Powered By Blogger
Sunday, November 1, 2015
ယတြာနည်းတွေကို ဘယ်လို စစဉ်းစားတွေးခေါ်သလဲဆိုတဲ့  အခြေခံ သဘော
ယတြာနည်းတွေကို ကျနော် ဘယ်လို စစဉ်းစားတွေးခေါ်သလဲဆိုတဲ့  အခြေခံ သဘော
-------------
လောကီလောကုတ် အသိပညာ အတတ်ပညာတွေ ဆည်းပူးဖို့ တတ်ချင်လို့ ဆိုပြီး ကုသိုလ်ပြု ယတြာ အထောက်အပံ့ တွေကို စစဉ်းစားတဲ့ အခါ '' ဥာဏ်အလင်းပွင့် ခြင်း ''..သဘောတရားအခြေခံကို အရင်စတွေးတယ်....အဲ့ ဒီမှာ '''အလင်းဓါတ် ''သဘောကို ကိုယ်စားပြုသင်္ကေတ သဘော ''အလင်းဓါတ်နဲ့  ပူဇော်ကုသိုလ်ပြုခြင်း'' အယူအဆကို ရလာတယ်
လွယ်လွယ်ပြောရရင် ''ဖယောင်းတိုင်ထွန်းညှိပူဇော်ဆုတောင်းခြင်း '' သဘောက '' ရုပ်ပစ္စည်း '' နဲ့  ပူဇော်ခြင်းပေါ့ . နောက်တစ်ခါ နာမ်ပစ္စည်း (၀ါ) ဥာဏ ပစ္စည်းသဘောကို ထပ်စစဉ်းစားတဲ့ အခါ မြတ်ဘုရားရှင်ရဲ့  အာရုံပစ္စည်း အတွေးအခေါ်သတ္တိကြီး '' ပု ဒိ အာ ဥာဏ်တော်ကြီး '' ကို အာရုံပြု ပူဇော် ဆုတောင်းခြင်းသဘော ရလာတယ်...ပု= ပုဗ္ဗေနိဝါသဥာဏ်တော်၊ ဒိ= ဒိဗ္ဗစက္ခုဥာဏ်တော်၊ အာ= အာသ၀က္ခယဥာဏ်တော်ကြီးတွေကို အာရုံပြုတဲ့ သဘောပေါ့ ...
အဲ့ ဒီ့ ကနေ မျက်စိ ဝေဒနာတွေ ဆေးကုတဲ့ အခါ ခွဲခါနီးတို့  လေဆာပစ်ခါနီးတို့  စသဖြင့်  မျက်စိ ကိစ္စတွေ အတွက် အထောက်အကူပြု ကုသိုလ်ဆက်ယတြာတွေ လုပ်ဖို့  စစဉ်းစားတဲ့ အခါ ပဲဆီကို ဆီမီးထွန်းပူဇော်ပြီး မျက်စိကိစ္စတွေ လုပ်ပါဆိုတဲ့  ယတြာနည်းပညာ ရလာတယ်...မျက်စိ=ပဲဆီ ဆီမီး= အလင်းဓါတ်..သဘော ပေါ့ ....ဒါတွေဟာ ယတြာနည်းတွေကို ကျနော် ဘယ်လို စစဉ်းစားတွေးခေါ်သလဲဆိုတဲ့  အခြေခံ သဘောပါပဲဗျာ...
လမ်းရှင်းယတြာ..
လမ်းရှင်းယတြာ..
------------
ထူးခြားယတြာအဖြစ်ပေးရလေ့ ရှိတာက ၃ ကြွင်းတွေ ခရီးသွားခါနီးတို့ သင်္ဘောတက်ခါနီးတို့ 
အပြောင်းအလဲတစ်ခုခုလုပ်ခါနီးတို့ ဆို  တစ်ခြားယတြာတွေ မပေးခင် မရဏအိမ်က သောကြာ နံ
အဖြည်သဘော အရင်ပေးရတတ်တယ်....အကြောင်းက ပုံမှန် လမ်းကြောင်းကနေ လမ်းကြောင်းသစ်ကို ပြောင်းတဲ့ အခါမျိုးတွေ
 ခရီးထွက်ခါနီးစသဖြင့် တွေမှာ အမြဲလိုလို ပိတ်ဆို့ ခြင်းတွေ အဖုအထစ်တွေ အတားအဆီးသဘောတွေ ကြုံရတတ်လေ့ ရှိတယ
်.....အဲ့ အတွက် လမ်းရှင်းယတြာသဘော..တံမျက်စီးတို့  အပူခံကျောက်ပြား ဘုရားမှာလှုတာ အလှုငွေထည့် စေတာမျိုးတွေ
အရင်ပြုစေပြီးမှာ လိုအပ်တဲ့ ကျန်တဲ့ တွန်းအားပေးယတြာတွေ ထပ်လုပ်စေရတယ်....သဘောက အပူခံကျောက်ပြား အလှုငွေလှုစေပြီးမှ
အညွန့် လှုပါသဘော...
ဒီလိုလမ်းရှင်းယတြာသဘောကို တစ်ခြား မဟာဘုတ်ရှင်တွေ အဖုအထစ်တွေ ကြုံနေတဲ့ အခါမျိုးမှာလဲ လုပ်လို့ ရတယ် လုပ်စေတယ်...
ယတြာနည်းတွေကို ကျနော် ဘယ်လို စစဉ်းစားတွေးခေါ်သလဲဆိုတဲ့  အခြေခံ သဘော
အလုပ်နေရာ အိမ်နေရာ ရာထူးနေရာ စသဖြင့် နေရာ တည်မြဲရေး ယတြာအခြေခံသဘော
အလုပ်နေရာ အိမ်နေရာ ရာထူးနေရာ စသဖြင့် နေရာ တည်မြဲရေး ယတြာအခြေခံသဘော
-----------
ကိုယ်တိုင်နေရာထိုင်ခင်းကိစ္စတွေ  ကြုံလာတုန်းကလည်း ကိုယ်တိုင်ကြံဆပြီး ယတြာလုပ်ခဲ့ တယ
်...ဒီ ယတြာကို စစဉ်းစားပုံက တူသောအကျိုး သဘောပေါ်ကနေ အခြေခံပြီးတွေးဆခဲ့ တာပါ...
