Powered By Blogger

Saturday, January 14, 2017

လူရုပ်လေးတွေ


လူရုပ်လေးတွေ
------------
Voodooမှော်ပညာသင်တန်းဆိုပြီး ပုံတွေဘာတွေနဲ့  အွန်လိုင်းပေါ် တက်လာတော့ ဝေဖန်သံတွေအများကြီးပေါ့ ဗျာ သူ့ လိုင်းက အောက်လမ်းပညာလိုင်းဘာညာပေါ့ 
မှော်ပညာလို့ လည်းပါသေးတယ်..အဲ့ လိုင်းရဲ့  အဓိကပစ္စည်းက လူရုပ်ကလေးတွေနဲ့ သူများကို ပြုစားတာဘာညာပေါ့  အဲ့ Voodoo အကြောင်းတွေက ယူကျူ့ မှာအများကြီးရှိတယ်
ဗဟုသုတသဘောသွားမွှေလို့ ရတယ် Voodoo လို့ သာ ယူကျူ့ မှာရိုက်ထည့် လိုက် အဲ့ ဒါနဲ့ ဆက်စပ်သမျှ ဗွီဒီယိုဖိုင်တွေအများကြီးကျလာမယ်ပေါ့ ဗျာ...ကျနော်တို့ အဲ့ Voodooအကြောင်းတွေစသိခဲ့ ဘူးတာက
ငယ်ငယ်က ကြည့် ရတဲ့ နိုင်ငံခြားကသွင်းပြီးရုပ်ရှင်ရုံတွေမှာပြတဲ့  အာဖရိကတောရိုင်းမုဆိုးတွေကားတစ်ချို့ မှာ စသိမြင်ဘူးတယ်ပေါ့ လေ.နောက်တော့ ခိုးကူးခွေခေတ်ဦးမှာဝင်လာတဲ့ ပြည်ပကရုပ်ရှင်ခွေတွေမှာလည်း
အများကြီးကြည့် ခဲ့ ဘူးတယ်  ရုပ်ရှင်တွေဆိုတော့ လုပ်ရိုက်တာလားဘာလားတော့ သေခြာတော့ မသိဘူးပေါ့  နောက်တစ်ခါ အဲ့ အဲ့ မှာ အဲ့ မှော်သွင်းထားတယ်ဆိုတဲ့  လူရုပ်ကလေးတွေနဲ့ သူများကိုပြုစားတာ
ဒုက္ခပေးတာတွေကို တရုပ်သရဲကား တရုပ်သိုင်းနဲ့ နတ်တွေ သရဲတွေစုန်းကဝေတွေရောမွှေတဲ့  တရုပ်ကားတွေမှာလည်း ပါတာတွေ့ ခဲ့ ရကြည့် ခဲ့ ရသေးတယ်.. အဲ့ လို ရုပ်ရှင်တွေထဲကလို တကယ်ဖြစ်မဖြစ်တော့ အပြင်မှာ မတွေ မကြုံဘူးလို့  မဝေဖန်တတ်ပါဘူး..ဝေလည်း မဝေဖန်လိုပါဘူး..ဒါမျိုးတွေက လိုင်းသွားပူးမှ လိုင်းပူးကုန်တာ မပူးရင် မပူးဘူးပေါ့ လေ..

ကျနော်ပြောချင်တာက လူရုပ်ကလေးတွေနဲ့ လုပ်တဲ့  အစီအရင်ကို ကျနော်တို့ ငယ်ငယ်တုန်းက မြင်ခဲ့ ဘူးတဲ့  ခေါစာ ပစ်တဲ့ အခါမှာ သုံးတာမြင်ဘူးခဲ့ တယ်ပေါ့ ဗျာ...မြို့ မကျ တောမကနေရာတွေနဲ့ တောကျလွန်းတဲ့ နေရာတွေမှာလုပ်ခဲ့ ကြတာ ရိုးရာဓလေ့ ပေါ့ သိပ်ကိုမကျမ်းမာတဲ့  အခါတွေမှာ မြန်မြန်နေကောင်းအောင်တို့  စုန်းတွေမြေဖုတ်တွေဖမ်းစားထားလို့ များနေမကောင်းတာမျိုးဖြစ်နေရင်မြန်မြန်လွတ်အောင်တို့ စသဖြင့် ရည်ရွယ်ချက်တွေနဲ့ လုပ်ကြတာ  ခေါစာပစ်တာကို တစ်ချို့ က ရွာစာချတယ်လို့ လဲ ခေါ်ကြတယ်
အဲ့ မှာ ရွာစာချတာက တစ်ခါတစ်လေ ရိုးရာနတ်တွေကို ဗလိနတ်စာပူဇော်ပြီးတဲ့ အခါ  အဲ့ က အစာတစ်ချို့ ကို ဖယ်ထားပြီး နေ၀င်ရီတရောမှာ ဆန်ကောတစ်ချပ်ထဲ ဖက်ခင်းခံပြီး ပွဲတော်ကျတစ်ချို့ ထည့်  ရွာပြင်တို့  လယ်ကွင်းစပ်တို့  ကွင်းပြင်ထဲတို့ သွားချပေးတာမျိုး မြို့ မှာတော့  နောက်ဖေးလမ်းကြားမှာ ချထားလိုက်တာပေါ့ လေ..

