ဗေဒင်အလုပ်
၀၀၀
.ဗေဒင်အလုပ်ရဲ့ သဘောက ကိုယ့် သဘောထားထက် လာမေးတဲ့ သူရဲ့ သဘောထား အများသဘောထားကို ဦးစားပေးတွေးခေါ်လုပ်ကိုင်ရတဲ့ သဘောရှိပါတယ်
သဘောက အယူအဆတစ်ခုကို ကိုယ် လက်ခံတာ ငြင်းပယ်တာဟာ ကိုယ့် တစ်ဦးတည်းသဘော ဖြစ်ပြီး အများဆိုင်ရာသဘောမှာတော့ အများသဘောနဲ့ ကိုယ့် သဘောကို လိုက်လျောညီထွေဖြစ်အောင် တွေးခေါ်လုပ်ကိုင်ပေးရတဲ့ သဘောရှိတယ် ( ဒါမှ လူအများနဲ့  စီးပွားဖြစ် ဆက်ဆံလို့ ရမှာမို့ ပါ)
ကိုယ့် အယူအဆတွေကို လာမေးသူတွေကို ချပြတဲ့ အခါ လာမေးသူရဲ့  ယုံကြည်မှု့  ဥာဏ်အရည်အသွေး အလွှာ ပညာ စီးပွား စတဲ့  သဘောတွေကို ချက်ကင်ဝင်ပြီးကိုယ့် အယူအဆတွေကို အတိုးအလျှော့  လုပ်ယူရတာရှိသလို တစ်ခါတစ်လေ ကိုယ့် အယူအဆကို အသာလေးခေါက်သိမ်းထားလိုက်ရတာမျိုးလဲ ရှိပါတယ်...အမြဲ ဆင်ခြင်ရတာက ဗေဒင်တွေပေးနေတာဟာ ဒဿနဖြန့် ချီရေးလုပ်နေတာမဟုတ်ဖူး ကံကြမ္မာကို စီရင်ချချက်နေတာမဟုတ်ဖူး ဖြစ်နိုင်တာတွေ ဖြစ်တတ်တာဖြစ် ဖြစ်လေ့ ဖြစ်ထရှိတတ်တာတွေ ကို ဗေဒင်တွက်ပြီးပြောပြနေတာဖြစ်ဆို ဗေဒင်ဆရာဟာ တကယ်ဆိုဘေးလူသာ ဖြစ်တယ် ကိစ္စမှန်သမျှရဲ့ ကောင်းမှု့ ဆိုးမှု့ ကို လာမေးနေတဲ့  သူကိုယ်တိုင်ခံစားစံစားရမှာဆိုတာ ဆင်ခြင်ထားရပါတယ်...တစ်ခါတစ်လေ ဆင်ခြင်ထားရင်းကနေ အရှိန်လွန်သွားတာမျိုးလဲဖြစ်တတ်ပါသေးတယ်...
ကြုံဖူးခဲ့ ရတဲ့ အချစ်ရေး ကိစ္စတွေမှာ အများစု အတွက် အဆင်ပြေဖို့ ယတြာတွေပေးလေ့ ရှိပါတယ် ဥပမာ ကြာသာပတေးသမီးတစ်ယောက်က သူ့  ပစ္စည်း ဂတ်ဂတ်ကြီးက ဘာညာတွေဖြစ်လို့  လုပ်ပါဦး ပြန်အကြောတဲ့ အောင်လို့  ဆိုလာတဲ့ အခါ ဗေဒင်ဆရာက ၂ နံ တွဲ ပစ္စည်းတွေ ဖြစ်တဲ့  ပိတောက်ညွန့် ကို ရာဟုထောင့် မှာ ရက်ဆက်လေး သုံးလေးရက်လောက်သွားလှုပါ..ပေါင်မုန့် ကို နို့ ဆမ်းပြီး မနက်တိုင်း အိမ်ဘုရားကပ် အဲ့ စနေသား ကို ဂတ်ဂတ်ကြီးနဲ့  အဆင်ပြေပါစေဆုတောင်းကပ်ပါ...စသဖြင့်  စနေသား ဂတ်ဂတ်ကြီးနဲ့  ကောက်ကွေးနေလို့ လာမေးတဲ့  ကြာသာတေးသမီးကို ယတြာပေးလိုက်တာ အများဆိုင်ရာသဘောအချစ်ရေး မေးခွန်းကို ပုံမှန်ဖြေတဲ့  ယတြာသဘောပါ....
ကျနော်တစ်ကိုယ်ရည်သဘော (၀ါ) တစ်ချို့ တွေရဲ့  ကိုယ်ပိုင်အတွေးအခေါ်သဘောကတော့  အချစ်ရေးဆိုတာ သစ္စာတရား ကရုဏာ ငဲ့ ညှာခြင်း နားလည်မှု့ 
စာနာမှု့ သီလ အပြန်အလှန် ယုံကြည်မှု့ အပြန်အလှန် တန်ဘိုးထားမှု့  ဆိုတဲ့  စိတ်တွေနဲ့ တည်ဆောက်ထားတဲ့ သဘော အဲ့ သဘောကို လက်ခံနိုင်တဲ့ လူမိန်းမ နဲ့ လူယောက်ျား ၂ ယောက် ခိုင်မြဲဖို့ အတွက် ဆို ဘာယတြာမှလုပ်စရာမလိုသလို ယတြာလုပ်ပြီး (၀ါ) ဓါတ်ရိုက်ဓါတ်ဆင်လုပ်ပြီး ၂ ယောက်သား အချစ်ရေးခိုင်မြဲအောင် လုပ်နေရတယ်ဆိုတာ အတော်တော့ ငုတ်စရာ ကောင်းတယ် ငါဆိုရင်တော့  အချစ်ရေးခိုင်မြဲအောင် ယတြာတွေဓါတ်ရိုက်ဓါတ်ဆင်တော့  လုပ်နေမှာ မဟုတ်ဖူး လို့  တွေးတာဟာ တစ်ဦးတည်းဆိုင်ရာဖီလင်သဘောမျိုးသာဖြစ်တယ် အဲ့ ဖီလင်ကို ဗေဒင်အလုပ်ခွင်ထဲကိုတော့  ယူသွားစရာ ချပြစရာမလိုဘူးပေါ့ ...အချစ်ရေး ရွာပျက်နေလို့  လာတဲ့  သူမှန်သမျှကိုသာ သူမှ သစ္စာမရှိတာ သွားပစေ လို့ သာပြောလွှတ်နေလို့ ကတော့  ကိုယ့် ဗေဒင်အလုပ်ကြီးဟာ ငိငိ တွေ ဖြစ်ကုန်မယ့် သဘောရှိပါတယ်....ဒါဟာ နမူနာ အတွေးအခေါ်သဘောလေးပါ...