အတွေ့ အကြုံတွေများစွာထဲမှာ ဥပမာ အမြဲဆွမ်းကွမ်းလောင်းလှုနေခဲ့  အကြောင်းပြုမှု့ ကြောင့်  အိမ်မှာ
တွတ်တီးမပြတ်လှတာ နာဂစ်လို အရေးကြုံတော့  တွတ်တီးတွေ ရောက်ရောက်လာတာမျိုး
ငွေအနုတ်တွေကို အမြဲ လှုပေးနေတော့  လက်ထဲမှာ ငွေမပြတ်တော့ တာ ပြတ်လုလု ဆို ပြန်ပြန်ဝင်လာတတ်တာမျိုးက
တူသောအကျိုးသဘော ဒဲ့ ပြန်လာတတ်တာမျိုးပေါ့ 
အိမ်ကိစ္စဖြစ်တော့  အိမ်က ဘုရားအောက်မှာ ပိတောက်ရွက်ပေါ်မှာ နေရာထိုင်ခင်း ကိစ္စ ဒီအိမ်ကိစ္စ ပြဿနာများ
အမှန်အတိုင်း ဖြစ်ပါစေ မြဲပါစေလို့ စာရေးပြီး ဘုရားပလ္လင်အဖြစ် ခင်းလှုယတြာပြုခဲ့ တယ်...အိုကေသွားတယ်
( ကိုယ်ကလည်း အမှန်တရားဖြစ်နေပြီးတစ်ဖက်က ညစ်ပတ်တာမျိုးဖြစ်နေလို့ သဘောလဲ ပါပါတယ်).
အဲ့ ကနေ ဆင့် ပွားတွေးယတြာပေးတတ်တာက ဘုရားပလ္လင်အဖြစ် သဘက်လက်ကိုင်ပုဝါလေးကိုခေါက်ပြီး ဆုတောင်းရင်း
 ခင်းပူဇော်ပေးထားတာ .တရားရိပ်သာတွေ ဓမ္မရုံတွေမှာ တရားထိုင် ဖျာပိုင်းလေးတွေလှုစေတာ ဘုန်းကြီးထိုင်ဖို့  အခင်းလှုတာ
စသဖြင့် စသဖြင့် တွေ ဆင်ပွားတွေးခေါ်ပြီးယတြာပေးလို့ ရလာပါတယ်..
ဂါထာရွတ်တာ ပုတီးစိတ်တာမျိုး ဆို  အနေကဇာတင် စာသားထဲက ''ဇယံန္တောဗောဓိယာမူလေ..''အစချီ ဂါထာစာသားပေါ့ ...
ကိုယ်တွေ့ နဲ့  ပေါင်းစပ်တဲ့ ဗေဒင်အကြံ သဘောပေါ့ 
Saturday, October 31, 2015
'' ရင်ထဲမှာ ''နေ''....(မျိုးအေး)..( COVER)
'' ရင်ထဲမှာ ''နေ''....(မျိုးအေး)..( COVER)
----------
နွေနေရီ ရောင်ဝါသိမ်းဖို့ တိမ်းထွက်ဖို့ ရည် ညှိုးလုလုပြီ အတွင်းသဘောရယ်မတည် ရုန်းထွက် ဟန်ချီ ညအသက်က  ဘယ့် အတွက်ကြောင့် မညီ
စွေနေပြီ အမှောင်မှာယိမ်းလို့  စွမ်းအားနဲ့ အညီ အရေးအကြောင်းအတွေးသီ ခန်းစက်ရာအမှီ နန်းပျက်သာတည် တစ်ဖက်လှည့် တော့  အခက် ခက်ခဲ့ ပြီ
ကြည်ဖြူစရာ ဝေဒနာ နေခြည် အလာတစ်လှည့် အပြန်တစ်လှည့်  အသွားတစ်လှည့် အတားခက် ညှိုးနွဲ့ ဟန်ဆောင် ပြန်လည် အရုဏ်ကျင်း အလင်းရောက်ရင် ပြန်ဆုံမလား ရင်ထဲမှာ.....
ကြည်ဖြူစရာ ဝေဒနာ နေခြည် အလာတစ်လှည့် အပြန်တစ်လှည့်  အသွားတစ်လှည့် အတားခက် လောကရင်ခွင် ၀င်ကာ ခိုလှုံရင်း မှေးစက်ချင် ယုံမှာလား ရင်ထဲမှာ..
နေရယ် မညိုပါဘူး နေရယ် မညိုပါဘူး ထွန်းလင်းခဲ့ နှလုံးသား ထာဝရ အလင်းရှင်မို့ ..
နေရယ် မညိုပါဘူး နေရယ် မညိုပါဘူး ထွန်းလင်းခဲ့ နှလုံးသား သဘာဝ အလင်းရှင်သို့ ..
---------------
တေးရေး..မောင်ရဲ
ဆို..မျိုးအေး
''သွားပါရစေကွယ်.''.( လွှမ်းမိုး)...( COVER)..
''သွားပါရစေကွယ်.''...( လွှမ်းမိုး)...( COVER)..
-------
♫ ♪♫
တစ်ပြည်တစ်ရွာဆီသို့ တို့ နှစ်ယောက်ရယ် ခွဲခွာ ဝေးရမယ့် အခိုက်မှာ လွမ်းချင်းတွေရေး တေးကလေး ဆိုပြမယ်...
မင်းမျက်ဝန်းက ပုလဲတွေအုကာ စီးကျတဲ့ မျက်ရည် လွမ်းသက်သေပြ သိပ်ချစ်လို့ လားကွယ်...
ရင်မှာ အတူတူ သောကတွေနဲ့ ..လမ်းခွဲခါနီးမှာ အကြင်နာတွေပုံ ပေးထားပြီပဲ...မငိုပါနဲ့ တော့ ..တိတ်ပါ မိန်းကလေးရယ်...
ရှေ့ ဆက်ရမယ့် ဘ၀အတွက် မျှော်တွေးက ခွဲရမယ့် ခဏမှာ ချစ်သက်သေထား မင်းသိနေသားပဲ...
အားလုံး တိတ်ဆိတ် ညဖက် အမှောင်ရိပ်မှာ ပြုံးပြလိုက်စမ်းပါ  မင်းမျက်နှာလေး ကြည့် လို့ မှတ်ထားမယ်...
ပြန်လည် ဆုံရင် အတွေးနဲ့ စိတ်ကူး ရူးသွားမှာ စိုးတယ်...ငါဘယ်လို ခံစားရမှာလဲ မငိုပါနဲ့ တော့  တိတ်ပါ မိန်းကလေးရယ်...
ရီးစားဦးဆိုတာ ရီးစားဦးပါပဲလေ....
