Powered By Blogger

Wednesday, October 21, 2015

တွေးခေါ်နည်းတစ်ခု



တွေးခေါ်နည်းတစ်ခု
-----
ကျနော့် တွေးခေါ်နည်းကိုဆိုလိုတာပါ..အလုပ်ထဲမှာ ပြောလေ့ ရှိတဲ့  တွေးခေါ်နည်းပေါ့ ...ကျနော်တို့ ဝန်းကျင်မှာ ချဲဒိုင်တွေ ကျယ်ကျယ်ပြန့် ပြန့် ရှိနေတုန်းက
ဒိုင်တွေရှိနေတော့ ထိုးသားတွေလည်းအများကြီးပေါ့  ( ကျနော်လဲ အမြဲမဟုတ်ပေမယ့်  စိတ်ကူးပေါက်ရင် ထ ထ ထိုးတတ်ပါတယ်)..အဲ့ တော့  ထိုးသားတစ်ချို့ က
လောင်းကစား အကျိုးပေးမပေးလာလာမေးလေ့ ရှိပါတယ်..(တကယ်က ချဲထိုးချင်လို့ မေးတာများပြီး ချဲထိုးတာကို ဒဲ့ မပြောပဲ လောင်းကစားကံရှိမရှိ ၀ိုက်မေးတာ..
အဲ့ မှာ တစ်ချို့ က ဗေဒင်ဆရာဆို ပေါက်ဂဏန်း ချဲနံပတ်သိမယ်ချည်း အထင်ရှိလေသလားမသိ..ဂဏန်းတောင်းတာ ရှိသေးတယ်...ဂဏန်းတောင်းပုံကလဲ ညက်တယ်.ချဲဂဏန်း ဘာရလဲလို့  မတောင်းပဲ  ဘ၀အတွက် အကျိုးပေးဂဏန်းက ဘာလဲလို့  ဗေဒင်မေးသလိုလို မေးတာမျိုးပါသေးတယ်.တစ်ချို့ ကတော့  ဒဲ့ ကြီးမေးတာပါ ဆြာရေ ဒီအပါတ်ဘာဂဏန်းရလဲတဲ့ .....ငိငိ)..

ကျနော်က ချဲဂဏန်းတွေ လာမေးရင် ဒဲ့ လွှတ်တာများပါတယ် ..သိဘူးလို့ ...ငိငိ...။...တစ်ချို့ ကိုတော့  စိတ်လိုလက်ရရှိရင် ကျနော့် အတွေးကို အေးဆေး ပြန်ပြောလေ့ရှိပါတယ်....လောင်းကစား အကျိုးပေးမပေးတို့  ဘာတို့ ကို တကယ် မတွက်တတ်ပါဘူးဆိုတဲ့ အကြောင်းက စအခြေခံပြီး ကျနော့် အတွေ့ အကြုံအရ လူအများစုမှာ လောင်းကစားနဲ့  အကျိုးပေးတာမျိုး သိပ်မတွေ့ ခဲ့ ရဘူး.လောင်းကစားကို အသည်းအသန်နှစ်ပြီး လုပ်လေ့ ရှိတဲ့ အများစုဟာ .ဒိုင်က မလျော်နိုင်တော့ ရင် ရဲကေ့ စ်ငြိသွားရင် ရပ်သွားတာ ထွက်ပြေးတာမျိုးတွေနဲ့  နိဂုံးချုပ် ရပ်သွားလေ့ ရှိပြီး ထိုးသားတွေကလည်း နောက်ဆုံးမှာ ကြွေးတွေ ဒိုင်ပေါင်းစုံမှာ အပြင်မိတ်ဆွေသူငယ်ချင်းတွေအမျိုးတွေ ဆီမှာ  ပတ်လည်ခိုက်ပြီး အကြွေးမဆပ်နိုင်တော့ မှ ရပ်သွားတာချည်းများတာတွေ့ ခဲ့ ရတာပါပဲဗျာ..လို့ ..စပြောလိုက်တတ်ပါတယ်...

