Powered By Blogger
Tuesday, May 26, 2015
ကြယ်နဲ့ ကျယ်..
ကြယ်နဲ့ ကျယ်..
-------------
လူ မကြောက်ရတတ်ရအောင်ဆိုပြီး တူမပိစီလေးကို အိမ်ခေါ်လေး ကြယ်ကြယ် လို့ ခေါ်ဟပေါ့  စတားလို့ လည်း သဘောပါတယ်တယ်ပေါ့ ..သဘောပါချက်က ချော်တောငေါ့ သွားပုံရပါ့ ..လူမကြောက်တော့ တဲ့ အပြင် လိုတာ မရလို့ ဆန္ဒပြ အာခေါင်ခြစ် အာဖြဲငိုပြရင် အသံကျယ်ချက်က တစ်အိမ်လုံး နားမခံနိုင်ဘူး..ကြယ် နဲ့ ကျယ်နဲ့ တော့ ရောသုတ်ရိုက်ပြီနဲ့ တူပါရဲ့ ....အာ နဲ့ ခေးလိုချင်တာ ၀ယ်ပေးလိုက်ကွာ.ငယ်တုန်းလေးဆိုတော့ ...ပိုက်ပိုက်တွေက ဒလဟော...ဟီးဟီး..
လူတွေနဲ့  အကြောမတည့် အောင်နေနည်း
လူတွေနဲ့  အကြောမတည့် အောင်နေနည်း
---------
၁ကြွင်းမွေးက မျက်နှာကို ရှစ်ခေါက်ချိုးထား သူများအမြင်နဲ့ ပြောင်းပြန်လိုက်ပြောလိုက်ရင်
၂ကြွင်းမွေးက ဘာလာပြောပြော သိပြီးသားလို့  ကြားဖူးသယောင်ယောင် လုပ်လွှတ်လိုက်ယုံ
၃ကြွင်းမွေးက ဘာကြားကြား ဂလန့် ပြန်ပြန်မေးခွန်းထုတ် ဘုတော
၎ကြွင်းမွေးက တစ်လောကလုံးကို ကိုယ့် လုပ်စာ စားနေသူတွေလို အပေါ်ကကြည့် ပေးလိုက်.
၅ကြွင်းမွေးက နေရာတကာ ၀င်ပါပြီ နေရာယူထားလိုက်
၆ကြွင်းမွေးက နေရာတကာ ပိုက်ဆံကိစ္စ တွက်ပြ
သုညကြွင်းက ဗျစ်တောက်ဗျစ်တောက်နဲ့ တစ်ချိန်လုံးပေါက်ကွဲပြနေ...
-----------
အာ့ ဆို ဧကစာကျင့် ဖို့ နားနီးလာပြီပေါ့ လေ...
လူတွေနဲ့ တည့် အောင် အယောင်ဆောင်ပုံတွေ..
လူတွေနဲ့ တည့် အောင် အယောင်ဆောင်ပုံတွေ..
-----------
၁ကြွင်းမွေးက ယဉ်ကျေးသယောင်ဆောင်တာ
၂ကြွင်းမွေးက မနပ်သလိုလို အယောင်ဆောင်တာ
၃ကြွင်းမွေးက  ဖေါ်လိုလိုက်ပေးသလိုလိုအယောင်ဆောင်တာ
၎ကြွင်းမွေးက ရိုးသလိုလို အယောင်ဆောင်တာ
၅ကြွင်းမွေးက ပရဟိတ္တကောင်းသလိုလို အယောင်ဆောင်တာ
၆ကြွင်းမွေးက ပညာရှိ ရင့် ကျက်သူလိုလို အယောင်ယောင်ဆောင်တာ
သုညကြွင်းက သနားတတ်သယောင်ယောင် ဆောင်တာ....
-----------
အာ့ ဆို ကိုယ့် အကြွင်းနဲ့ ကိုယ် လူတွေ တော်တော်များများနဲ့  ကီးကို ကိုက်လို့ သဘော...
ဆင်ခြင်ခြင်းစက်ဝိုင်း..
ဆင်ခြင်ခြင်းစက်ဝိုင်း..
