Powered By Blogger

Tuesday, June 13, 2017

တစ်ခါက ငယ်ဘ၀မှာ..၊ ( ၂) ( ၃) ( နာရေး ) ၊ လူသေပုပ်နံ့ )


တစ်ခါက ငယ်ဘ၀မှာ..၊  ( ၂) ( ၃) ( နာရေး ) ၊ လူသေပုပ်နံ့ )
----------------
ကြံတောသုဿန်ကြီးကို မရွှေ့ ခင်ပေါ့  ၊ အဲ့ အချိန်မှာ ကြံတောနဲ့ မျက်နှာချင်းဆိုင် အခြမ်းမှာ ဝေဠုဝန်ရပ်ကွက်ကြီးဆိုတာ ရှိခဲ့ တယ် ၊ အခြေခံတွေ ခေါင်းရွက်ဗျက်ထိုးတွေ ဈေးသည်တွေစက်ရုံလုပ်သားတွေအများစုဖြစ်ပြီး လူစုံစရိုက်စုံပေါ့ လေ ၊ အဲ့ ဝေဠုဝန်ရပ်ကွက်ကြီးနဲ့  ကြံတောက နာနတ်တောလမ်းမပဲခြားပြီး ကြံတောက အထွက်ပေါက်နားက မျက်နှာချင်းဆိုင်မှာတော့  အသုဘကားအပှားလိုက်တဲ့ ဆိုင်တွေ အခေါင်းတွေရောင်းတဲ့ ဆိုင်တွေရှိခဲ့ တယ် ၊ ဝေဠုဝန်ရပ်ကွက်ကြီးရဲ့ကြံတောသုဿန်ဖက်မျက်နှာမူထားတဲ့  မျက်နှာစာတန်းပေါ့ လေ

အဲ့ ရပ်ကွက်ကြီးထဲမှာ ကျနော်တို့ အမျိုးအိမ်ရှိသလို အဲ့ အိမ်မှာ ကျနော်တို့ မိသားစုတွေ ခဏ သွားနေခဲ့ ရဘူးသေးတယ် အဲ့ အိမ်ပေါ်မှာပဲ ညီတစ်ယောက် သူငယ်နာနဲ့ မိုးတွင်းကြီး ဂိသွားခဲ့ လို့ ကြံတောထဲ အရပ်ကြေးနောင်ဆိုင်းဝိုင်းလေးနဲ့ နေ့ ချင်းချခဲ့ ရသေးတယ် ဓနချို့ တဲ့ နေချိန် ငါးခြောက် တစ်ခြမ်း အမြှောင်း နှစ်မြှောင်းကို သားအမိသားအဖ ၅ယောက်စာ ညမနက် ၂ နပ်စာရအောင် စားနေရတဲ့ ကာလတွေပေါ့ ၊ နောက်တော့ အဲ့ ရပ်ကွက်ကြီးကနေ နောက်နေရာတစ်ခု ထပ်ရွှေ့ လာခဲ့ တယ်ပေါ့ လေ ၊ ဒါပေမယ့်  ကျနော်ကတော့ အဲ့ ဝေဠုဝန်ရပ်ကွက်ကြီးထဲက အမျိုး ကြီးဒေါ်ကြီးတွေအိမ်မှာ ကျောင်းပိတ်ရက်တွေဆို ညသွားသွားအိပ် တစ်နေကုန်ကစားပေါ့  အဲ့ မှာက ကျနော်နဲ့ ရွယ်တူ အစ်ကိုတစ်ဝမ်းကွဲ (အမှန်က အမျိုးစပ်ရင် ဦးလေးပေါ့ လေ) ရှိတော့  ကစားဖေါ်ပေါ့ လေ၊

