Powered By Blogger
Wednesday, March 29, 2017
''ငွေလမင်းကို နမ်းတဲ့ ည''
''ငွေလမင်းကို နမ်းတဲ့ ည''
----------
အနုပညာစိတ်ရှိနေသူတွေ ရဲ့  စိတ်နှလုံးဝိဥာဉ်ဟာ သိပ်ကို ခံစားလွယ်တတ်ပြီး  စိတ်နူးညံ့ လှတဲ့  သဘောလည်း ရှိတတ်တဲ့ အကြောင်း မြင်လိုက်ရတဲ့ ကဗျာတစ်ပုဒ်ပေါ့ လေ  ၊
ကဗျာလေးက ချစ်စရာလည်းကောင်း ကြည်နူးစရာလည်း ကောင်းတယ် အက်ဆေးဆရာရဲ့  စာအတော် အများများဟာ ကဗျာ့ ခံစားမှု့ အကြောင်းလေးတွေ ပါနေတာ ၊
အနုပညာနယ်ပယ်ထဲက သူ အမှတ်တရ ဖြစ်ကျန်ခဲ့ သူတွေ စာတစ်ပုဒ် ပေတစ်ဖွဲ့  ရေးသား မှတ်တမ်းတင်ခဲ့ တာတွေဟာ အတော် စိတ်ဝင်စားစရာလည်း ကောင်းပါတယ်.၊
အခုကဗျာကလည်း  ဆရာမောင်ခိုင်မာရဲ့  ချစ်ဖွယ် လွမ်းဖွယ်တွေနဲ့  ရသမျိုးစုံပေးတဲ့ ကဗျာတစ်ပုဒ်ပါပဲ  ၊ ဒါကိုလည်း အက်ဆေးဆရာက ကဗျာတစ်ပိုဒ် စာတစ်ဖွဲ့ နဲ့ ကဗျာစာရသတွေကို
 စိမ့် ဝင်ခံစားပြီး အက်ဆေးတစ်ပုဒ် အဖြစ်စာဖွဲ့ ခဲ့ ပြန်ပါတယ်..ကဗျာလေးက သိပ်ကို လှပါလွန်းတယ်  လင်နဲ့ မယား ချစ်ခြင်းမေတ္တာ သဘောတွေ ကွင်းကနဲ  ပေါ်လွင်လှသလို
အထူးသဖြင့်  ကျနော်တို့ ကို  စဆွဲခေါ်ယူသွားတဲ့  အစပျိုး  ကဗျာ့ အပိုဒ်ထဲက  ''အပျိုတော် နတ်ချင်းက ''
 '' ညနေ ညနေ  စည်တယ်လေ စည်တည်လေ '' ဆိုတဲ့  စာသား နတ်ဒိုးသံ စာသားလေးဟာ ရိုးရာဂီတကို သဘောကျ ချစ်တတ်သူတွေအတွက် လွှတ်သဘောကျသွားတဲ့ စာသားမျိုးလေးပေါ့ ဗျာ..
။.
.(ဒီကဗျာကို ၁၉၈၆ သြဂုတ်လထုတ် မဟေသီမဂ္ဂဇင်းမှာ ဖေါ်ပြခဲ့ ပြီး ၁၉၉၀မှာ ကဗျာစာအုပ်ထုတ်တော့ ဒီကဗျာခေါင်းစီးနဲ့ ပဲ ထုတ်ခဲ့ တယ်လို့  အက်ဆေးဆရာက  ဆိုပါတယ်ဗျာ )
''ငွေလမင်းကို နမ်းတဲ့ ည''
-----------
ကျွန်ုပ် အိမ်မပြန်မီ
အပုပ်ချိန်ကို ကြံစည်မိ
ပုဂံပြည်အကြောင်း တွေးရင်း
ရှေးသီချင်း ဆိုမည်ပြင်တော့ 
ခင်ရေ
ညနေ  ညနေ 
စည်တယ်လေ စည်တယ်လေ..တဲ့ 
ရီဝေေ၀ ပါးစပ်ဒိုးနဲ့ 
နတ်ကိုးသံ မိုးပျံနေ။
အပူနာ မဟူရာညမှာ
သူရာကို ပူဇာစမိတော့ 
ဟာသလေး တရွှင်ရွှင်
အာလယဆေး တငင်ငင်
ဟေ့ ...မာနသွေး ယှဉ်ချင်ယှဉ်
မြင်မြင်ရာ အကုန်သောက်
မှတ်ပုံတင်ပျောက် ဘောလ်ပင်ပျောက်
ပိုက်ဆံပျောက် မျက်မှန်ပျောက်
ခေါက်ထီးပျောက် မီးခြစ်ပျောက်
ဟိုဆိုင်ရောက် ဒီဆိုင်ဝင်နဲ့ 
ဂန္တ၀င် အူရစ်တို့ 
ဘက်တူချစ်ဆွေ။
တစ်ညခင်း
လမင်းကို အဖေါ်ပြုခိုက်
ပျော်မှု့ တွေ အကုန်ပြေ
ထွေခဲ့ တာ အကုန်ပျက်
မိုးသက်လေ တဟဲဟဲ မိုးစက်ရေ တရွှဲရွှဲ
လျပ်စီးတွေ တရဲရဲ ဓာတ်မီးတွေ မသဲကွဲ
သရဲကြောက်တတ်တဲ့ မောင်ဟာ
မြို့ လယ်ကောင် သူရာတန်းက
ရွာမအိမ် အပြန်လမ်းမှာ
ကျောချမ်းလို့  ရင်ခုန်နေ
ခင်ရေ ..ခင်ရေ
ခင်ရေ  တံခါးဖွင့် ..။
''မောင်..
သန်းခေါင်ကျော်ပြီလေတဲ့  '''
မှောင်ထွေထွေ မျက်နှာထားနဲ့
တံခါးပေါက်မှာ
ခါးထောက်ကာ ခင်လာရပ်လေမှ
မြင်တတ်သူ ကဗျာဆရာရဲ့ 
အလင်္ကာ ချိုချိုနုပါဘိ
အို....ပျိုနုဆဲ ငွေလမင်းပါလားလို့ 
တံခါးအကွယ် တစ်ညသာမှာလ
ခင့်  ပါးပြင် အသာနမ်းတော့ 
(အဟမ်း) ကြာပန်းတွေ..ပွင့် ..။
---------------
'''အို....ပျိုနုဆဲ ငွေလမင်းပါလားလို့ 
တံခါးအကွယ် တစ်ညသာမှာလ
ခင့်  ပါးပြင် အသာနမ်းတော့ 
(အဟမ်း) ကြာပန်းတွေ..ပွင့် ..တဲ့ ..''.....သိပ်လှတဲ့  အဖွဲ့ လေးပါပဲဗျာ...။
--------
( မောင်ရင့် မာ (ကျောင်းကုန်း)  ရဲ့  လရောင်ရွာတဲ့ ရွာ )
No comments:
Post a Comment
'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..