-------
ကိုယ်လိုက်စားတဲ့ ကိုယ့် အသက်မွေးဝမ်းကြောင်းရဲ့ စက်ဝိုင်းသဘောကို ကျောင်းပညာကနေတစ်ဆင့် တွေးယူခဲ့ တာပဲ..ကျနော်တို့ ပြောတာတွေဟာ ဘာကြောင့်  ချွင်းချက် စက်ဝိုင်းတွေရှိသလဲဆိုတာကိုပေါ့ 
ဆိုပါတော့  သေခြင်းတရားရဲ့ စက်ဝိုင်းအကြောင်းကိုကြည့် ရင် ကိုယ့် တွေ့ အရရော ခေတ်အဆက်ဆက်က သေဆုံးခဲ့ ပြီးသာ လူတွေကိုကြည့် ပြီး ဆင်ခြင်မှု့ အရရော လူသားအားလုံးသေမျိုးဖြစ်တယ် ဆိုတဲ့ ကောက်ချက် စက်ဝိုင်းကအလွန်ကြီးလွန်းလို့  ၉၉.၉၉..အင်ဖနတီ% လက္ခံထားရတယ်..၊ ၁၀၀% မပေးသေးတာက မသေသေးတဲ့  လူတစ်ယောက်ကျန်နေရင်တောင်မှ ၁၀၀% သတ်မှတ်ပေးလို့ မရသေးဘူးသဘော..၁၀၀% သတ်မှတ်ဖို့ ဆိုတာဟာ လူသားတွေက သတ်မှတ်လို့ မရနိုင်ပေဘူး...လူသားမျိုးနွယ်တစ်စုလုံး တစ်ယောက်မကျန်သေဆုံးခဲ့ ပြီးကြောင်းကို လူသားမဟုတ်တဲ့  တစ်ခြား မျိုးနွယ်စု တစ်စုကသာ သတ်မှတ်ရလိမ့်မယ်ပေါ့ ၊.
စာစောင်လေးတွေမှတစ်ဆင့် ...
စာစောင်လေးတွေမှတစ်ဆင့် ...
---------
တစ်ခါတစ်လေ စာရွက်ကို လှမ်းဖတ်ပြီး စာထဲက အကြောင်းတစ်ချို့ ကို တောင်မေး မြောက်မေးလုပ်ရင်တော့  ပိုပြီးသဘောကျသွားတတ်ကြပြီး လေအေးအေးနဲ့  ဖြေပါတော့ တယ်....
( အဲ့ ဒီ့ လို စိတ်ရှည်ပြီး သည်းခံတတ်တဲ့ အဖွဲ့ တွေ အိမ်ရှေ့ လာ စာစောင်ဝေကြလေ့ ရှိတာဆိုတော့  ဘယ်လိုလုပ်ပြီး ဘုပြောဖို့  အရစ်တွေ မေးလွှတ်လိုက်ဖို့ ဘယ်ဖြစ်တော့ မလဲ..နဂိုကကို အားနာတတ်တဲ့ အမျိုးတွေဆိုတော့ လေ...)
ယေဘူယျအားဖြင့်  ကမ္ဘာတစ်ခွင်က လူအများစုရဲ့ စိတ်နှလုံးအတွင်းမှာ ငြိမ်းချမ်းတာကိုကြိုက်တယ် ချစ်ခြင်းမေတ္တာကိုနှစ်သက်တယ် အေးအေးချမ်းချမ်းနေလိုတယ် အလေးပေး ဆက်ဆံခံရတာကို သဘောကျတယ် ကိုယ့် ကို ပစ်မထားကြပါဘူးဆိုတာမျိုးကို အားတက်တယ် ချိုချိုသာသာဆက်ဆံတာကို နှစ်သက်တယ် တန်းတူ ဆက်ဆံခံရတာကို သဘောကျတယ် အပြုံးကို နှစ်သက်တယ် အားပေးစကားပြောလာသူကို အားကိုးတယ် မျှဝေခံစားပေးတာကို ကျေးဇူးတင်တယ်
ပျော်ရွှင်တဲ့ ဘ၀လေးကို လိုချင်တယ် မိုးထိအောင် ချမ်းသာလွန်းဖို့ ထက်မပူမပင်မကြောင့် မကျရတဲ့ ဘ၀လောက်ဆိုကျေနပ်ပါပြီဆိုပြီး ရောင့် ရဲနိုင်ကြတယ်..စကားလေးနဲ့ ပဲဖြစ်ပါစေ.နှစ်သိမ့် မှု့ ပေးတ့ဲသူကိုတွယ်တာသွားတတ်တယ်...ဒါမျိုးသဘောတွေကို ပေးနိုင်တဲ့ သူတွေကို သဘောကျသွားတတ်လေ့ရှိတယ်..