ကစားနည်းက စုံသလို ရပ်ကွက်ကြီးထဲက ကျနော်နဲ့ ရွယ်တူတွေကလည်း သူငယ်ချင်းတွေဖြစ်လို့ ပေါ့  ၊ ရပ်ကွက်ထဲမှာ ကစားယုံတင် အားမရသေးဘူး အဲ့ ကြံတော်သုဿန်ထဲပါ တစ်ခါတစ်လေ လျှောက်စပ်စုကြသေးတယ် အုပ်ဂူကြို အုပ်ဂူကြား လျှောက်သွား ဂူတွပေါ်တက် တစ်ဂူနဲ့ တစ်ဂူခုန်ကျော်ပြေးပေါ့  ၊ ဂူတွေပေါ်က ကမ္ဗည်းစာတွေ လျှောက်ဖတ်ပေါ့ လေ ( နာမည်ကြီးနိုင်ငံရေးသမားတွေရဲ့ ဂူတွေလည်း ရှိခဲ့ သလို တစ်ချို့ ဂူတွေဟာ သံတိုင်အရံအကာတွေနဲ့ သေသေသပ်သပ် တစ်ချို့ ဂူတွေကတော့ ပေါင်းမြက်ချုံပုတ်တွေနဲ့ ဖယိုဖရဲ နဲ့  ကြောက်စရာအသွင်ကိုဆောင်နေတာမျိုးပါပဲ ၊ ( ဦးနေ၀င်းကတော်တွေထဲက ကတော်တစ်ယောက်ဖြစ်တဲ့  ထဘီအနားမှာကျောက်တွေစီပြီးဝတ်ခဲ့ တယ်ဆိုတဲ့  ဒေါ်ခင်မေသန်းရဲ့ (မာဘယ်လ်ကျောက်ပြား အပြာရောင်လေးနဲ့  အုပ်ဂူ ပုပုလေးကိုလည်းတွေ့ ခဲ့ ရသေးတယ် ). မီးသဂြိုလ်စက်နဲ့  ကပ်လျက် မလှမ်းမကမ်း ဂူစုစုလေးတွေကြားမှာပေါ့ 

ဟံသာဝတီအ၀ိုင်းဖက်က လမ်းကနေ စ၀င်လာရင်း သင်းချိုင်းကုန်းထဲ ၀င်တဲ့ အပေါက်ကနေ ပြန်အထွက် နာနတ်တောဖက်က အပေါက်အထိဆို ကြံတော သုဿန်ဝင်းကြီးဟာ တော်တော့ ကို ကျယ်ပါတယ် အဲ့ ထဲ အုပ်ရိုးဝန်းခြံသပ်သပ်နဲ့  ဂျပန်သင်းချိုင်းဆိုတာလည်း ရှိခဲ့ သေးတယ် ၊

အုပ်ဂူကြို အုပ်ဂူကြားမှာ လျှောက်သွား ဂူတွေ ရဲ့  ဒီဇိုင်းတွေ လူအမည်တွေကို စပ်စုရင်း အဲ့ ထဲမှာ ဂူကို မှီပြီး တစ်ဖက်ရပ် ဓနိတဲသေးသေးလေးပစ်ပြီး ဘိန်းရှုနေတဲ့  သူတွေတစ်ချို့  ၊ နောက် အနာကြီးရောဂါသည်သူဖုန်းစားတစ်ချို့  စတဲချနေတာ ၊ ခွေးသားပေါ်နေတာ ကြောင်သားပေါ်နေတာတွေလည်း တွေ့ ခဲ့  စပ်စုခဲ့ ကြသေးတာပေါ့ လေ ၊ သုဿန်ထဲမှာ ကုက္ကိုပင်လို သစ်ပင်ကြီးတွေ အုပ်အုပ်ဆိုင်းဆိုင်း ရှိလှလို့  တစ်နေ့ တာ နာရေးကိစ္စတွေ ပြီးသွားတတ်တဲ့  ညနေစောင်း ၃နာရီနောက်ပိုင်းဆို သုဿန်ထဲမှာ လူခြေကျဲသွားပြီး အလွန့် ကို တိတ်ဆိတ်သလို ဖြစ်သွားတာနဲ့  သင်းချိုင်းကုန်းကြီးဟာ သစ်ပင်အုပ်အုပ်ကြီးတွေအောက်မှာ ခြောက်ခြားစရာ ကြောစိမ့် စရာတစ်မျိုးတောင်ဖြစ်လာပါတယ်...။

