ခေါင်းဆေးမင်္ဂလာအလွယ်..
----------
မူလသဘောနဲ့  အသိများသဘောက နှစ်ဆန်းတစ်ရက်ကိုပဲ လုပ်တယ်...လုပ်တဲ့ အခါ တြိစတုကိုနင်းပြီး အညွန့် ကို တရော်ကင်းပွန်းစိမ်ပြီးခေါင်းစတိလျှော်တာ.. ကျက်သရေတိုးအောင်ပေါ့ ..ကျက်သရေမဲ့ တာတွေ ပပျောက်အောင်ပေါ့ ...ဥပမာ တနင်္ဂနွေဆို..ညာရွက်လှ ဘယ်ဇီး ကိုခြေမှာနင်း ကံ့ ကော် ကို တရော်နဲ့ စိမ် ပြီး ခေါင်းလျှော်တာ..နှစ်ဆန်း ၁ရက်နေ့  နေတက်ရေတက်မှာပေါ့ ..ပြီးရင် ကောင်းမှု့ တွေ ဆက်လုပ်ပေါ့ ...
ကျနော်တို့ က ဒါကို ချုပ်ချလိုက်တယ် အထက်ဆောင်ပန်း အောက်နင်းကြမ်းကိုပဲ ယူတော့ တယ်...ဆိုပါတော့  ကြာသာပတေး ဆို စွယ်တော်တွဲ လို့ ထားပါတော့ 
ဇော်စိမ်း ၈ ရွက်ကို တရော်နဲ့ စိမ်ထား ခြေဖ၀ါး ၂ဖက်မှာ ဒန်း (သို့ )ထန်း ၁၀ကို မျှနင်းထားပြီးခေါင်းလျှော်ပေါ့ .. (ဇော်စိမ်းကို တစ်ရွက်ချင်းဆယ်ပြီး သပ်ချတာ)
ပြီးရင် စွန့်  ရေဆက်ချိုး ပြီးရင်ကောင်းမှု့ တွေ ဆက်လုပ်ပေါ့ ...ဒါကို နှစ်ဆန်း ၁ရက်နေတက်ရေတက်မှာ လုပ်တယ်ပေါ့ ....
နောက်တော့  နှစ်ဆန်း ၁ရက်တင်မဟုတ်ဘူး လမရွေးလုပ်တယ် မွေးနေ့ မနက် ၉နာရီကနေ ၁၀နာရီခွဲကြားလုပ်တယ်..
နောက်တော့  ထပ်ချုပ်တယ် တရော်မထည့် တော့ ဘူး...ဆောင်ပန်း အညွန့်  ဇော်စိမ်းကို ရေစိမ်ချိုးတယ် ချိုးနေချိန် ချေဖျားမှာ ဒန်း တို့ ထန်းတို့ နင်းထားပြီးချိုးနေတယ်ပေါ့ ..ဒီနည်းက အညံ့ တွေ ဘူနေတာတွေ လာဘ်ပိတ်နေသလိုဖြစ်နေတာတွေ မိသားစု တိုက်ပွဲ အလုပ်ခွင် တိုက်ပွဲတွေကြားညပ် သလိုဖြစ်နေတာတွေမှာသုံးတယ် ထိရောက်တယ်....ဒါကို န၀င်းတစ်လုံး ကိုယ့် ဟာကိုယ် ရိုက်လိုက်တာလို့  ခေါ်တယ်...လုပ်ပါများရင် ကာဗာသိပ်ကောင်းလာတယ် ပိုသွားတယ်ရယ်လို့ မရိဘူး ဆိုက်အဖက်မရှိဘူး ဘေးကင်းတယ်...သန့် တယ် အရွက်လွယ်ရင် မခက်ခဲဘူး
မဟာဘုတ်မသိရင် နေ့ သားတွေရဲ့  အလယ်တွဲ အမြစ်အညွန့် မတွန့် စေရ အတွဲနဲ့  အမြစ်ခြေနင်း ဆောင်ပန်းရေစိမ်ချိုးတယ် ဥပမာ စနေဆို အုံး လက် ၆ ပိုင်း ရေစိမ် သီဟို ၆ရွက် (သို့ ) သီး ၆ညွန့် ကို နင်းရေချိုးတယ် နေ့သား က အခါတိုင် အပေါ်သုံးနေရာမှာရောက်နေချိန်ပေါ့ ...
ရေချိုးပြီး စွန့် ပစ်အရွက်တွေ ကောက်လွှင့် ပစ်ရင် သူများကို အကူအညီတောင်း ကောက်ခိုင်းတာကတစ်နည်း အဖေါ်မရှိလို့ ကွကိုယ် တစ်ပွေတည်းကျဲရပြီဆိုရင် ကိုယ့် အသားနဲ့ တိုက်ရိုက်မထိတော့ ပဲ ပလပ်စတစ်တို့ စက္ကူတို့ နဲ့ ညှပ်ကိုင်ပြီးအမှိုက်ပုံးထဲထည့် တယ်...
ပြီးတော့  ဒါဟာ အသက်အရွယ်မရွေး နေရာမရွေး လုပ်လို့ ရတဲ့ နည်းပဲ ...
'' ဗေဒင်အကြောင်းလေးတွေနဲ့  အတွေ့ အကြုံတွေ ရေးဖို့  ''တဲ''လေး တစ်ခုလောက်ပါပဲ ဒါထက် ပိုမရည်ရွယ်ပါဘူး ''...