ဆုတောင်းပေးဖို့ လိုသလား
ဆုတောင်းပေးဖို့ လိုသလား
--------------
လိုတယ်ပဲပြောရမှာပဲ စစ်နဲ့ ငြိမ်းချမ်းရေး ဆိုတာ အမြဲလိုလို တစ်ခုလင်း တစ်ခုမှိန်သဘောနဲ့ အမြဲ ဒွန့် တွဲနေမှာပဲ..တစ်နေရာရာမှာ ဘုရားကျောင်းတွေဆောက် ဘုရားတွေ တည်နေချိန်မှာ တစ်နေရာရာမှာ စစ်ပွဲတွေဖြစ်နေမှာပဲ ဒါပေမယ့်  ''ကမ္ဘာမြေငြိမ်းချမ်းပါစေ'' လို့  ဆုတောင်းနေရမှာပဲ...အပြည့် အ၀ မပြည့် နိုင်မှန်းသိပေမယ့် လည်း ဆုတောင်းနေရမှာပဲ..အကြောင်းက ငြိမ်းချမ်းရေးကို အာရုံပြုတာဟာ ငြိမ်းချမ်းစေချင်တဲ့ စိတ်ရှိသူကို အရင်ဆုံး ငြိမ်းချမ်းစေတဲ့ သုခချမ်းသာကိုရသွားစေလို့ ပဲ...သဘောက မေတ္တာပို့ ရင် ရည်ရွယ်ရာကို ရောက်မရောက် မသိတတ်နိုင်ပေမယ့်  ပို့ နေတဲ့သူဟာ မေတ္တာပို့ နေချိန် ဖြစ်နေဆဲ မေတ္တာစိတ်ကြောင့်  ကိုယ်တိုင်ရဲ့ စိတ်မှာ အရင်အေးချမ်းနေတယ်...ရွဲ့ ပြီး ငေါ့ ပြီး ပို့ တဲ့  ချဉ်ဗျင်ကြီး ကြမ်းမာပါစီ ဆိုတဲ့ မေတ္တာပို့ နည်းမျိုးတော့  ဟုတ်ဖူးပေါ့ လေ...
သူတိုတွေရဲ့ ကျေးဇူးကြောင့် 
သူတိုတွေရဲ့ ကျေးဇူးကြောင့် 
------------------
အခံအသိနဲ့ တိုင်းတာပြီး သူများအသိကို ရယ်သွမ်းသွေးခဲ့ တာ ကျောင်းမှာ စပြီးသတိပြုမိတယ်. ..အနောက်ဒဿနတွေကို စ မိတ်ဆက်တုံးက ကမ္ဘာကြီး (၀ါ)လောကရဲ့ အစဟာ ရေကဖြစ်သူ မီးကစဖြစ်သူ ဓါတ်ကြီး ၄ပါးကစဖြစ်သူ စသဖြင့် ပေါ့ ဗျာ...အစ တွေကို အတွေးရှင်တွေက အမျိုးမျိုး တွေးတောပြီးပြောခဲ့ ကြတယ်...အဲ့ ဒါတွေ ကိုဖတ်ရ သင်ရတော့  ကျနော်တို့ တွေက ကျိတ်ပြုံးကြ ပေါ်တင်ရယ်မိကြပေါ့ ..ဆရာသမားက သိပ်တော်တယ်..ဘာကြောင့် ရယ်ကြတယ်ဆိုတာကို သိတယ်...ကျနော်တို့ တွေဟာ ငယ်ငယ်ကတည်းသိလာတဲ့  ဗြဟ္မာကြီး ၄ ဦးကစခဲ့ တာဆိုတဲ့ အသိမျိုးကို ကိုင်ပြီး အတွေးရှင်တွေတွေးတာတွေဟာ ရယ်စရာလို ထင်နေတာမျိုးလို့ ဆိုတယ်...
