'' ဗေဒင်အကြောင်းလေးတွေနဲ့  အတွေ့ အကြုံတွေ ရေးဖို့  ''တဲ''လေး တစ်ခုလောက်ပါပဲ ဒါထက် ပိုမရည်ရွယ်ပါဘူး ''...
Sunday, September 24, 2017
ဆောင်းဦးပေါက်လျင်...
ဆောင်းဦးပေါက်လျင်...
-------
မကြာခင် မိုးကုန်လို့  ဆောင်းဦးရာသီ ရောက်တော့ မယ်ပေါ့ လေ ၊ ဆောင်းနဲ့  ပတ်သက်လာရင် သတိရစရာတွေ အများကြီးပေါ့  ၊ အဲ့ လို သတိရစရာတွေ အများကြီးထဲမှာ ကျနော့် အမေနဲ့  ကျနော်နဲ့  သားအမိ နှစ်ယောက်သား ကုန်ကြွေးသိမ်း ခရီးတွေ ထွက်ခဲ့ ရတာကိုလည်း သတိတရ ဖြစ်မိတတ်တယ်...။ ကျနော်က သားကြီး သြရသဖြစ်နေ အရွယ်လည်း ရောက်နေတော့  အမေက အထူး အားကိုးပုံရပါတယ် ၊ အမေ့ ခရီးစဉ် အတော်များများမှာ ကျနော်က အမေ့ သားကြီး အဖြစ်နဲ့  အမြဲလိုလို လိုက်ပါနေရတာမျိုးပေါ့  ၊ အဲ့  ဒါကြောင့် လဲ နောက်တော့  ကျနော် အသိ တစ်ခု ရလာတဲ့  အရွယ်ရောက်လာတဲ့ အခါ အမေ့ ရဲ့  သားအပေါ် မျှော်လင့် ချက်တွေ အားကိုးချက်တွေ ယုံကြည်ချက်တွေ သားကို အရွယ်ရောက်လူအဖြစ် လူရာသွင်း ဂုဏ်တင်လိုမှု့ တွေ ကို ကျနော် ခံစားမိလာပြီး...ကျနော့် ဘ၀ခရီးမှာ အမေဟာ ကျနော့် စာတွေထဲ မကြာခဏ ပါလာ ရေးဖွဲ့ မိနေတတ်တဲ့  သဘောဖြစ်လာပုံရပါတယ် ။
------------------
အမေနဲ့ အတူတူ သွားခဲ့ ရတဲ့  ဆောင်းဦးပေါက် ရာသီ ကုန်ကြွေးသိမ်း ခရီးစဉ်တွေမှာ အမှတ်ရစရာတွေ အများကြီးထဲက အမှတ်တရ ခရီးစဉ်တစ်ခုကတော့  ပြည် အောင်လံ သရက် ခရီးစဉ်ပါပဲ ၊ အဲ့ တုန်းက အဲ့ လို ခရီးစဉ်တွေဟာ ရန်ကုန် ကီလီလမ်း ကားဂိတ်ကနေ ညကားတွေ စီးထွက်ရပါတယ် အစောဆုံးက ည၈နာရီကားပေါ့  နောက်အကျဆုံးကားက ည၁၀နာရီ ပေါ့ လေ..။ အဲ့ လို အဝေးပြေးကားတွေ စီးသွားရင် ပြည်ကိုကျော်လို့  အောင်လံကို မနက် ဝေလီဝေလင်း ၅နာရီလောက်မှာ ရောက်လေ့ ရှိပါတယ် ၊
----------
အညာဖက်ရောက်လာလေလေ ဆောင်းအအေးဟာ နေ့ ပူလို့  ညချမ်း သဘောပိုဆောင်လာပြီး ညသန်းခေါင်ကျော် ကားနားစခန်းမှာ အညောင်းပြေ ခဏမတ်တတ် ဆင်းရပ်နေရင်းကကို တစ်ကိုယ်လုံး တုန်တက်လာအောင် ချမ်းလာတတ်ပြီး ရပ်နေရင်းကကို လူဟာ ဘေးတိုက်လေး ရွေ့ သွားတတ်တဲ့  အထိ ချမ်လွန်းတတ်ပါတယ် ၊
----------------------
အောင်လံမှာ ကုန်ကြွေး သိမ်းစရာတွေ ရှိနေပေမယ့်  သရက်ဖက်က ကုန်ကြွေးကို အရင်သိမ်းဖို့  သရက်ဈေးဖွင့် ချိန်အမှီ အောင်လံ သရက် ကူးတဲ့  ကူတို့ မော်တော်ကြီးနဲ့  အရင် ကူးရပါတယ် ၊ ကူတို့ မော်တော်ကြီးရဲ့  ပထမခေါက်က မနက် ၆ နာရီမှာ အောင်လံကနေ သရက် စကူးတယ်ပေါ့ လေ.. လမ်းကြာချိန်ဟာ ရေစုန် ဖြစ်လို့  နာရီဝက် လေးဆယ့် ငါးမီးနစ်လောက်ပဲကြာတတ်ပါတယ် ၊
--------
အမေဟာ အောက်ခံ ယုန်မွှေးဆွယ်တာဝတ်ထားတာမျိုးအပြင် ခြုံပုဝါတွေ ပတ်ခြုံထားလို့ ပေါ့  ၊ ကျနော်က ဂျင်းဂျာကင်လေးနဲ့  မာဖလာ အပါးလေးနဲ့ ပေါ့  ..၊
------
မိုးအကုန် ဆောင်ဦးးမနက်ခင်းတွေရဲ့  ဧရာဝတီ မြစ်ရေပြင်ဟာ မြူလိုလို နှင်းလိုလို နဲ့ ရေခိုးလေလား နှင်းမြူလား ခွဲခြားရ ခက်လောက်အောင် မပီဝိုးတ၀ါး ဆန်လှသလို မြစ်ရေပြင်ကို ဖြတ်သန်းတိုးဝှေ့ လာတဲ့  ဆောင်းလေအေးတွေဟာ သွားတွေ တဂတ်ဂတ် ရိုက်လာအောင် အအေးဓာတ် ပိုတတ်ပါတယ် ၊ ရန်ကုန် အနေကြာသူတွေဟာ အဲ့ လို အေးလွန်း ပူလွန်းတဲ့  သဘောတွေကို ကြုံနေမကျလို့  သိပ်အေးတာပဲလို့  ခံစားမိပေါ့ လေ ၊
---------
အေးလို့  ကိုယ်ကို ကြုံ့ ပြီးပြီး မော်တော်ပေါ်လိုက်နေရပေမယ့်  ရှေ့  ၀ါး နှစ်ပြန် သုံးပြန်လောက်တောင် သဲသဲကွဲကွဲ မမြင်ရလောက်အောင် နှင်းမြူတွေ ကျနေတဲ့  ဧရာဝတီ မြစ်ပြင်ကျယ်ကြီးရဲ့ မြစ်လယ်ဘေးက သဲသောင်ခုံတွေဟာ နေ အပြူ အလင်း မပေါက်တစ်ပေါက်မှာ သိပ်ကို လှနေတာပါပဲလားလို့ လည်း ခံစားမိပေါ့လေ.. ချမ်းနေတဲ့ ကြားကပေါ့  ။ (တကယ် အေးပြီဆိုတော့  ကျနော် ၀တ်ထားတဲ့  ဂျင်းဂျာကင်က သူ့ အသားကကို ကျနော့် ကို ပြန်အေးလာတာမျိုးပဲ )
------
အဲ့ မှာ အမေရယ်ပေါ့ ....ကျနော် သွားချင်းရိုက်ပြီး ချမ်းနေတာကို သတိထားမိသွားလို့  သူ့ ခြုံပုဝါလေးကို ကျနော့် ကိုလှမ်းပေးပြီး....''ရော့  သား ခြုံထားလိုက် အမေ ရတယ် မချမ်းဘူး '' တဲ့ ...အမေ့ ရယ် ကျနော့် ကို သနားပြီး.....ပြုံးပြီးတော့ လေ....။၊
-------
အမေဟာ ကျနော့် ကို ''သား ''လို့  ကျနော့် ကို တဲ့ တဲ့ ခေါ်ခဲပါတယ် ၊ အမည်တတ်ပြီး မောင်သီဟလို့ သာ အများအားဖြင့်  ခေါ်ခဲ့ သူမျိုးပေါ့  သူများတွေနဲ့ ဆို ကျမသားကြီးက ဘာညာပေါ့ လေ ...၊ အမေ့ ရဲ့  မခေါ်စဘူး အခေါ်ထူး... ''သား ''လို့  ခေါ်လိုက်ခံ ရတဲ့ အခါတိုင်းမှာ အမေဟာ ကျနော့် ကို ပုံမှန်ထက် ကရုဏာ ဖြစ်နေပြီလို့  ကျနော် သတိထားမိခဲ့ ပေါ့ ...