Sunday, May 3, 2015
မဟာဘုတ်တွေ ပြောခဲ့ သမျှ
မဟာဘုတ်တွေ ပြောခဲ့ သမျှ ဆင်းရဲမယ် ချမ်းသာမယ်က ဘယ်လောက်ဆင်းရဲမယ် ဘယ်လောက်ချမ်းသာမယ် မပါပါဘူး..သူပြောနေတာက ဘ၀ကို တည်တည်ငြိမ်ငြိမ်နဲ့  ဘယ်လိုဖြတ်သန်းမလဲ ဆင်းရဲနဲအောင် ဒုက္ခနဲအောင် ဘယ်လိုဖြတ်သန်းမလဲကို ပြောနေတာပါပဲ...ဘာကြောင့်  ဓနချမ်းသာ ဆင်းရဲကို မပြောရသလဲဆိုရင်
ဆင်ရဲချမ်းသာသဘောက ဓမ္မ အတိုင်းပါပဲ ...ဒါန= ဓန သဘောပါပဲ..လူ့ ဘ၀တစ်ခုဖြစ်တည်မှု့ ဟာ .ပစ္စုတ်ပန်ကံ အားထုတ်မှု့  + သံသရာဘ၀ကပါလာတဲ့ ကံ= အနာဂတ်ကံ သဘောပါပဲ။ သံသရာဘ၀က ဒါန အကျိုးပေးချိန် ကျရောက်လာတဲ့ အချိန်ဆိုရင် ပစ္စုတ်ပန်ဘ၀မှာ ဘာမှ လုံ့ လ၀ီရယတွေ အားမထုတ်ရသေးပဲ မွေးကတည်းက စီးတော်မြင်းရော ခိုင်းစရာလူရော ရွှေအိုးကြီးလေးလုံးပါ အတူတူ ပေါ်ပေးလာတာမျိုး သဘောပါပဲ...အကျိုးပေးချိန်မရောက်သေးရင်တော့  ပစ္စုတ်ပန်ဘ၀ရဲ့  ကိုယ်အားထုတ်နေတဲ့ ကံဥာဏ်ဝီရိယကိုသာ အားကိုးနေရမှာပါပဲ ဒီဗေဒင်က ပစ္စုတ်ပန်ဘ၀နေနည်းသဘောတွေကို ဥာဏ်နဲ့ ဖေါ်ထုတ်ချဉ်းကပ်သွားပြတာပါပဲ ဒီသဘောကြောင့်  ဆင်းရဲချမ်းသာကိစ္စတွေ မပြောတာပါပဲဗျာ...

ဘာကြောင့် ယတြာ အရေးပါလာ..
ဘာကြောင့် ယတြာ အရေးပါလာ..
----------
ဆိုတော့  လူတစ်ယောက် ဘ၀တစ်ခုရဲ့ အတက်အကျတွေ အပျော်တွေ ကြေကွဲစရာတွေ ဟာ ဘာကြောင့် ဆိုတာကို ဒီလို မဟာဘုတ်တွေ မတွန့် စေရကြိုးတွဲတွေ နေ့နံခိုက်တွေ န၀င်းစိတ်ဓါတ်တွေ စသဖြင့် ပေါ့ လေ..လမ်းမျိုးစုံက ချဉ်းကထောက်ပြလို့  အရင်ထက် မသိရခင်ကထက် ရိပ်စားမိလာပြီဆိုပါတော့  ပြင်နိုင်သလားဆိုတော့ ..?...ကိုယ်တိုင်ကအစ မလွယ်လှပါပေါ့ ...ဒီတော့  တတ်နိုင်ဘူး တတ်နိုင်သမျှ ကာစရာရှိတာ ကြိုကာမှပဲ ဆိုပြီး ယတြာ အကူယူရတဲ့  သဘောဖြစ်လာတယ်ပေါ့ ..
သဘောက..သွေးတိုးရှိတယ် ဒံပေါက်လည်းတီးချင်တယ် ဒံပေါက်တီးရင် သွေးတိုးမယ်မှန်းလည်းသိတယ် ဒါပေမယ့်  အာသာကလည်းမစွန့် နိုင်သေးဘူး...ဒီတော့  သွေးကျဆေးအားကိုးပြီး ဒံပေါက်ကို အလွန်အကျွံမဟုတ်တောင် အာသာပြေတော့  ကောက်တီးလိုက်တော့ တဲ့ သဘောပေါ့ ဆေးသောက်ဖို့ မေ့ သွားရင် ဒါမှမဟုတ် ဆေးစွမ်းလစ်မစ်ထက် အိုဗာဖြစ်အောင် စားလိုက်ရင်တော့  သွေးတိုးတဲ့ ဒဏ်ခံရမှာပဲပေါ့ ...
ဒီလိုလောကီနည်းတွေ မသိရင်တော့  ( ဗေဒင်နည်း လောကီနည်း စုံတကာစိတွေ အတွင်းသဘောအထိ မသိတဲ့ ရာခိုင်နှုန်းက တကယ်ဆို ကျနော်ထင်ပါတယ် ဒီမှာ ၇၀ရာခိုင်နှုံး အထက်တော့  ရှိလောက် မယ်ထင်တယ်...) ကုသိုလ်ရေးသာ နင်းလုပ် များများသာလုပ်ထား အကျွတ်အလွတ် အပြီးမဖြစ်တောင် ပစ္စုတ်ပန်ဘ၀မှာ သံသရာဘ၀မှာ လောကဓံတရားဆိုးတွေကြုံလာရင် ခုသာခံသာရှိတာ ဂိတ်ဆုံးအဆိုးထိမဖြစ်တော့ တာတွေကလည်း လက်တွေ့ တွေပါပဲဗျာ( ဒါလည်း နိုးဗေဒင် နိုးယတြာ ရက်စ် ဘာသာရေး ရက်စ် ကုသိုလ်ရေး လုပ်နေတဲ့  လူတွေ အများကြီးကို ကြည့် ပြီး ကောင်းမှု့ လုပ်ရင် ကောင်းတယ် လို့  ဆိုတာပါပဲဗျာ)
အင်္ဂါသားအများစုဟာ တနင်္လာနံ ခိုက် တယ် ဒီတော့ ငွေစီးပွားလာဘ်နဲ့  ပတ်သက်လာရင် ပေသီး ဖြစ်ရင်ဖြစ် မဖြစ်ရင် နဂိုထက်ပိုရှိသယောင် ဟန်အကြွား ငရွှီးဘက်ရောက်ရောက်သွားလေ့ ရှိတယ်ပေသီးဖြစ်ရင် သူ့ ဗိုက်တောင် မသထာချင်တတ်သလို ဟန်အကြွားဘက်သွားရင် အတုံးက ကြီးပြချင်လို့ အမြင်ကပ်စရာဖြစ်လာတတ်တယ်...အမြဲ ပေသီးအမြဲ အကြွားတော့ လည်း မဟုတ်ပြန်ဘူး ဟိုဘက်ကူးလိုက် ဒီဘက်ကူးလိုက်ပဲ..လူလည် အင်္ဂါကတော့  တွက်ချက်ပေါင်းတယ် ပေးတတ်တယ်..ဆုတ်တတ်တက်တတ်တယ် ပူးတတ်ခွာတတ်တယ် အခြေအနေကြည့်  ဖေါလိုက်တတ်တယ်.ဒီလို အင်္ဂါတွေက ချမ်းသာလွယ်တယ် .အလည်လွန် အင်္ဂါကတော့  ချမ်းသာချင်ဇောကြောင့်  ခွင်အရိုက်လွန်ရင်း နောက်တော့  ငဘတ် ဆိုပြီး မြောင်းထဲရောက်သွားတတ်လို့  ဒါကိုတော့  အကြွားအလိမ်အရှူတ် အင်္ဂါလို့ ခေါ်တယ်...ဒီလိုတွေ သိလည်း အများသဘောကတော့  အကျင့် ကို မပြင်နိုင်လွယ်ပါဘူး..ဒီတော့  လာ န၀င်းထိုင်..ရော့  ခရေ ရွက်ထိုးထား..အဲ့ သက်ရောက် အဲ့ လစိတ်တွေဆို ငြိမ်ငြိမ်နေဟ. သိပ်ဇောင်းမထနဲ့  မြွေဖမ်းသွားမယ်...စသဖြင့် ပေါ့  ယတြာ တွေအမြဲ ကူနေရတော့ တယ်...
