Powered By Blogger

Wednesday, October 21, 2015

စိတ်ပေါက်ရင် ထ ထ လုပ်တဲ့  နည်း


ကိုယ်နေထိုင်ရာ အိမ် (၀ါ) ကိုယ်အလုပ်လုပ်ရာ နေရာ (၀ါ) ကိုယ့် အလုပ်စားပွဲနေရာလေး တ၀ိုက်ကို မကြာခဏ (ရေ+ရေမွှေးရေ) ကိုဖလားလေးထဲထည့်  သပြေညွန့် လေး တစ်ညွန့် နှစ်ညွန့် နဲ့ ပက်ဖြန်းပေးတာဟာ....

 ကိုယ့် စိတ်ကို တက်ကြွစေတယ် လန်းဆန်းစေတယ် လာဘ်ရွှင်စေတယ် စိတ်ခွန်အားကိုဖြစ်စေတယ် စိတ်သတ္တိတွေ ပြန်ပြန်ကောင်းလာစေတယ် ကိုယ့် ကံကို ကိုယ် ပုံယုံလာစေတယ် ကိုယ့် စိတ်ကို လုံခြုံစေတယ် ပြဿနာတွေကိုလျော့ ကျသွားစေတယ် အေးချမ်းလာစေတယ် .

...အဲ့ ဒီမှာ သပြေရွက်ကို သုံးတာဟာ မြန်မာတစ်ပြည်လုံး ၇ နေ့ သားသမီးတွေ ရဲ့  အောင်အတိတ် အောင်နမိတ်ဆောင်စေတဲ့  တစ်မျိုးသားလုံးရဲ့  မင်္ဂလာအညွန့် အဖြစ်ယူသုံးတဲ့ သဘောဖြစ်တယ် ဘယ်သူဘယ်ဝါ နေ့ သား နံတွေမကောက်ဘူး....( နောက်တစ်ချက်က အကယ်၍ သပြေညွန့် မရရင်ရောလို့ ဆိုလာရင် ရရာ စိမ်းစိမ်းစိုစို သစ်ရွက် သစ်ညွန့် တစ်ခုခုသာ ယူသုံးပက်ဖြန်းပါလေ အခိုက်ဓါတ်မရှိပါဘူးလို့ ဆိုမှာပါ....

အကြောင်းက ဖြန်းမယ့်  (ရေနဲ့ ရေမွှေးရေ) ဟာ စီရင်ထားတဲ့ ရေမို့ ပါပဲ...စီရင်ပုံကလဲ မခက်ပါဘူး...စီရင်ပုံ ၂ မျိုးရှိတယ်..တစ်မျိုးက အိမ်တွေမှာ ရှိတတ်ဆောင်ထားတတ်တဲ့  ဘယ်က ညာက တရားပွဲက ပဌာန်းရေစင်တို့  ဘယ်သူဘယ်ဝါရဲ့  ရေမန်းတို့ ကို အဆင်သင့် ယူ ဖလားလေးထဲထည့်  ရေမွှေးညှစ်ပြီး ဘုရားစာတစ်ခုခု (၀ါ) ဂါထာတွေ တစ်ခုခု စိတ်ကရွတ်ပြီး ဖြန်းယုံပါပဲ.....နောက်တစ်နည်းက...ဘာရေမှ အဆင်သင့် မရှိဘူးဆိုရင်....

ဖလားထဲရေနဲနဲထည့်  ရေမွှေးညှစ်ထည့်  သပြေညွန့် နဲနဲ စိုက်ထောင်ထည့် ပြီးရင် အဲ့ ရေမွှေးရေခွက်ထဲ ညာလက်ညှိုးလေး စိုက်ကိုင်ပြီး သရဏဂုံသုံးပါး (သို့ ) ရရာ
ဂါထာတစ်ခုခုကို ''ဥုံ ''ခံ ပြီး ၃ခေါက်တို့  ၉ ခေါက်တို့ မန်း ပြီး အဲ့  ကိုယ်တိုင်မန်းထားတဲ့ ရေမန်းနဲ့ သပြေရွက်တွေနဲ့  ဘုရားစာစိတ်ကရွတ်ပြီးလိုက်ဖြန်းလိုက်ယုံပါပဲ.
ဥုံ ခံတာဟာ ဌာန်တွေ မာန်တွေ ကို အသံလှိုင်းနဲ့ အဟိန်းအဖြစ် အသံစွမ်းအင်ကို ထည့် လိုက်တဲ့  သဘောအဖြစ် ဥုံ အသံကို သုံးတဲ့ သဘောယူပါတယ်..

ဒီနည်းကို အိပ်မက်ယာမက်မကောင်းတဲ့ အခါ နေမထိထိုင်မသာ ထိုင်းမှိုင်းနေတဲ့ အခါ စိတ်တွေ လေးလံနေတဲ့ အခါ စသဖြင့် အချိန်မရွေး အခါမရွေး ထ လုပ်
လို့ ကောင်းပါတယ်..ကိုယ်တိုင် စိတ်ပေါက်ရင် ထ ထ လုပ်တဲ့  နည်းပါ....

No comments:

Post a Comment

'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..