ဆိုတော့  တစ်ခြားအယူအဆတွေမှာလည်း အများနဲ့ မဆိုင်တဲ့ အယူအဆတွေ အများအတွက် တိုက်ရိုက်ချသုံးလို့ မဖြစ်တဲ့  ကျမ်းတွေ အစဉ်အလာတွေ နဲ့ ကွဲလွဲနေတာ ငြင်းပယ်ထားတဲ့  မကျင့် သုံးတဲ အယူအဆတွေ ရှိတတ်သေးသလို အများထဲမှာလည်း အစဉ်အလာဓလေ့ တွေအတိုင်း လက်ခံထားသူ ငြင်းပယ်သူတွေလည်း ပါလာတတ် ရှိတတ်သေးတယ်ပေါ့ လေ...သဘောက တကယ့် အလုပ်ခွင်သဘောမှာ ဗေဒင်ဆြာဟာ လာမေးသူရဲ့  ယုံကြည်ချက်တွေ စိတ်သဘောထားတွေကို စကားတစ်ခွန်းနှစ်ခွန်း ပြောလိုက်ပြီး အကဲအရင်ခတ်ထားလိုက်ရပြီး သူ့ ယုံကြည်ချက်ကို အခြေအနေကြည့်  စကားအတိုးအဆုတ် လုပ်ယူရါတယ်လို့ ပါ...ဒါမှ ကိုယ့် ဗေဒင်အလုပ်ဟာ လာမေးသူနဲ့ အဆီအငေါ်တွေတည့် လေပေပးတွေဖြောင့် ပြီး မေးသူ နဲ့ ဟောသူ သာသာယာယာနဲ့  ငိငိလေးတွေ ဖြစ်လာမှာပါပဲဗျာ...
'' ဗေဒင်အကြောင်းလေးတွေနဲ့  အတွေ့ အကြုံတွေ ရေးဖို့  ''တဲ''လေး တစ်ခုလောက်ပါပဲ ဒါထက် ပိုမရည်ရွယ်ပါဘူး ''...
Friday, October 23, 2015
ကမ္ဘာသစ်ကို ရွက်လွှင့် ဖို့ 
ကမ္ဘာသစ်ကို ရွက်လွှင့် ဖို့ 
ငါ့ သွေးမြစ်တွေ ကျဉ်းမြောင်းလွန်းနေသလား
ဒုက္ခနဲ့ မောင်းနှင်မှ ဆိုက်ရောက်မယ်လို့ လဲဆိုကြရဲ့ ....
ယုံကြည်ချက်တွေကို ငါ့  ကျုံလှီနေတဲ့ အစာအိမ်ထဲ
မြိုချ ..မြိုချ .ကြိတ်မြိုချ...အံကိုတင်းတင်း ကြိတ်မြိုချ
အိုအိုလာတဲ့ ရာသီလှိုင်းတွေကလည်း ဧယဉ်ကျုးလို့ ..
တစ်ခါတစ်လေ မျက်စိလည်ပြီး ကျလာတတ်တဲ့ 
ကောင်းချီးတေးသံတွေက အမာရွတ်တွေဖြစ်
အဖန်ဖန် အသစ်ပြန်ဖြစ်
ဖြစ်ချင်ရာဖြစ်စေ...
ဖြတ်ကနဲကြားလိုက်ရတဲ့ ခနဲ့ သံတွေက
ငါ့ ရွက်တွေကို ဆက်လွှင့် စေခဲ့ သလား..
ဆက်လွှင့် ပြီလေ..။
ငါ့ သွေးမြစ်တွေ ကျဉ်းမြောင်းလွန်းနေသလား
ဒုက္ခနဲ့ မောင်းနှင်မှ ဆိုက်ရောက်မယ်လို့ လဲဆိုကြရဲ့ ....
ယုံကြည်ချက်တွေကို ငါ့  ကျုံလှီနေတဲ့ အစာအိမ်ထဲ
မြိုချ ..မြိုချ .ကြိတ်မြိုချ...အံကိုတင်းတင်း ကြိတ်မြိုချ
အိုအိုလာတဲ့ ရာသီလှိုင်းတွေကလည်း ဧယဉ်ကျုးလို့ ..
တစ်ခါတစ်လေ မျက်စိလည်ပြီး ကျလာတတ်တဲ့ 
ကောင်းချီးတေးသံတွေက အမာရွတ်တွေဖြစ်
အဖန်ဖန် အသစ်ပြန်ဖြစ်
ဖြစ်ချင်ရာဖြစ်စေ...
ဖြတ်ကနဲကြားလိုက်ရတဲ့ ခနဲ့ သံတွေက
ငါ့ ရွက်တွေကို ဆက်လွှင့် စေခဲ့ သလား..
ဆက်လွှင့် ပြီလေ..။
တြိ+စတု နဲ့  မတွန့် စေရ
တြိ+စတု နဲ့  မတွန့် စေရ
------------
ဒီဘက်လို ၃နှစ်၎ နှစ် ခေးက ဖုံးစပွတ်နေတဲ့  ခေတ်ထဲမှာ ၁၆ ၁၇ ၁၈ အရွယ်သားကို အစိုးရိမ်ကြီးစိုးရိမ်ပြီး သားကို စကားပြောတိုင်း သဟောက်သဟမ်းလုပ်ပြီး မိန်းခေးတစ်ယောက်လို ငြိမ်ဝပ်ပိပြားရေးတည်ဆောက်ချင်နေတဲ့  အမေတွေ အဒေါ်တွေ အဖွားတွေနဲ့ ဆုံရင်.....