သဘောက နေ့ သားတစ်ယောက်ရဲ့  တိုင်စဉ်မှာ ခိုက် နေရာက စရုက်ဟာ အမြင်သားဆုံးပဲ ဒါကို ချက်လိုက်ရင် ဘယ်လိုပေါင်းရမလဲ အတော်မှန်းလို့ ရပြီသဘော.....
နောက်ဆုံးတော့  ရှောက်ထိမ်းနေရတာ မလွပ်လပ်ဖူး..စိတ်ကျဉ်းကျပ်တယ် ..သက်ရောက်လေး လစိတ်လေး ချက်ကင်လိုက်ပြီး လိုအပ်ရင် ယတြာလေဘာလေး ကောင်းမှု့ ကုသိုလ်လေး ကူထားတာပဲအေးပါတယ်လေ ဖြစ်သွားပါရောဗျာ.....

အခါတိုင်တွေ နမိတ်တွေနဲ့ တွေးဆချက်တွေ ကောက်ချက်တွေ...

-----
ကျနော်တို့ တွေ ပညာကိုလိုက်တဲ့ အခါ ပုံသေတွေကိုလိုက်ယူမိသလိုဖြစ်ခဲ့ တာက အချိန်တွေ အများကြီးကုန်သွားတယ်..ပြီးတော့  ဓမ္မနဲ့  မချိတ်ဆက်မိတော့  အကြောင်းကို မဖမ်းမိတဲ့ အပြင် တစ်ချို့ စာတွေဟာယုတ္တိမတန်ဘူးလို့ တောင်အမြင်တွေ ဖြစ်သွားတယ်...နောက်တော့  ကျနော်တို့ သုံးနေတဲ့ ပညာတွေအများစုဟာ ဓမ္မစာပေတွေထဲကနေ လောကီလူမှု့ အကျိုးစီးပွားအတွက် အဆီအငေါ်တည့် အောင်ဆွဲသုံးလာတာတွေ များတာကို သတိထားမိလာတယ်..
ကျနော်တို့ ဗေဒင်ကိုအဓိကသုံးနေတာဟာ လူတွေအတွက်ဖြစ်တယ်ဆိုတာကို ပြန်တွက်မိတဲ့ အချိန်မှာ ဆရာလုပ်သူမှာရော အတွက်ခံတဲ့ သူတွေမှာပါ ကံသတ္တိ ရှိနေတယ်ဆိုတာ သတိထားမိသလို လူတစ်ယောက်ဖြစ်လာဖို့ ဆိုတာ လူဖြစ်ထိုက်တဲ့ ကံ ရှိမှ လူဖြစ်လာတာဖြစ်ပြီး လူ ၂ယောက် တွေ့ ဆုံဖို့ ဆိုတာကလည်း တွေ့ ဆုံချိန်ကျရောက်လာတဲ့ ကံ ရှိလာမှတွေ့ ရတာဖြစ်တယ် တွေ့ ဆုံချိန်မကျသေးရင် ဘယ်လိုစီစဉ်ပစေ မတွေ့ ဆုံနိုင်ဘူး..ဒီသဘောကနေ လူတစ်ယောက်ကိုဗေဒင်ဟောတော့ မယ်ဆိုရင် သူနဲ့ ကိုယ်နဲ့ ကြားမှာ အများနဲ့ မဆိုင်ပဲ သူနဲ့ ကိုယ်နဲ့ သာဆိုင်တဲ့  ကံ သဘော ပညာထဲမှာပါနေတာ တွေ့ လာတယ်...
သဘောက စာတွေထဲက အဟောကို ပုံသေလိုက်မယူနဲ့  ဘေ့ စစ်ကိုယူ တွေးပုံကိုယူပါ ဒါမှ အသုံးချလို့ ရမယ်ပေါ့ ..ဆိုပါတော့ နန်းပြဿဒ်မှ လင်းတချီသွားလို့  ထမိန်သွားချိန်တာ အဟောဆရာက လင်းတ ဆိုတာ လင်တ သဘော ဗျင့် ဆီကို ကညာဆက်သူလာတော့ မယ်လို့ အဟောထုတ်ခဲ့ တဲ့  ဖြစ်ရပ်သဘောမှာ..