----------------
ဆောင်းဦးပေါက်ရင် အလွမ်းစိတ်တွေ ဖြစ်ဖြစ်လာတတ်သမျှ ...အလွမ်းသင့် သူတွေ ကို လွမ်းမိတတ်သမျှတွေထဲ အမေ နဲ့  အတူတူ သားအမိနှစ်ယောက်ထဲ သွားခဲ့ ရတဲ့  အညာခရီးစဉ်တွေကိုလည်း လွမ်းမိတတ်ပါရဲ့ လေ..။
Friday, July 28, 2017
တစ်ခါက ပြည်မြို့ ခေတ္တရာမြို့ သစ်လေးမှာ .( သိင်္ဂါရအလွမ်း)
တစ်ခါက ပြည်မြို့ ခေတ္တရာမြို့ သစ်လေးမှာ .( သိင်္ဂါရအလွမ်း)
----------
နွေကျောင်းပိတ်ရက်တွေမှာ ပြည်မှာ အဖွားနဲ့ သွားသွားနေတုန်းကပေါ့ ၊ အတော်တော့ ကြာခဲ့ ပါပြီ ၊ အဖွားက ပြည် ခေတ္တရာမြို့ သစ်ဈေးလေးမှာ မနက်ပိုင်းမုန့် ဟင်းခါးဆိုင်လေးထွက်တယ် အဖိုးက ဆိုင်းထမ်းကြီးနဲ့  ပန်းကန်ခွက်ယောက်တွေ မုန့် ဟင်းရည်အိုးတွေ ထမ်းပြီးလိုက်ပို့ ရတယ် အဖွားက ဗျပ်ဘန်းတောင်းကြီးခေါင်းပေါ်ရွက်ပြီး အဲ့ ထဲမှာ မုန့် ဖတ်တွေ ဆီချက်ခွက် အကြော်စုံတွေထွေလီကာလီစုံနဖာစိတွေ ပေါ့  အဖွားအိမ်က မြို့ သစ် အတွင်းပိုင်းထဲမှာဆိုတော့  မနီးမဝေးလေးပေါ့ လေ၊ မနက်ပိုင်းရောင်းပြီး ထမင်းစားချိန်လောက်ဆို ပြန်လာတယ် ၊ ပြန်လာရင် မြေးတွေအတွက် စိန်ပန်းသုပ်တို့  အမဲသားလုံးကြော်တို့  အကြော်စုံလေးတွေ တို့ ဟူးကြော်လေးတွေ ၀ယ်လာလေ့ ရှိတယ် ၊
ဈေးသိမ်းပြန်လာပေမယ့်  အိမ်မှာ တစ်နေကုန်ပြန်နားနေတာမျိုး မဟုတ်ပဲ နေ့ လည် တစ်နာရီကျော်လောက်ဆို မြို့ သစ်ထဲ မုန့် ဟင်းခါး ဟင်းရေတွေ မုန့် ဖတ်တွေနဲ့ ခေါင်းပေါ် တောင်းတင်ပြီး လည်ရောင်းပြန်ရောဗျာ အဲ့ မှာတော့ တစ်ကိုယ်တော်မို့ လို့  ခေါင်းတစ်ရွက်စာ နဲနဲပေါ့ လေ ၊ အဲ့ လို ခေါင်းပေါ်ရွက် လည်ရောင်းတော့ လည်း ကုန်တာပါပဲ ၊ အာပေးကြသူ အတော်များတယ်ကိုးလေ ၊ ကျနော်တို့ လည်း တစ်ခါတစ်လေ ဈေးထဲလိုက်သွားတတ်ပေမယ့်  နေ့ လည်ဖက်ကိုတော့  ပူလို့  ပေးမလိုက်ပါဘူး အဲ့ တုန်းက မြို့ သစ်လမ်းတွေအတော်များများက သဲထုတွေက ခြေရုန်းရခက်လောက်အောင်များတယ်လေ မြေးတွေကို သဲပူမိမှာစိုးလို့ ပေါ့ လေ ၊
နေနဲနဲစောင်းတော့ ပြန်ရောက်လာပြီး ခဏနား ဟိုလုပ်ဒီလုပ်နဲ့  ဆုံလည်နဲ့  မုန့် ကြိတ်ရပြန်ရော အဲ့ မှာတော့  အဖိုးတို့  ဦးလေးတို့ က ၀င်ကူဝိုင်းကြိတ်ကြတယ် ( အဖိုးက မြို့ ထဲမှာ အလုပ်သွားလုပ်ရပြီး ဦးလေးက စက်ချုပ်တယ် ) ကြိတ်ပြီးရင် ညှပ်ခေါက်ဆွဲဖတ်တွေ ကိုယ်တိုင်ထိုင်လုပ်ရပြန်ရော အဖွားလုပ်တဲ့ ညှပ်ခေါက်ဆွဲဖတ်က အသားထူပြီး လတ်ဆတ်လို့ လူကြိုက်များတယ် ထမင်းနဲနဲထပ်ဖြည့် လိုက်ရင် ဗိုက်လည်းဝတယ်ပေါ့ လေ ၊ ၊
အဖိုးအဖွားတွေက စစ်ပြေးရင်း ပြည်ရောက်လာသူတွေဖြစ်ပြီး သူတို့  မူလဇာတိရွာက ရေကြည်အသုပ် ငါးသိုင်းချောင်းနယ်ထဲက အတော်ခေါင်တဲ့ ရွာလေးကဖြစ်ပြီး ဧရာဝတီမြစ်ဝကျွန်းပေါ်သူတွေပေါ့ လေ အဲ့ တော့  ဧရာဝတီမြစ်ဝကျွန်းပေါ်သားတွေရဲ့ လက်ရာစတိုင်အတိုင်း ငါးများများနဲ့  မုန့် ဟင်းခါးချက်ရောင်းတာမျိုးပေါ့  ...အဲ့ မှာ တစ်နှစ်တစ်လေတွေမှာ နွေဦးပေါက်ရင် ပြည်မှာ ၀မ်းပျက် ၀မ်းလျှောရောဂါတွေ ဖြစ်လေ့ ရှိခဲ့ တယ် ၊ အဲ့ လို ဖြစ်လာရင် မုန့် ဟင်းခါး လက်သုပ်စုံတွေ မရောင်းရဆိုပြီး အစိုးရက ပိတ်ရော ၊ အဲ့ တော့  မနက်ပိုင်းဆိုင်မထွက်ရတာ နှစ်ပတ်သုံးပတ်လောက်ကြာတတ်တယ် ၊
ဒါပေမယ့်  အဖွားတို့ အိမ်ကို မုန့် ဟင်းခါးရောင်းတဲ့ အိမ်မှန်း အရပ်က သိနေကြလို့  အိမ်အထိလာလာဝယ်ကြတယ် ၊ အဲ့ တော့  မနက်ပိုင်းဆိုင်မထွက်ရပေမယ့်  မနက်စောစော အိမ်မှာတင် မုန့် ဟင်းခါးချက်ရောင်းနေရသေးတယ်ပေါ့ လေ ၊ အဲ့ လို ရောင်းတဲ့ အခါမှာ မုန့် ဟင်းခါးဖတ်တွေတော့  မပါတော့ ပဲ ကိုယ်တိုင်လုပ် ညှပ်ခေါက်ဆွဲဖတ်နဲ့ ချည်းရောင်းရတော့ တာမျိုး ဒါလည်း ကုန်တာပါပဲ ၊ အဲ့ လိုအချိန်မျိုးကြမှ နေ့ လည်ပိုင်း ခေါင်းပေါ်ရွက်ပြီး အရပ်ထဲ မုန့် ဟင်းခါးလည်ရောင်းတာလေး အဖွားခမျာ နားရတော့ တယ် ၊
အဲ့ လောက် အဖိုးရော အဖွားပါ အလုပ်အရမ်းလုပ်ခဲ့ ရပြီး အဲ့ အဖိုးရဲ့ ပွဲရုံဆင်းလို့ ရတဲ့ ငွေလေးရယ် အဖွားရဲ့  မုန့် ဟင်းခါးကို ၂ ချိန်ရောင်းလို့ ရတဲ့  ငွေလေးတွေ ခြစ်ခြစ်ချုပ်ချုပ် စုပြီး အိမ်ဝိုင်းလေး တစ်ခု ၀ယ်ခဲ့ တာမျိုးပေါ့ လေ..၊ မုန့် ဟင်းခါးရောင်းတဲ့ အိမ်ဖြစ်တော့  ဗိုက်ဆာရင် ထွေလီကာလီတွေ စားစရာမလိုပဲ အဖွား မုန့် ဟင်းခါးပဲ ဆွဲတီးပစ်လိုက်တော့ တာပါပဲ ဘေးအပိုငွေ မကုန်တော့ ဘူးပေါ့ လေ ၊ အဖိုးအဖွားတွေ ကွယ်လွန်လို့  ဦးလေးရော အမေပါ ရန်ကုန်အထိုင်တွေ ဖြစ်လာတော့  အဲ့ အိမ်ဝိုင်းကို အမွေတွေခွဲ ပြန်ရောင်းစားမလုပ်ကြပဲ အဖေတို့ အမေတို့  ဦးလေးတို့ တွေ တိုင်ပင်ပြီး အရပ်ထဲက ဆွမ်းလောင်း ဓမ္မာရုံကို သာသနာရေးကိစ္စတွေမှာ သုံးဖို့  ရေစက်ချ လှုလိုက်ကြတယ် ၊
အဲ့ မှာ ၂ ဆင့် လုပ်ရတာက အဲ့ အရပ်ထဲက ဆွမ်းလောင်းဓမ္မာရုံကို အပြီးလှုတော့  ဓမ္မာရုံလူကြီးတွေက တိုင်ပင်လာတာက အဲ့ အိမ်ကို ရောင်းပြီး ရတဲ့ ငွေကို အစိုးရဘဏ်မှာအပ်ပြီး တစ်နှစ်တစ်နှစ်ရတဲ့ ဘဏ်တိုးငွေနဲ့  ၀ါတွင်းသုံးလပတ်လုံး ဆွမ်းလောင်း ရံပုံငွေလုပ်ရင်ကောင်းမယ်ပေါ့ လေ ၊ အဲ့ အကြံကောင်းတယ်လို့ အားလုံးက သဘောလည်းတူရော တစ်ထိုင်ထဲပဲ ၀ယ်လက်က သူလည်း ကုသိုလ်ပါပါရစေဆိုပြီးအဲ့ အချိန်က ကာလပေါက်ဈေးထက် ဈေးပိုပေးဝယ်သွားပါရောဗျာ.. အဲ့ မှာ ဆရာတော်သမတော်တွေ ပင့်ပြီး အဲ့ ငွေထုပ်ကြီး ရှေ့ ချ ရေစက်တွေချပေါ့ လေ...
အဲ့ အချိန် ကျနော်က မိဘတွေနဲ့ အစအဆုံးလိုပါနေခဲ့ ပြီး အဲ့ အိမ်ကို မရောင်းခင် ကျနော်က တစ်ယောက်ထဲ အိမ်စောင့် သွားလုပ်နေခဲ့ ရသေးတယ် အဲ့ မှာ ရယ်စရာလေးတစ်ခု ပြောရရင် အဲ့ အချိန်က မြို့ သစ်က အတော်ခေါင်သေးတယ် လူခြေလည်းမစိတ်လှသေးဘူး လျပ်စစ်မီးကလည်း အားနဲလို့  အိမ်အတော်များများက ရေနံဆီမီးခွက်တွေ အောက်လင်းဓါတ်မီးတွေသာ အသုံးများကြသေးတယ် လမ်းမီးတိုင်ဆိုလည်း ခရမ်းချဉ်သီးလောက် လင်းတာမျိုးပေါ့  အဲ့ တော့ မြို့ သစ်က ညညဆို အမှောင်ထုများတယ်ပေါ့ လေ လူသံသူသံကလည်း တိတ်တယ် ၊ လမ်းသွားရင် ကြယ်အလင်းရောင် လအလင်းရောင်နဲ့  တုတ်မီးဆိုကြတဲ့  လက်နှိပ်ဓါတ်မီးကြီးတွေသာ ဆောင်သွားရတယ် ၊ အဲ့ လို ဆိုတော့  အဖိုးအဖွားတို့ အိမ်မှာ ညစောင့်  တစ်ယောက်ထဲ အိပ်ရတော့  တွေးတွေးပြီး သရဲကြောက်တာပေါ့ လေ ၊
ဒါပေမယ့်  ဟန်ကိုယ့် ဖို့ လုပ်ပြီး အိပ်ခါနီးရင် အနားမှာ လေးခွတွေရော တုတ်ဓားရှည်တွေရော ၀ါးစိမ်းတုတ်ရှည်လေးရောချပြီး ခြင်ထောင်ထောင်အိပ်ရတယ် ဘုရားစာတွေလည်း စိတ်ထဲကရွတ်ပေါ့ လေ ၊ တစ်ခါတစ်ခါတော့  လမ်းမကနေ တွံတေးသိန်းတန်သီချင်းတွေ အရပ်ထဲက ကာလသားတွေ အသံပြဲကြီနဲ့ အော်ဆိုသွားရင် အားတွေဘာတွေရှိလို့ ပေါ အဲ့ အချိန် အိမ်လွမ်းချက်က ဘယ်လို လွမ်းမှန်းမသိဘူး အဲ့ လို လွမ်းနေတုန်း ပြည်ရထားဝင်လာတဲ့  ရထားခုတ်သံ ဥသြဆွဲသံ ကို ညည လူခြေတိတ်ချိန်မှာ အဖွားတို့ အိမ်ကနေ ကြားလိုက်ရတဲ့ အခါ မျက်ရည်တွေဆိုတာ စီးကျလာတော့ တာပါပဲ ချက်ချင်းပဲ အိမ်ကိုပြန်ပြေးချင်စိတ်တွေ ပေါက်လာတော့ တာပါပဲ ဦးအိမ်သတရပေါ့ လေ...