ရယ်လဲရယ်ချင် မရယ်လဲမရယ်ရက်.....ခခိခိ....ပျံသန်းချင်လွန်းတဲ့ စိတ် ရှင်သန်လိုခြင်းစိတ်တွေ ဖြစ်တည်နေ တိုးပွားနေတဲ့  အရွယ်ကို
ဘယ်လောက်ကြာအောင် ဘယ်လိုနည်းနဲ့  ထိမ်းချုပ်နိုင်မလဲက တွေးစရာပေါ့ ..အထိမ်းမတော်ရင် အိမ်က ထွက်ပြေးဖို့  သိပ်တွေဝေနေတတ်တဲ့ 
သဘောမရှိတဲ့ အရွယ်လေ...အဲ့ လို လစ်တာလဲ ကြုံဖူးနေခဲ့ တော့ ...အဲ့ ကိစ္စက ဆွေးနွေးရ လက်ဝင်တယ်.. ပြီးတော့  မိသားစုဖွဲ့ စည်းပုံစတိုင်တွေ
မျိုးနွယ်အလိုက် ထိမ်းချုပ်ပုံ စတိုင်တွေက အတော်ကွဲတယ်...နောက်ဆုံးတော့  ဘာနဲ့  နိဂုံးချုပ်ရလဲဆိုတော့ ..
အတွေးကမ္ဘာလေးထဲမှာ..
အတွေးကမ္ဘာလေးထဲမှာ..
တစ်ခါတစ်ခါ အတွေ့ အကြုံတွေအရ တစ်ချို့ တွေကို ကျနော်က ပြောမိတတ်တယ် အိမ်ထောင်ရေးမှာ ဗေဒင်က နောက်ကလိုက်ရသလိုပဲ လို့ ....အဲ့ လိုပြောရတာက
အိမ်ထောင်ပြုတာ ပြုချင်တိုင်းလည်းပြုမရဘူး မပြုချင်ဘူးဆိုပြီး ပတ်ပြေးနေလဲ ကျချင်ကျသွားတာမျိုး ကွဲချင်တိုင်းလဲ ကွဲမရ မကွဲချင်လို့  ကပ်ဖဲ့ လုပ်နေလဲ ကွဲချင်ကွဲသွားပြန်တယ် ဘယ်သူနဲ့ ယူမယ် လို့ ပလန်ချထားပေးမှ ညားချင်မှ ညား ရှောင်မယ်လို့ တွေးထားတဲ့  နေ့ နံတွေနဲ့ မှ ပက်ပင်းတိုး ထညားချင်ညားနေတတ်တာ ခဏခဏကြုံရတယ်ကျနော်တို့ က ကောင်းနေပြီ ဆွဲစိလိုက်ဆိုပေမယ့်  အင်တင်တင် နဲ့  ပုတ်ထုတ်ခဲ့ တာတွေ ကောင်းသေးဘူး လို့  သတိပေးပေမယ့်  ရတော့ ဘူး နောက်ခါလာနောင်ခါဈေးစတိုင်နဲ့ အတင်းထအာဝါဟိချင် ဟိပစ်လိုက်ပြန်တယ်..
Wednesday, October 21, 2015
အကွဲဇာတ်ထုတ်တစ်ထုတ်...
အကွဲဇာတ်ထုတ်တစ်ထုတ်...
----
ဒီနေ့ လဲ အကွဲ ဇာတ်ထုတ်တစ်ထုတ် ကြည့် ရတယ်...အဲ ကြားနာရတယ်၂ ယောက်စလုံး သုံး ကြွင်း တွေချည်း အသက် ၃၈ တွေချည်း ပဲ
အမျိုးသမီးက ဟူး..သူက ကွဲချင်တာ..ကျားက ကြာတေး..သူက ခွဲခြမ်းစိတ်ခြာပေး ပိုက်ပိုက်တောင်းတယ်လို့ ပြောတယ်...
၂ ဖက်စလုံးက ချမ်းသာပြီး ကျားဘက်ကတောင် ပိုချမ်းသာသေးလို့ ဆိုတယ် ဘာဖြစ်လို့  ကွဲချင်တာလဲလို့ တော့  မမေးပါဘူး
ဟူးသမီးပြောပုံက သူချည်း ဒီအိမ်ထောင်ရေးကို ဦးဆောင်မောင်းလာခဲ့ ရတာ မောနေပြီ စိတ်ကုန်နေပြီလို့ ဆိုတယ် အခု
ရှာထားသမျှတွေဟာ သူရှာခဲ့ တာတွေချည်းလို့ ဆိုတယ်မိသားစုကို သူက ပြည့် စုံအောင်ထားပေးနိုင်တော့  အဲ့ ယေက်ျားက ဖရီးရိုက်နေတယ်နဲ့ 
တူတယ်လို့ လဲ ပြောတယ်...အဲ့ ဟူးသမီး ပြောတဲ့ အထဲမှ အဲ့  ကြာတေးသား ကျောက်တွင်း
တက်လုပ်တယ် အခြေအနေအပံ့ အပိုးတွေ ရှိနေလျက်နဲ့ ဘာမှ ဖြစ်မလာဘူး စားသောက်ဆိုင်လုပ်နေတယ် ဘာမှ ဖြစ်မလာဘူး သူရှာတာသူသုံးလုပ်တယ် ဘာတစ်ခုမှ အသိပေးတာမျိုး
မလုပ်ခဲ့ ဘူးလို့ ဆိုတယ်...( စိတ်ကုန်ရတဲ့ အကြောင်းတွေ အများကြီးပြောသွားတဲ့ အထဲမှာ စမောဆွဲလို့  ဘာညာဆိုတဲ့ လေသံ တစ်ချက်မှမပါဘူး)
ကလေးရှိလားမေးတော့  ရှိတယ် ဘိုကျောင်းမှာ မိန်းခေး ၁၃နှစ်သောကြာသမီး..အဲ့ တော့ ကလေးအတွက် ဘယ်လို စဉ်းစားထားလဲ လို့ မေးတော့ 
ဟိုဖက်က အဖိုးအဖွားတွေကသဲသဲလှုပ်. သမီးကလဲ ဒီဖက်ထက် ဟိုဖက်ကိုပိုပျော် ဟိုဖက်မှာနေမယ်လို့ ဆိုတယ် ဟိုဖက်က အမျိုးတွေက သြဇီမှာ ရှိတယ်
လို့ လဲပါတယ်..ကလေးက ( ၂၀၀၃ မွေး သုညသောကြာ)...ကလေးက ၂၀၀၃ မွေးဆိုတော့  အိမ်ထောင်သက်တောင်တော်တော်ကြာပြီပေါ့ လို့ ဆိုလိုက်တော့ 
၁၃ နှစ်ရှိပြီလို့ ဆိုတယ်...( ဟူးသမီး အသက် ၃၈ ထဲက ၁၃ နှစ် နှုတ်...၂၅ နှစ်..)...သြော်..ဒါဆို အသက် ၂၄ ၂၅ လောက်က အိမ်ထောင်ကျခဲ့ တာပေါ့  လို့ ဆိုလိုက်တော့ 
ဟုတ်..တဲ့ ...( ဟူးသမီး အသက် ၂၄ ဆိုတာ အင်္ဂါ သက်ရောက် ၂၅ ဆို ဟူးသက်ရောက် ၂၆ ဆို စနေသက်ရောက်...( ရေရှည်ရဲ့ အကျိုးဆက်တွေသဘော))....