ရီးစားဦးဆိုတာ ရီးစားဦးပါပဲလေ....
တစ်ခါတစ်လေ ရီးစားဦးကို အတော်သတိရတယ်..
သတိရတဲ့ အချိန်မျိုးဆို လွမ်းစရာလဲကောင်းတယ်..
မကျေနပ်စရာလဲကောင်းတယ်...
လွမ်းစရာကောင်းတာကတော့  ဘာညာသာရကာလေးတွေအကြောင်းပေါ့ 
မကျေနပ်စရာကောင်းတာက ရီးစားဦးကို မဟုတ်ဘူး..
ရီးစားဦးဆိုတာ လွမ်းစရာပဲကောင်းရတာ..စိတ်နာစရာတွေရှိခဲ့ ရင်တောင် စိတ်မနာရက်ဖူး...ငိငိ
မကျေနပ်ဖူးဆိုတာက.ခေတ်ကို......
အဲ့ ခေတ်က ရီးစားဖြစ်ဖို့ ကလဲ ခက်သလို ရီးစားဖြစ်ပြန်တော့ လဲ ရီးစားနဲ့ ချိတ်ဆက်ရတာ သိပ်ခက်တယ်.
..ပြီးတော့ အမှတ်တရလေးပါဆိုပြီး ဓါတ်ပုံတစ်ပုံရဖို့ တို့  ရိုက်ဖို့ တို့ ဆိုတာလည်း ခက်မှခက်..
အများအားဖြင့်  စာပေစာယူ ရီးစားဘ၀လေးပေါ့ ...စာရွက်နဲ့ ဆို အိမ်က မိမှာမှာစိုးလို့  ဗလာစာအုပ်ထဲ အပြန်အလှန်ရေးရတာ...
စာအုပ်ချင်း ဖလှယ်ရတဲ့  ခေတ်ပေါ့ လေ...အဲ့ စာအုပ်လေးထဲလဲ ဖြတ်ညှပ်ကပ်တွေဆိုတာ တစ်ပုံကြီးပဲ....
အဲ့ စာအုပ်ကို ဖွက်ရတာကလဲ ရတနာသိုက်ကြီး ဖွက်ရသလိုပဲ အသည်းအသန်ကျလွန်းလှတယ်..မိသွားမှာ
စိုးတဲ့ စိတ်တပူပူက ရင်တခုန်ခုန်နဲ့  တစ်မျိုးတော့ လဲ အရသာရှိသား အဲ့ အရသာလေးကလဲ လွမ်းစရာ.....ငိငိ
ဓါတ်ပုံလေးတစ်ပုံ ရီးစားဦးဆီက တောင်းရတာ ကျားဖျင်ပြေးနှိုက်ရတာမှ လွယ်ဦးမယ်. ခက်ခဲချက်က..
ရီးစားဦးကလည်း ရှိဦးတောင် မူနေတာမျိုးထက် လူသိသွားမှာ အိမ်ကသိသွားမှာသေလုအောင်ကြောက်တော့  မပေးရဲ...
အငှိ အငှိ...
ခုတော့ ....လပြည့် ဝန်းကြီးသာ မော့ မော့ ကြည့် ပြီး ရီးစားဦးရဲ့  မျက်နှာတော်လေး စိတ်ကူးအာရုံထဲမှာပုံဖေါ်ကြည့် ရင်း .
တစ်ခါတစ်လေ လွမ်းကြည့် ရတယ်..
ရီးစားဦးနဲ့  ပြန်လည်းဆုံကြည့် ချင်တယ် ဆုံမှာလည်း ကြောက်စ်...
ခုနေများဆို...ဘယ်ကိုများရောက်နေပါလိမ့် ပေါ့ ..အရင်လိုပဲ လွတ်နေဆဲ လွမ်းနေမြဲလေလား..
တစ်ပြုံကြီးနဲ့  ခင်သန္တာသက်ချိုပြုံးကြီးများဖြစ်နေလေလျော့ မလားလို့ တွေးမိတဲ့ အခါ....အမငီး...လန့် စ်...ခ်ခ်...
ဒါပေပမယ့်  ရီးစားဦးဆိုတာ ရီးစားဦးပါပဲလေ..နော် မနှင်းဆီ......ငိငိ   :P =D
====================================
တစ်ခါကပေါ့  ..
သူက ကျနော့် ကို ကိုသီ လို့ ခေါ်တတ်ပြီး ကျနော်က သူ ကို နီ လို့ ခေါ်ခဲ့ တဲ့ သူလေးတစ်ယောက် ရှိခဲ့ တယ်...
ကျနော်က မဲမဲသဲသဲ ကလန်ကလားဆန်ပြီး သူလေးက အဖြုနွယ်ရွှေရောင်လင်း နဲ့  ညှက်သွယ်လေးဖြစ်နေလို့ ကျီးကန်း ဘဲဥချီလာသလိုလို စာကလေးကို အမြှောက်နဲ့ ပစ်တော့ မလိုလို ၀ိုင်းစတာခံရတယ်....ဒါပေမယ့်  အစခံနေရတာကိုပဲ အသိအမှတ် အပြုခံနေရသလိုလိုမျိုးမို့  ပျော်တာပေါ့ အမေရယ်ပေါ့ လေ...
ပုဏ္ဏမီသူ နဲ့ အနောက်ပိုင်းသား ဘာမှ မဆိုင်ဘူးလို့ ထင်ရတဲ့  အရပ်ကသူ နှစ်ဦး ရာသီတော်ထူးလို့ ရောက်ခဲ့ ရတဲ့  လှိုင်နယ်မြေကျောင်းတော်ရာ တစ်ကွေ့ မှာ နှစ်ယောက်သား ဆုံဆည်းခဲ့ ကြတဲ့  ကာလချိုလေးတွေက ဟောင်းမသွားခဲ့ တဲ့  လွမ်းစရာ့ အတိတ်ဟောင်း...တစ်ခါတုန်းက တက္ကသိုလ်မှာဆိုသလိုပါပဲလေ...
ရာသီ အခါမီ ပန်းသီတဲ့  သံယောဇဉ်ဖြစ် ရင်တွင်းက အမှတ်တရ မှတ်မှတ်ရရ ဖြစ်ခဲ့ ရတဲ့ အကြောင်းတွေထဲမှာ ..လ၀ါဆိုကုန်လို့  ပွဲတော်တွေ တန်းစီ ရှိလာရင်းက ရေကျော် သီတင်းကျွတ်မှာ ပထမဆုံး အပြင်လမ်းမှာဆုံကြရအောင်လို့  ချိန်းမိကြတဲ့  လပြည့် ညပေါ့ ....