တစ်ခါတစ်ခါတော့ လည်း အဲ့ လို ရှေးဟောင်းနှောင်းဖြစ်လေးတွေ နှစ်ဖက် အဖိုးအဖွားတွေနဲ့ ပတ်သက်ခဲ့ တဲ့ အဖြစ်လေးတွေ ပြန်သတိရတဲ့ အခါ သိင်္ဂါရ အလွမ်းလေးတွေ ရင်ထဲ ဖြစ်တည်လာသလိုပါပဲ ..မြေးတွေအပေါ် ချစ်ချစ်ခင်ခင် ကြင်ကြင်နာနာ ရှိလှတဲ့  နှစ်ဖက် အဖိုးအဖွားတွေ သက်ရှိထင်ရှားတုန်းလေး..ဆုံဆည်းနေထိုင်ခွင့် ရလိုက်တဲ့  မြေး အဖြစ်ကလည်း ကံတစ်မျိုးထူးတာပါပဲလို့ လည်း တွေးမိတာပါပဲ ..
Tuesday, June 13, 2017
တစ်ခါက ငယ်ဘ၀မှာ..၊ ( ၂) ( ၃) ( နာရေး ) ၊ လူသေပုပ်နံ့ )
တစ်ခါက ငယ်ဘ၀မှာ..၊ ( ၂) ( ၃) ( နာရေး ) ၊ လူသေပုပ်နံ့ )
----------------
ကြံတောသုဿန်ကြီးကို မရွှေ့ ခင်ပေါ့  ၊ အဲ့ အချိန်မှာ ကြံတောနဲ့ မျက်နှာချင်းဆိုင် အခြမ်းမှာ ဝေဠုဝန်ရပ်ကွက်ကြီးဆိုတာ ရှိခဲ့ တယ် ၊ အခြေခံတွေ ခေါင်းရွက်ဗျက်ထိုးတွေ ဈေးသည်တွေစက်ရုံလုပ်သားတွေအများစုဖြစ်ပြီး လူစုံစရိုက်စုံပေါ့ လေ ၊ အဲ့ ဝေဠုဝန်ရပ်ကွက်ကြီးနဲ့  ကြံတောက နာနတ်တောလမ်းမပဲခြားပြီး ကြံတောက အထွက်ပေါက်နားက မျက်နှာချင်းဆိုင်မှာတော့  အသုဘကားအပှားလိုက်တဲ့ ဆိုင်တွေ အခေါင်းတွေရောင်းတဲ့ ဆိုင်တွေရှိခဲ့ တယ် ၊ ဝေဠုဝန်ရပ်ကွက်ကြီးရဲ့ကြံတောသုဿန်ဖက်မျက်နှာမူထားတဲ့  မျက်နှာစာတန်းပေါ့ လေ
အဲ့ ရပ်ကွက်ကြီးထဲမှာ ကျနော်တို့ အမျိုးအိမ်ရှိသလို အဲ့ အိမ်မှာ ကျနော်တို့ မိသားစုတွေ ခဏ သွားနေခဲ့ ရဘူးသေးတယ် အဲ့ အိမ်ပေါ်မှာပဲ ညီတစ်ယောက် သူငယ်နာနဲ့ မိုးတွင်းကြီး ဂိသွားခဲ့ လို့ ကြံတောထဲ အရပ်ကြေးနောင်ဆိုင်းဝိုင်းလေးနဲ့ နေ့ ချင်းချခဲ့ ရသေးတယ် ဓနချို့ တဲ့ နေချိန် ငါးခြောက် တစ်ခြမ်း အမြှောင်း နှစ်မြှောင်းကို သားအမိသားအဖ ၅ယောက်စာ ညမနက် ၂ နပ်စာရအောင် စားနေရတဲ့ ကာလတွေပေါ့ ၊ နောက်တော့ အဲ့ ရပ်ကွက်ကြီးကနေ နောက်နေရာတစ်ခု ထပ်ရွှေ့ လာခဲ့ တယ်ပေါ့ လေ ၊ ဒါပေမယ့်  ကျနော်ကတော့ အဲ့ ဝေဠုဝန်ရပ်ကွက်ကြီးထဲက အမျိုး ကြီးဒေါ်ကြီးတွေအိမ်မှာ ကျောင်းပိတ်ရက်တွေဆို ညသွားသွားအိပ် တစ်နေကုန်ကစားပေါ့  အဲ့ မှာက ကျနော်နဲ့ ရွယ်တူ အစ်ကိုတစ်ဝမ်းကွဲ (အမှန်က အမျိုးစပ်ရင် ဦးလေးပေါ့ လေ) ရှိတော့  ကစားဖေါ်ပေါ့ လေ၊
Wednesday, March 29, 2017
''ငွေလမင်းကို နမ်းတဲ့ ည''
''ငွေလမင်းကို နမ်းတဲ့ ည''
----------
အနုပညာစိတ်ရှိနေသူတွေ ရဲ့  စိတ်နှလုံးဝိဥာဉ်ဟာ သိပ်ကို ခံစားလွယ်တတ်ပြီး စိတ်နူးညံ့ လှတဲ့  သဘောလည်း ရှိတတ်တဲ့ အကြောင်း မြင်လိုက်ရတဲ့ ကဗျာတစ်ပုဒ်ပေါ့ လေ ၊
ကဗျာလေးက ချစ်စရာလည်းကောင်း ကြည်နူးစရာလည်း ကောင်းတယ် အက်ဆေးဆရာရဲ့  စာအတော် အများများဟာ ကဗျာ့ ခံစားမှု့ အကြောင်းလေးတွေ ပါနေတာ ၊
အနုပညာနယ်ပယ်ထဲက သူ အမှတ်တရ ဖြစ်ကျန်ခဲ့ သူတွေ စာတစ်ပုဒ် ပေတစ်ဖွဲ့  ရေးသား မှတ်တမ်းတင်ခဲ့ တာတွေဟာ အတော် စိတ်ဝင်စားစရာလည်း ကောင်းပါတယ်.၊
အခုကဗျာကလည်း ဆရာမောင်ခိုင်မာရဲ့  ချစ်ဖွယ် လွမ်းဖွယ်တွေနဲ့  ရသမျိုးစုံပေးတဲ့ ကဗျာတစ်ပုဒ်ပါပဲ ၊ ဒါကိုလည်း အက်ဆေးဆရာက ကဗျာတစ်ပိုဒ် စာတစ်ဖွဲ့ နဲ့ ကဗျာစာရသတွေကို
စိမ့် ဝင်ခံစားပြီး အက်ဆေးတစ်ပုဒ် အဖြစ်စာဖွဲ့ ခဲ့ ပြန်ပါတယ်..ကဗျာလေးက သိပ်ကို လှပါလွန်းတယ် လင်နဲ့ မယား ချစ်ခြင်းမေတ္တာ သဘောတွေ ကွင်းကနဲ ပေါ်လွင်လှသလို
ကဗျာရှင်ရဲ့ စိတ်သဘောတွေကိုလည်း ဖြတ်ကနဲမြင်လိုရတာမျိုးပေါ့ 
အထူးသဖြင့်  ကျနော်တို့ ကို စဆွဲခေါ်ယူသွားတဲ့  အစပျိုး ကဗျာ့ အပိုဒ်ထဲက ''အပျိုတော် နတ်ချင်းက ''
'' ညနေ ညနေ စည်တယ်လေ စည်တည်လေ '' ဆိုတဲ့  စာသား နတ်ဒိုးသံ စာသားလေးဟာ ရိုးရာဂီတကို သဘောကျ ချစ်တတ်သူတွေအတွက် လွှတ်သဘောကျသွားတဲ့ စာသားမျိုးလေးပေါ့ ဗျာ..
။.
.(ဒီကဗျာကို ၁၉၈၆ သြဂုတ်လထုတ် မဟေသီမဂ္ဂဇင်းမှာ ဖေါ်ပြခဲ့ ပြီး ၁၉၉၀မှာ ကဗျာစာအုပ်ထုတ်တော့ ဒီကဗျာခေါင်းစီးနဲ့ ပဲ ထုတ်ခဲ့ တယ်လို့  အက်ဆေးဆရာက ဆိုပါတယ်ဗျာ )
''ငွေလမင်းကို နမ်းတဲ့ ည''
-----------
ကျွန်ုပ် အိမ်မပြန်မီ
အပုပ်ချိန်ကို ကြံစည်မိ
ပုဂံပြည်အကြောင်း တွေးရင်း
ရှေးသီချင်း ဆိုမည်ပြင်တော့ 
ခင်ရေ
ညနေ ညနေ
စည်တယ်လေ စည်တယ်လေ..တဲ့ 
ရီဝေေ၀ ပါးစပ်ဒိုးနဲ့ 
နတ်ကိုးသံ မိုးပျံနေ။
အပူနာ မဟူရာညမှာ
သူရာကို ပူဇာစမိတော့ 
ဟာသလေး တရွှင်ရွှင်
အာလယဆေး တငင်ငင်
ဟေ့ ...မာနသွေး ယှဉ်ချင်ယှဉ်
မြင်မြင်ရာ အကုန်သောက်
မှတ်ပုံတင်ပျောက် ဘောလ်ပင်ပျောက်
ပိုက်ဆံပျောက် မျက်မှန်ပျောက်
ခေါက်ထီးပျောက် မီးခြစ်ပျောက်
ဟိုဆိုင်ရောက် ဒီဆိုင်ဝင်နဲ့ 
ဂန္တ၀င် အူရစ်တို့ 
ဘက်တူချစ်ဆွေ။
တစ်ညခင်း
လမင်းကို အဖေါ်ပြုခိုက်
ပျော်မှု့ တွေ အကုန်ပြေ
ထွေခဲ့ တာ အကုန်ပျက်
မိုးသက်လေ တဟဲဟဲ မိုးစက်ရေ တရွှဲရွှဲ
လျပ်စီးတွေ တရဲရဲ ဓာတ်မီးတွေ မသဲကွဲ
သရဲကြောက်တတ်တဲ့ မောင်ဟာ
မြို့ လယ်ကောင် သူရာတန်းက
ရွာမအိမ် အပြန်လမ်းမှာ
ကျောချမ်းလို့  ရင်ခုန်နေ
ခင်ရေ ..ခင်ရေ
ခင်ရေ တံခါးဖွင့် ..။
''မောင်..