ကျား ကြာသာပတေး က အသက် ၂၄ ဆို စနေသက်ရောက် ၂၅ ဆို ကြာတေးသက်ရောက် ၂၆ ဆို ရာဟုသက်ရောက်...)... အဲ့ ဟူးသမီး ဖြစ်ချင်တာ ကွဲတဲ့ နေရာမှာ
ခွဲခြမ်း စိတ်ဖြာတဲ့ အခါ အဆင်ပြေချောမွေ့ သွားအောင်လို့  ယတြာ တဲ့ .မိဘတွေကပါ ကွဲပစ်ဖို့ လိုလားနေပါတယ်တဲ့ ....( အိမ်ထောင်ကွဲပစ်ဖို့ ပြောနေတာ လွယ်ထှာ..ငိငိ)
နဲနဲတော့  ပြောလိုက်ပါတယ် ကိုယ်က စပြီးလမ်းခွဲချင်နေတာမလား...သူက ညစ်ပြီး မကွာပေးဘူးဆို လောလောဆယ် ဘာမှတတ်နိုင်မှာမဟုတ်ဖူး ပိုင်ဆိုင်မှု့ ခွဲပေးတောင်းသံထွက်လာ
တာတောင် တော်သေး ကိုယ့် ဆန္ဒတစ်ဝက်တော့ ပြည့် နေပြီ ပြေပာလို့ ရတယ် တစ်ခါတစ်လေ ကိုယ်လိုချင်တာ ရဖို့  ချကျွေးရတာမျိုးတွေလဲ ရှိတယ် အဲ့ တော့  ကိုယ်ချည်းရှာခဲ့ တာတွေဘာတွေ
ုံပုံသေဆုတ်မထားနဲ့  ဘယ်လောက်လိုချင်လဲ သဘောကို စကားစပစ်ပြီး နင်းလိုက်တော့ .ဟိုဖက်က ကြာသာပပတေးက ၃၈ ၃၉က ကံက မြောင်းထဲဆင်းနေပြီ
ကိုယ်က ကံသာနေသေးတယ်..အပေးအယူ ညှိလို့ တော့ ရမှာပါ ဒီယတြာလေး တော့ ဘာညာ ဘာညာ..လို့ ... ( တစ်ဦးတည်းသော ကလေး မိန်းကလေး
အကြောင်းကို ရေးကြီးခွင်ကျယ် မတွေးတာ မပြောသွားတာကလဲ အံ့ ချက်ပဲ..အကွက်တောင်ချထားပြီးသားလိုပဲ...)
ချမ်းသာခြင်းရယ် ပိုက်ဆံတွေ ကိုယ်တိုင် ကိုယ့် အစွမ်းအစနဲ့  ရှာနိုင်ကြသူတွေ ဆိုတာ စိတ်တိုင်းမကျတဲ့  အစာမကျေတဲ့ အိမ်ထောင်ရေးတစ်ခု ကွဲပစ်လိုက်ဖို့  သိတွေဝေနေပုံ မရတော့ တာ
သိပ်ဝန်လေးပုံမရတော့တာ ကြုံခဲ့ တာ ဒီ နှစ်တွေအတွင်းမှာ မနဲတော့ ဘူး..
..ကြုံလေဘုံပွေ လူ့ လောက
ဆြာတစ်ယောက်ရဲ့  ယတြာပိုစ့် တစ်ခုမှာ မင်္ဂလာဆောင်မှာ လက်ဖွဲ့ များများရချင်ရင် ဖလားထဲမှာ ပရုပ်လုံး ၉ လုံးထည့် ပြီး လက်ဖွဲ့ ခံပါလို့  ဖတ်လိုက်ရတာ သဘောကျသွားတယ်...ကျနော် ၂ ခါ ကြုံခဲ့ ဘူးလို့ ယတြာပေးခဲ့ တာ ပြန်သတိရတယ်...သာကေတီးယားကချည်းဗျ...သားမိန်းမခိုးပြေးလို့  မင်္ဂလာဆောင်ပေးခဲ့ ရတာချည်း...ပြီးတော့  လက်လုပ်လက်စားတွေချည်း....ပိုတိုက်ဆိုင်တာက အတိုးနဲ့ ချေးပြီး မင်္ဂလာဆောင်ပေးရတာချည်းဗျ...ပြီးတော့  ရပ်ကွက်ထဲ မဏ္ဍတ်ထိုးဆောင်တာတွေချည်း..အဲ့ ဒါ သူတို့ တွေ စိတ်ပူနေတာက လက်ဖွဲ့ ငွေက အရင်းမကျေပဲ ပြန်မဆပ်နိုင်မှာစိုးလို့ တဲ့ ....လုပ်ပါဦးလက်ဖွဲ့  များများရအောင် ရမှ အဆင်ပြေမှာတဲ့ ဆိုလို့ ...ဟီးးး
အဲ့ မှာ ကျနော်ပေးတဲ့ ယတြာက ဖလားထဲမှာ လဘက်သား ၉ ကျပ်သားထုတ်လေးတစ်ထုတ်ထည့် ပြီး လက်ဖွဲ့ လက်ခံဖို့ က တစ်ခု၊ မင်္ဂလာဆောင်မယ့်  မနက်သတိုးသား သတိုးသမီး အိမ်တွေမှာ မနက်ထဲက မီးထွန်းပိုက်ဆံ လေးတွေ ထွန်းထားဖို့ က တစ်ခု၊ နောက်တစ်ခုက ၂ ယောက်စလုံးရဲ့  အညွန့် တွေရယ် ဓါတ်မိတ် ၂ နံတွဲ အညွန့် တွေရယ်ကိုပါ ရောပြီး ဘုရားအိုးထိုးထားဖို့ ကတစ်ခု နောက်တစ်ခုက ၂ ယောက်စလုံးရဲ့ သက်ဆိုင်ရာ နံသင့်  အစားအစာတွေကို ဘုရားကပ်လှုထားစေတာတစ်ခု၊ နောက်တစ်ခုက သတို့ သား ရဲ့ တိုက်ပုံအိပ်ထဲမှာ သူ့ မွေးနံ ဆပွတ်အညွန့် အရွက်တစ်ရွက်ထည့် ထား၊ သတိုးသမီးလက်ကိုင်ပိုက်ဆံအိပ် ပိစိလေးထဲမှာ သူ့ မွေးနံ ဆပွတ်အညွန့် လေးက အရွက်တစ်ရွက်ထည့် ဆောင်ထားတာတစ်ခု....အဲ့ လို ထောင့် စေ့ အောင်
ယတြာပေးလိုက်တာ....ဗေဒင်ဆြာနာမည် မပျက်ချင်သေးလို့ လားတော့ မသိပါဘူး...၂ မင်္ဂလာဆောင်လုံး ရေလျှံပြီး အရင်းကျေသွားတယ်...ပစ္စည်းလေးတွေ
မျှော်ထားတာထက်ပိုရသွားတယ်ပြောတယ်...