ဒီလို ဟောမိဖို့ အဟောဆရာတွေးမိတာဟာ သူမို့ တွေးမိတာဖြစ်တယ်၊ ဗျင့် အတွက်သာ သီးသန့် တွေးပေးမိတာဖြစ်တယ် မိဖုရားဖြစ်မယ့် သူအတွက်သာ တွေးပေး မိတာဖြစ်တယ်ပေါ့ ..ဒီတွေးဆချက်ကို အထောက်အကူပြုတာက မြန်မာသမိုင်းမှာ အဲ့ ဒီ့ အဖြစ်မျိုးအဲ့ ဒီတစ်ကြိမ်သာဖြစ်ခဲ့ တာဖတ်ရတယ် နောက်တစ်ခါ ဘယ်သူ့ ထမိန်မှ နန်းပြဿဒ်မှာတက်ချိတ်နေတာမျိုးမကြုံရမကြားရတော့ ဘူး...ဒါဆို ဒီအဟောထဲက ကျနော်တို့ ဘ၀ဖြတ်သန်းမှု့ အတွက် ဘာရလိုက်မလဲ...တော်လိုက်တာလို့ ချီးကျူးမိတာက လွဲလို့ ပေါ့ ...
တိုက်ရိုက်သာယူရခက်နေတာ အတွင်းသဘောက အဟောဆရာရယ် ဘုရင်ရယ် မိဖုရားလောင်းရဲ့ သုံးယောက်ကြားထဲမှာ တစ်ဦးနဲ့ တစ်ဦး သံသရာအကြောင်းအကျိုးဆက်နွယ်မှု့ တွေ ရှိနေတယ်ဆိုတာ မြင်လို့ ရလိုက်တယ်ပေါ့ ...ဒီလိုအချိန်မှာ ဒီလို ဟောဖြစ်ဖို့  ဒီလိုဟောမိဖို့ အဟောဆရာမှာလည်း ကံပါလာတယ် မိဖုရားလောင်းမှာလည်းမိဖုရားဖြစ်ဖို့ ကံသတ္တိကပေါ်လာပြီ အဲ့ အချိန်မှာ ထူးခြားဖြစ်စဉ်ဖြစ်နေလို့  ဘုရင်ကမေးခွန်းထုတ်မိလျက်သားဖြစ်နေပြီ အားလုံး ကွက်တိပဲ..နောက်ဆုံးတော့  အဟောဆရာ သမိုင်းတွင်ကျန်ခဲ့ တယ်ပေါ့ လေ..နောက်အဟောဆရာတစ်ယောက်ယောက်ကတော့  နောက်ထပ် ထမိန်တထည်ထည်များ ဘယ်ဘုရင့် အိမ်ခေါင်မိုးပေါ်.......
ဆိုလိုတာက တစ်ချို ကိစ္စတွေမှာ တိုင်ပညာကိုသုံးတယ် တစ်ချို့ ကိစ္စတွေမှာ နမိတ်သုံးတယ်ပေါ့ ...အဲ့ နမိတ်ကလည်း အများနဲ့ မဆိုင်ဘူး..အများနဲ့ မဆိုင်ဆိုတာ အများကကို ကိုယ်နဲ့ ဆိုင်တယ်လို့ ကို မထင်တာ မသိတာမျိုးပဲ....နမိတ်နဲ့ ဆိုင်တယ်ထင်တဲ့ အဟောဆရာက သူ့ ဟာသူ ဆိုင်တယ်လို့  သူ့ ကံကိုက တွေးဆမိပြီး ဒါဟာ ဘာအတွက် ဘာဖြစ်ရမယ် ဘာဖြစ်လိမ့် မယ်ဆိုတဲ့ အဟော နမိတ်အဖြစ် ယူသုံးလိုက်တော့ ဆရာ့ ကံသတ္တိအရ အလုပ်ဖြစ်သွားတာမျိုးသဘောပဲ..ကျနော်တို့ တွေက အဲ့ ထဲက ပုံစံကိုသာ ဖမ်းယူလိုက်လို့ ရတာမျိုးပဲ ဖြစ်ရပ်တစ်ခုလုံးကို ဒဲ့ ကြီး လိုက်ယူလို့  မရတတ်ဖူး...
ဟိုတစ်ခါက ကျနော်ရေးပြဖူးတယ် အိမ်ပြောင်းကိန်းရှိမရှိအမျိုးသမီးတစ်ယောက်က မေးလိုက်ချိန်မှာပဲ အိမ်ကကြောင်မဟာ သူ့ ကြောင်ပေါက်လေးကို ဂုတ်ကငုံခဲပြီးနေရာရွှေ့ သွားတာ လှမ်းမြင်ရလိုက်ချိန်မှာ ( အတွေးနဲ့ အဟောက အရမြန်တယ်) ဖြတ်ကနဲဆို ဒါဟာ အိမ်ပြောင်းကိန်းရှိမရှိမေးခွန်းရဲ့ အဖြေဆိုတာ ကျနော့် စိတ်ထဲချက်ချင်းရောက်လာတယ် ရှိတယ် ကြိမ်းသေပေါက်ပြောင်းရမှာလို့  တန်းဖြေလိုက်တယ်..အဲ့ အချိန်အထိ အခါတိုင်နဲ့ ဝင်မဆုံးဖြတ်သေးဘူး..အခါတိုင်ကြည့် ပြီးမှ တစ်လနှစ်လအတွင်းပဲ မကြာတော့ ဘူးလို့ ဖြေလိုက်တော့  မေးသူက ဟုတ်ကဲ့ ..ကန်ထရိုက်တွေပြောထားတာ နောက်လရွှေ့ ပေးရမယ်ဆိုလို့  မကြိမ်းသေမှာ
စိုးလို့ လို့ ပြန်ဖြေတယ်..။
ကြောင်မကြီးတွေ သူ့ သားပေါက်ကို ပါးစပ်နဲ့ ငုံပြီးနေရာရွှေ့ တတ်တာဟာထူးခြားဖြစ်စဉ်မဟုတ်ခဲ့ ဘူး ကြောင်လေးတွေမွေးလာတိုင် ပြုမူနေကျအပြုအမူတစ်ခုပဲ ပြီးတော့  အဲ့ လို ကြောင်မ သူ့  သားပေါက်ကို နေရာရွှေ့ နေတာ အဲ့ အမျိုးသမီးရယ် ကျနော်ရယ်ပဲမြင်နေတာမျိုးမဟုတ်ခဲ့ ဘူးအဖေါ်ပါလာသူ လူအုပ်ကြီးရော ကျနော်တို့ အိမ်သားတွေရော အကုန်မြင်နေတဲ့ မြင်ကွင်းပဲ့ .ကြောင်မ ကလေးမွေးတိုင်း နေရာခဏခဏရွှေ့ တတ်ခဲ့ ပေမယ့်  အဲဒီလို ကြောင်မ သူ့ ကြောင်လေးတွေကို နေရာရွှေ့ နေတုန်း အဲ့ အမျိုးသမီးရဲ့  အိမ်ပြောင်းကိန်းရှိမရှိ ဆိုတာ အမေးခံရတာမျိုး တစ်ခါမှမကြုံခဲ့ ရဘူး..နောက်ထပ် ကြောင်နေရာရွှေ့ သမျှတွေမှာလည်း အိမ်ပြောင်းကိန်းရှိ မရှိလာမေးတာမျိုးမတိုက်ဆိုင်တော့ ဘူး.....