အဲ့ မှာ ခေါစာပစ်တာမှာ ခေါပတောင်းလို့ လဲခေါ်ကြတယ် ခေါ်တောင်းလို့ လဲ ခေါ်ကြတယ် နှီးနဲ့ ယက်ပြီး လက်ကိုင်ပါတဲ့  တောင်းအ၀ိုင်းလေး မကြီးမသေးလေးးယက်ပြီး အဲ့ ထဲ ငှက်ပျောဖက်ခင်း ထမင်းဆုပ်တွေ ပန်းတွေ အမဲစိမ်းတွေထည့် အုန်းမှုတ်ခွက်နဲ့ ရေထည့်  လူရုပ်လေးထည့်  အမွှေးတိုင်ဖယောင်းတိုင်တွေထည့်  ရွာပြင်သွားချတာမျိုး..( တစ်ချို့ ကတော့  ခေါစာပစ်တာကို ဆန်ကောနဲ့ ပဲလုပ်ကြတယ် )  အဲ့ မှာ အဲ့ လူရုပ်ကလေးက တစ်ထွာကျော်ကျော်လောက် ဖယောင်းနဲ့ လည်း လုပ်ကြတယ် ဂျုံနဲ့ လည်း လုပ်ကြတယ်..အဲ့  အရုပ်လေးက လက်ရာမြောက်ရင် တကယ့် လူသေးသေးလေးအတိုင်းပဲ  ( အရုပ်လေးမြင်နေရတာကိုက လန့် စိတ်တွေဖြစ်လာလို့  စပ်ကလည်းစပ်စုချင်တာနဲ့  ကြောက်ကြောက်နဲ ထိုင်ကြည့် ခဲ့ ရတာ ငိငိ)

အဲ့ မှာ အဲ့ အရုပ်လေးမှာထည့် ထားတာက လူမမာရဲ့  ဆံပင် စနဲနဲ လက်သဲခြေသဲစနဲနဲပါ ထည့် ထားတယ်  ( ကိုယ်စားသဘောမျိုးပေါ့ လေ )..ပြီးတော့ မှ လူမမာရဲ့ အင်းကျီဟောင်း ပုဆိုးထမီဟောင်းတွေက အစလေးတွေ ဖြဲပြီး အဲ့ လူရုပ်မှာပတ်တယ်  ( အဲ့ မှာ လူနဲ့  ပိုတူသွားလို့  ပိုလန့် စရာပေါ့ )  ပြီးတော့  အဲ့ ဒါတွေလုပ်ချိန်က ညနေစောင်းတွေမှာလုပ်ကြတာဆို
တော့  အမှောင်သဘောကိုက ပါနေတာမျိုး..)  အဲ့ လိုတွေလည်းလုပ်ပြီးရော အဲ့ လူရုပ်ကလေးကို ခေါပတောင်းထဲ အစာတွေ အမဲစိမ်းတွေနဲ့  အတူတူထည့် ပြီး ကွင်းပြင်ဖက် ယောင်းမတစ်ချောင်းကိုင်ပြီး သွားတော့ တာပါပဲဗျာ...