အဲ့ မှာ ရယ်ရတာက မင်္ဂလာဆောင် ၂ ခုထဲက တစ်ခုက မင်္ဂလာဆောင်ဖို့  အတိုးနဲ့ ချေးငှားပြီးဆောင်တဲ့ ငွေကို ပြန်ဆပ်နိုင်ယုံတင်မကပဲ လက်ဖွဲ့ ငွေကပိုနေလို့  သတို့ သားဖက်က မိဘတွေက ခဏလက်လှည့် ယူသုံးထားမယ် အတိုးပေးထားမယ်ဆိုလို့  သတိုးသမီးဖက်က အမျိုးတွေက ပွစိတွေထိုးကုန်တာ မင်္ဂလာဦးညမှာ
ပူညံပူညံတွေဖြစ်ကုန်တာ ပြန်လာပြောလို့  ကျနော်လည်း ကြားထဲက ဘာပြောရမှန်းမသိဖြစ်ပြီး စိတ်ထဲက ကြိတ်သာရယ်နေရတဲ့ အဖြစ်ပဲဗျားး...အဟီး..ကြုံလေဘုံပွေ လူ့ လောကပါဗျာ....ငိငိ....
စိတ်ပေါက်ရင် ထ ထ လုပ်တဲ့  နည်း
ကိုယ်နေထိုင်ရာ အိမ် (၀ါ) ကိုယ်အလုပ်လုပ်ရာ နေရာ (၀ါ) ကိုယ့် အလုပ်စားပွဲနေရာလေး တ၀ိုက်ကို မကြာခဏ (ရေ+ရေမွှေးရေ) ကိုဖလားလေးထဲထည့်  သပြေညွန့် လေး တစ်ညွန့် နှစ်ညွန့် နဲ့ ပက်ဖြန်းပေးတာဟာ....
ကိုယ့် စိတ်ကို တက်ကြွစေတယ် လန်းဆန်းစေတယ် လာဘ်ရွှင်စေတယ် စိတ်ခွန်အားကိုဖြစ်စေတယ် စိတ်သတ္တိတွေ ပြန်ပြန်ကောင်းလာစေတယ် ကိုယ့် ကံကို ကိုယ် ပုံယုံလာစေတယ် ကိုယ့် စိတ်ကို လုံခြုံစေတယ် ပြဿနာတွေကိုလျော့ ကျသွားစေတယ် အေးချမ်းလာစေတယ် .
...အဲ့ ဒီမှာ သပြေရွက်ကို သုံးတာဟာ မြန်မာတစ်ပြည်လုံး ၇ နေ့ သားသမီးတွေ ရဲ့  အောင်အတိတ် အောင်နမိတ်ဆောင်စေတဲ့  တစ်မျိုးသားလုံးရဲ့  မင်္ဂလာအညွန့် အဖြစ်ယူသုံးတဲ့ သဘောဖြစ်တယ် ဘယ်သူဘယ်ဝါ နေ့ သား နံတွေမကောက်ဘူး....( နောက်တစ်ချက်က အကယ်၍ သပြေညွန့် မရရင်ရောလို့ ဆိုလာရင် ရရာ စိမ်းစိမ်းစိုစို သစ်ရွက် သစ်ညွန့် တစ်ခုခုသာ ယူသုံးပက်ဖြန်းပါလေ အခိုက်ဓါတ်မရှိပါဘူးလို့ ဆိုမှာပါ....
အကြောင်းက ဖြန်းမယ့်  (ရေနဲ့ ရေမွှေးရေ) ဟာ စီရင်ထားတဲ့ ရေမို့ ပါပဲ...စီရင်ပုံကလဲ မခက်ပါဘူး...စီရင်ပုံ ၂ မျိုးရှိတယ်..တစ်မျိုးက အိမ်တွေမှာ ရှိတတ်ဆောင်ထားတတ်တဲ့  ဘယ်က ညာက တရားပွဲက ပဌာန်းရေစင်တို့  ဘယ်သူဘယ်ဝါရဲ့  ရေမန်းတို့ ကို အဆင်သင့် ယူ ဖလားလေးထဲထည့်  ရေမွှေးညှစ်ပြီး ဘုရားစာတစ်ခုခု (၀ါ) ဂါထာတွေ တစ်ခုခု စိတ်ကရွတ်ပြီး ဖြန်းယုံပါပဲ.....နောက်တစ်နည်းက...ဘာရေမှ အဆင်သင့် မရှိဘူးဆိုရင်....
ဖလားထဲရေနဲနဲထည့်  ရေမွှေးညှစ်ထည့်  သပြေညွန့် နဲနဲ စိုက်ထောင်ထည့် ပြီးရင် အဲ့ ရေမွှေးရေခွက်ထဲ ညာလက်ညှိုးလေး စိုက်ကိုင်ပြီး သရဏဂုံသုံးပါး (သို့ ) ရရာ
ဂါထာတစ်ခုခုကို ''ဥုံ ''ခံ ပြီး ၃ခေါက်တို့  ၉ ခေါက်တို့ မန်း ပြီး အဲ့  ကိုယ်တိုင်မန်းထားတဲ့ ရေမန်းနဲ့ သပြေရွက်တွေနဲ့  ဘုရားစာစိတ်ကရွတ်ပြီးလိုက်ဖြန်းလိုက်ယုံပါပဲ.