-----------------
တစ်ခါက ငယ်ဘ၀မှာ.. (၂)
----
ကျနော်တို့ တွေ သင်းချိုင်းကုန်းကြီးထဲဝင်ပြီး ဂူကြိုဂူကြားမှာ စိန်ပြေးတန်းဆော့ ဖို့  တူတူပုန်းတန်းဆော့ ဖို့  သွားကြတဲ့ အခါ ကားတွေ ၀င်ပေါက်ကနေ၀င်လေ့ မရှိပဲ သင်းချိုင်းကုန်းကို ကာထားတဲ့ အုပ်တံတိုင်းကြီးကို ကျော်ပြီးဝင်ဆော့ လေ့ ရှိပါတယ် ၊ (အုတ်တံတိုင်းက အတော်မြင့် ပါတယ် ကားလမ်းဖက်ကနေအထဲကို မြင်ရမလွယ်ပါဘူး ) အများအားဖြင့်  နာရေးတွေ ကုန်လုလု ညနေစောင်း ၂နာရီလောက်နောက်ပိုင်းပေါ့  ၊ ဆော့ ရင်းစပ်စုရင်းက တစ်ခါတစ်လေ မီးသဂြိုလ်စက်မောင်းတဲ့  ဦးလေးကြီးတွေဆီသွား စကားရောဖောရောတွေလုပ်ပြီး သဂြိုလ်စက်မောင်းတဲ့ နောက်ဖက် နေရာလေးကိုပါ ၀င်စပ်စုခဲ့ သေးတာပေါ့ လေ...

ရှေ့ ပေါက်ကနေ အလောင်းကို လျှောကနဲ သွင်းလိုက်ပြီး သံတံခါးထူကြီးကို ဂျိုင်းကနဲ ပိတ်လိုက်ပြီးရင် သဂြိုလ်စက်ထဲက အခြေအနေကို ရှေ့ ပေါက်က နာရေးရှင်တွေ မမြင်ရတော့ ပါဘူး ၊ ဒါပေမယ့်  စက်ထိုင်ထားတဲ့ နောက်ဖက်မှာတော့  ချောင်းကြည့် ပေါက်သဘောဆန်တဲ့  မီးခံမှန်ပြားထူနဲ့  အပေါက်ကနေ အထဲက အခေါင်းတွေ မီးစွဲနေတဲ့ အခြေအနေတွေ ပြာကျမကျအခြေအနေတွေ မြင်နေရတာမျိုးပါ ၊ အခေါင်းတွေဟာ အမြန်ပြာကျသွားတတ်ပေမယ့်  အလောင်းကတော့  ရုတ်တရက်ပြာမကျတတ်သေးပဲ တစ်ခါတစ်လေ ကော့ ထလာတာမျိုး လက်တွေခြေတွေမြှောက်သလိုမျိုးတွေ ဦးခေါင်းကနေ ဖေါင်းကနဲ ဦးနှောက်ဖတ်တွေ ပေါက်ထွက်လာတာမျိုးတွေ တွေ့ နေရတာမျိုးပါပဲ ငယ်တုန်းဆိုတော့ နဲ့  ပြီးတော့  ကြံတောက ကစားကွင်းလိုဖြစ်နေလို့  စိတ်ထဲ အကြောက်အရွံ့ တော့ သိပ်မဖြစ်ခဲ့ ပေမယ့်  နဲနဲတော့ ကြောက်သွားတယ်ပေါ့ လေ