သန်းခေါင်ကျော်ပြီလေတဲ့  '''
မှောင်ထွေထွေ မျက်နှာထားနဲ့ 
တံခါးပေါက်မှာ
ခါးထောက်ကာ ခင်လာရပ်လေမှ
မြင်တတ်သူ ကဗျာဆရာရဲ့ 
အလင်္ကာ ချိုချိုနုပါဘိ
အို....ပျိုနုဆဲ ငွေလမင်းပါလားလို့ 
တံခါးအကွယ် တစ်ညသာမှာလ
ခင့်  ပါးပြင် အသာနမ်းတော့ 
(အဟမ်း) ကြာပန်းတွေ..ပွင့် ..။
---------------
'''အို....ပျိုနုဆဲ ငွေလမင်းပါလားလို့ 
တံခါးအကွယ် တစ်ညသာမှာလ
ခင့်  ပါးပြင် အသာနမ်းတော့ 
(အဟမ်း) ကြာပန်းတွေ..ပွင့် ..တဲ့ ..''.....သိပ်လှတဲ့  အဖွဲ့ လေးပါပဲဗျာ...။
--------
( မောင်ရင့် မာ (ကျောင်းကုန်း) ရဲ့  လရောင်ရွာတဲ့ ရွာ )
'' ကျေးလက်က ချစ်ပုံပြင်..''
'' ကျေးလက်က ချစ်ပုံပြင်..''
--------------------
အက်ဆေးဆရာက သူ နှစ်သက်တဲ့ ကဗျာရှည်ကြီး တစ်ပုဒ်ကို အက်ဆေးတစ်ပုဒ်အဖြစ် ကဗျာတစ်ပုဒ် ခံစားမှု့ စာတစ်ပုဒ်အဖြစ် တစ်ပိုဒ်ပြီး တစ်ပိုဒ် ပုံဖေါ် ဖွင့် ဆို ခံစားသွားပါတယ်..၊ အဲ့ ကဗျာလက်ရာရှင်က ကဗျာဆရာ ပုသိမ်အေးကျော်လို့ ဆိုပါတယ် ၊
ဒီကဗျာရှည်ကြီးဟာ လွန်ခဲ့ တဲ့ အနှစ် ၂၀ကျော်ကျော် ( ဆရာမကြီး ဒေါ်ခင်ဆွေဦး ပဲ့ ကိုင်မောင်းနှင်းခဲ့ တဲ့  စပယ်ဖြူ မဂ္ဂဇင်း ၁၉၈၆ နိုဝင်ဘာလမှာ ဖေါ်ပြခဲ့ တယ်လို့ ဆိုပါတယ် )
( အဲ့ ဒီကဗျာကို ဆရာမ စမ်းစမ်းနွဲ့  (သာယာဝတီ)ကလည်း ဟိုတုန်းက စာပေဟောပြောပွဲ့ တစ်ချို့ မှာ ထည့် ဟောဖူးခဲ့ တယ်လို့ လည်း အက်ဆေးဆရာကဆိုပါတယ် ၊
ဖတ်ကြည့် တဲ့ အခါမှာလည်း အက်ဆေးဆရာ ညွှန်မယ်ဆိုလည်း ညွှန်းလောက်ပါရဲ့ ပေါ့ လေ..ကဗျာ့ ခေါင်းစဉ်လေးက '' ကျေးလက်က ချစ်ပုံပြင်..'' တဲ့ ၊
စ ဖတ်ကတည်းက ကျေးလက်ရနံ့ တွေ ရနေလိုက်တာ ရနေလိုက်တာကနေ ကဗျာပြီးသွားတော့  ရင်ထဲ မောကျန်ခဲ့ ပါရောဗျာ..။
'' ကျေးလက်က ချစ်ပုံပြင်..''
----------
ခွေးတစ်အုပ်နဲ့ 
ဗွေးတုတ်ရဲ့ ယောက်ျား
ဖိုးထွားတစ်ယောက်
ရိုးဖျားလျှောက်
ရွာနောက်က စားကျက်တော
ငှက်ပေါတဲ့ နေရာ
တောကြောင်ရှာ ခွေးအ..လိုက်
မြွေတွေ့ လည်းရိုက်..ဖားတွေလည်း နှိုက်ပေါ့ ။
ဆူးရစ်မြရာ
ကြောင်လျှာထမဆုပ်
နွယ်နီတွေ ရှုပ်ပေမယ့် 
ဗွေးတုတ်ရဲ့ ခြေရာ သည်တောမှာ
ဘယ်နေရာဘာရှိ အကုန်သိ..
ကင်းပလင်ရွက် ဆူးရစ်ခက်
ဖက်နှင့် ထုပ် သပြေညွန့် တစ်ဆုပ်
မှိုနုတ် မျှစ်ချိုး တောတိုးရင်း
မိုးဦးကျ တစ်မနက်
ဖလက်တက်တို့ အဖေ ဖိုးထွားငပေနဲ့ 
ရေစက်ပဲဆိုပါတော့ 
ဆော့ ရင်းနောက်ရင်း
ချော့ ရင်း မြှောက်ရင်း
သီချင်းတကြော်ကြော်
သီတင်းအပေါ်မှာ
သင်းခေါ်ရာလိုက်ခဲ့ ပေါ့ 
ကြာတော့ ကြာပြီ
ကလေးရှစ်ယောက် မျှစ်စို့ ပေါက်
ခရုကောက် ငါးရှာ
နွေခါ နွားကျောင်း ဆောင်းမှာ စာမောင်း
ရိုးစောင်းမှာ မိုးကုန်
လုပ်အားတွေ စုံလှ
ကိုယ်လုံအောင် မ၀တ်ရပေမယ့် 
မငတ်ရင်တော်ပြီ
ဆံပင်နီ မွဲခြောက်ခြောက်ခြောက် ကွေ့ ကလိန်ကောက်နဲ့ 
တစ်ယောက်မျှ မဖျား
တောက်လျှောက် ကြီးထွားခဲ့ ..
ဗွေးတုတ်မ ချွေးသုတ်ရပေမယ့် 
ခွေးအုပ်နဲ့ လူ
သူပြန်ရင်ဟင်းစား
ကြောင်သား မြွေသားခွေးအသား ယုန်သား
ဖားတစ်တွဲ ငါးတစ်တွဲ ဘယ်ရက်မှ မလွဲ
ဆန်နဲ့ လဲ ပဲနဲ့ လှယ် ဆီငရုပ်လည်းဝယ်
ဟော..ခုဆိုရင်
ပျိုဖော်ဝင်စ ဖူးညွန့် လှ
အကြီးမ မယဉ်မေ
အုပ်လုံးပင်ခွေ
သီချင်းသံဝေေ၀နဲ့ 
သူ့ အမေကောက်စိုက် သူလည်းစိုက်
သူ့ အမေတောတိုး သူလည်းတိုး
သူ့ အမေထင်းခုတ် သူလည်းခုတ်
သူ့ အမေကိုင်းရိပ် သူလည်းရိပ်
သူ့ အမေငါးမမှား သူလည်းမျှား
သူ့ အမေပွဲသွား သူလည်းသွား
သူ့ အမေ အိမ်ပြန် သူမပြန်.....
သီချင်းသံဆိတ် ၊ ခွေးလည်းအိပ်
တံစက်မြိတ်တိုင် ၊ ဗွေးတုတ်မထိုင်လို့ 
ငိုင်ငိုင်ကြီးငေး ၊မှိုင်မှိုင်ပြီးတွေးနေပေါ့ 
ကျေးလက်ကချစ်ပုံပြင်။..။
-------------------------
'' ကဗျာဆရာက ဗွေးတုတ်မ ဘယ်လိုခံစားနေရတယ်ဆိုတာ တစ်ခွန်းတစ်ပါးဒမျှ ၀င်မပြောသွားပါဘူး ၊ ဗွေးတုတ်မရဲ့  ကြေကွဲနာကျင်ဖွယ်ရာ ပြောဆိုငိုကြွေးသံကိုလည်း မကြားရပါဘူး၊ သို့ သော် တေးသံဝေေ၀ ဆိတ်သုဉ်းသွားတဲ့ တဲအိမ်ကလေးတစ်လုံး၊ သူ့ သခင်မလေးကို မတွေ့ ရတော့ လို့  ငြိမ်ကုပ်ပြီး ခွေအိပ်နေတဲ့ ခွေးတစ်ကောင်၊ပြီးတော့  ယိုင်ရွဲ့ ရွဲ့  တံစက်မြိတ်တိုင်ကို ခြေပစ်လက်ပစ်မှီထိုင်ပြီး တွေးချင်ရာတွေး ငေးချင်ရာငေးနေတဲ့  မိန်းမတစ်ယောက်။ ''
ကဗျာရဲ့  နောက်ဆုံးအပြဟာ ငြိမ်ဆိတ်လှပါတယ် ..
'' သမီး မပြန်လာတော့ လို့  ဟာလာဟင်းလင်းဖြစ်သွားတဲ့  ဗွေးတုတ်မ မိခင်ရဲ့ ရင်ဗလာထဲမှာ တစ်ခါက မှိုနှုတ်မျစ်ချိုး တောတိုးရင်း ဖလက်တက်တို့  အဖေနဲ့ ဆုံဆည်းခဲ့ ဖူးတဲ့ ချဟ်ပုံပြင်ကို ပြန်သတိရနေတော့ မှာပဲ။ ကဗျာဆရာပြန်ပြောလိုက်တဲ့  ချစ်ပုံပြင် လေးနှစ်ခုကတော့  ကဗျာဖတ်သူရင်ထဲ ဆွေးဆွေးနွဲ့ နွဲ့ နေရာယူပြီး စကားတွေ အများကြီးပြောနေတော့ တယ်၊ တိတ်ဆိတ်ခြင်းရဲ့  အသံနဲ့ ပါပဲ '' ။
( မောင်ရင့် မာ (ကျောင်းကုန်း) ရဲ့  လရောင်ရွာတဲ့ ရွာ )
Tuesday, March 28, 2017
လှိုင်းပုတ်တဲ့ ကမ်းခြေ လေပုတ်တဲ့ လှိုင်း...
