတ်နေရင်လည်း ကိုယ့် ဟာကိုယ် လာချက်ပါလား...မုန့် ဟင်းခါးများ တစ်မျိုးလုံးချက်တတ်တယ် ဘာညာနဲ့ ပွစိပွစိ....
အဟားးးး..တစ်ယောက်နဲ့ တစ်ယောက် ဆရာကျနေတာ ခက်လှမ်းလှမ်းက နားစွင့် ပြီး ကျိတ်ရယ်နေရတာ......အဲ့  ညက နာရေးဆိုတာတောင် မေ့ သွားပြီး... ရယ်နေရတယ်...အဟဲ..အဲ့ ဒါ နော်တို့ ဟာမျိုးဟာနွယ်တွေရဲ့ နာရေး ရက်လည် အလှုလေးပါလေ.....ခ်ခ်

အမည်တွေ ခံစားချက်တွေ နဲ့ ကမ္ဘာ
အမည်တွေ ခံစားချက်တွေ နဲ့ ကမ္ဘာ
--------
ကျနော်တို့ နေခဲ့ တဲ့ စတိတ်က ဒေါင်းတောင်း၊ လသာမြို့ နယ်ကကျောင်းသားက ကျောင်းရဲ့ တစ်ဝက်နီးပါးရှိတယ်၊ ကျန်တာက မြို့ နယ်ကျော်လာတက်တာ၊ ပန်းပဲတန်းမြို့ နယ်ကလည်းပါတယ်ပေါ့ ။လသာအများစုဖြစ်လို့ ကျောင်းက တရုပ်ကျောင်းလို့ မခေါ်ယုံတမည်ပဲ၊ ဒါပေမယ့် ဘယ်တုန်းကမှ လူမျိုးနွယ်စုသဘောကြောင့်  ကျောင်းတွင်းရန်ပွဲကြီးတွေ မဆင်နွှဲခဲ့ ရဘူးဘူး..ကျောင်းထဲရောက်ရင်
အရောင်တွေအကုန်ပျောက်ပဲ.။တစ်ချို့ ရင်းနှီးချစ်ခင်လွန်းလို့  ချစ်စနိုးနဲ့  သူငယ်ချင်းကို ဟယောင်တရုပ်ကြီး လာကွာ ဒဗလျုဘောသွားကစားမယ်လို့  တစ်ခါတစ်လေခေါ်ခဲ့ ရင် တရုပ်ကြီးလို့ အခေါ်ခံရတဲ့ သူငယ်ချင်းကလည်း စိတ်မဆိုးတဲ့ အပြင်တဟဲဟဲနဲ့ ပါပဲ..ခေါ်တဲ့ လေသံနဲ့  ဟန်က ချစ်လို့ ခေါ်တာလား နှိမ်ခေါ်တာလား ရန်စခေါ်တာလား နှလုံးသားတွေက နားလည်နေကြတယ်...
'''ကိုယ့် စိတ်ကိုယ်စစ် ''
'
''ကိုယ့် စိတ်ကိုယ်စစ် ''
------------
စာစုံလျှောက်ဖတ်တော့  ဓမ္မစာပေတွေပါ ကျွဲကူးရေပါသဘော ဖတ်မိလာတာပေါ့ ..အဲ့ လိုဖတ်ရင်းက ဓမ္မစာပေတွေထဲမှာ ''ကိုယ့် စိတ်ကိုယ်စစ် ''ဆိုတဲ့  စကားလုံး အတွဲလေးကို ရလိုက်တယ် သိပ်သဘောကျသွားတာပေါ့  ကိုယ့် အတွက် အမာခံစာလုံးလေးလိုဖြစ်သွားတယ်..အဲ့ စာလုံးလေးရဲ့ ကျေးဇူးနဲ့  တစ်ခုခုဆို ကိုယ့် ဖီလင်ကို ကိုယ် အရင်ပြန်ပြန်ကြည့် မိတတ်တဲ့  အလေ့ အကျင့် လေးရလာတယ် ဒီတော့ တစ်ခုခု ကို ခံစားပြီဆိုရင် ကိုယ်ဘာလို့  ဒီစိတ်ဖြစ်လာသလဲကို
ပြန်ကြည့် တတ်သွားတယ်.အဲ့ ဒီကနေ နောက်တစ်ဆင့်  အပြင်ကမ္ဘာကလူတွေကရော သူတို့ စိတ်တွေက ဘာလို့ အဲ့ လိုတွေ ခံစားကြလဲဆိုတာကိုပါ ကြည့် မိလာတယ် အပြင်ရုပ်ထက် ရင်ထဲကိုဝင်ကြည့်  ကြည့် တာမျိုးဆိုပါတော့  ဒီလိုလိုက်လိုက်ကြည့်  ကြည့် တာ ဂိမ်းတစ်ခုလိုပါပဲ ပျော်စရာလေး တစ်မျိုးတောင်ဖြစ်နေတယ်..

Subscribe to:
Posts (Atom)