ချစ်ခြင်းတရားရဲ့  သဘောတရားတွေက တစ်ခါတစ်လေ လွယ်ပါဘူး..ရင်ဆိုင်တွေ့ တော့ ဖင်ထိုင်မေ့ ..မရဲပဲ ကျွဲပြဲ စီးမိသူလေလား. သူ့ မျက်နှာလေး စိတ်ထားတော် အလိုမကျ မျက်ထားတော်သို လပြည်ဝန်း နဲ့ အပြိုင်း ၀င်းပနေတဲ့  သူ့ မျက်နှာတော် ရွှေအလင်းလေး အိုသွားမှာကို တွေးကြောက်မိလေသလား မပြောတတ်...
လပြည့် ညမှာ ပွဲဈေးတန်း ခဏခိုးတွေ့  သူ့ လက်ကလေး ဖမ်းဆုတ်ကြည့် ဖို့ တောင်  စွန့် စား အားထည့် ရတာ အာစေးတွေခြောက် ခြေဖျားတွေအေး...ဇောချွေးတွေ ပျံလာတာက .အမှတ်တရ ည  မှတ်မှတ်ရရ  ဘ၀တာ အလွမ်းဖြစ်ခဲ့ ရတဲ့ လပြည့် ည......
တစ်ခါကပေါ့  ..
သူက ကျနော့် ကို ကိုသီ လို့ ခေါ်တတ်ပြီး ကျနော်က သူ ကို နီ လို့ ခေါ်ခဲ့ တဲ့ သူလေးတစ်ယောက် ရှိခဲ့ တယ်...
စိတ်ချိန်းမှ ဖြစ်မယ်တဲ့ .
စိတ်ချိန်းမှ ဖြစ်မယ်တဲ့ .
----
အဲ့ လူက လုပ်ငန်းကောင်းတယ် ( ရှိသလောက်ရှိတယ်ပေါ့ )...ဒါပေမယ့်  ဆီးချိုအတက်အကျ ကစားလွန်းနေလို့  ကျမ္မာရေးသိပ်မကောင်းဘူး....အဲ့ ဒါ န၀င်းလာလာထိုင်တယ်.
( ကျမ္မာရေး မကောင်းဘူးလို့  ခို အရှုံးပေးရလောက်အောင် ငြီးပြီး န၀င်းသာလာလာထိုင်တာ ဘီယာက အကစ်မပျက် တွတ်တီးက မလျှော့ ဘူး)...ဒါနဲ့ ကျနော်က သူန၀င်းထိုင်နေချိန်မှာ နဲနဲတော့ 
တော်ကီလွှတ်ပေးလိုက်တယ်...ခါတိုင်းတော့  မလွှတ်ပါဘူး..ဒီတစ်ခါတော့  စိတ်ပေါက်လာလို့ ....ကျနော်က သူ့ ကိုပြောလိုက်တယ်...ဘော်ဒီ ရှိလာမှတော့  လူဆိုတာ ရောဂါတစ်ခုခု မရှိပဲ မဂန့် ဘူး..
အက်ဆီးဒန့် နဲ့ မဂန့် ပြီးတာပဲ...ကိုယ်က သူများထက်စာရင် ကံတောင်ကောင်းသေးတယ် သူများတွေ တစ်ချို့  ပါရာစီတမောတောင် ခပ်ပေါပေါ ၀ယ်မသောက်နိုင်တဲ့  သူတွေ တစ်ပုံကြီးပဲ တစ်ချို့ 
ဆေးမကုနိုင်လို့  သေတောင်သွားတာတွေ ရှိတယ်လေကိုယ်က ဒေါင်းတောင်းမှလဲ နေရတယ် ဆေးလဲကုနိုင်တယ် ဆေးရုံဆိုလဲ ဗဟိုစည်က နီးနီးလေး ကိုယ့် ဘ၀က ဒီလောက်ကံဆိုးနေသေးတာမဟုတ်ဘူးဗျလို့   ပြီးတော့  သူ့ ကို နဲနဲထပ်ပြောလိုက်သေးတယ်.. လွတ်မြောက်မှု့ ဆိုတာ အာရုံက အရင်လွတ်တာဘော်ဒီက သံသရာဝဋ်သဘောကျန်ခဲ့ သေးတယ်...ခင်ဗျားကြည့်  ဘုရားရဲ့ ဝဋ်ကြွေးတော် ၁၂ ပါးကြားဖူးတယ်မလား လို့ မေးလိုက်တော့  ကြားဖူးတယ် တဲ့ ( ..ဟီးဟီး...)..အဲ့ မှာဗျာ ဘုရားလဲ ခေါင်းကိုက်တာ ခါးနာတာတွေ ခံရတယ်ဗျာ ဒါပေမယ့် ဗျာ.
ဘုရားရဲ့ စိတ်က လွတ်မြောက်ပြီးသား ဖြစ်နေတော့  အဲ့ ရောဂါတွေပေါ်မှာ ပြဿနာရှိမနေဘူး...ဘော်ဒီဝဋ်ကြွေး သဘောလို့ သိနေပြီးသား သူ့လုပ်သွားတာ ရောဂါဖြစ်လာဆေးကုမယ် နေကောင်းရင်တရားဟောမယ် ဒါပဲဗျ..အဓိက အာရုံတွေချိန်း စိတ်တွေ ချိန်းလိုက်ရင် စိတ်တွေ ပေါ့ ပေါ့ ပါးပါး ဖြစ်သွားတာပါပဲဗျာ...လို့ တော်ကီလွှတ်လိုက်တော့ ....
အင်း ဟုတ်တယ်နော် ကျနော်လဲ စိတ်ချိန်းမှ ဖြစ်မယ်တဲ့ ....( အားနာလို့ နားပူသွားလို့ လား ဘာလားမသိ..အဲ့ လိုတော့ ပြန်ပြောသွားတာပဲ...အဟီးး...အဲ့  ၅၀တော့ကျော်နေပြီ )
ဗေဒင်ဆရာအိမ်
ဗေဒင်ဆရာအိမ်
---
ကျနော့် ညီမ သုံးကြွင်း ဟူး သမီးက သောကြာသက်ရောက်ကို ၀င်တော့  သူက မေးတယ် မွေးနေ့ ကြရင် ဘာလှုရမလဲကိုကြီးတဲ့ .....ကျနော်က..ဖိနပ်ရယ် ခြေသုတ်ခံရယ် တံမျက်စီး ရယ် လှုလိုက်လေလို့ ပြန်ဖြေလိုက်တာပေါ့ ဗျာ.....အဲ့ ဒါ  ကိုယ်တတ်ထားတဲ့  ဗေဒင်ကို နေ့ တဓူဝမှာ မိသားစုတွေအတွက် အရင် လက်တွေ့ ချသုံးဖြစ်နေတဲ့  သဘောပေါ့ ...ဗေဒင်ကို ဘ၀ခရီးမှာ တစ်ထောင့် တစ်နေရာက အသုံးချချသွားတယ်ဆိုတာ ဒီလိုပါလို့ ပြောတာပါ...