ဥုံ ခံတာဟာ ဌာန်တွေ မာန်တွေ ကို အသံလှိုင်းနဲ့ အဟိန်းအဖြစ် အသံစွမ်းအင်ကို ထည့် လိုက်တဲ့  သဘောအဖြစ် ဥုံ အသံကို သုံးတဲ့ သဘောယူပါတယ်..
ဒီနည်းကို အိပ်မက်ယာမက်မကောင်းတဲ့ အခါ နေမထိထိုင်မသာ ထိုင်းမှိုင်းနေတဲ့ အခါ စိတ်တွေ လေးလံနေတဲ့ အခါ စသဖြင့် အချိန်မရွေး အခါမရွေး ထ လုပ်
လို့ ကောင်းပါတယ်..ကိုယ်တိုင် စိတ်ပေါက်ရင် ထ ထ လုပ်တဲ့  နည်းပါ....
တွေးခေါ်နည်းတစ်ခု
တွေးခေါ်နည်းတစ်ခု
-----
ကျနော့် တွေးခေါ်နည်းကိုဆိုလိုတာပါ..အလုပ်ထဲမှာ ပြောလေ့ ရှိတဲ့  တွေးခေါ်နည်းပေါ့ ...ကျနော်တို့ ဝန်းကျင်မှာ ချဲဒိုင်တွေ ကျယ်ကျယ်ပြန့် ပြန့် ရှိနေတုန်းက
ဒိုင်တွေရှိနေတော့ ထိုးသားတွေလည်းအများကြီးပေါ့  ( ကျနော်လဲ အမြဲမဟုတ်ပေမယ့်  စိတ်ကူးပေါက်ရင် ထ ထ ထိုးတတ်ပါတယ်)..အဲ့ တော့  ထိုးသားတစ်ချို့ က
လောင်းကစား အကျိုးပေးမပေးလာလာမေးလေ့ ရှိပါတယ်..(တကယ်က ချဲထိုးချင်လို့ မေးတာများပြီး ချဲထိုးတာကို ဒဲ့ မပြောပဲ လောင်းကစားကံရှိမရှိ ၀ိုက်မေးတာ..
အဲ့ မှာ တစ်ချို့ က ဗေဒင်ဆရာဆို ပေါက်ဂဏန်း ချဲနံပတ်သိမယ်ချည်း အထင်ရှိလေသလားမသိ..ဂဏန်းတောင်းတာ ရှိသေးတယ်...ဂဏန်းတောင်းပုံကလဲ ညက်တယ်.ချဲဂဏန်း ဘာရလဲလို့  မတောင်းပဲ ဘ၀အတွက် အကျိုးပေးဂဏန်းက ဘာလဲလို့  ဗေဒင်မေးသလိုလို မေးတာမျိုးပါသေးတယ်.တစ်ချို့ ကတော့  ဒဲ့ ကြီးမေးတာပါ ဆြာရေ ဒီအပါတ်ဘာဂဏန်းရလဲတဲ့ .....ငိငိ)..
ကျနော်က ချဲဂဏန်းတွေ လာမေးရင် ဒဲ့ လွှတ်တာများပါတယ် ..သိဘူးလို့ ...ငိငိ...။...တစ်ချို့ ကိုတော့  စိတ်လိုလက်ရရှိရင် ကျနော့် အတွေးကို အေးဆေး ပြန်ပြောလေ့ရှိပါတယ်....လောင်းကစား အကျိုးပေးမပေးတို့  ဘာတို့ ကို တကယ် မတွက်တတ်ပါဘူးဆိုတဲ့ အကြောင်းက စအခြေခံပြီး ကျနော့် အတွေ့ အကြုံအရ လူအများစုမှာ လောင်းကစားနဲ့  အကျိုးပေးတာမျိုး သိပ်မတွေ့ ခဲ့ ရဘူး.လောင်းကစားကို အသည်းအသန်နှစ်ပြီး လုပ်လေ့ ရှိတဲ့ အများစုဟာ .ဒိုင်က မလျော်နိုင်တော့ ရင် ရဲကေ့ စ်ငြိသွားရင် ရပ်သွားတာ ထွက်ပြေးတာမျိုးတွေနဲ့  နိဂုံးချုပ် ရပ်သွားလေ့ ရှိပြီး ထိုးသားတွေကလည်း နောက်ဆုံးမှာ ကြွေးတွေ ဒိုင်ပေါင်းစုံမှာ အပြင်မိတ်ဆွေသူငယ်ချင်းတွေအမျိုးတွေ ဆီမှာ ပတ်လည်ခိုက်ပြီး အကြွေးမဆပ်နိုင်တော့ မှ ရပ်သွားတာချည်းများတာတွေ့ ခဲ့ ရတာပါပဲဗျာ..လို့ ..စပြောလိုက်တတ်ပါတယ်...
ဒါပေမယ့် ဆိုပြီး ဆက်ပြောတာက...ကျနော်လည်း တစ်ခါတစ်လေ ချဲထိုးလေ့ ရှိတာပါပဲ..ထိုးပြီဆိုတော့  ပေါက်ချင်တာပေါ့ လေလို့ ..ဒါပေမယ့်  ချဲထိုးတာရဲ့  မသေခြာမှု့ က ဘယ်လောက် မသေခြာသလဲဆိုရင် ပေါက်ချင်ပေါက်မယ် ပေါက်ချင်မှလဲ ပေါက်မှာ မပေါက်ချင်မပေါက်ဘူး.မပေါက်ဖိုးက ပိုများပြန်တယ် .ပေါက်ပြန်တော့ လဲ ဒိုင်က ကိုယ့် ကိုယ် လျော်ဦးမှ ကိုယ်ပေါက်တော့ မှ မလျော်နိုင်တော့ ဘူး ရဲအဖမ်းခံရပြီ ဆိုရင် ထိုးထားတဲ့ ငွေက ဂန့် ပြီ ဒီတော့  ကိုယ်ထိုးတာတဲ့  ငွေက အဆုံးဖက်က ပိုများနေပြီ...ဒီတော့  စထိုးကတည်းက အခု ချဲထိုးလိုက်တဲ့ ငွေဟာ ပြန်မလာ ဇာတ်ကားရိုက်ဖို့ များပြီ...ဒါဆို အဲ ပြန်မလာတော့ တဲ့ငွေဟာ ကိုယ့်  ဘ၀ကို ပြိုလဲသွားစေနိုင်တဲ့ ငွေလား ကိုယ့် စီးပွားတွေ လူမှု့ ဘ၀တွေကို ထိခိုက်နိုင်စေလားလို့ စတွေးတယ်....မထိခိုက်လောက်ပါဘူး. အလှုခံတောင်ထည့် လို့ ရတဲ့ ငွေပါ သွားကြားတောင် မညပ်ဖူး ဆိုရင် ခင်ဗျာ့ ပိုက်ဆံခင်ဗျာ့  သဘောပဲ ကိုယ့် ပိုက်ဆံကိုယ် ဘာသုံးသုံးပေါ့  စိတ်အစာကြွေးတဲ့ သဘောပေါ့ လို့  တွေးပြတာပါ...
