'' ဗေဒင်အကြောင်းလေးတွေနဲ့  အတွေ့ အကြုံတွေ ရေးဖို့  ''တဲ''လေး တစ်ခုလောက်ပါပဲ ဒါထက် ပိုမရည်ရွယ်ပါဘူး ''...
Sunday, November 1, 2015
အလုပ်နေရာ အိမ်နေရာ ရာထူးနေရာ စသဖြင့် နေရာ တည်မြဲရေး ယတြာအခြေခံသဘော
အလုပ်နေရာ အိမ်နေရာ ရာထူးနေရာ စသဖြင့် နေရာ တည်မြဲရေး ယတြာအခြေခံသဘော
-----------
ကိုယ်တိုင်နေရာထိုင်ခင်းကိစ္စတွေ ကြုံလာတုန်းကလည်း ကိုယ်တိုင်ကြံဆပြီး ယတြာလုပ်ခဲ့ တယ
်...ဒီ ယတြာကို စစဉ်းစားပုံက တူသောအကျိုး သဘောပေါ်ကနေ အခြေခံပြီးတွေးဆခဲ့ တာပါ...
အတွေ့ အကြုံတွေများစွာထဲမှာ ဥပမာ အမြဲဆွမ်းကွမ်းလောင်းလှုနေခဲ့  အကြောင်းပြုမှု့ ကြောင့်  အိမ်မှာ
တွတ်တီးမပြတ်လှတာ နာဂစ်လို အရေးကြုံတော့  တွတ်တီးတွေ ရောက်ရောက်လာတာမျိုး
ငွေအနုတ်တွေကို အမြဲ လှုပေးနေတော့  လက်ထဲမှာ ငွေမပြတ်တော့ တာ ပြတ်လုလု ဆို ပြန်ပြန်ဝင်လာတတ်တာမျိုးက
တူသောအကျိုးသဘော ဒဲ့ ပြန်လာတတ်တာမျိုးပေါ့ 
အိမ်ကိစ္စဖြစ်တော့  အိမ်က ဘုရားအောက်မှာ ပိတောက်ရွက်ပေါ်မှာ နေရာထိုင်ခင်း ကိစ္စ ဒီအိမ်ကိစ္စ ပြဿနာများ
အမှန်အတိုင်း ဖြစ်ပါစေ မြဲပါစေလို့ စာရေးပြီး ဘုရားပလ္လင်အဖြစ် ခင်းလှုယတြာပြုခဲ့ တယ်...အိုကေသွားတယ်
( ကိုယ်ကလည်း အမှန်တရားဖြစ်နေပြီးတစ်ဖက်က ညစ်ပတ်တာမျိုးဖြစ်နေလို့ သဘောလဲ ပါပါတယ်).
အဲ့ ကနေ ဆင့် ပွားတွေးယတြာပေးတတ်တာက ဘုရားပလ္လင်အဖြစ် သဘက်လက်ကိုင်ပုဝါလေးကိုခေါက်ပြီး ဆုတောင်းရင်း
ခင်းပူဇော်ပေးထားတာ .တရားရိပ်သာတွေ ဓမ္မရုံတွေမှာ တရားထိုင် ဖျာပိုင်းလေးတွေလှုစေတာ ဘုန်းကြီးထိုင်ဖို့  အခင်းလှုတာ
စသဖြင့် စသဖြင့် တွေ ဆင်ပွားတွေးခေါ်ပြီးယတြာပေးလို့ ရလာပါတယ်..
ဂါထာရွတ်တာ ပုတီးစိတ်တာမျိုး ဆို အနေကဇာတင် စာသားထဲက ''ဇယံန္တောဗောဓိယာမူလေ..''အစချီ ဂါထာစာသားပေါ့ ...
ကိုယ်တွေ့ နဲ့  ပေါင်းစပ်တဲ့ ဗေဒင်အကြံ သဘောပေါ့ 
Labels:
ဗေဒင်ကိစ္စ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment
'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..