(ကိုယ့် အိမ်သား ကိုယ့် အမျိုး ကိုယ့် အရပ်ကလူတွေက ကိုယ့် ကိုယ် ဗေဒင်ပညာနဲ့ ပတ်သက်ပြီး လေးစားသမှု့ သဘောထားလာပြီဆို အတော်အလုပ်ဖြစ်ပြီ)
ပိုက်ဆံ ။ ပိုက်ဆံ (၂)
ပိုက်ဆံပဲ
---
ပြောရရင် ပိုက်ဆံက ဘ၀တစ်ခုမှာ အတော်အရေးပါတာ ငြင်းရခက်မယ်ဆိုတာ အများအသိပေါ့ ...ထွေလီကာလီတွေပြောမနေတော့ ပါဘူး.ကျနော့် သွားတွေ သွားကလိတဲ့  အတွေ့ အကြုံအကြောင်း ပြန်ပြောတာ...၁၀တန်းလောက်ကတည်းက ကွမ်းတဖတ်ဖတ်လုပ်လာတာ အခုတော့  သွားတွေက ရွဲကုန်ပြီပေါ့ ဗျာ..
သွားတွေသရုပ်ပျက်လွန်းလာတာ ပြင်မလို့ က အစောကတည်းက စိတ်ကူးရှိပေမယ့်  ချက်ချင်းသေနိုင်တဲ့ ကိစ္စမဟုတ်လို့ သက်ရောက်အညံ့ သဘောဖြတ်ရင်  ကြိမ်းကြေတဲ့ သဘောလည်းဖြစ်အောင် အပေအတေနေပြီး သက်ရောက်အညံ့  ဖြတ်တော့ မှ ကလိမယ်ဆိုပြီး ပစ်ထားလိုက်တယ်...ဘယ်သူက ကိုယ့် ရွဲနေတဲ့  သွားတွေမြင် လို့  ဘာဖြစ်ဖြစ်ဆိုပြီး...
ဒီလိုနေလာခဲ့ ရင်းက မေ့ တေ့ တေ့ ဖြစ်နေရာက အွန်လိုင်းမှာ သွားတွေ ပြင်တဲ့ နည်းပညာ ရှော့ ဗီဒီယိုလေးတွေ မြင်တော့ မှ သွားကိစ္စပြန်သတိရလာပြီး သွားစစ်ဆင်ရေး လုပ်ဖို့  သွားဆရာဝန်ကိုစပ်စုတော့ တယ်....အဲ့ မှာ ခေတ်သစ် ဆရာဝန်နဲ့  ခေတ်ဟောင်းဆရာဝန် တွေးခေါ်ပုံမတူတာတွေပါ တွေ့ ခဲ့ ရတယ်..
ပထမ အိမ်နားက သွားဆရာဝန်ကို ပြကြည့် တော့  သူက သွားအရှင်စိုက်ရမယ် ၈ သောင်းကျမယ်လို့ ဆိုတယ်...ကျနော်က ကြားဖူးထားတာ သုံးပုံးလောက်ကြားဖူးထားတာဆိုတော့  သက်သာလှချည်လားဆိုပြီး လုပ်ထည့် လိုက်ရောဗျာ....အဲ့ မှာ ဒုက္ခရောက်တော့ တာပဲ...ကိုယ်က သွားဆေးပညာအကြောင်း နားမှမလည်ပဲ တစ်သက်လုံးမှာမှ ဒါက ပထမဆုံးရောက်တာ..အိမ်မှာ သွားမကောင်းလို့  စိုက်ထားတဲ့ ညီမတွေ ရှိနေပေမယ့်  ဘယ်လိုမျိုးစနစ်နဲ့ စိုက်ထားတာလဲ ဘာညာက စပ်မှ မစပ်စုဖူးတာ...အဲ့ မှာ အရှင်စိုက်တာဆိုပြီး လုပ်လည်းပြီးရော အံကပ်စတိုင်ဗျား...ရေးရင်းနဲ့  ရွံတွန်တွန်တောင်ဖြစ်လာပြီ....ခ်ခ်..
ငယ်ငယ်က တစ်ချို့ တွေမှာ အံကပ်အရှင်ကိုမြင်ဖူးတယ် အမှန်အတိုင်းပဲ ဖြုတ်လိုက်တပ်လိုက် နဲ့  အဲ့ သွားတုအံကပ်ကိုမြင်ရင် နှလုံးက မကောင်းချင်ဘူး...ဟီးး..အဲ့ ဒါ ကိုယ့်  သွားအရှင်ကလည်း အဲ့ လိုချည်းဆိုတော့  ဆိုးပါ့ .....အဲ့ မှာ အိမ်ကလူတွေက ၀ိုင်းပြောတယ် အသေတပ်လို့ ရတယ်လေ ဆရာက မပြောဘူးလား သူတို့ တပ်တာတောင် အဲ့ တုန်းက အများကြီး ကျတာ အခုက သက်သာတယ်ထင်နေတာ....ဘာလားညာလားဆိုတော့ မှ သွားဆေးပညာကို ပြန်စပ်စုတော့ မှ သွားအသေတပ်လို့ ရတာသိလာတယ်...ကျနော် လိုချင်တာလဲ အဲ့ လို အသေတပ်တာမျိုးပဲလိုချင်တာ  သွားတွေ အရင်လို အရမ်းသရုပ်မပျက်တော့ ရင်ပြီးတာပဲဆိုပြီးလောက်ပဲ....