ကြမ်းတမ်း ခက်ထန်မှု့ တွေက သာယာ လေညှင်းတွေထက် ပိုများများ ကြုံတွေ့ ရတဲ့  လူ့ ဘ၀ဆိုတာ တစ်ခါတစ်လေ ဘ၀အမောတွေကနေ စိတ်သက်သာခွင့်  ယာယီသဘောပဲဆိုစေစေ...စိတ်ရဲ့ တဒင်္ဂ လွတ်မြောက်ရာအတွက် ကိုယ်ဖီလင်လာရာ ကိုယ်ဝါသနာပါရာလေး လုပ်လုပ်ပေးရတဲ့  စိတ်အာဟာရ
သဘော လိုအပ်တယ်ပေါ့  ...ပြီးတော့  ချဲထိုးတာဟာ ငွေရမက် သဘောတွေချည်း ဖြစ်နေတာ မဟုတ်ပဲ ကိုယ်မျှော်လင့် ထားတဲ့  ရလာဒ်တစ်ခုကို စောင့် နေတုန်းကိုယ့် မှာ ဖြစ်နေတဲ့  စိတ်လှုပ်ရှားမှု့ တစ်ခုကိုလည်း လူဟာ စွဲလန်းနေတတ်တဲ့ သဘောပါတယ်ပေါ့ လေ...
အဲ့ လိုတွေ တော်ကီလွှတ်ပြီးမှ ဆိုပါတော့ ဗျာ...ကျနော့် ဝင်ငွေ တစ်လကို ၁၀ပုံးလောက် ၀င်နေလို့  ချဲတစ်ပတ်ကို တစ်သောင်းဖိုးလောက် လွှတ်တာ အဲ့ ငွေတစ်သောင်း ပြန်မလာတော့ ရင်လဲ ကျနော့် ဘဇ်နက်ကို မထိခိုက်လို့  ကျနော် တစ်သောင်းဖိုးချဲထိုးတယ်ပေါ့  လောင်းကစားကံရှိမရှိ အရေးမစိုက်ဖူးပေါ့ ..
ဒါပေမယ်.့  ကျနော့် ဝင်ငွေက တစ်လကို တစ်သိန်းလောက်ပဲ ရှိရင်တော့  တစ်သောင်းဖိုး မဆိုထားနဲ့  တစ်ပြားဖိုးမှ ချဲတို့ လောင်းကစားတို့  လုပ်တော့ မှာ မဟုတ်ဖူး..တစ်သိန်း ၀င်ငွေလောက်မှာ တစ်သောင်းမဆိုထားနဲ့  ငါးရာဆိုတာတောင် ကိုယ့် မီးဖိုချောင်အတွက် သိပ်တန်ဘိုးကြီးတယ်...ကျနော်တို့ ရှာထားတာ အလကားရထားတဲ့ ငွေတွေ မသမာဇီဝနဲ့  ရထားတာ မဟုတ်ဖူးလေ..လို့ ရှင်းပြတတ်တယ်...ဒါ ကျနော့် တွေးခေါ်နည်းတစ်ခုပေါ့ .
.( သဘောက စီးပွား သဘောတွေဆောင်လာရင် ကိုယ့် ဘ၀အခြေခံသဘော ကိုယ့် ထမင်းအိုးကို ထိခိုက်နိုင်ခြေ ရှိမရှိ အရင် ချိန်ဆပြီး လှုပ်ရှားတယ်ဆိုတဲ့ သဘောပေါ့  .ပိုက်ဆံတွေ ကိုယ် ပိုရဖို့ ထက် လက်ရှိရနေဆဲ ဖြစ်တည်နေဆဲ တည်ငြိမ်နေတဲ့  ကိုယ့် ဘ၀ အခြေခံကို အရင် တွေးတော ကာကွယ်ထားတဲ့ သဘောတရားကို အရင်ကျင့် သုံးတဲ့ စတိုင်ပေါ့ )
အပြောင်းအလဲ

အပြောင်းအလဲ
--
တစ်သက်လုံးက ''ဆရာသီဟ ''လို့ ပဲ အမည်တပ်ပြီး လုပ်လာတာ..ဖွရွာထဲ တက်လာတော့  အကောင့် အမည်ပေးတဲ့ အခါ ကိုယ့် ဆရာတွေရဲ့ ပညာဂုဏ်ကို ပူဇော်တန်ဘိုးထားတဲ့ သဘောရောကိုယ့် အလုပ်ကို ကိုယ်ပြန်လေးစားပေးတဲ့ သဘောနဲ့ ''န၀င်းသီဟ ''လို့  အကောင့် အမည်ပေးလိုက်ခဲ့ တယ်ဗျ....
ဒါနဲ့  အွန်လိုင်းမှာ နှစ်ပေါက်လာတော့  ''န၀င်း''ဆိုတဲ့ စကားလုံးကို သဘောကျလာတယ်...လောကီပညာအရ ဆရာနဲ့ ဆရာကြီးရဲ့ န၀င်းစီးပွဲယတြာပညာ သဘောကြောင့် တင်မကဘူး....
.
ကိုယ့် အယူက မြတ်ရှင်စောရဲ့ ဂုဏ်တော် ၉ ပါးသဘောကိုပါ အာရုံပြုလို့  သိပ်ကောင်းနေလို့ ပဲ...