တစ်ခါတစ်ရံတော့  နေ့ ၁၁နာရီလောက်ကနေ ကားတန်းတွေနဲ့ ရောက်လာတဲ့ နာရေးတွေကို တစ်လောင်းပြီးတစ်လောင်း ထိုင်ကြည့် ကြတာပေါ့ လေ ၊ အဲ့ မီးသဂြိုလ်စက်နားက ဇရပ်ကြီးပေါ်ကနေပေါ့  ၊ တစ်ချို့ နာရေးတွေဟာ တိတ်တိတ်ဆိတ်ဆိတ်သိုသိုသိပ်သိပ်နဲ့  ပြီးသွားသလောက် တစ်ချို့ နာရေးတွေကတော့  မိုးပြုလုမတတ် အောဟစ်ငိုကြွေးတွေနဲ့ အသံတွေ တစ်ချို့ နာရေးတွေက လူကျဲသလောက် တစ်ချို့ နာရေးတွေကတော့  သဂြိုလ်ပြီးတဲ့ အထိ ကားတန်းက၀င်လာမဆုံးချင်သေးဘူးဆိုတာမျိုးတွေကို တွေ့ ခဲ့ ရတာမျိုးပေါ့  ၊ တစ်ချို့  နာမည်ကြီး နာရေးတွေဆို အဲ့  သဂြိုလ်စက်အခန်းထဲ မသွင်းခင်လည်း အလုအယက်တိုးဝှေ့ ကြည့် ကြ ( ကိုယ့် အမျိုးမဟုတ်လည်းပေါ့ လေ ) တစ်ချို့ ကတော့  အဲ့  သဂြိုလ်စက် အခန်းထဲကကို ပြူတင်းပေါက်ကနေ ဖက်တက်ပြီး ကြည့် ကြတာမျိုးတွေလည်းရှိခဲ့ တာမျိုးပေါ့  အဲ့ မှာ တစ်ချို့ တွေပြောသံကြားဖူးတာက သဂြိုလ်စက် တံခါးပိတ်လိုက်ရင် နာရေးရှင်တွေ မမြင်ရတော့ တဲ့ အခါမှာ အခေါင်းထဲက တန်ဖိုးရှိတာလေးတွေ ယူထားလိုက်ကြလို့  သဂြိုလ်စက်ခန်းထဲ ဘာတွေလုပ်နေသလဲဆိုတာ တက်ချောင်းရတာတို့  အဲ့  သဂြိုလ်စက်အခန်းထဲ လက်သိပ်ထိုးလေးပေးပြီး နာရေးရှင်တစ်ယောက်လိုက်သွားတာတို့ ပေါ့ လေ ၊
---------------
တစ်ခါက ငယ်ဘ၀မှာ.. (၃) ( နာရေး )
--------------
ကြံတောထဲ သွားဆော့ တယ်လို့ ဆိုပေမယ့်  ညနေတော်တော်စောင်းသွားရင် သုဿန်ဝင်းကြီးဟာ အတော်မှောင်သလို ဝေဠုဝန်ရပ်ကွက်ကြီးထဲလည်း မီးကအလင်းနဲလို့  အမှောင်များတဲ့ နေရာကြီးလိုဖြစ်နေတာမျိုးဟာ ရပ်ကွက်နဲ့  သုဿန်ကြားက ကားလမ်းကလည်း အမှောင်ရိပ်များနေတာမျိုးပါပဲ ၊ ဒီတော့  အဲ့  နာနတ်တောလမ်းပေါ်ကနေ ညဦးပိုင်းတွေ သွားရတာဟာ ဟံသာဝတီ အ၀ိုင်းအထိ မရောက်မချင်းလူပြတ် မှောင်ရိပ်သန်းလို့  ကြော စိမ့် စရာလမ်းလို ဖြစ်နေတာမျိုးပါပဲ ၊ လူကြီးမပါပဲ သိပ်ထွက်မဆော့ ကြဘူးပေါ့ လေ..၊ ညပိုင်းတွေဆို ရပ်ကွက်ထဲက လမ်းကြိုလမ်းကြားတွေမှာပဲ ဆော့ ကြတယ်ပေါ့ လေ..၊