အဲ့ မှာ ညီလုပ်သူရဲ့  ဘော်ဒါတွေထဲမှာ သွားဆရာဝန်ရှိနေတယ် သူနဲ့ ချိတ်ပြီး သူ့ ဆေးခန်းလစ် စစ်လိုက်တော့  အိုကေ သွားအသေစိုက်လို့ ရတယ်ပေါ့ ...အဲ့ မှာစိုက်တာ ၅ ချောင်းတန်းလေး...ပုံစံလောင်းတာ ဘာညာ နဲ့  သွားဆေးခန်း ၃ ခါသွားလိုက်ရတယ်....အမယ်...မဆိုးဘူုး...အရင်လို နာ့ ရှဲစောင်းလေးတွေက သရုပ် သိပ် မပျက်တော့ ဘူးဟ...ပေါ့ လေ...အဲ့ မှာ ပိုက်ဆံ အကြောင်းက အရေးပါတော့ တာပဲ...အဲ့  သွား ၅ ချောင်းတန်းက ၂ သိန်းခွဲကျတယ်တဲ့ ဗျားးးးး...ငင့်  :'(
သေရင် ကိုယ့် နောက်မပါဘူး ဘာဘူးလို့ က တစ်ပိုင်းပေါ့  မသေခင် စိတ်လက်ချမ်းသာဖို့  ကိုယ်ထင်တာကိုယ်လျှောက်ဖို့ ကလဲ ပိုက်ဆံက စကားပြောသေးတယ်လို့ ...ပိုက်ဆံ ၂ သိန်းခွဲသာ ပက်ကနဲ မပေးနိုင်ရင် ကိုယ့်  ရှဲစောင်းတွေ ဒတ်တဗိုင်လိုက်နေတဲ့ အတိုင်းကြီး နေရတော့ မှာပေါ့  အဲ့ ဒါဆို ပြင်လို့ ရရဲ့ သားနဲ့  ပိုက်ဆံမရှိလို့ မပြင်နိုင်ဘူးဆိုတာ အတော် ငုတ်တဲ့  ဖီလင်ကြီးပေါ့ လေ...အဲ့ ဒါကြောင့်  ပိုက်ဆံ ရနိုင်သမျှ ရအောင်ရှာထားကြပါ...ိုက်ဆံရှာတာ ဒီဘ၀မှာ ကိုယ်ထင် ရာကိုယ်သုံးဖို့ ပါ  မသမာဇီဝ အလွန်အကျွံမဖြစ်ရင်ပြီးတာပဲလို့ စ်..ပိုက်ဆံချမ်းသာတာ ရှက်စရာ မကောင်းပါဘူးလို့ စ်.....ပိုက်ဆံရလို့  ကိုယ်ထင်ရာ ကိုယ်သုံးနိုင်ရင်လဲ စိတ် ချမ်းသာတာပါပဲလို့ စ်.....အဟီး...ငိငိ   :P =D
ပိုက်ဆံပဲ
---
ပြောရရင် ပိုက်ဆံက ဘ၀တစ်ခုမှာ အတော်အရေးပါတာ ငြင်းရခက်မယ်ဆိုတာ အများအသိပေါ့ ...ထွေလီကာလီတွေပြောမနေတော့ ပါဘူး.ကျနော့် သွားတွေ သွားကလိတဲ့  အတွေ့ အကြုံအကြောင်း ပြန်ပြောတာ...၁၀တန်းလောက်ကတည်းက ကွမ်း တဖတ်ဖတ်လုပ်လာတာ အခုတော့  သွားတွေက ရွဲကုန်ပြီပေါ့ ဗျာ..
သွားတွေ သရုပ်ပျက်လွန်းလာတာ ပြင်မလို့ က အစောကတည်းက စိတ်ကူးရှိပေမယ့်  ချက်ချင်းသေနိုင်တဲ့ ကိစ္စမဟုတ်လို့ သက်ရောက် အညံ့ သဘောဖြတ်ရင်  ကြိမ်းကြေတဲ့ သဘောလည်းဖြစ်အောင် အပေအတေနေပြီး သက်ရောက်အညံ့  ဖြတ်တော့ မှ ကလိမယ်ဆိုပြီး ပစ်ထားလိုက်တယ်...ဘယ်သူက ကိုယ့် ရွဲနေတဲ့  သွားတွေမြင် လို့  ဘာဖြစ်ဖြစ်ဆိုပြီး...
ဒီလိုနေလာခဲ့ ရင်းက မေ့ တေ့ တေ့ ဖြစ်နေရာက အွန်လိုင်းမှာ သွားတွေ ပြင်တဲ့ နည်းပညာ ရှော့ ဗီဒီယိုလေးတွေ မြင်တော့ မှ သွားကိစ္စပြန်သတိရလာပြီး သွားစစ်ဆင်ရေး လုပ်ဖို့  သွားဆရာဝန်ကိုစပ်စုတော့ တယ်....အဲ့ မှာ ခေတ်သစ် ဆရာဝန်နဲ့  ခေတ်ဟောင်းဆရာဝန် တွေးခေါ်ပုံမတူတာတွေပါ တွေ့ ခဲ့ ရတယ်..
ပထမ အိမ်နားက သွားဆရာဝန်ကို ပြကြည့် တော့  သူက သွားအရှင်စိုက်ရမယ် ၈ သောင်းကျမယ်လို့ ဆိုတယ်...ကျနော်က ကြားဖူးထားတာ သုံးပုံးလောက်ကြားဖူးထားတာဆိုတော့  သက်သာလှချည်လားဆိုပြီး လုပ်ထည့် လိုက်ရောဗျာ....အဲ့ မှာ ဒုက္ခရောက်တော့ တာပဲ...ကိုယ်က သွားဆေးပညာအကြောင်း နားမှမလည်ပဲ တစ်သက်လုံးမှာမှ ဒါက ပထမဆုံးရောက်တာ..အိမ်မှာ သွားမကောင်းလို့  စိုက်ထားတဲ့ ညီမတွေ ရှိနေပေမယ့်  ဘယ်လိုမျိုးစနစ်နဲ့ စိုက်ထားတာလဲ ဘာညာက စပ်မှ မစပ်စုဖူးတာ...အဲ့ မှာ အရှင်စိုက်တာဆိုပြီး လုပ်လည်းပြီးရော အံကပ်စတိုင်ဗျား...ရေးရင်းနဲ့  ရွံတွန်တွန်တောင်ဖြစ်လာပြီ....ခ်ခ်..