ဒါပေမယ့် ဆိုပြီး ဆက်ပြောတာက...ကျနော်လည်း တစ်ခါတစ်လေ ချဲထိုးလေ့ ရှိတာပါပဲ..ထိုးပြီဆိုတော့  ပေါက်ချင်တာပေါ့ လေလို့ ..ဒါပေမယ့်  ချဲထိုးတာရဲ့  မသေခြာမှု့ က ဘယ်လောက် မသေခြာသလဲဆိုရင် ပေါက်ချင်ပေါက်မယ် ပေါက်ချင်မှလဲ ပေါက်မှာ မပေါက်ချင်မပေါက်ဘူး.မပေါက်ဖိုးက ပိုများပြန်တယ် .ပေါက်ပြန်တော့ လဲ ဒိုင်က ကိုယ့် ကိုယ် လျော်ဦးမှ ကိုယ်ပေါက်တော့ မှ မလျော်နိုင်တော့ ဘူး ရဲအဖမ်းခံရပြီ ဆိုရင် ထိုးထားတဲ့ ငွေက ဂန့် ပြီ  ဒီတော့  ကိုယ်ထိုးတာတဲ့  ငွေက အဆုံးဖက်က ပိုများနေပြီ...ဒီတော့  စထိုးကတည်းက အခု ချဲထိုးလိုက်တဲ့ ငွေဟာ  ပြန်မလာ ဇာတ်ကားရိုက်ဖို့ များပြီ...ဒါဆို အဲ ပြန်မလာတော့ တဲ့ငွေဟာ ကိုယ့်  ဘ၀ကို ပြိုလဲသွားစေနိုင်တဲ့ ငွေလား ကိုယ့် စီးပွားတွေ လူမှု့ ဘ၀တွေကို ထိခိုက်နိုင်စေလားလို့ စတွေးတယ်....မထိခိုက်လောက်ပါဘူး. အလှုခံတောင်ထည့် လို့ ရတဲ့ ငွေပါ သွားကြားတောင် မညပ်ဖူး ဆိုရင် ခင်ဗျာ့ ပိုက်ဆံခင်ဗျာ့  သဘောပဲ ကိုယ့် ပိုက်ဆံကိုယ် ဘာသုံးသုံးပေါ့  စိတ်အစာကြွေးတဲ့ သဘောပေါ့ လို့  တွေးပြတာပါ...

ကြမ်းတမ်း ခက်ထန်မှု့ တွေက သာယာ လေညှင်းတွေထက် ပိုများများ ကြုံတွေ့ ရတဲ့  လူ့ ဘ၀ဆိုတာ တစ်ခါတစ်လေ ဘ၀အမောတွေကနေ စိတ်သက်သာခွင့်  ယာယီသဘောပဲဆိုစေစေ...စိတ်ရဲ့ တဒင်္ဂ လွတ်မြောက်ရာအတွက် ကိုယ်ဖီလင်လာရာ ကိုယ်ဝါသနာပါရာလေး လုပ်လုပ်ပေးရတဲ့  စိတ်အာဟာရ
သဘော လိုအပ်တယ်ပေါ့  ...ပြီးတော့  ချဲထိုးတာဟာ ငွေရမက် သဘောတွေချည်း ဖြစ်နေတာ မဟုတ်ပဲ ကိုယ်မျှော်လင့် ထားတဲ့  ရလာဒ်တစ်ခုကို စောင့် နေတုန်းကိုယ့် မှာ ဖြစ်နေတဲ့  စိတ်လှုပ်ရှားမှု့ တစ်ခုကိုလည်း လူဟာ စွဲလန်းနေတတ်တဲ့ သဘောပါတယ်ပေါ့ လေ...

အဲ့ လိုတွေ တော်ကီလွှတ်ပြီးမှ  ဆိုပါတော့ ဗျာ...ကျနော့် ဝင်ငွေ တစ်လကို  ၁၀ပုံးလောက် ၀င်နေလို့  ချဲတစ်ပတ်ကို တစ်သောင်းဖိုးလောက် လွှတ်တာ အဲ့ ငွေတစ်သောင်း ပြန်မလာတော့ ရင်လဲ ကျနော့် ဘဇ်နက်ကို မထိခိုက်လို့  ကျနော် တစ်သောင်းဖိုးချဲထိုးတယ်ပေါ့  လောင်းကစားကံရှိမရှိ အရေးမစိုက်ဖူးပေါ့ ..
ဒါပေမယ်.့  ကျနော့် ဝင်ငွေက တစ်လကို တစ်သိန်းလောက်ပဲ ရှိရင်တော့  တစ်သောင်းဖိုး မဆိုထားနဲ့  တစ်ပြားဖိုးမှ ချဲတို့ လောင်းကစားတို့  လုပ်တော့ မှာ မဟုတ်ဖူး..တစ်သိန်း ၀င်ငွေလောက်မှာ တစ်သောင်းမဆိုထားနဲ့  ငါးရာဆိုတာတောင် ကိုယ့် မီးဖိုချောင်အတွက် သိပ်တန်ဘိုးကြီးတယ်...ကျနော်တို့ ရှာထားတာ အလကားရထားတဲ့ ငွေတွေ မသမာဇီဝနဲ့  ရထားတာ မဟုတ်ဖူးလေ..လို့ ရှင်းပြတတ်တယ်...ဒါ ကျနော့် တွေးခေါ်နည်းတစ်ခုပေါ့ .

.( သဘောက စီးပွား သဘောတွေဆောင်လာရင် ကိုယ့် ဘ၀အခြေခံသဘော ကိုယ့် ထမင်းအိုးကို ထိခိုက်နိုင်ခြေ ရှိမရှိ အရင် ချိန်ဆပြီး လှုပ်ရှားတယ်ဆိုတဲ့ သဘောပေါ့  .ပိုက်ဆံတွေ ကိုယ် ပိုရဖို့ ထက် လက်ရှိရနေဆဲ ဖြစ်တည်နေဆဲ တည်ငြိမ်နေတဲ့  ကိုယ့် ဘ၀ အခြေခံကို အရင် တွေးတော ကာကွယ်ထားတဲ့ သဘောတရားကို အရင်ကျင့် သုံးတဲ့ စတိုင်ပေါ့ )

No comments:

Post a Comment

'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..