ကွင်းစပ်ရောက်တော့  အဲ့ ခေါပတောင်းကို မြေပေါ်ချ လက်ကယောင်းမနဲ့  အဲ့ ခေါ်ပတောင်းနှုတ်ခမ်းတွေကို ခပ်ကျယ်ကျယ်လေးခေါက်ခေါက်ပြီး  ပါးစပ်က ခေါ်တော့ တာပါပဲ..ဘယ်သူတို့ ဘယ်ဝါတို့  လာစားကြပါသောက်ကြပါ ဘယ်လူနာရှင်က ကျွေးပါတယ်မွေးပါတယ်  အမှားရှိရင်လည်း ခွင့် လွှတ်ပါ လူနာရှင်က ဒါနပြုတာလည်း အားရပါးရစားကြပါသောက်ကြပါပျော်ကြပါးကြပါ  လူနာကိုလည်းစောင့် ရှောက်ပေးကြပါဘာညာတွေ ပေါ့  အတော်စုံပါတယ် ကွင်းပိုင်တွေရော ရွာလမိုင်းကဝေလမိုင်းစုန်းလမိုင်းတွေ
ဘာတွေရောစုံနေတာပါပဲဗျာ....ယောင်းမနဲ့ ရိုက်ရိုက်ပြီးအော်ခေါ်နေတဲ့ အသံကိုက နေ၀င်ရီတရောမှောင်စပျိုးချိန်ဆိုတော့ ဘေးကနေထိုင်ကြည့် နေရတာကိုက ကြက်သီးတဖြန်းဖြန်းထ လန့် ပေါ့ လေ..ခ်.. ဒါမျိုးတွေကို ကျနော်တို့ အမျိုးထဲက နတ်ကိုးကွယ်တဲ့  ကြီးဒေါ်ကြီးတွေက လုပ်ခဲ့ ကြတာ ထိုင်ကြည့် ခဲ့ ရတာ...အဲ့ မှာ ခေါတောင်းနဲ ကတောသေးတယ် ဆန်ကောပက်လက်နဲ့ က ပိုဖြုံစရာကောင်းတယ်...ဆန်ကောဇောင်းတွေကို ယောင်းမနဲ့ ခေါက်နေတုန်း  အဲ့ လူရုပ်လေးများ လှုပ်လာမှာလားဘာလားက တွေးပြီးလန့် နေသေးတာ. အဟီး....အဲ့ လို ယောင်းမနဲ့ ခေါက်ပြီးတော့  အဲ့ ယောင်းမပါ အဲ့ ထဲထည့် ပစ်ထားခဲ့ တာပါပဲဗျာ..အဲ့ မှာ ခေါတောင်းကိုရော ဆန်ကောကိုပါ ပြန်ယူလေ့ မရှိဘူး....အောက်နိမ့် တွေကို ကျွေးတာမို့ ပေါ့ လေ)..အဲ့ မှာ အဲ့ လိုခေါပစ်ပြီးပြန်ရင် လှည့် မကြည့် ရဘူး အိမ်ကို ခပ်သုပ်သုပ်ပြန်  အိမ်ဝရောက်ရင် ဖနောင့် နဲ့  မြေကြီးကို ဖွဖွ ဖွဖွ ဆိုပြီး ခပ်ပြင်းပြင်းလေးစောင့် ပစ်ခဲ့ ရသေးတယ်..( လွယ်တော့ လွယ်ဘူး ဇယားတွေများချက်က  ခေါစာတစ်ခါပစ်ရတာ  ငိငိ)

အဲ့ လိုတွေလုပ်လိုက်တော့ တစ်ချို့ လူနာတွေ ပြန်ဂွတ်လာတတ်ပြီး တစ်ချို့ တော့ မရပါဘူး လျှောတာပါပဲ   ပြန်ဂွတ်လာတာကလည်း ခေါပစ်လို့ လားဘာလားဆိုတာက ဒါမျိုးတွေက ကိုင်ပြလို့ မရတဲ့  ယုံကြည်မှု့ သဘောတွေမို့  ဒါတွေဟာ သူ့ အရပ်နဲ့ သူ့ ဇာတ် ယုံကြည်မှု့ ဓလေ့ တွေသဘောလို့ ပဲဆိုနိုင်မှာပါပဲဗျား...  အဲ့ အတွေ့ အကြုံတွေကို အခြေခံပြီး  န၀င်းပွဲပညာက ကိုယ်စားသဘောကိုပေါင်းပြီး လူရုပ်အစီအရင်လုပ်လို့ ရလောက်တယ်နဲ့  နောက်ဘာဘာညာညာတွေ တွေးခဲ့ ဘူးသေးတယ်...အတွေးမှာပဲ ရပ်ထားလိုက်ပါတယ်  အဟီး.. အခုရေးတာကလည်း လူရုပ်လေးနဲ့  ခေါစာပစ်တဲ့ ဓလေ့  ရွာစာချတဲ့ ဓလေ့ တွေ ဒီက ရိုးရာဓလေ့ မှာရှိခဲ့ ဘူးပြီး (တစ်ချို့ အရပ်တွေမှာ ရှိနေလောက်သေးမယ်လို့ လဲထင်ရတယ်) အများအားဖြင့် နာတာရှည်သက်ကြီးပိုင်းလူနာတွေအတွက် လုပ်ပေးခဲ့ ကြလေ့ ရှိတယ် ကောင်းဖို့ လုပ်တာ ဒါနခန်းသဘောမျိုးလုပ်တာမျိုးလို့ ပါ ....။

No comments:

Post a Comment

'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..