ငယ်ငယ်က တစ်ချို့ တွေမှာ အံကပ်အရှင်ကိုမြင်ဖူးတယ် အမှန်အတိုင်းပဲ ဖြုတ်လိုက်တပ်လိုက် နဲ့  အဲ့ သွားတုအံကပ်ကိုမြင်ရင် နှလုံးက မကောင်းချင်ဘူး...ဟီးး..အဲ့ ဒါ ကိုယ့်  သွားအရှင်ကလည်း အဲ့ လိုချည်းဆိုတော့  ဆိုးပါ့ .....အဲ့ မှာ အိမ်ကလူတွေက ၀ိုင်းပြောတယ် အသေတပ်လို့ ရတယ်လေ ဆရာက မပြောဘူးလား သူတို့ တပ်တာတောင် အဲ့ တုန်းက အများကြီး ကျတာ အခုက သက်သာတယ်ထင်နေတာ.နင့် ကိုများ မတတ်နိုင်ဖူးထင်နေလို့ လား (ကျန် ကျန် ချွန်ပေး ပင့် ပေးချက်တွေက .ပေါက်ကွဲချင်စရာ...ခ်ခ်ခ်)......ဘာလားညာလားဆိုတော့ မှ သွားဆေးပညာကို ပြန်စပ်စုတော့ မှ သွား အသေတပ်လို့ ရတာ သိလာတယ်...ကျနော် လိုချင်တာလဲ အဲ့ လို အသေတပ်တာမျိုးပဲလိုချင်တာ  သွားတွေ အရင်လို အရမ်း သရုပ်မပျက်တော့ ရင်ပြီးတာပဲဆိုပြီးလောက်ပဲ....
အဲ့ မှာ ညီလုပ်သူရဲ့  ဘော်ဒါတွေထဲမှာ သွားဆရာဝန်ရှိနေတယ် သူနဲ့ ချိတ်ပြီး သူ့ ဆေးခန်းလစ် စစ်လိုက်တော့  အိုကေ သွားအသေစိုက်လို့ ရတယ်ပေါ့ ...အဲ့ မှာစိုက်တာ ၅ ချောင်းတန်းလေး...ပုံစံလောင်းတာ ဘာညာ နဲ့  သွားဆေးခန်း ၃ ခါ သွားလိုက်ရတယ်....အမယ်...မဆိုးဘူုး...အရင်လို နာ့ ရှဲစောင်းလေးတွေက သရုပ်
 သိပ် မပျက်တော့ ဘူးဟ...ပေါ့ လေ...အဲ့ မှာ ပိုက်ဆံ အကြောင်းက အရေးပါတော့ တာပဲ...အဲ့  သွား ၅ ချောင်းတန်းက ၂ သိန်းခွဲကျတယ်တဲ့ ဗျားးးးး...ငင့်  :'(
သေရင် ကိုယ့် နောက်မပါဘူး ဘာဘူးလို့ က တစ်ပိုင်းပေါ့ .... မသေခင် စိတ်လက် ချမ်းသာဖို့  ကိုယ်ထင်တာကိုယ်လျှောက်ဖို့ ကလဲ ပိုက်ဆံက စကားပြောသေးတယ်လို့ ...ပိုက်ဆံ ၂ သိန်းခွဲသာ ပက်ကနဲ မပေးနိုင်ရင် ကိုယ့်  ရှဲစောင်းတွေ ဒတ်တဗိုင်လိုက်နေတဲ့ အတိုင်းကြီး နေရတော့ မှာပေါ့  အဲ့ ဒါဆို ပြင်လို့ ရရဲ့ သားနဲ့  ပိုက်ဆံမရှိလို့ မပြင်နိုင်ဘူးဆိုတာ အတော် ငုတ်တဲ့  ဖီလင်ကြီးပေါ့ လေ...အဲ့ ဒါကြောင့်  ပိုက်ဆံ ရနိုင်သမျှ ရအောင်ရှာထားကြပါ..ပိုက်ဆံရှာတာ ဒီဘ၀မှာ ကိုယ်ထင် ရာ ကိုယ်သုံးဖို့ ပါ  မသမာဇီဝ အလွန်အကျွံ မဖြစ်ရင်ပြီးတာပဲလို့ စ်..ပိုက်ဆံချမ်းသာတာ ရှက်စရာ မကောင်းပါဘူးလို့ စ်.....ပိုက်ဆံရလို့  ကိုယ်ထင်ရာ ကိုယ်သုံးနိုင်ရင်လဲ စိတ် ချမ်းသာတာပါပဲလို့ စ်.....အဟီး...ငိငိ   :P =D
-------------------
ပိုက်ဆံ (၂)
----
အမေ့ အဆုပ်ကင်ဆာရောဂါကို ဆေးကုတုန်းက ပိုက်ဆံကို သိပ်မကျွတ်သေးဘူး...အကြောင်းက ကင်ဆာကု စားရိပ်ကို ကျနော်တို့  နိုင်နေလို့ ပဲဗျ.....အဖေ့ ကျောက်ကပ်ပျက်တဲ့ ရောဂါကြမှ  ပိုက်ဆံခြောက်တာကို အတော် ကျွတ်သွားတာ....အဲ့ မှာ ပိုက်ဆံများမရှိလို့ ကတော့  လွယ်လွယ်လေး သေနိုင်တယ်လို့ တွေးမိတာ...
ပါရဂူက အဖေ့ မှာ ကျောက်ကပ်အခြေအနေမကောင်းတော့ ဘူးဆိုတာ ဖွင့် ပြောပေမယ့်  စက်နဲ့ ဆေးတဲ့ နောက်ဆုံးနည်း ချက်ချင်း ချမသုံးသေးဘူး...ပိုက်ဆံက တအားသုံးရမှာဆိုတော့  လူနာရှင်တွေကိုငဲ့ နေတာမျိုး...အဖေ့ ကျောက်ကပ်က မဟန်တော့ ဘူးဆိုတဲ့ အချိန်မှာ အသိဆရာဝန်တွေကအစ ခေါင်းတခါခါ လည်တရမ်းရမ်းနဲ ကျောက်ကပ်က ဆေးပြီဆိုမသေမချင်း ဆေးသွားရတော့ မှဆိုတော့   ခြံရှိခြံပြုတ် ကားရှိကားပြုတ်ပဲ ...အဆေးခံနိုင်လျက်နဲ့  ပိုက်ဆံမရှိလို့  မဆေးရင်လဲ တစ်ပတ်အတွင်း ဆီးဆိပ်တွေတက်လို့  အကြောတွေဆွဲ ငန်းတွေဖမ်း မျက်စိတွေကွယ် သတိတွေကင်းမဲ့  ပြီးမချိမဆန့် သေနိုင်တယ်ဆိုတော့ ...