သဘောက အမေးခံလိုက်ရတဲ့ မေးခွန်းနဲ့  ပြင်ပ လှုပ်ရှားမှု့ ဟာ ကွက်တိဖြစ်သွားသလို ကျနော့် လမိုင်းကိုက ဒါဟာ ဒါအတွက်အဖြေပဲလို အလိုလို တန်းသိလိုက်တာ.. ဒါကို မေးသူ အမေးခံရသူ ပြင်ပနမိတ် တွေဟာ ကံစပ်မှု့ တွေ (၀ါ) ပဌာန်းဆက်သဘောတွေရှိနေတယ်ဆိုတာ ရိပ်မိလို့ ရလာတယ်..ဒါမျိုး ဖြတ်ကနဲဖြစ်ပြတာမျိုးတွေ ခဏခဏကြုံခဲ့ ရတယ်.
.ပြီးတော့ ထူးခြားဖြစ်စဉ်တိုင်းပဲဖြစ်စေ...မြင်သမျှအရာတွေဟာ နမိတ်ဖြစ်တယ် မဖြစ်ဖူးဆိုတာ ပုံသေမပြောနိုင်ဘူးသူ့ အလိုလို ခံစားမိ သိမိ ဆုံးဖြတ်သွားမိသွားတာမျိုးပဲ...ဒါမျိုးသဘောတရားကို သင်ရခက်တယ် ပညာအပေါ်မှာ အာရုံနစ်နေတဲ့ စိတ်လမိုင်းနဲ့  ဆိုင်မယ်လို့ ဆိုနိုင်တယ်...
သဘောက ဘုရားပန်းအို ကျမကွဲပဲ အိမ်သားတွေ သေနေတာလည်းရှိတယ် ဘုရားပန်းအိုးကျကွဲပေမယ့်  ဘယ်သူမှ မသေပြပဲ တံမျက်စီးခပ်ကျုံးသူသာ ခြေထောက်ဖန်ကွဲစစူးမိတာမျိုးတွေလည်းရှိတယ်ပေါ့  ဖန်ခွက်ကျကွဲတိုင်း နမိတ်ဖြစ်ချင်မှဖြစ်မယ်ပေါ့ သေခြာတာက ဘုရားပန်းအိုးတစ်လုံး အစားထိုးဖို့  အသစ်ဝယ်ရတော့ မယ်ပေါ့ လေ...ဟဲဟဲ
ကျမ္မာရေးအတွက် ခင်းအိပ်တဲ့  နည်းပညာ
ကျမ္မာရေးအတွက် ခင်းအိပ်တဲ့  နည်းပညာ
--------------
ကျမ္မာရေး မကောင်းရင် အိပ်ယာခင်းအောက်မှာ ဖျာအောက်မှာ ခေါင်းရင်းကနေ ကျောပြင်နားအထိက မတွန့် စေရ အရွက်တွေ ဖြန့် ခင်းအိပ်တာဟာ တော်တော်ကောင်းတဲ့ နည်းပါပဲဗျာ...အရေအတွက်တောင် တိကျစရာမလိုသလောက် အချိန်အခါတွေပါကြည့် နေစရာမလိုသလောက်ပါပဲ...
အရွက်နွမ်းရင် အသစ်လဲတယ်ပေါ့ ..ယတြာဆိုတာထက် အပြင်ဓါတ်ဆေးပညာသဘောဘက်တောင် နွယ်တယ်လို့ ဆိုလို့ ရလောက်တယ်...
တင်ပါးလောက်နေ ခြေဖျားအထိ ဖြန့် ခင်းတာကတော့  တြိစတု အရွက် အတွဲရရ အခွဲရရပါ...
ဥပမာ တနင်္ဂနွေသားသမီးကို စံနမူနာပြရရင် ခေါင်းဖျားကနေ ကျောပြင်အထိ အပေါ်မှာ ဖြန့် ခင်းအိပ်စေတာက မရမ်းရွက်တွေပေါ့ ...တင်ပါးကနေ ခြေဖျား အထိက ဇီဇ၀ါ ရွက်တွေ ဒါမှာမဟုတ် ဇော်စိမ်းနဲ့ ရွက်လှတွေပေါ့ ...
အဲ့ မှာ အရွက်အညွန့် တွေ အဖျားလှည့် ပုံက အပေါ်က အညွန့် က ခေါင်းရင်းဖက်လှည့် ပြီး အောက်ပိုင်းအညွန့် အဖျားက ခြေရင်းဖက်လှည့် ထားတယ်ပေါ့ ...
