Powered By Blogger
Tuesday, March 28, 2017
လိုင်းဖုန်းနဲ့ ဟမ်းဖုန်း
လိုင်းဖုန်းနဲ့ ဟမ်းဖုန်း
--
 ဟမ်းဖုန်းတွေ ပေါချင်းသောချင်းဖြစ်လာပေမယ့်  လိုင်းဖုန်းခေတ်ကတော့ မကုန်သေးဘူးပေါ့ လေ၊ အဲ့ လိုင်းဖုန်းလေး တစ်လုံးရဖို့ ကလည်း မဆလခေတ်က အလွန်ခက်သလို အဲ့ ဖုန်းအခွံကိုက ရှားပါးဖြစ်နေတာမျိုး ၊ အများအားဖြင့်  အနက်ရောင်ဖုန်းအခွံတွေပဲ ထုတ်ပေးလေ့ ရှိခဲ့ ပြီး အဲထဲတောင် ဖုန်းနောက်တစ်လုံးနဲ့ လိုင်းအပွားမခံဘူး..၊ အနီရောင်ဖုန်းက ဗွီအိုင်ပီတွေ ဗွီအိုင်ပီတွေနဲ့  အဆက်အသွယ်ရှိသူတွေနဲ့  စိနမျိုးနွယ်ကုန်သည်ကြီးတွေ အကြိုက်အရောင်ဖြစ်လို့ ပိုရှားပါးဖုန်းအခွံလိုဖြစ်နေတာမျိုး.၊
ကကွာသွားသေးတယ် ဖုန်းပါရင်ဈေးးပိုရတယ်ပေါ့ လေ၊
အခန်းငှားမယ် အခန်းပြန်ရောင်းမယ်ဆိုတဲ့ ကြော်ငြာမှာတောင် ရေမီးအစုံ ဈေးကျောင်းနီးဆိုတာအပြင် ဖုန်းပါ ဆိုပြီး ဖုန်းကို ဈေးခေါ်အနေနဲ့ တောင်ထည့် ကြော်ငြာခံရတယ် ၊ အခုတော့  ဟမ်းဖုန်းတွေပေါလာလို့  အခုနေ ဖုန်းပါ လို့ ထည့် ကြော်ငြာရင် ရယ်စရာလိုလိုဘာလိုလိုတောင်ဖြစ်နေမလားမသိ၊အဲ့ လိုင်းဖုန်းတွေက ဟိုတုန်းက အိမ်တိုင်းမှာ မရှိသေးပဲ ကွက်တိကွက်ကြားတွေနဲ့  အိမ်တစ်ချို့ မှာသာရှိလို့  ဖုန်းရှိတဲ့  အိမ်က မျက်နှာပွင့် သလိုလို ဘာလိုလိုလဲ ဖြစ်ခဲ့ ကြသေးတယ် အိမ်နီးနားချင်းက ဖုန်းမရှိတဲ့ အိမ်တွေက လာလာဆက်ကြရတာကိုး ၊
အမျိုးတစ်ယောက်က စီးပွားပျက်သွားချိန်မှာ ဘာလုပ်စားရမှန်းမသိချိန် သူ့ အခန်းက လမ်းမတန်း
မှာဖြစ်နေတော့  အိမ်မှာရှိတဲ့  အဲ့ လိုင်းဖုန်းကို အိမ်ရှေ့ ထုတ်ပြီး ငှားစားတာ တစ်လတစ်လ အတော်စီပြီး ဆယ်စုနှစ် ၂စုကျော်လောက် အဲ့ လိုင်းဖုန်းလေးက ၀င်ငွေက အိမ့် မိသားစုစီးပွားရေးကို အတော်အထောက်အကူပေးခဲ့ ဖူးတယ် ၊
ဖုန်းအကြောင်းရေးချင်စရာအဖြစ်အပျက်တွေ အများကြီး ရှိပေမယ့်  အခုပြောချင်တာက ဒီလိုပါ  အဲ့ လိုင်းဖုန်းဟာ တစ်ချို့ တွေနဲ့ ဆို သူတို့ ဖုန်းပြောနေတဲ့ စတိုင်ဟာ သိပ်ကိုစတိုင်ကျပြီး သိပ်ကြည့် လို့ ကောင်းတာပါပဲဗျာ ဖုန်းကိုင်ထားတဲ့ လက်စတိုင်ကိုက ဂွတ်နေသလိုမျိုး..၊တစ်ခါတစ်လေ အလုပ်မအားတဲ့ ပုံနဲ့  ဖုန်းခွက်ကို လက်နဲ့ မကိုင်တော့ ပဲ နားနဲ့  ပုခုံးနဲ့ ကြား ခေါင်းလေးစောင်းညှပ်ထားပြီး  ပါးစပ်ကဖုန်းပြောနေတုန်း လက်က ပိုက်ဆံရေနေ ဒါမှမဟုတ် စာတစ်ခုခုရေးနေ ဘောင်ခြာတစ်ခုခုရေးနေတဲ့ စတိုင်က အလုပ်တွေ သိပ်များနေတဲ့ စတိုင်မျိုးပေါ့ လေ..
.ပြောချင်တာက အဲ့ စတိုင်လေးအကြောင်းပြောချင်တာ ၊  အဲ့ စတိုင်လေးကို ပြန်သတိရလို့ ဟမ်းဖုန်းခေတ်ဖြစ်လာလို့  ဟမ်းဖုန်းကို နားနဲ့ ပုခုံးကြားညှပ်ဖုန်းပြောတဲ့  အဲ့ လိုင်ဖုန်းစတိုင်အတိုင်း လိုက်လုပ်လို့ မလွယ်လောက်ဘူးလို့ တွေးမိလိုက်လို့  ခ် ။( ဘလူးတုသုံးရင် ဖုန်းတောင်ကိုင်စရာမလိုတော့ ဘူးပေါ့ လေ)..ဟမ်းဖုန်းကို ပါးနားကပ်စကားပြောနေတဲ့  စတိုင်နဲ့  လိုင်းဖုန်းခွက်ကို ကိုင်ပြီးစကားပြောနေတဲ့ စတိုင် နှစ်ခုမှာ လက်က တယ်လီဖုန်းကြိုးလေးကို ဆော့ နေပြီး လိုင်းဖုန်းကိုင် စကားပြောနေတဲ့  တစ်ချို့ အမျိုးသမီးတွေ စတိုင်က ပိုခန့်  ပိုကြည့် ကောင်းနေသလိုလိုဘာလိုလိုလဲ တွေးမိသေးတယ်  ဟိုတုန်းက ခေတ်ဟောင်ရုပ်ရှင်တွေမှာအဲ့ လိုစတိုင်တွေပါတတ်လေ့ ရှိတယ်လေ. လိုင်းဖုန်း နဲ့ ဟမ်းဖုန်း စတိုင်တွေ စနစ်တွေ ကွဲသွားတဲ့  စတိုင်နှစ်ခုက ခေတ်ဟောင်း နဲ့ ခေတ်သစ်ကွဲသွားပုံကို ထင်သာမြင်သာတော့ ရှိသားဗျား..
No comments:
Post a Comment
'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..