မဆေးခင် ဆေးရတော့ မယ်လို့ သေခြာနေတဲ့  ရက်ပိုင်းတွေမှာ လူဟာ ပိုက်ဆံအကြောင်းတွေးလိုက်ရင် ဆောက်တည်ရာမဲ့ ပြီး မျက်ရည်တောက်တောက်ကျခဲ့ ရတယ်...ဆက်တွေးတာက ကျောက်ကပ်ဆေးနေရင်းက ငါ့ အဖေကို ကျောက်ကပ်ဆေးဖို့  ပိုက်ဆံမရှိလို့  ပိုးစိုးပက်စက်သေရပါ တယ်ဆိုရင်လဲ ငါတော့ ရင်ကွဲနာကျပြီဆိုပြီးတွေးတွေးပြီးငို......နောက်တော့  အငိုကို ဟန်လုပ်သိမ်း ရင်ထဲက ပိုက်ဆံသောကမီးတောက်လောင်နေတာကို ခဏမေ့ ထားပြီး လောလောဆယ် ကျွမ်းသဒါလန်အောင်ခံနေရတာကို ငြိမ်းချမ်းသွားအောင် အဖေ့ ကို ကျောက်က်သာမြန်မြန်ဆေးပေးပါတော့ ဆရာလို့  ပြောချလိုက်ရတယ်...
လူကကျောက်ကပ်သာပျက်သွားတာ ဘော်ဒီ ဓါတ်ခံကကောင်းနေတော့  ကျောက်ကပ်အဆေးခံနိုင်ရည်ကရှိနေတယ်....အဲ့ တော့  ဆေးတာပေါ့  ဆေးတော့  ပိုက်ဆံဆိုတာ စက်နဲ့ လှည့် ထုတ်နေရသလို သုံးရတော့ တာပေါ့ ..ဒါပေမယ့်  အဲ့ အတွက် စိတ်ထဲမှာ တစိမှ အာရုံမနောက်ခဲ့ ဘူး..အချိန်တိုင်းတွေးပူနေတာက ပိုက်ဆံပြတ်သွားမှာကိုပဲ  တစ်သက်တာ စာရိတ္တကောင်းကောင်းနဲ့  သားသမီးတွေကို လုပ်ကျွေးလာတဲ့ ဖခင်ကြီးကို သူမကျမ္မာတော့ မှ သူ့ သားသမီးတွေက ပိုက်ဆံမတတ်နိုင်လို့  ဆေးလေးတောင် ကုမပေးနိုင်ရှာကြဘူးဆိုတဲ့  အတွေးက လူကို တစ္ဆေတစ်ကောင်လိုခြောက်လှန့် နေခဲ့ တယ်...
အဲ့ ဒီမှာ သမာဇီဝကျကျ ငွေရှာတာတွေက မနိုင်တော့ တဲ့ လတွေဆို အရင်က ရှိတာလေးတွေ ထုခွဲဆေးခဲ့ ရသလို....တစ်ဖက်တစ်လမ်းက ဆေးဖိုးငွေရအောင်ဆိုပြီး
ဥပဒေဘောင်လွတ်နေတဲ့  ခိုးကူးခွေတွေ စက်ဝယ်ပြီး အိမ်မှာ ၂၄ နာရီ မောင်နှစ်မတွေ အလှည့် ကျ ထိုင်ကူးပေးခဲ့ ရတယ် မင်္ဂလာဈေးကနေ အော်ဒါ ယူပြီးတော့ ပေါ့  ..ထောင်တန်းကိုသေလောက်အောင်ကြောက်ပေမယ့်  ကျေးဇူးရှင်ဖအေအိုကြီးရဲ့ ဆေးဖိုးအတွက်ဆိုပြီး ကြောက်ကြောက်နဲ့ ပဲ ခိုးကူးခွေတွေ ထောင်နဲ့ ချည်ထွက်အောင် ကူးရတော့ တယ် အဲ့ ကာလကဆို လူဟာ  အိမ်သားတွေရဲ့ စိတ်ဟာ လောကငရဲကျနေသလိုပါပဲ...စက်ရုပ်တွေနဲ့ လဲတူလာတယ် အကြောက်တရားကလဲ တစ်ချိန်လုံး အလွှမ်းမိုးခံနေရတယ်....အဲ့  လောကငရဲကျနေသလိုဖြစ်တဲ့ ဘ၀ဟာ ကျောက်ပါဆေးသက်အတိုင်း ၄ နှစ်နီးနီး ကြာပါတယ်
ကိစ္စတွေပြီးသွားချိန်မှာတော့  အိမ်မှာဖြစ်ကျန်ခဲ့ တာက  ကင်ဆာဖြစ်တာ အရေးမကြီးဘူး ကင်ဆာက ဆေးမြီးတိုရှိတယ် ကျောက်ကပ် မဖြစ်ရင်တော်ပြီ ကျောက်ကပ်က တကယ်ပျက်သွားရင် ပိုက်ဆံရှိထားမှ အသက်ငယ်ရင် ကျောက်ကပ်လဲ ကြီးရင် တစ်သက်တာ စက်နဲ့ ဆေးပေတော့ ပဲ ပိုက်ဆံမရှိရင်တော့  အသေပဲလို့  ငါများ ကျောက်ကပ်ပျက်လို့ ကတော့ ကုမနေနဲ့ ဟေ့  ပစ်ထားလိုက် ငါ့ ဟာငါ ကြုံသလိုဆေးမြီးတုနဲ့ ကုရင်း အသေခံသွားမယ် နင်တို့  မွဲကျန်ခဲ့ လို့ တော့ မဖြစ်ဖူးလို့ ..ကျောက်ကပ်ရောဂါကို သွေးလန့် ပြီးကျန်ခဲ့ တာ နှစ်တွေတော်တော်ကြာသလို ပိုက်ဆံခြောက်တဲ့ ဒဏ်ကိုလဲတော်တော်ခံခဲ့ ရတယ်.....အဲ့ ဒါကြောင့် တစ်ခါတစ်ခါ အတွေးပေါက်မိတယ် ပိုက်ဆံရှာနေတာ ရောဂါကြီးတွေ ဖြစ်လာရင် အသက်ရှင်တဲ့ ရက် နဲနဲပိုရအောင် ကုဖို့ များလားလို့ တောင် ဂေါက်တောက်တောက်တွေးမိတဲ့ အထိပဲ....
လက်တွေ့ ဘ၀တွေမှာ ကြုံတွေ့ ရတဲ့  ဘ၀အတွေ့ အကြုံတွေကလဲ လက်တွေ့ ဘ၀တွေရဲ့  အတွေးတွေကို ပုံဖေါ်တတ်လေရဲ့ ..