နာတာရှည်လိုဖြစ်လာရင်တို့  အသက်ရလာတဲ့ လူကြီးအရွယ်တွေ ရေရှည်ကုယူရမယ့် ရောဂါမျိုးတွေ ခွဲစိတ်ကုသချိန်တွေ ဆီးချို သွေးချို သွေးတိုးတွေ တက်နေချိန်တွေ အသည်းရောင်အသားဝါဖြစ်နေချိန် တီဘီရောဂါကုနေချိန်တွေ အရက်နာကျနေလို့ ဆေးကုနေချိန်တွေ မှာ အများဆုံးသုံးတယ် ဆေးဝါးကုသမှု့ ကို အထောက်အကူအများကြီး ပေးသလို နလံထတာမြန်တယ်..လွယ်လွယ်နဲ့ မသေလွယ်တော့ ဘူး .နောက်တော့ ကောင်းမှန်းသိတော့  နဲနဲ နေမကောင်းတာနဲ့  တြိစတုမထည့် တောင် မတွန့် စေရ အ့ညွန့် ကို ခေါင်းအုံးအောက်ထားအိပ်စေတော့ တာပါပဲ....ဘာနေ့ သားသမီးလဲ ဆိုတာလေးတစ်ခု ပဲ သိရင်လုံလောက်ပြီပေါ့  အသက်ပိုင်းတောင်မလိုဘူး
အဲ့ ဒါကြောင့်  မဟာဘုတ် ဓါတ်ကြီး ၄ ပါး ဓါတ်အရှင် အရွက်အညွန့် အစစ်တွေမရတဲ့ အခါ (ပညတ်သွားရာဓါတ်သက်ပါ ဆိုတဲ့ စာဆိုအတိုင်း) ရုပ်ပညတ်အားကို ယူပြီး တနင်္ဂနွေသားသမီး ဆို မရမ်းမရရင် ပုလဲလုံးလေးတွေ ပုဝါနဲ့ ထုပ် ခေါင်းအုံးအောက်ထားအိပ်တို့ ...။ ဗုဒ္ဒဟူးဆို ဆပ်ပြာတုံးသေးသေးလေးကို ၈ ပိုင်းပိုင်း ပလတ်စတစ်နဲ့ ထုပ် ခေါင်းအုံးအောက်ထားအိပ်ပါတို့ ...ပြည်ပရောက်တွေ အတွက် အဓိကပေးလို့ ရလာတာ....ရုပ်ပညတ်သဘောက အစစ်မရနိုင်လွန်းတဲ့ အခါမှာ အဓိကထားသုံးတယ်...ဓါတ်အစစ်ကိုတော့  အရင်ကြိုးစားကြည့် တယ်ပေါ့ လေ....
(ပညတ်သွားရာဓါတ်သက်ပါ ဆိုတဲ့ စာဆိုအတိုင်း) ဆိုတဲ့  သဘောမှာ တကယ် ဓါတ်သေပညတ်ကို ဓါတ်ရှင်ပညတ်အဖြစ် ဓါတ်သက်ဝင်သွားဖို့ မှာ ဆရာမှာ ဆရာဂုဏ်မြောက်တဲ့  ယုံကြည်ခံရမှု့  မကောင်းတာတွေ မလုပ်ဖူး သူများဒုက္ခရောက်အောင်မလုပ်ဖူးဆိုတဲ့  ကောင်းတဲ့ သီလ ကောင်းသွားစေချင်တဲ့ စိတ်ကောင်းစေတနာ စိတ်က လေးနက်နေမှု့  ကိုယ့် ကိုယ်ကိုယ် ယုံကြည်မှု့  စတဲ့  သြဇာဂုဏ်အားတွေ အနဲအများတော့ လိုမယ်...

လက်ဝှေ့ ထိုးခြင်းအနုပညာ...( လူ၂ယောက် သတ်ကြတာကို အနုပညာတဲ့  ကြံကြံဖန်ဖန် အဟိ..ခိခိ)

---------------------
အမှန်က အမှတ်ပေးပွဲဆိုတာ အဆိုပြိုင်ပွဲလို သဘောတရားပါပဲ...အဆိုပြိုင်ပွဲမှာ ကိုယ်ကသာ သူ့ အသံကို နားထောင်ကောင်းလိုက်တာ ဆိုပြီး ကြိုက်နေတာ ဒိုင်လုပ်တဲ့  သူတွေကတော့  အဆိုရှင်အသံဟာ နားထောင်ကောင်းယုံလောက်နဲ့ တင်မလုံလောက်ပဲ အဖြတ်အတောက် အပီအသ အနိမ့် အမြင့် အ၀င်အထွက် အဆွဲအငင်တွေ နရီစည်းဝါးတွေနဲ့  ကိုက်မကိုက်ပါကြည့် တော့  ကိုယ်ကြိုက်တဲ့ သူက ပြိုင်ပွဲက ပြုတ်သွားသလိုမျိုးနဲ့ တူပါရဲ့ နော်
အဲ ပရိပ်သတ်အကြိုက်ဆု ဆိုရင်တော့  ဟို ပုတက်ဗလကြီး ရလောက်မှာပေါ့ ..ခွိခွိ..
အဲ့ မှာ ပြဿနာတရပ်က ဒိုင်က အနိုင်ပေးတဲ့ သူကို ပရိပ်သတ်က မကြိုက်ဘူးဆိုရင် ပညာရှင်က စည်းမျဉ်းနဲ့ အညီ အမှတ်ပေးတာမို့  မကြိုက်တဲ့ ပရိပ်သတ်က ပညာမတတ်တဲ့ စည်းမဲ့ ကမ်းမဲ့  နတုံးတွေလိုလို....ပရိပ်သတ်က အကြိုက်ဆု ရတဲ့ သူက နပိန်းကြိုက်လောက်ပဲ အဆင့် ရှိသလိုလို...ခိခိ.သြော် ပရိပ်သတ်ကြီးခမျာ....ကိုယ်လည်း မခိုင်းရပါပဲနဲ့  ကိုယ်လည်း တပြားမှမရတဲ့ အပြင် ယားမိရင် ပိုက်ဆံတောင်ကိုယ့် ဟာကိုယ် အိပ်စိုက်ကုန်ရဖို့ ရှိတဲ့  သူတို့ ဟာ သူတို့ ပြိုင်ပွဲ လုပ်တာကို ကြည့် မိတဲ့  ပရိပ်သတ်က အိမ်မှာနေရင်းထိုင်းရင်းကနေ နတုံးဖြစ်ရမယ့် ပုံ.....အဟီးးးးး...