အဲ့ ဒီ့  အစ တွေကို တွေးတောသူတွေနဲ့ သူတို့ ရဲ့ တွေးတောဆင်ခြင်ပုံတွေဟာ ဒီနေ့ ဘာလို့ သမိုင်းတင်ကျန်ခဲ့ ပြီး ကျောင်းသင်္ခန်းစာအဖြစ်ပါလာရတာလဲကို စပြီး စဉ်းစာမကြည့် သင့် ဘူးလားပေါ့ ...အဲ ဒီ့  တွေးတောသူတွေရဲ့  ခေတ်တွေမှာ လူတကာ ဘယ်သူက အဲ့ ဒီလို စပြီး တွေးတောခဲ့ ဘူးသလဲ တွေးတောရ ကောင်းမှန်းသူတို့ လို ဘယ်သူ သိသလဲ နတ်ဘုရားတွေအများကြီးရှိတဲ့  အယူလွှမ်းမိုးတဲ့ ခေတ်မှာနတ်ဘုရားတွေရဲ့ သြဇာကိုကျော်ပီး ဘယ်သူကရော အသေခံပြီး တွေးတောရဲခဲ့ သလဲ ...အတွေးတစ်ချက်က ခေတ်ပြိုင် အယူတွေနဲ့  ဆန့်ကျင်နေရင် တစ်ချို့  အသတ်တောင်ခံခဲ့ ရတယ် အသတ်ခံရနိုင်တယ် သိကြတယ် မဟုတ်လား..သူတို့ ဟာ သူတို့ ရဲ့ အသက်ကိုတောင် စွန့် လွှတ်ပြီး ကမ္ဘာလောကကြီးအတွက် တွေးပြသွားခဲ့ တဲ့ သတ္တိဗျတ္တိတွေပြည့် စုံတဲ့ စွန့် စားရဲသူတွေ အတွေးရှင်တွေပဲ..ဒါကြောင့်  သမိုင်တင်ကျန်ခဲ့ တဲ့ သူတွေဖြစ်လာတာပဲ....သူတိုတွေရဲ့ ကျေးဇူးကြောင့်  တွေးခေါ်ကြည့် ရမှန်း သိလာခဲ့ ကြတာပဲလို့ ဆိုပါသဗျားးး..
စုံနဖါစိအမေးရှင်တွေလောကလေးတစ်ခုပါ.
စုံနဖါစိအမေးရှင်တွေလောကလေးတစ်ခုပါ.
--------------------
တော်ယုံတန်ယုံ အတွေးမျိုးနဲ့  မေးတဲ့ အတွေးအမေးမျိုးတော့ မဟုတ်ပေဘူး ( ၂ကြွင်းတနင်္လာ ဘင်္ဂဖွား အမျိုးသမီးတစ်ယောက် ၄၀ အောက်ပါ..အပျိုကြီး.)....ထွေလီကာလီတွေ မေးပြီးမှ နောက်ဆုံးတစ်ခု မေးပါရစေတဲ့ ..ဟုတ်..ပေါ့ ...သူ က တရားထိုင်တာ ၀ါသနာပါလို့  ရိပ်သာဝင်နေကျပါတဲ့ ...ဟုတ်..ပေါ့ ..ဥာဏ်စဉ် ၂ဆင့် တော့ တက်ပြီးပါပြီတဲ့ ဟုတ်.ဟားးး..ကောင်းလိုက်တာဗျား..ကျနော်တောင် ခုထိ ဥပုဒ် မစောင့် ဘူးသေးပါဘူးဗျာ.အားကျလိုက်တာ ဘာညာ ပေါ့ .(ထွက်သွားတဲ့ ကိုယ့် လေသံက အိုဗာ.ဟီးး)....( ဖြတ်ကနဲတော့  တွေးပြီးပြုံးချင်သွားတယ် ၂ကြွင်းမဟာဘုတ်မွေးတွေများ မေးလိုက်ရင် တော်တော် ကြံကြံဖန်ဖန် တွေ တွေးမေးတတ်ပါ့ ဆိုပြီး )..
Monday, May 25, 2015
Rangoon 4,477,638 ။..Myanmar..53,414,374 people
Rangoon 4,477,638 ။..Myanmar..53,414,374 people
-----------------------
ကွကိုယ် သတိပေးနေတဲ့ ကိန်းဂဏန်းပေါ့ ..''' ဟယောင် ..ကွကိုယ် .သိပ်အတုံးမကြီးနဲ့  မင်းနဲ့ လူချင်းအပြင်မှာ တကယ် ဆုံဘူးတာ ဒဿမ လောက်ရှိတာ..ရန်ကုန်မှာ လူဦးရေ ၅သန်းလောက်ရှိတယ်..တစ်ပြည်လုံးဆို လူဦးရေက သန်း၅၀ကျော်တယ်ဟ..ဒါတောင် ကမ္ဘာကြီးမှာ သန်း၇၀၀၀လောက် ရှိနေတာ ထည့် မပြောသေးဘူး.''လို့ ...ဟီးဟီး..