ဒီလိုနဲ့ ဝေဠုဝန်ရပ်ကွက်ထဲသွားသွားနေရင်း ဆော့ ရင်းကနေ အဲ့  ဝေဠုဝန်က ကျနော်တို့ ကြီးဒေါ်ကြီးဟာ လူကြီးရောဂါနဲ့ ဆုံးရော ဆိုပါတော့ ၊ အဲ့ တော့  အမျိုးတွေစုံတာပေါ့ လေ ၊ ကျနော်တို့ ကတော့  ကလေးတွေဆိုတော့  အမျိုးတွေဆုံလို့  အပျော်တစ်ဝက် အကြောက်တစ်ဝက်နဲ့ ပေါ့ လေ ၊ အဲ့ မှာ အဲ့ အချိန်မှာ အိမ်မှာ ဆုံးရင် အိမ်ရှေ့  အရပ်ထဲမှာ အလောင်းကို အခေါင်းထဲထည့်  ပြင်ဆင်တဲ့ ခေတ်လို ဖြစ်နေလို့  ကြီးဒေါ်ကြီးရဲ့  အခေါင်းကို (ခေါင်းပိုင်းအဖုံးလေးက နဲနဲဟထားသေးဗျာ ) အဲ့ အိမ်ရှေ့ တင် ကုတင်နဲ့ ဇာပန်းစီးခြင်ထောင်ကာတွေနဲ့  စက္ကူပန်းတွေနဲ့ ပြင်ဆင်ထားပြီး ညဖက်ကြတော့  မီးသီးလေးမှိန်ပြပြလေးတစ်လုံးထွန်းပြီးထားတာမျိုးပေါ့  ရပ်ကွက်က ခပ်မှောင်မှောင် လမ်းကခပ်ကျဉ်းကျဉ်း မီးကမှိန်တိမ်တိမ် နဲ့  တစ်ချက်တစ်ချက် အဲ့  အလောင်းစင်မှာထွန်းထားတဲ့  အမွှေးတိုင်နံ့ က ဘာနံ့ တွေနဲ့ ရောပြီးထွက်လာမှန်းမသိပဲ အီလယ်လယ် အောက်သိုးသိုးအနံ့ နဲ့ ဆိုတော့  မြင်ကွင်းက အတော့် ကို ခြောက်ခြားစရာမြင်းကွင်းတစ်ခုလို ဖြစ်နေတော့ တာပါပဲဗျာ...

ဒီတော့  ကျနော်တို့ တွေက အမျိုးလူကြီးတွေကြားမှာပဲ ကွာစေ့ လေးကိုက်လိုက် လက်ဘက်သုပ်စားလိုက် ရေနွေးသောက်လိုက် လူကြီးတွေပြောသမျှ နားထောင်နေလိုက်နဲ့  လူကြီးတွေကြားနေပြီး အဲ့ နေရာနား မသွား စေ့ စေ့ တောင် လှမ်းမကြည့် ရဲဘူးပေါ့ လေ. ( စိတ်ထဲမှာ တွေးကြောက်နေတာက အခေါင်းထဲကများ ကြီးဒေါ်ကြီးထလာရင် ကြောက်စရာကြီးလို့  မရဲတရဲခိုးကြည့် ရင်းတွေးကြောက်နေတာ ) ..ညဖက် အိမ်သာသွားတာတောင် အဖေါ်လေးခေါ်သွားတာမျိုး... ( အဲ့  မသဂြိုလ်ခင်တွေဟာ ကြောက်ကြောက်နဲ့  ပျော်ဖို့ လည်းကောင်းသလိုလို ညတွေပါပဲဗျား..၊ ဒီလိုနဲ့  သုံးရက်မြောက်မှာ သဂြိုလ်ပြီးသွားတော့  အဲ့  ခြောက်ခြားစရာ မြင်ကွင်းက အိမ်ရှေ့ မရှိတော့ ဘူးဆိုတော့  စိတ်ထဲ အကြောက်နဲနဲကင်းသွားပြီး စိတ်ထဲ အတော်ပေါ့ သွားပါတယ် ၊

အမျိုးတွေဟာ အိမ်မပြန်ကြသေးပဲ လူဆုံတုန်းလေးဆိုပြီး အဲ့  ညဆက်နေကြပြီး ငယ်ကျိုးငယ်နားတွေပြောကြ အတိတ်ကိုလှန်ကျ ဟာသတွေပြောကြနဲ့  နာရေးအိမ်ဟာ နာရေးအိမ်နဲ့ မတူတော့ ပဲ တ၀ါးဝါးတဟားဟားတွေဖြစ်လို့ ပေါ့  ၊ နောက်တော့  အမျိုးတွေ စုပြီး ဖဲရိုက်ကြပါတော့ တယ် ၊ အဲ့ မှာ ပြဿနာစတော့ တာပါပဲဗျာ..၊