လှိုင်းပုတ်တဲ့ ကမ်းခြေ လေပုတ်တဲ့ လှိုင်း
----
မနက်က သတင်းတစ်ခုမှာ ငွေဆောင်ရေဆွဲနဲ့ လူတွေပါသွားပြီး လူ၁ယောက်သေသွားတယ်လို့ ဖတ်လိုက်ရတယ် ပုံတွေလဲတွေ့ လိုက်ရတယ် မိဝေးဖဝေး တစ်နယ်တစ်ကြေးမှာမှ လာဖြစ်ရတယ်လို့ တွေးပြီး
အတော်လဲ စိတ်မကောင်းဖြစ်မိပါတယ် ၊၊ ဒီရေဆွဲ အကြောင်းက တစ်ခါတစ်ခါ ဖွရွာထဲ တက်တက်လာလို့ ဖတ်ဖူးမှတ်ဖူးတယ် ။ တကယ်တော့  ရေ သဘောက လျို့ ဝှက်ပြီး အတော်မလွယ်တဲ့ သဘောတော့ ရှိပါတယ် ၊ ကျနော်တို့ ရှေးလူကြီးတွေဟာလဲ ရေ သဘောရဲ့ အသိရခက်လျို့ ဝှက်တဲ့ သဘောကို အတော်ကြောက်ကြပုံရလို့  ဒီလို သူများတနယ်တစ်ကြေး ခရီးတွေဘာတွေသွားလို့  ရောက်တဲ့ မြို့ က မြစ်တွေဘာတွေထဲ အပျော်ရေဆင်းချိုးတာတောင်
အလွန်စိုးရိမ်ပြီး သတိ အင်မတန်ပေးလေ့ ရှိတယ်ပါတယ် ( ကျနော်တို့ အဖွားဟာ မြို့ ကနေ နွေကျောင်းပိတ်ရက်မှာ လာလည်တဲ့  သူ့ မြေး ကျနော်တို့  မြစ်ဆိပ်ဆင်းရေဆော့ တိုင်း မြစ်ကမ်းပါးကဘားပေါ်ကနေ ငုတ်တုတ်ထိုင် ရေနက်ထဲမသွားဖို့  တစာစာ အော်ဟစ်သတိပေးနေတတ်တာလေးကို ပြန်သတိရမိပါတယ်)
တစ်ချို့ အရပ်တွေမှာဆို '' လူစားချိန် '' ဆိုတဲ့ သဘောအထိ မြစ်တွေနဲ့ ပတ်သက်လာရင် အယူအစွဲသဘောကြီးတဲ့ အထိ မြစ်တို့ ရဲ မာယာအပေါ်ကြောက်ရွံ့ ကြပါတယ် ၊ ငယ်ငယ်က အမိအဖတွေက သူတို့ သားသမီးတွေကို ဗေဒင်တွက်ပေးလို့  ဘယ်အသက်ပိုင်းအထိ ရေနဲ့ ပတ်သက်တဲ့ အန္တရာယ်ပါတယ် သတိထားလို့ များ ဗေဒင်ဆရာက အဟောများအထုတ်ခံလိုက်ရလို့ ကတော့ အဲ့ သားသမီးလေးဟာ ဘယ်မြစ်ချောင်းနားနီးတဲ့ ဒေသတွေ ရေကန်ထဲရေဆင်းကူးတာမျိုးတွေ သွားခွင့် ကူးခွင့် မရှိတော့ ပါဘူး ကလေး လည်ပင်းမှာလဲ ပရိပ်ကြိုးတို့  ချည်မန်းကြိုးတို့ နဲ့ တွေ ဖြစ်ကုန်တော့ တာပါပဲ ၊ရေ ကို အဲ့ လောက်ကြောက်ခဲ့ ကြတယ်သဘောပါ ၊ ခြေခုံတောင်မမြုတ်တဲ့  ရေတိမ်တိမ်မှာ မူးမိုက် မှောက်လျက်သားလဲရာက
ရေမွမ်းပြီး ဂိသွားတာမျိုးလဲ ကြားဖူးဖတ်ဖူးပါတယ်၊..၊
ကျနော်တို့ အဖိုးအဖွားအမိအဖတွေဟာ ဧရာဝတီသားတွေဖြစ်လို့  ရေကူးအတော်ကျွမ်းကျင်ကြပေမယ့်  မြစ်ကို မလေးမစားမလုပ်ဝံ့ ကြပါဘူး ၊ မြစ်ဆိပ်မှာရေချိုးဆင်းတိုင်း မြစ်ကို လက်အုပ်ချီကန်တော့ တာ ဆုတောင်းစာ မြစ်စောင့် နတ်ကိုတိုင်တည်တာ ဘာညာတွေလုပ်ပြီးမှ ရေချိုးဆင်းတာ ဟိုနားဒီနားလေးကူးတာမျိုးလုပ်တာမျိုးပါပဲဗျာ..။ မြစ်ရဲ့ ရေစီးသဘောတွေ အသိရခက်တဲ့  လျို့ ဝှက်တဲ့ လူနဲ့ မြစ်နဲ့ ကြားက ဆက်စပ်နေတတ်တဲ့  ကံကြမ္မာသဘောတွေကို အဲ့ လောက်သတိထားကြ ကြောက်ရွံ့ စိတ်ရှိကြရင်
မြစ်တို့ ရဲ့ သဘောထက် ပိုနက်ရှိုင်းတဲ့ ပင်လယ်ရဲ့  လျို့ ဝှက်မှု့ သဘောတွေက
ပိုအသိရခက်လို့ ပိုသတိထားရတာပေါ့  ၊
ခေတ်တွေ ပြောင်းလဲလာလို့  အပျော်ခရီးတွေ အများကြီးသွားလာတဲ့ အခါ ကမ်းခြေတွေဟာ လူကြိုက်များတဲ့  ပေါ်ပြူလာဖြစ်လာတဲ့ အပမ်းဖြေခရီးတစ်ခုဖြစ်လာပါတယ် ကျနော်တို့ ပင်လယ်ကမ်းခြေတွေရောက်တဲ့ အခါ ပုံမှန်မှာတော့ အပန်းဖြေခြင်းသဘောလောက်ဖြစ်ပြီး ကိုယ်မကျွမ်းကျင်တဲ့  ပင်လယ်ရဲ့ သဘောကို အလွန်သတိထားလို့  ရေစိမ် တာမျိုးကလောက်လွဲရင်
ရေကူးတာမျိုး မလုပ်ခဲ ပါဘူး ၊ လှိုင်းပုတ်တဲ့ ကမ်းခြေတွေက လှိုင်းရဲ့  သဘောဟာ စက္ကန့် နဲ့ အမျှ အဆက် မပြတ်လာနေတာမျိုးဖြစ်ပြီး တစ်ခါတစ်ရံ လေပုတ်တဲ့ လှိုင်းလုံးကြီးကြီးတွေလဲ ကြိုကြား ကြိုကြားပါလာတတ်သေးလို့ ရေစိမ်နေယုံလေးတောင် သတိမပြတ်ထားနေရတာမျိုးပါပဲ ...
ဒါဟာ ကမ်းခြေမှာ ရေဆင်းစိမ်နေချိန်ဟာ တစ်စတစ်စ ဒီရေပြန်တက်နေချိန်လား ဒီရေ တစ်စတစ်စ ပြန်ကျနေချိန်လား လဆန်းရက် ဒီရေထချိန်လား လဆုပ်ရက် ဒီရေစစ်ချိန်လားတွေ မဟုတ်သေးပါဘူး. လှိုင်းနဲ့  ရေပြန်ဆွဲအားဟာ အသိရခက် ခန့် မှန်းရခက်တယ် သဘောပါပဲဗျာ..နောက်တစ်ချက်ကတော့  ကမ်းခြေနဲ့ ယမကာ ဒွန့် တွဲ ရေထဲသွားကဲမိရင်လဲ အဆင်မသင့် ရင် သင်္ကြန်ကာလမှာ အင်းလျားမှာ တစ်ချို သင်္ကြန်မောင်တွေ ရေနစ်ကုန်တဲ့ သတင်းမျိုးတွေမျိုးတွေလိုမျိုးဖြစ်သွားနိုင်တာပါပဲ.
.နောက်တစ်ချက်က ကန်ရေနဲ့  မြစ်ရေ ပင်လယ်သဘောတွေမှာမတူညီတဲ့  အဓိက အချက်တစ်ခုက'' ရေသေ ရေရှင် '' သဘောပါပဲဗျာ.. ကန်ရေပြင်ဟာ ရေသေ သဘောဖြစ်ပြီး မြစ်နဲ့ ပင်လယ်တို့ က ရေရှင်သဘောရှိပါတယ် ၊ ကန်ရေပြင်မှာ ရေကူးဘယ်လောက်ကျွမ်းပါစေ ရေစီးသဘောရှိနေတဲ့ 
မြစ်တို့  ပင်လယ်တို့ ရဲ့  ရေရှင်သဘောမှာ ကန်ရေပြင်ထဲမှာ ကူးခတ်သလို ကူးလို့ မရတတ်ပါဘူး ကန်ရေနဲ့  မြစ်တို့  ပင်လယ်တို့ ရဲ့  ရေထုပမာဏအလွန်မှာ ကွာခြားသလို ရေထုဖိအားသဘော ရေချို ရေငံသဘောတွေလဲ ကွာခြားနေတာမျိုးပါပဲသဘောက ကန်ရေပြင် မြစ် ပင်လယ် သဘောတွေဟာ
သူ့ အထာနဲ့  သူတွေချည်းသဘောလို့ ပါပေါ့ ဗျာ..။
ဘာပဲ ဖြစ်ဖြစ် တစ်နယ်တစ်ကြေးတွေ သွားတဲ့ အခါ. တစ်နယ်တစ်ကြေးက မြစ်တွေ ကမ်းခြေတွေ ရောက်ရင် ရေတောကိစ္စကတော့ 
ရေရဲ့  လျို့ ဝှက်တတ်သဘော ကံကြမ္မာရဲ့  မာယာတွေသဘောကို
လျှော့ မတွက်ပဲ သတိထားတာ ပိုကောင်းတယ်ပေါ့ ဗျာ...တစ်ချို့  တွေပြောကြသလို အလုံးကြီး မဟုတ်ပဲ အချောင်းကြီးဖြစ်နေတဲ့  အသက်က လူတစ်ယောက်မှာ အသက်တစ်ချောင်းထဲပါတယ်လို့ ဆိုကြတယ်မဟုတ်လား..။
လိုင်းဖုန်းနဲ့ ဟမ်းဖုန်း
လိုင်းဖုန်းနဲ့ ဟမ်းဖုန်း
--