Saturday, May 2, 2015
ဘာယတြာမှ လုပ်ဖို့ အခွင့် အရေးမရတဲ့ အခါ....

-------------------------
ဒီနည်းက ကျနော်ကိုယ်တိုင် ကျင့် သုံးခဲ့ ကျင့် သုံးဆဲနည်းပါပဲဗျာ...စာတွေထဲက မဟုတ်ပဲ ကိုယ့် အတွေ့ အကြုံအပေါ်ကနေ စဉ်းစားပြီး လုပ်မိခဲ့ တာပါပဲ..အထူးသဖြင့်  ရုတ်တရက် မတော်တဆမှု့ တစ်ခုခုနဲ့  သေမှာစိုးမိတာကစတာပါပဲ ၊ အရင်က ပွဲရုံ အသွားအပြန်တိုင်းကို စက်ဘီး နင်းသွားရပါတယ်..အသွားရော အပြန်ပါ ကားကို ကျောပေးနင်းရတာ ဖြစ်ပြီး နာရီဝက်နီးပါး နင်းရတာပါ..ခါတိုင်းတော့  တောင်တွေးမြောက်တွေးနင်းတာပါ
နောက်တော့  တွေးမိတာက ပေါက်ကရတွေးနင်းတုန်း နောက်ကနေ ကားဝင်တိုက်ရင်တော့  အပယ်ကို တန်းနေမှာပဲလို့ တွေးမိရာကနေ ဒီနည်းကို စဉ်းစားမိတာပါပဲဗျာ..ကောင်းတာတွေးတုန်း နောက်က ကားဝင်အောင်းလို့  ဂန့် သွားရင်တောင် ကောင်းရာလားရလောက်မယ်ပေါ့ လေ..
'''အသက်ရှုရင်''ဗုဒ္ဓေါ ''လို့  စိတ်က မှတ်လိုက်ပါတယ်...ထွက်သက်ကို ''အရဟံ'' လို့  မှတ်လိုက်တာပါ... အတော် ရိုးစင်းပါတယ် အတွေးက ဘုရားဂုဏ်တော် ၂ ပါးကိုထွက်သက် ၀င်သက်မှာ ထည့် မှတ်ပြီး စက်ဘီးနင်းသွားတော့ တာပါပဲ....'''
ပထမဆုံးအကျိုးက ဝေးလှတဲ့ ပွဲရုံကို ရောက်လို့ ရောက်မှန်းမသိ ရောက်သွားတာ..နောက်လနဲနဲ ရလာတော့  စိတ်ကထင်တာ ဖြစ်လာတာ စိတ်ကလိုချင်လိုက်မိတာတွေဟာ မထင်ထားပဲ ရရလာတတ်တွေ ဖြစ်လာသလို ဘေးအန္တရာယ်တွေနဲ့ အကြောက်စိတ်တွေ လျော့ သွားတာပါပဲ
နောက်တော့  အိပ်ခါနီးရင် အဲ့ လိုလေး ဗုဒ္ဓေါ အရဟံ လို့ မှတ်အိပ်တာ....( ဒါကလဲ အိပ်နေတုန်း ငလျင်ကြီးလှုပ်လို့ တိုက်ပြိုသွားရင်...လို့ တွေးပြီးမှတ်အိပ်တော့ တာပါပဲ) နောက်တော့ ရေးချိုးရင်ပါ အဲ့ လိုမှတ်ချိုးလုက်တာပါပဲ...ဒီတော့  ကြာတော့ ဒီလို လုပ်လာတဲ့  အပြုအမူကြောင့်  ကိုယ်ဟာ မကောင်းတာတွေ ဖြစ်မှာ မဟုတ်ပါဘူးလု့် ဆိုတဲ့ ကိုယ့် ကိုယ်ကို ယုံကြည်မှု့ တွေပိုရှိလာသလို အတိုက်သဘောတွေကိုလည်း မကြောက်တော့ ပါဘူး..ဘေးတွေလည်း သ်ပ်မတွေ့ ရတော့ သလို ၀င်ငွေပါမှန်လာပါတယ် ပြဿနာတွေလည်းသိပ်မကြုံရတော့ ပါဘူး..
ဒါဟာ တကူးတက ပုတီးထိုင်စိတ်နေရတာမျိုးတွေ ဂါထာရှည်တွေ ရွတ်နေရတာမျိုးတွေ အရွက်အညွန့် တွေထိုးနေရတာမျိုးတွေ အဓိဌာန်တွေ ၀င်နေရတာမျိုးတွေမပါတော့ ပဲ ယုံကြည်မှု့ ကနေ စိတ်သတ္တိ ကို ဖြစ်လာစေတဲ့  စားစားသောက်သောက် သွားသွားလာလာ လုပ်လုပ်ကိုင်ကိုင် အလုပ်မပျက် အစားမပျက်ပဲ နဲ့  လုပ်သွားလို့ ရတဲ့  လွတ်လပ်ပေါ့ ပါးတဲ့  ဂုဏ်တော် ၂ပါးကို သာသာယာယာလေး လူမသိသူမသိ ကြုံသလို ရသလောက် အချိန်လေးအတွင်း အာရုံပြုသွားတဲ့ နည်းပါပဲဗျာ...