-------------------
တစ်ခါက ငယ်ဘ၀မှာ.. (နိဂုံး ) ( လူသေပုပ်နံ့  )
----------
အမျိုးထဲက လူကြီးတွေဟာ ကျားရောမရော အတော့် ကိုဗလွတ်ရွှတ်တတ်တွေ အလွန်ပြောတတ်ကြ နောက်တတ်ပြောင်တတ်ကြတဲ့အမျိုးတွေပါပဲ ၊ ဖဲဝိုင်းဟာ အမျိုးတွေချည်းပဲ ဖြစ်ပြီး ည၁၀နာရီလောက်မှာတော့  ညရဲ့ ဆိတ်ငြိမ်ခြင်းတွေ ဖြစ်လာပါတယ် အဲ့ မှာ အမျိုးထဲက ခပ်ရွှတ်ရွှတ်တစ်ယောက်က ဆုံးသွားတဲ့  ကြီးဒေါ်ကြီး အမည်ကို တ တ ပြီး ဖဲခေါ်ချက်က ( ''ဒေါ်ဘယ်သူရေ...လုပ်ပါဦး ဒီမှာ တူကြီး ဖဲရှုံးနေ့ လို့  '' ) ဖဲချပ်ကို ဘယ်လက်ပေါ်တင် ညာလက်နဲ့  ဖြောင်းကနဲရိုက်လိုက်ပြီး ထအော်လိုက်ပါတယ် ...ရယ်စရာလုပ်ပြီးတော့ ပေါ့  အဲ့ မှာ အမျိုးထဲက အစ်မကြီးတွေ တစ်ခြားကြီးဒေါ်ကြီးတွေက '''' ဟဲ့  ပေါက်ကရတွေ လျှောက်အော်မနေနဲ့  ကလေးတွေကြောက်ကုန်မယ် '' ဘာညာဟန့် ပေမယ့်  ..

နောက်တော့ သူတို့ ကပါ ကြီးဒေါ်ကြီး အမည်ကို ပါးစပ်က တတပြီး ဖဲရိုက်ပါရောဗျာ... အဲ့ မှာ အမျိုးတွေ တ၀ါးဝါးနဲ့ ပေါ့  ၊ ကျနော်တို့ ကတော့ အဲ့ ထိ ဖဲရိုက်နေတာသာ ထိုင်ကြည့် နောက်တာပြောင်တာတွေ ထိုင်ဟားနေပေါ့ လေ ၊ သိပ်မကြာခင်မှာပဲ အိမ် ခြေရင်းဘေးက ထရံကို ''ဘုံး ဘုံး ဘုံး ဘုံး '' နဲ့  သုံးလေးချက် ခပ်ပြင်းပြင်းလေး ပုတ်ပြီး သွားတာမျိုးကြားလိုက်ရပါတော့ တယ်..အဲ့ မှာ အိမ်ခေါင်းရင်းမှာ တရားစကားတွေပြောနေတဲ့ ဘကြီးသုံးလေးယောက်ရော ဖဲရိုက်နေတဲ့အမျိုးတွေပါ ငြိမ်တန့် သွားပြီး ကျနော်တို့ လည်း ကြောထဲ စိမ့် ကနဲ ဖြစ်သွားတော့ တာပေါ့ လေ ၊ အဲ့ မှာ ဖဲရိုက်နေတဲ့  ဦးလေးတစ်ယောက်က ''' ဟေ့  ဘယ်သူလည်း ဘာလည်း '' နဲ့  လှမ်းအော်လိုက်တော့  နောက်ထပ် အသံထွက်မလာတော့ ပါဘူး...ဒါပေမယ့်  ဖဲရိုက်တာ အသံတွေ ငြိမ်ကုန်ပါတော့ တယ်...ကျနော်တို့ လည်း လန့် နေပြီပေါ့ လေ

သိပ်မကြာခင်မှာပါပဲ...'' လူသေပုပ်နံ့ ဟာ လှိုက်ကနဲ ..အိမ်ထဲမှာ လျှောက်ပျံ့ လာပါတော့ တယ် ...''......