ဟမ်းဖုန်းတွေ ပေါချင်းသောချင်းဖြစ်လာပေမယ့်  လိုင်းဖုန်းခေတ်ကတော့ မကုန်သေးဘူးပေါ့ လေ၊ အဲ့ လိုင်းဖုန်းလေး တစ်လုံးရဖို့ ကလည်း မဆလခေတ်က အလွန်ခက်သလို အဲ့ ဖုန်းအခွံကိုက ရှားပါးဖြစ်နေတာမျိုး ၊ အများအားဖြင့်  အနက်ရောင်ဖုန်းအခွံတွေပဲ ထုတ်ပေးလေ့ ရှိခဲ့ ပြီး အဲထဲတောင် ဖုန်းနောက်တစ်လုံးနဲ့ လိုင်းအပွားမခံဘူး..၊ အနီရောင်ဖုန်းက ဗွီအိုင်ပီတွေ ဗွီအိုင်ပီတွေနဲ့  အဆက်အသွယ်ရှိသူတွေနဲ့  စိနမျိုးနွယ်ကုန်သည်ကြီးတွေ အကြိုက်အရောင်ဖြစ်လို့ ပိုရှားပါးဖုန်းအခွံလိုဖြစ်နေတာမျိုး.၊
ကုန်သည်ပွဲရုံအလုပ်ဖြစ်နေလို့  အဲ့ အနီရောင်ဖုန်းခွံကို ဆသရက အသိနဲ့  အကြံအဖန်လုပ် လဲယူခဲ့ ရဖူးတယ် မူလအနက်ရောင်ဖုန်းက ရုံးကိုတော့ ပြန်အအပ်ပြရတယ်ပေါ့ လေ၊.အခွံတွေတောင် ရှားပါးစာရင်းဝင်တဲ့ ခေတ်တွေပေါ့ လေ၊ဒီလိုင်းဖုန်းက စာဖတ်သူကြီးတို့ ခေတ်အထိ ရှားပါးနေတုန်းဖြစ်လို့  အဲ့ ဖုန်းလိုင်းတစ်လိုင်းကို ကြေးကကြီးနေခဲ့ တုန်းပဲ ၊ အခုတော့ ဈေးသိပ်မရှိတော့ ဘူးလို့ တော့ ပြောတာပဲ ၊ အဲ လိုင်းဖုန်းတွေ မျက်နှာပွင့် တုန်းကဆို ဖုန်းရှိတဲ့ အခန်းနဲ့ ဖုန်းမရှိအခန်း အငှားဈေးကွက်မှာတောင်ဈေး
ကကွာသွားသေးတယ် ဖုန်းပါရင်ဈေးးပိုရတယ်ပေါ့ လေ၊
အခန်းငှားမယ် အခန်းပြန်ရောင်းမယ်ဆိုတဲ့ ကြော်ငြာမှာတောင် ရေမီးအစုံ ဈေးကျောင်းနီးဆိုတာအပြင် ဖုန်းပါ ဆိုပြီး ဖုန်းကို ဈေးခေါ်အနေနဲ့ တောင်ထည့် ကြော်ငြာခံရတယ် ၊ အခုတော့  ဟမ်းဖုန်းတွေပေါလာလို့  အခုနေ ဖုန်းပါ လို့ ထည့် ကြော်ငြာရင် ရယ်စရာလိုလိုဘာလိုလိုတောင်ဖြစ်နေမလားမသိ၊အဲ့ လိုင်းဖုန်းတွေက ဟိုတုန်းက အိမ်တိုင်းမှာ မရှိသေးပဲ ကွက်တိကွက်ကြားတွေနဲ့  အိမ်တစ်ချို့ မှာသာရှိလို့  ဖုန်းရှိတဲ့  အိမ်က မျက်နှာပွင့် သလိုလို ဘာလိုလိုလဲ ဖြစ်ခဲ့ ကြသေးတယ် အိမ်နီးနားချင်းက ဖုန်းမရှိတဲ့ အိမ်တွေက လာလာဆက်ကြရတာကိုး ၊
အမျိုးတစ်ယောက်က စီးပွားပျက်သွားချိန်မှာ ဘာလုပ်စားရမှန်းမသိချိန် သူ့ အခန်းက လမ်းမတန်း
မှာဖြစ်နေတော့  အိမ်မှာရှိတဲ့  အဲ့ လိုင်းဖုန်းကို အိမ်ရှေ့ ထုတ်ပြီး ငှားစားတာ တစ်လတစ်လ အတော်စီပြီး ဆယ်စုနှစ် ၂စုကျော်လောက် အဲ့ လိုင်းဖုန်းလေးက ၀င်ငွေက အိမ့် မိသားစုစီးပွားရေးကို အတော်အထောက်အကူပေးခဲ့ ဖူးတယ် ၊
ဖုန်းအကြောင်းရေးချင်စရာအဖြစ်အပျက်တွေ အများကြီး ရှိပေမယ့်  အခုပြောချင်တာက ဒီလိုပါ အဲ့ လိုင်းဖုန်းဟာ တစ်ချို့ တွေနဲ့ ဆို သူတို့ ဖုန်းပြောနေတဲ့ စတိုင်ဟာ သိပ်ကိုစတိုင်ကျပြီး သိပ်ကြည့် လို့ ကောင်းတာပါပဲဗျာ ဖုန်းကိုင်ထားတဲ့ လက်စတိုင်ကိုက ဂွတ်နေသလိုမျိုး..၊တစ်ခါတစ်လေ အလုပ်မအားတဲ့ ပုံနဲ့  ဖုန်းခွက်ကို လက်နဲ့ မကိုင်တော့ ပဲ နားနဲ့  ပုခုံးနဲ့ ကြား ခေါင်းလေးစောင်းညှပ်ထားပြီး ပါးစပ်ကဖုန်းပြောနေတုန်း လက်က ပိုက်ဆံရေနေ ဒါမှမဟုတ် စာတစ်ခုခုရေးနေ ဘောင်ခြာတစ်ခုခုရေးနေတဲ့ စတိုင်က အလုပ်တွေ သိပ်များနေတဲ့ စတိုင်မျိုးပေါ့ လေ..
.ပြောချင်တာက အဲ့ စတိုင်လေးအကြောင်းပြောချင်တာ ၊ အဲ့ စတိုင်လေးကို ပြန်သတိရလို့ ဟမ်းဖုန်းခေတ်ဖြစ်လာလို့  ဟမ်းဖုန်းကို နားနဲ့ ပုခုံးကြားညှပ်ဖုန်းပြောတဲ့  အဲ့ လိုင်ဖုန်းစတိုင်အတိုင်း လိုက်လုပ်လို့ မလွယ်လောက်ဘူးလို့ တွေးမိလိုက်လို့  ခ် ။( ဘလူးတုသုံးရင် ဖုန်းတောင်ကိုင်စရာမလိုတော့ ဘူးပေါ့ လေ)..ဟမ်းဖုန်းကို ပါးနားကပ်စကားပြောနေတဲ့  စတိုင်နဲ့  လိုင်းဖုန်းခွက်ကို ကိုင်ပြီးစကားပြောနေတဲ့ စတိုင် နှစ်ခုမှာ လက်က တယ်လီဖုန်းကြိုးလေးကို ဆော့ နေပြီး လိုင်းဖုန်းကိုင် စကားပြောနေတဲ့  တစ်ချို့ အမျိုးသမီးတွေ စတိုင်က ပိုခန့်  ပိုကြည့် ကောင်းနေသလိုလိုဘာလိုလိုလဲ တွေးမိသေးတယ် ဟိုတုန်းက ခေတ်ဟောင်ရုပ်ရှင်တွေမှာအဲ့ လိုစတိုင်တွေပါတတ်လေ့ ရှိတယ်လေ. လိုင်းဖုန်း နဲ့ ဟမ်းဖုန်း စတိုင်တွေ စနစ်တွေ ကွဲသွားတဲ့  စတိုင်နှစ်ခုက ခေတ်ဟောင်း နဲ့ ခေတ်သစ်ကွဲသွားပုံကို ထင်သာမြင်သာတော့ ရှိသားဗျား..
Saturday, January 14, 2017
လူရုပ်လေးတွေ
လူရုပ်လေးတွေ
------------
Voodooမှော်ပညာသင်တန်းဆိုပြီး ပုံတွေဘာတွေနဲ့  အွန်လိုင်းပေါ် တက်လာတော့ ဝေဖန်သံတွေအများကြီးပေါ့ ဗျာ သူ့ လိုင်းက အောက်လမ်းပညာလိုင်းဘာညာပေါ့ 
မှော်ပညာလို့ လည်းပါသေးတယ်..အဲ့ လိုင်းရဲ့  အဓိကပစ္စည်းက လူရုပ်ကလေးတွေနဲ့ သူများကို ပြုစားတာဘာညာပေါ့  အဲ့ Voodoo အကြောင်းတွေက ယူကျူ့ မှာအများကြီးရှိတယ်
ဗဟုသုတသဘောသွားမွှေလို့ ရတယ် Voodoo လို့ သာ ယူကျူ့ မှာရိုက်ထည့် လိုက် အဲ့ ဒါနဲ့ ဆက်စပ်သမျှ ဗွီဒီယိုဖိုင်တွေအများကြီးကျလာမယ်ပေါ့ ဗျာ...ကျနော်တို့ အဲ့ Voodooအကြောင်းတွေစသိခဲ့ ဘူးတာက
ငယ်ငယ်က ကြည့် ရတဲ့ နိုင်ငံခြားကသွင်းပြီးရုပ်ရှင်ရုံတွေမှာပြတဲ့  အာဖရိကတောရိုင်းမုဆိုးတွေကားတစ်ချို့ မှာ စသိမြင်ဘူးတယ်ပေါ့ လေ.နောက်တော့ ခိုးကူးခွေခေတ်ဦးမှာဝင်လာတဲ့ ပြည်ပကရုပ်ရှင်ခွေတွေမှာလည်း
အများကြီးကြည့် ခဲ့ ဘူးတယ် ရုပ်ရှင်တွေဆိုတော့ လုပ်ရိုက်တာလားဘာလားတော့ သေခြာတော့ မသိဘူးပေါ့  နောက်တစ်ခါ အဲ့ အဲ့ မှာ အဲ့ မှော်သွင်းထားတယ်ဆိုတဲ့  လူရုပ်ကလေးတွေနဲ့ သူများကိုပြုစားတာ
ဒုက္ခပေးတာတွေကို တရုပ်သရဲကား တရုပ်သိုင်းနဲ့ နတ်တွေ သရဲတွေစုန်းကဝေတွေရောမွှေတဲ့  တရုပ်ကားတွေမှာလည်း ပါတာတွေ့ ခဲ့ ရကြည့် ခဲ့ ရသေးတယ်.. အဲ့ လို ရုပ်ရှင်တွေထဲကလို တကယ်ဖြစ်မဖြစ်တော့ အပြင်မှာ မတွေ မကြုံဘူးလို့  မဝေဖန်တတ်ပါဘူး..ဝေလည်း မဝေဖန်လိုပါဘူး..ဒါမျိုးတွေက လိုင်းသွားပူးမှ လိုင်းပူးကုန်တာ မပူးရင် မပူးဘူးပေါ့ လေ..