ထူးခြားမှု့ တွေကတော့ များပါတယ်..ပြီးတော့  ဘာအတွက်ညာအတွက်မဟုတ်ပဲ အတွေးမကောင်းတုန်း သေရင်အပယ်ကျမှာ စိုးလို့ လုပ်မိတဲ့  နည်းသာဖြစ်လို့  လူလည်းလွတ်လပ်ပါတယ်...လွပ်လပ်တယ်ဆိုတာ သတိရတုန်း တစ်လုံးမှတ်မှတ် မှတ်လ်ုက်တာ နဲ့ မေ့ ချင်မေ့ နေလည်း ကိစ္စမရှိပေါ့ လေ လုပ်မိတာများလာရင်တော့  စိတ်တောင့် တမိရင်ရလွယ်တာမျိုးတွေ ရလာတာမျိုး သိပ်မကြာတတ်ပဲ ဖြစ်လာပါလိမ့် မယ်
ဒါကို တစ်ချို့ က ဗုဒ္ဓါ နုဿတိ သဘောလို့  ဆိုကြပေမယ့်  ကျနော်ကတော့  ခေါင်းစဉ်မတပ်ပါဘူး ကုသိုလ်စိတ်ကို ရတတ်သလောက် အသက်ရှုတိုင်းမှာ သတိရရင်ရတဲ့ အချိန်လေးမှာ ပေါ့ ပေါ့ ပါးပါး ထည့် သွားပေးလိုက်တာပါပဲဗျာ...

ဖအေတနင်္ဂနွေသား ကလေးတနင်္ဂနွေသားနဲ့  ကလေးကို အန္တရာယ်ဖြစ်စေနိုင်သောကိစ္စများ

------------------------
ဘွားအေက မြေးလေးအတွက် လာတာပါ ဖအေမအေက ရုံးသမားတွေမို့  တဲ့  သူတို့  မိသားစု တစ်လှေကြီးရဲ့ အတိုင်ပင်ခံလိုဖြစ်နေတဲ့ ဘွပါ) (ကလေးက တစ်နှစ်သားလေ ၄ကြွင်းတနင်္ဂနွေသား အဓိပတိဘွား...၅လပိုင်း ၂၀၁၄ ၊၊ အခု ပြီးခဲ့ တဲ့ ဧပြီလထဲမှာ ခြေဖျားတွေပေါ်ရေနွေးပူလောင်တယ်. .နေမကောင်းဖြစ်တယ် အော့ အံတယ်...ဘာများဖြစ်သလဲမသိတဲ့ ..ခမဲတွေ ဘာတွေ ပြောလာတယ်...ကလေးက ရှမ်းဗမာစပ်လေး စိုင်း...ကလေးရေနွေးပူလောင်ပုံက တွန်းလှည်း ထဲထားတာပါတဲ့  ခြေနဲ့ ယက်ပြီးဆော့ သွားရင်းက ကြမ်းပြင်မှာ ထောင်ထားတဲ့ ဓါတ်ဗူးတိုက် သူ့ ခြေဖျားလေးတွေပေါ်လဲတာတဲ့ 
့.
..( ဓမ္မရှု့ ထောင့် ကကြည့် ရင် သံသရာကြောင်းကပါလာတဲ့  သဘောကြောင့်  အပူလောင်ချင်လို့ ကို ဖြစ်ပုံရတယ် စတီးဓါတ်ဗူးက အဖုံးအရစ်အဆင့် ဆင့် နဲ့ သေခြာ ရစ်ပိတ်ထားရင်.လဲယုံနဲ့ အဖုံးပွင့် ခဲတယ် ဒီနေရာမှာ ဒီမဟာဘုတ် အယူအဆမှာ ၄ ကြွင်း တွေဟာ စနေ မရဏ ရဲ့  ဂုဏ်သဘောကြောင့်  အရေပြား အမာရွတ်လို သဘော အပူလောင်လို့ အမာရွတ်စွဲကျန်တာမျိုး ဘော်ဒီမှာ ဖုံးဖိရခက်တဲ့ နေရာမှာ ဒဏ်ရာတစ်ခုခု ရလွယ်တယ် လူကချောရင် ဖြောင့် ရင် ပိုရလွယ်တယ်...အကြောင်းက စနေမရဏက ဂုဏ်ကို လိုက်လိုက်ဖျက်နေတတ်တာကြောင့် ပဲ...) ( ဒီရှမ်းဗမာစပ်လေးဟာ မအေဗမာမလေးကလည်း ရုပ်ဖြောင့် လို့  ချောတဲ့ ကလေးကို့ ဝိုင်းချီးမွမ်းခန်းတွေ ထုတ်ဖူးလားလို့  ထောက်လိုက်တော့ အဟုတ်ပဲ ကလေးလေးကို လူတွေက ချောတယ်ချည်းဝိုင်းမွှမ်းနေကြတာ..တဲ ..အင်းး.ဟုတ်...ချီးမွမ်းလွန်းရင် ချီးပမ်းဖြစ်တတ်တယ်လို့ တော့ ပြောကြသား...)...
Friday, May 1, 2015
'' မဏ္ဍိုင်တစ်ယောက်ပါ ''
မဏ္ဍိုင်တစ်ယောက်ပါ
-----
မင်းကိုယ်မင်း လျှော့ မတွက်လိုက်ပါနဲ့ 
ဒီကမ္ဘာကြီးမှာ မင်းကိုယ်တိုင်ကိုက မဏ္ဍိုင်တစ်ယောက်ပါ
ဒီကမ္ဘာကြီး ရဲ့ ပျော်ရွှင်ခြင်း ကြေကွဲခြင်းတွေကို
မင်း တစ်ယောက် လိုက်ခံစားသိရှိနေမိနေတာဟာ
ဒီကမ္ဘာကြီးမှာ မင်းရှိနေလို့  မင်းသိနေတာပါ
မင်းမရှိတော့ ရင် ဒီကမ္ဘာကြီး ဘာတွေဖြစ်ကျန်ခဲ့ လဲဆိုတာလဲ မင်းမသိနိုင်တော့ သလို
မင်းရဲ့ နောင်ဘ၀အကြောင်း ရှိခဲ့ ရင်လည်း ဒီကမ္ဘာကြီးက မသိတော့ ပါဘူး
မင်းရဲ့ နောင်ဘ၀အကြောင်း ဒီကမ္ဘာကြီးက သိပါတယ်ဆိုရင်လည်း
မင်းအတွက် အရေးမပါတော့ ပါဘူး....
မင်းကိုယ်မင်း လျှော့ မတွက်လိုက်ပါနဲ့ 
ဒီကမ္ဘာကြီးမှာ မင်းကိုယ်တိုင်ကိုက မဏ္ဍိုင်တစ်ယောက်ပါ....
Subscribe to:
Posts (Atom)