ဒါနဲ့  စိတ်ကူးက တစ်သက်တာလုံး သုံးလာတဲ့  ''ဆရာသီဟ '' ၀ိဇ္ဇာနည်းကျ မြန်မာ့ ဗေဒင် န၀င်းးစီးဓါတ်ယတြာ ''ဆိုတဲ့  ဆိုင်းဘုတ်ပိစိလေးနေရာမှာ ''ဆရာန၀င်းသီဟ '' ''၀ိဇ္ဇာနည်းကျ မြန်မာ့ ဗေဒင် န၀င်းစီးဓါတ်ယတြာ'' ဆိုတဲ့  ဆိုင်းဘုတ်ပိစိ အသစ်လေးပြောင်းလဲလိုက်ဖို့ စိတ်ကူးလိုက်တယ်
ဒီဆိုင်းဘုတ်လေးက ဘယ်ညာ ဖြစ်ပြီး အိမ်ထဲမှတော့ ပြောင်းပြီးသားပေါ့ ..ဆိုင်းဘုတ်လုပ်ထားတာက ကြော်ငြာတာမဟုတ်ခဲ့ ဘူး ပထမပိုင်းမှာ အဖြစ်ရှိမှာမဟုတ်ဘူး အရူးထတာပါဆိုပြီးလာပြီး ဟာသလုပ်တဲ့ 
လမ်းထဲ အရပ်ထဲက လူတွေကို ဖြဲပြထားတဲ့ အနေနဲ့ ပဲ လမ်းမထုတ်ထားတဲ့  ဆိုင်းဘုတ် လုပ်ထားတာမျိုး...
.ဒီနေ့ အထိ ဘယ်မှာမှ မကြော်ငြာခဲ့ ဘူး နောက်လဲ ကြော်ငြာမှာမဟုတ်ဘူး ဘ၀လေးတစ်ခုကို အေးအေးပဲ နေချင်လို့  လူသိများမှာတောင် စိုးနေတာမျိုး...ငိငိ...
အခု အမည်မှာ ''န၀င်း ''လို့ ထည့် တာက ကျနော်တို့ ရဲ့ ဒုတိယဆရာ ဆရာကြီး ဦးကြာမြင့်  ဗေဒင်အချုမဟာဘုတ်နိဒါန်း '' ရဲ့ ပညာကို တလေးတစားပူဇော်တဲ့ အနေနဲ့ ပေါ့  ''၀ိဇ္ဇာနည်းကျ မြန်မာ့ ဗေဒင် '' ဆိုတာက ကျနော်တို့ ရဲ့ ပထမဆရာ ''ဆရာဦးလင်းအောင် ၀ိဇ္ဇာနည်းကျ မြန်မာ့ ဗေဒင် ''ကို ကန်တော့ ပူဇော်တဲ့ စိတ်နဲ့ ပေါ့ ...
ကိုယ့် အသက်မွေးဝမ်းကျောင်းအလုပ်ကို ကိုယ်လေးစားရမယ်တဲ့ စိတ်ကတော့  ကုန်သည်ဈေးသည်တွေ ဖြစ်တဲ့  မိဘတွေရဲ့ သဘောထားက ကူးစက်လာတာပါပဲ....အဲ..အဲ့ ကော်ပြား ဆိုင်းဘုတ်လေး တန်ဘိုးကလဲ ၀ဋ်လည်တာလား န၀င်းဓါတ်အစီးခံလိုက်ရတာလားတော့  မပြောတတ်ဘူး ၁၈၀၀၀ ကျပ် ( တစ်သောင်းနဲ့ မှ ရှစ်ထောင်ကျပ် ) ကျသင့် ပါတယ်တဲ့  ခ် ငိငိ..
ဆိုင်းဘုတ်အရောင်မှာ အခါတိုင် '''အထက်ဆောင်ပန်းအောက်နင်းကြမ်း'' ပညာခန်းသုံးခဲ့ တယ်
--------------
အဲ ဆိုင်းဘုတ်မှာ ဆောင်ပန်းနင်းကြမ်းပညာခန်းလေးတော့ ထည့် ထားတယ်....ကျနော်က ၁ သောကြာ ရာဇဖွားဖြစ်လို့  ဆောင်ပန်း အသန့် က ၁ ကြွင်းမဟာဘုတ်အရ သိုက်အိမ်က အင်္ဂါနံ အစိမ်း သောကြာ သားသမီးရဲ့  ပဉ္စပွတ် နံ နဲ့  အထွန်းအိမ်က စနေနံ သောကြာသားသမီးရဲ့  အလယ်တွဲ အညွန့်  နံ ၂ ခုက သန့် နေတယ်...
အဲ့ တော့  အင်္ဂါ နံ အစိမ်း နဲ့ စနေနံ အနက် ကို လူအမည် မှာ အဓိက သုံးဖို့  တွေးတဲ့ အခါ အနက်က အညွန့် အရောင်မှန်ပေမယ့်  အများဆိုင်ရာ သဘောမှာ မင်္ဂလာမဲ့ နေတယ်...ဒီတော့  အင်္ဂါနံ အစိမ်းကို ဆောင်ပန်းအရောင် အဖြစ်ရွေးလိုက်တယ်...
အဲ့  အင်္ဂါ နံ ကို ရွေတဲ့ အခါ အင်္ဂါ နံဟာ သောကြာသာသမီးတွေရဲ့  အထက်ဆောင်ပန်း အောက်နင်းကြမ်း ပညာသဘောမှာ အတွဲ မိတာက တနင်္လာ နံ နဲ့  အတွဲ...စိန်ခြယ်တို့  ဇော်ကြားတို့ ဆိုတဲ့  ပန်းယ အတွဲ ပေါ့ ... ဒီတော့  ဆိုင်းဘုတ်အောက်ခံအရောင်ကို တနင်္လာနံ အရောင် အဖြူရောင်ကို ခံစေလိုက်တယ်..
ဒီတော့  ဆိုင်ဘုတ်အရောင်က အောက်ခံအဖြူရောင်အပြားပေါ်မှာ လူအမည်က အစိမ်းရောင် နဲ့  ရေးထားတဲ့  ဆိုင်းဘုတ် ဖြစ်လာတယ်ပေါ့ လေ...( နောက်တစ်ချက်က အောက်ခံအရောင်က ခွင်မတည့် ခြင်းဟာ အရေးတကြီးတော့ မဟုတ်ဘူး လူအမည် (၀ါ) အဓိကအမည်ကိုသာ အထက်ဆောင်ပန်း အရောင်သုံးခုထဲက တစ်ခုခု ဖြစ်ဖို့ က လိုရင်းဖြစ်တယ်)
Subscribe to:
Posts (Atom)