ကျနော်ပြောချင်တာက လူရုပ်ကလေးတွေနဲ့ လုပ်တဲ့  အစီအရင်ကို ကျနော်တို့ ငယ်ငယ်တုန်းက မြင်ခဲ့ ဘူးတဲ့  ခေါစာ ပစ်တဲ့ အခါမှာ သုံးတာမြင်ဘူးခဲ့ တယ်ပေါ့ ဗျာ...မြို့ မကျ တောမကနေရာတွေနဲ့ တောကျလွန်းတဲ့ နေရာတွေမှာလုပ်ခဲ့ ကြတာ ရိုးရာဓလေ့ ပေါ့ သိပ်ကိုမကျမ်းမာတဲ့  အခါတွေမှာ မြန်မြန်နေကောင်းအောင်တို့  စုန်းတွေမြေဖုတ်တွေဖမ်းစားထားလို့ များနေမကောင်းတာမျိုးဖြစ်နေရင်မြန်မြန်လွတ်အောင်တို့ စသဖြင့် ရည်ရွယ်ချက်တွေနဲ့ လုပ်ကြတာ ခေါစာပစ်တာကို တစ်ချို့ က ရွာစာချတယ်လို့ လဲ ခေါ်ကြတယ်
အဲ့ မှာ ရွာစာချတာက တစ်ခါတစ်လေ ရိုးရာနတ်တွေကို ဗလိနတ်စာပူဇော်ပြီးတဲ့ အခါ အဲ့ က အစာတစ်ချို့ ကို ဖယ်ထားပြီး နေ၀င်ရီတရောမှာ ဆန်ကောတစ်ချပ်ထဲ ဖက်ခင်းခံပြီး ပွဲတော်ကျတစ်ချို့ ထည့်  ရွာပြင်တို့  လယ်ကွင်းစပ်တို့  ကွင်းပြင်ထဲတို့ သွားချပေးတာမျိုး မြို့ မှာတော့  နောက်ဖေးလမ်းကြားမှာ ချထားလိုက်တာပေါ့ လေ..
အဲ့ မှာ ခေါစာပစ်တာမှာ ခေါပတောင်းလို့ လဲခေါ်ကြတယ် ခေါ်တောင်းလို့ လဲ ခေါ်ကြတယ် နှီးနဲ့ ယက်ပြီး လက်ကိုင်ပါတဲ့  တောင်းအ၀ိုင်းလေး မကြီးမသေးလေးးယက်ပြီး အဲ့ ထဲ ငှက်ပျောဖက်ခင်း ထမင်းဆုပ်တွေ ပန်းတွေ အမဲစိမ်းတွေထည့် အုန်းမှုတ်ခွက်နဲ့ ရေထည့်  လူရုပ်လေးထည့်  အမွှေးတိုင်ဖယောင်းတိုင်တွေထည့်  ရွာပြင်သွားချတာမျိုး..( တစ်ချို့ ကတော့  ခေါစာပစ်တာကို ဆန်ကောနဲ့ ပဲလုပ်ကြတယ် ) အဲ့ မှာ အဲ့ လူရုပ်ကလေးက တစ်ထွာကျော်ကျော်လောက် ဖယောင်းနဲ့ လည်း လုပ်ကြတယ် ဂျုံနဲ့ လည်း လုပ်ကြတယ်..အဲ့  အရုပ်လေးက လက်ရာမြောက်ရင် တကယ့် လူသေးသေးလေးအတိုင်းပဲ ( အရုပ်လေးမြင်နေရတာကိုက လန့် စိတ်တွေဖြစ်လာလို့  စပ်ကလည်းစပ်စုချင်တာနဲ့  ကြောက်ကြောက်နဲ ထိုင်ကြည့် ခဲ့ ရတာ ငိငိ)
အဲ့ မှာ အဲ့ အရုပ်လေးမှာထည့် ထားတာက လူမမာရဲ့  ဆံပင် စနဲနဲ လက်သဲခြေသဲစနဲနဲပါ ထည့် ထားတယ် ( ကိုယ်စားသဘောမျိုးပေါ့ လေ )..ပြီးတော့ မှ လူမမာရဲ့ အင်းကျီဟောင်း ပုဆိုးထမီဟောင်းတွေက အစလေးတွေ ဖြဲပြီး အဲ့ လူရုပ်မှာပတ်တယ် ( အဲ့ မှာ လူနဲ့  ပိုတူသွားလို့  ပိုလန့် စရာပေါ့ ) ပြီးတော့  အဲ့ ဒါတွေလုပ်ချိန်က ညနေစောင်းတွေမှာလုပ်ကြတာဆို
တော့  အမှောင်သဘောကိုက ပါနေတာမျိုး..) အဲ့ လိုတွေလည်းလုပ်ပြီးရော အဲ့ လူရုပ်ကလေးကို ခေါပတောင်းထဲ အစာတွေ အမဲစိမ်းတွေနဲ့  အတူတူထည့် ပြီး ကွင်းပြင်ဖက် ယောင်းမတစ်ချောင်းကိုင်ပြီး သွားတော့ တာပါပဲဗျာ...
ကွင်းစပ်ရောက်တော့  အဲ့ ခေါပတောင်းကို မြေပေါ်ချ လက်ကယောင်းမနဲ့  အဲ့ ခေါ်ပတောင်းနှုတ်ခမ်းတွေကို ခပ်ကျယ်ကျယ်လေးခေါက်ခေါက်ပြီး ပါးစပ်က ခေါ်တော့ တာပါပဲ..ဘယ်သူတို့ ဘယ်ဝါတို့  လာစားကြပါသောက်ကြပါ ဘယ်လူနာရှင်က ကျွေးပါတယ်မွေးပါတယ် အမှားရှိရင်လည်း ခွင့် လွှတ်ပါ လူနာရှင်က ဒါနပြုတာလည်း အားရပါးရစားကြပါသောက်ကြပါပျော်ကြပါးကြပါ လူနာကိုလည်းစောင့် ရှောက်ပေးကြပါဘာညာတွေ ပေါ့  အတော်စုံပါတယ် ကွင်းပိုင်တွေရော ရွာလမိုင်းကဝေလမိုင်းစုန်းလမိုင်းတွေ
ဘာတွေရောစုံနေတာပါပဲဗျာ....ယောင်းမနဲ့ ရိုက်ရိုက်ပြီးအော်ခေါ်နေတဲ့ အသံကိုက နေ၀င်ရီတရောမှောင်စပျိုးချိန်ဆိုတော့ ဘေးကနေထိုင်ကြည့် နေရတာကိုက ကြက်သီးတဖြန်းဖြန်းထ လန့် ပေါ့ လေ..ခ်.. ဒါမျိုးတွေကို ကျနော်တို့ အမျိုးထဲက နတ်ကိုးကွယ်တဲ့  ကြီးဒေါ်ကြီးတွေက လုပ်ခဲ့ ကြတာ ထိုင်ကြည့် ခဲ့ ရတာ...အဲ့ မှာ ခေါတောင်းနဲ ကတောသေးတယ် ဆန်ကောပက်လက်နဲ့ က ပိုဖြုံစရာကောင်းတယ်...ဆန်ကောဇောင်းတွေကို ယောင်းမနဲ့ ခေါက်နေတုန်း အဲ့ လူရုပ်လေးများ လှုပ်လာမှာလားဘာလားက တွေးပြီးလန့် နေသေးတာ. အဟီး....အဲ့ လို ယောင်းမနဲ့ ခေါက်ပြီးတော့  အဲ့ ယောင်းမပါ အဲ့ ထဲထည့် ပစ်ထားခဲ့ တာပါပဲဗျာ..အဲ့ မှာ ခေါတောင်းကိုရော ဆန်ကောကိုပါ ပြန်ယူလေ့ မရှိဘူး....အောက်နိမ့် တွေကို ကျွေးတာမို့ ပေါ့ လေ)..အဲ့ မှာ အဲ့ လိုခေါပစ်ပြီးပြန်ရင် လှည့် မကြည့် ရဘူး အိမ်ကို ခပ်သုပ်သုပ်ပြန် အိမ်ဝရောက်ရင် ဖနောင့် နဲ့  မြေကြီးကို ဖွဖွ ဖွဖွ ဆိုပြီး ခပ်ပြင်းပြင်းလေးစောင့် ပစ်ခဲ့ ရသေးတယ်..( လွယ်တော့ လွယ်ဘူး ဇယားတွေများချက်က ခေါစာတစ်ခါပစ်ရတာ ငိငိ)
အဲ့ လိုတွေလုပ်လိုက်တော့ တစ်ချို့ လူနာတွေ ပြန်ဂွတ်လာတတ်ပြီး တစ်ချို့ တော့ မရပါဘူး လျှောတာပါပဲ ပြန်ဂွတ်လာတာကလည်း ခေါပစ်လို့ လားဘာလားဆိုတာက ဒါမျိုးတွေက ကိုင်ပြလို့ မရတဲ့  ယုံကြည်မှု့ သဘောတွေမို့  ဒါတွေဟာ သူ့ အရပ်နဲ့ သူ့ ဇာတ် ယုံကြည်မှု့ ဓလေ့ တွေသဘောလို့ ပဲဆိုနိုင်မှာပါပဲဗျား... အဲ့ အတွေ့ အကြုံတွေကို အခြေခံပြီး န၀င်းပွဲပညာက ကိုယ်စားသဘောကိုပေါင်းပြီး လူရုပ်အစီအရင်လုပ်လို့ ရလောက်တယ်နဲ့  နောက်ဘာဘာညာညာတွေ တွေးခဲ့ ဘူးသေးတယ်...အတွေးမှာပဲ ရပ်ထားလိုက်ပါတယ် အဟီး.. အခုရေးတာကလည်း လူရုပ်လေးနဲ့  ခေါစာပစ်တဲ့ ဓလေ့  ရွာစာချတဲ့ ဓလေ့ တွေ ဒီက ရိုးရာဓလေ့ မှာရှိခဲ့ ဘူးပြီး (တစ်ချို့ အရပ်တွေမှာ ရှိနေလောက်သေးမယ်လို့ လဲထင်ရတယ်) အများအားဖြင့် နာတာရှည်သက်ကြီးပိုင်းလူနာတွေအတွက် လုပ်ပေးခဲ့ ကြလေ့ ရှိတယ် ကောင်းဖို့ လုပ်တာ ဒါနခန်းသဘောမျိုးလုပ်တာမျိုးလို့ ပါ ....။
Thursday, January 12, 2017
အမေနယ်ကျွေးခဲ့ တဲ့ ထမင်းတစ်နပ်အကြောင်းလေးပါ
အမေနယ်ကျွေးခဲ့ တဲ့ ထမင်းတစ်နပ်အကြောင်းလေးပါ
-------------------------------------
ပြာသိုလပြည့် နေ့ အမေနေ့ ဆိုတဲ့ အထိမ်းအမှတ်တွေ အမှတ်တရစာတွေ တက်လာတော့  တက်လာသမျှအမေနဲ့ ပတ်သက်သမျှအကြောင်းတွေ အကုန် Like ပစ်လိုက်တာပေါ့ ..ကျေးဇူးဂုဏ်တွေကို စာလေး တစ်ကြောင်းနှစ်ကြောင်းပဲဖြစ်ဖြစ်...ပြန်လည်တသဖေါ်ထုတ်ကြတာ မင်္ဂလာရှိတယ်လေ 😁 ။ ကျနော်ကတော့  အမေ့ အကြောင်းရော အဖေ့ အကြောင်းပါ သတိရတိုင်း ချချရေးခဲ့ တာ တစ်ခါတစ်လေ တစ်ပတ်ထဲ အမိအဖတွေနဲ့  ပတ်သက်တဲ့ အလွမ်းစာတွေ အတော်များသွားလို့  ကိုယ်နဲ့ မတူတဲ့ ဘ၀တွေ အတွက် အားတောင်ပြန်နာယူရတယ် ဒါနဲ့  အမေ့ အကြောင်း အဖေ့ အကြောင်းတွေ သတိတရမိတိုင်း သတိတရ ရေးတာတွေ ကျဲသွားတယ် 😁 အဲ့ ရေးခဲ့ ဖူးသမျှ အလွမ်းစာတွေထဲမှာ တစ်ခါမှ ချမရေးခဲ့ ဘူးသေးတဲ့  အဖြစ်အပျက်လေးတစ်ခု ဒီနေ့ တော့  မှတ်မှတ်ရရတွေထဲက အမှတ်တရလေးတစ်ခုအဖြစ် ချရေးဖြစ်ပြန်တယ်ပေါ့ လေ..