ပျံ့ ပုံပျံ့ နည်းက လူသေပုပ်နံ့ ဟာ အိမ်ရှေ့ က ၀င်လာပြီး အမျိုးတွေကြားမှာခဏ နံနေပြီး နောက်တော့  နောက်ဖေး မီးဖိုးချောင်ဖက်ကို ၀င်သွားတာမျိုးပါပဲ သဘောက ချွေးနံ့ ထွက်နေတဲ့ လူတစ်ယောက် ကိုယ့် အနားက ဖြတ်လျှောက်သွားရင် ကိုယ့် မှာချွေးနံ့ တွေ ရကျန်ခဲ့ တာမျိုးနဲ့ တူပါတယ်) ၊ အိမ်ထဲရှိနေတဲ့ တစ်မျိုးလုံး နှာခေါင်းတရှုံ့ ရှုံ့ တွေ ဖြစ်ကုန်ပြီး ဟေ့ ဟေ့  ရလိုက်လားတို့  ဟဲ့ ဟဲ့  နဲ့  နှာခေါင်းရှုံ့ ပြပြီး တစ်ယောက်နဲ့ တစ်ယောက် မေးငေါ့ မေးတာမျိုးတွေဖြစ်ကုန်ပါတော့ တယ်...၊အဲ့ မှာ ကျနော်တို့ လည်း ကြောက်တော့ စောင်ကိုခြုံပြီးလူကြီးတွေနဲ့  နီးနိုင်သမျှနီးနီးနေရတော့ တာပေါ့ လေ..

လူသေပုပ်နံ့ ဟာ ကြွက်ပုပ်နံ့ နဲ့ လည်းမတူသလို ပြောရရင်ဘာအပုပ်နံ့ နဲ့ မှမတူပဲ သီးခြားကွဲထွက်နေတဲ့  အပုပ်နံ့ သဘောဆန်ပြီး ကျနော်တို့အသိစိတ်ထဲမှာ အဲ့ အပုပ်နံ့ ကို ရလိုက်တာနဲ့ တပြိုင်နက်ထဲ ဒါဟာလူသေပုပ်နံ့ ပဲလို့ အလိုလိုတန်းသိပြီး ကြက်သီးမွေးညှင်းတွေ ထကြောတွေစိမ့် ဖြစ်ကုန်တာမျိုးပါပဲ...၊ အဲ့ လို အပုပ်နံ့ ကိုလည်း ရလိုက်ရော အမျိုးတွေ တစ်ယောက်တစ်ပေါက်တွေနဲ့  ကြီးဒေါ်ကြီးကို အမျှတွေပေးလို့ ပေး မေတ္တာသုတ်တွေထရွတ်လို့ ရွတ်တွေ ဖြစ်ကုန်တော့ တာပါပဲ.....

အဲ့ လူသေပုပ်နံ့ ဟာ အကြာကြီးတော့ မဟုတ်ပါဘူး ၅မီးနစ်လောက် အိမ်ထဲ ဟိုဝေ့ ဒီဝေ့ ဖြစ်နေပြီးနောက်တော့  အလိုလိုအနံ့ ပျောက်သွားပါတော့ တယ် ၊ အဲ့ ညတစ်ညလုံးလည်း ကျနော်တို့ လည်း ကောင်းကောင်မအိပ်ရဲတော့ ဘူး ဖြစ်ကုန်တော့ တာပါပဲဗျာ...၊ကျနော်ကတော့  ရက်လည်အထိ နေမယ် စိတ်ကူးပေမယ့်  မနေရဲတော့ ပဲ မနက်မိုးလင်းတော့  ကိုယ့် အိမ်ကိုယ်ပြန်လစ်ခဲ့ တော့ တာပေါ့ လေ.. အဲ့  လို ညမှ သွားချင်တဲ့ ဆီးကလည်း အတော်ရစ်တာမျိုးပါပဲ မနက်အထိ မအောင့် နိုင်လို့  နောက်ဖေးဖက်လည်းမသွားရဲတာနဲ့  အိမ်ရှေ့ တင် ကစ်ခဲ့ လိုက်ရတာမျိုးပေါ့  ခ်


No comments:

Post a Comment

'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..