အခု အဖြစ်အပျက်က ကျနော်အလယ်တန်းကျောင်းသားဘ၀ ၇တန်းတုန်းကပေါ့ ..အဲ့ တုန်းက ကျနော်က ကျောင်းအရမ်းပြေးပါတယ် ပြေးချက်က ရထားခိုးစီးတာ အမျိုးသားရေကူးကန်တို့  ကန်တော်ကြီးတို့ ထဲ ရေဆင်းကူတာ ဘုရားတွေပေါ်လျှောက်သွားအချိန်ဖြုန်းတာ တိရိစ္ဆာန်ရုံထဲ သွားဆော့ နေတာတွေအများကြီးပေါ့ ...အများအားဖြင်ကျောင်းပြေးတိုင့်း ရေကူးပါတယ်...ကျောင်းက ၂ချိန်ကျောင်းဖြစ်ပြီး အလယ်တန်းတွေက နေ့ လည်ပိုင်း ၁၂နာရီကနေ ညနေ ၅နာရီပေါ့ ဗျာ....အမျိုးသားရေကူးကန်မှာ ရေကူးတဲ့ အခါ ရေကူးဘောင်းဘီလေးက ဆောင်သွားရတယ် အဲ့ ဘောင်ဘီတွေက နိုင်လွန်ဘောင်းဘီတွေဖြစ်လို့  အတော်နဲ့ မခြောက်တတ်ဘူး...
ရေကူးချိန်က နေ့ ၁၂ နာရီကနေ နေ့  ၂ နာရီအထိ ကျားချိန်မှာရေကူးရတာ ။ ကူးပြီးတော့  အချိန်ကျန်နေသေးတော့  ကန်တော်ကြီးဆက်သွား လျှောက်ဆော့  ရေထပ်ဆင်းကူးပေါ့ လေ..ဒီတော့  ဘောင်းဘီလေးက ပိုမခြောက်တော့ ဘူး ဒီတော့ ကျောင်းလွယ်အိပ်ထဲ ဖြစ်သလိုထိုးထည့် ပြီး ကျောင်းဆင်းချိန်နဲ့ ရောအိမ်ပြန်တယ်ပေါ့ လေ....အိမ်ရောက်တော့  အဲ့ ဘောင်းဘီရေစိုလေး ဖွက်ထားလိုက်တာပေါ့ 
တစ်နေ့ တော့  အရင်လိုပဲကျောင်းပြေးရေကူးအိမ်အပြန်မှာ အဲ့ ဘောင်းဘီလေးကို လွယ်အိပ်က မထုတ်မိပဲမေ့သွားရော....အဲ့ မှာ အဲ့ နေ့ က အဖေတို့ က ထမင်းစားနေကြချိန်ပေါ့  ..သူတို့ က လင်မယားတွေ ကျကျနနထိုင် တို့ စရာတွေဘာတွေနဲ့  ထမင်းလက်ဆုံစားလေ့ ရှိကြတယ်၊ ကျနော်က ကျောင်းပြေးဆော့ ရေကူးလို့ မောလာတာနဲ့ ဝင်မစားဖြစ်သေးဘူး..ဟိုလိုလိုဒီလိုလိုလုပ်နေတုန်း ညီမ အငယ်ဆုံးလေးက ကျနော့် ကျောင်းလွယ်အိပ်ထဲစပ်စုပြီးနှိုက်လိုက်တော့  ရေစိုဘောင်းဘီလေးတွေ့ သွားပါရောဗျာ...အဲ့ မှာ ညီမလေးက '' အမေရေ ဒီမှာ ကိုရီးကျောင်းပြေးတယ် ကိုရီး လွယ်အိပ်ထဲက ဘောင်းဘီတွေ့ တယ် '' လို့  ထမင်းစားနေတဲ့  အမေ့ ကို လှမ်းတိုင်လိုက်ပါရောဗျာ....ကျနော်လည်း ရင်ဘတ်ထဲ ထိတ်ကနဲ ဖြစ်ပြီး လန့် ပြီး အဖေ့ ကို လှမ်းကြည့် မိသွားတာပေါ့  အဖေက ကျနော့် ကို တစ်ချက် လှမ်းလျှိုးပြီး ထမင်းကို ပြီးအောင်ဆက်စားနေတယ်ပေါ့ လေ.. အမေကတော့  မျက်နှာပျက်သွားတာပေါ့ ဗျား...ကျနော်ကတော့  အဖေ့  အကြည့် ကို အထာပေါက်လို့  ငါ့ တော့  မိုးကြိုးအတုံးလိုက်အတစ်လိုက်တော့  ပစ်ပြီ ပေါ့ လေ..အဟီး....
ထမင်းလည်းစားပြီးကြရော...'''.ဟျောင် လာအုန်း...ဟိုဖက်လှည့်  '' ဆိုပြီး ဘာမှ မေးမနေ ပြောမနေတော့ ပဲ ကျောကို ပွဲရုံမှာသုံးတဲ့  အုန်းဆံကြိုးလေးသုံးလေးခေါက်လောက် ခေါက်ပြီး ဗျင်းတော့ တာ လေးငါးဆယ်ချက်လောက်ရှိတယ်....ဟီးဟီး....ကျနော်လည်း ငိုတာပေါ့  နောက် မပြေးတော့ ပါဘူးဗျ နာတယ်ဗျ ဘာဗျ ညာဗျပေါ့ လေ...ခ်...အမေကတော့ ကျနော့် ကိုက မဟုတ်မဟတ်ဆိုတော့  ၀င်မဆွဲပါဘူး..
အဲ့  ညနေက အတော်နာသွားလို့  အဖေ့ ကို စိတ်ကောက်ပြီး ကျနော် အိမ်ပေါ် တက်အိပ်တာပေါ့ လေ..အဖေက ရိုက်ခဲတာကိုး အိပ်တယ်သာပြောတာပါ တကယ်က စိတ်ကောက်ပြီး ၀မ်းလျားထိုးမှောက်နေတာ...
မိုးက အရမ်းမချုပ်သေးဘူးလေ...အဲ့ မှာ ကြာတော့  အမေ အိမ်ပေါ်တက်လိုက်လာတယ် ထမင်းပုံဟင်းပုံ ဇလုံလေးတစ်ခွက်နဲ့  ရေနွေးခွက်နဲ့  ပြီးတော့  ထုံးနဲ့ ဆနွင်းနဲ့  ရေဖျော်ထားတာလေးတစ်ခွက်နဲ့ ပေါ့ ....
အမေအနားရောက်လာမှ ကျနော်က ၀မ်းလျားမှောက်နေရာကနေ ( အဖေက ဘာဖြစ်တယ် ညာဖြစ်တွေ လျှောက်ပွစိပွစိတွေ ပြောပြီး ရှိုက်ရှိုက်ပြီး ပိုပြီး ငိုပြတော့ တာ... ခ်...အဲ့ မှာ အမေက ကျနော့် ကျောပေါ်က အရှိုးရာတွေကို အဲ့ ထုံးဆနွင်းဖျော်ရေလေး လူးပေးပြီး သားအဖေက သားရေနစ်မှာ စိုးလို့ သားကို ဘာညာတွေ ပြော ထမင်းထစားချည်း ဒီမှာ အဆင်သင့် နယ်လာတယ်ဘာညာပေါ့ လေ..အဲ့ မှာမှ မျက်ရည်တွေက
ပိုကျလာတော့ တာ (အမေက ငါ့ ကို ပိုချစ်တယ် ဘာညာတွေ တွေးပေါ့  ကလေးအတွေးတွေပေါ့  လေ ငိငိ) ..ကျနော်က မျက်ရည် လည်ရွှဲ ဖြစ်နေတော့ အမေပါ လိုက် ငိုရောဗျား...တော်တော်နာနေလား ဘာညာတွေပေါ့  ( တကယ်တော့  အလွန်အကျွံနာသွားတာမျိုးတော့ မရှိပါဘူး စတိတ်ကျောင်းတုန်းက ကျောင်းအုပ်ဆရာကြီး တင်ပါးတွေ ကို ထားဝယ်ကြိမ်နဲ့ ရိုက်သလောက်တောင်မနာပါဘူး.အဖေရိုက်ပုံက လွှဲတုန်းသာ မာန်နဲ့ ထန်နဲ့ လွှဲလိုက် ရိုက်တော့  ခြောက်ရုံလောက် အရှိန်ကပြော့ ပြော့ လေး..ခ် )
အဲ့ မှာ ကျနော်လည်း ငိုရင်းက ဗိုက်ဆာလာတော့  အမေနယ်ဖတ်ယူလာပေးတဲ့ ထမင်းကို ငိုရင်းနဲ့  ကောက်တီးနေလိုက်တော့ တာပေါ့ ဗျား..ဆာဆာနဲ့  စားကောင်းလိုက်တာဗျား.အမေနယ်ပေးတဲ့  မမေ့ တော့ တဲ့  အမေနယ်ကျွေးခဲ့ တဲ့  ထမင်းတစ်နပ်ပေါ့ လေ... အဲ အခုခေတ်စားနေတဲ့  ဇလုံထမင်းလို့ လည်း ခေါ်မလားပဲ.....အဖေကတော့ မနက်ကြတော့  အရင်နေ့ တွေနဲ့ မတူပဲ မုန့် ဖိုးတွေဘာတွေပေးလို့ ဗျား...( ကျောင်းမုန့် ဖိုးက အမေက ချည်းပေးခဲ့ တာများတာ ..အဖေက အလုပ်ပြီး အလုပ်ထဲသာနစ်နေတာ များတယ်လေ ပြီးတော့  အဖေ က လူကြီးဆန်လွန်းတော့ အဖေ့ ဆီကလည်း မုန့် ဖိုးတွေဘာတွေ မတောင်းရဲခဲ့ ပါဘူး..အမေနဲ့ က လက်ပွမ်းတတီးပို ရှိခဲ့ တဲ့ သဘောပေါ့ ..) ဘာဘဲဖြစ်ဖြစ် ငယ်တုန်းက အမိအဖတွေ စုံစုံညီညီနဲ့  နေ့ ခဲ့ ရတဲ့  အချိန်ကာလလေးတွေ ဆိုတာ ပြန်ပြန်တွေးမိလိုက်တိုင်း...အတိုင်းမသိ လွမ်းစရာကောင်း ကျန်ခဲ့ တာပါပဲ .....
Subscribe to:
Posts (Atom)