Powered By Blogger
Thursday, May 28, 2015
တောင်ဆီမှာမိုးတွေ ညို့ နေသလို..
''ညစ်စရာ ကိုယ်စီရှိပြီးသားတွေမို့ 
ချန်ရစ်ခံကိုယ့် အဖြစ်က ..ပိုဆိုးပါတယ်လို့ 
ဝေဒနာပြပွဲ လုပ်ပြနေတာ မဟုတ်ရပါမေ.......
တောင်ဆီမှာမိုးတွေ ညို့ နေသလို..
မျက်ဝန်းမှာ အလွမ်းမိုးရာသီဖြစ်ခဲ့ ပြီဆိုတာတော့ ..
နင်သိစေချင်တာ အမှန်ပါပဲပေါ့ လေ..''..။
တက္ကစီ
တက္ကစီ တက်စီးလိုက်တိုင်း  ပိတ်ဆို့ ကျပ်ညပ်နေတဲ့  လမ်းမှာ လေလွင့် သွားတဲ့  အချိန်တွေအတွက် မပျင်းရအောင် တက္ကစီဆရာနဲ့  လေပစ် စကားဖေါင်ဖွဲ့ လိုက်လို့ ရတဲ့  တက္ကစီဆရာနဲ့ ကိုယ်နဲ့ ကြားမှာ တစ်ခုတည်းသော တူညီသော အကြောင်းအရာ တစ်ခုကတော့ ...အစိုးရမကောင်းကြောင်းတွေ လေပစ်ပြီး လိုရာခရီးကို အတူတူသွားကြတာပါပဲဗျား...ဟီးဟီး..
တွေးစရာ..
တွေးစရာ..
---
ကျနော်တို့ အလုပ်မှာ အလုပ်သဘောအရသာ အဖြေတစ်ခုခု ပေးရတယ် ဘယ်လိုလုပ် အဲ့ လိုကျင့် သုံးဖို့ လွယ်မလဲလို့  တွေးစရာ ဖြစ်လာတဲ့ မေးခွန်းတစ်ခုက
''''ဘယ်နေ့ သားနဲ့  စီးပွားတွဲလုပ်ရင် ကောင်းမလဲ ဆိုတဲ့ အမေး '''ပဲ..၊
အကြိမ်ရေ>အစွဲ>သံသယ
အကြိမ်ရေ>အစွဲ>သံသယ
-----------
အကြိမ်ရေထပ်လာရင် အစွဲတစ်ခုဖြစ်လာတယ်  အဲ့ အစွဲနဲ့ ပဲ  နောက်ထပ်အကြိမ်ရေတွေကို ထပ်ဆုံးဖြတ်တဲ့  စံနှူံး ဖြစ်လာတယ်...ဘာတွေကို ထပ်ခါ ထပ်ခါ ကြုံတွေ့ ရသလဲဆိုတဲ့  သဘောမှာတော့  ဘ၀ဖြတ်သန်းမှု့ တွေ သဘောကြောင့် တစ်ယောက်နဲ့ တစ်ယောက် တူတာလည်းရှိမယ် မတူတာလည်းရှိလိမ့် မယ်...
နဂ္ဂတစ်
 နဂ္ဂတစ်
---------
ပုံမှန်လူ့ သဘာဝဟာ အညစ်တွေကို အကြာကြီးကြုံတွေကြားသိနေရမှာကို မကြိုက်ဘူး...အပျော်တွေကိုသာကြိုက်တယ်...ဒီသဘောကို ကိုယ့်  လူမှု့ ဆက်ဆံရေး ကဏ္ဍမှာပတ်သက်နေတဲ့  လူတွေကို ကိုယ် ဘယ်သူ့ ကို နှစ်သက်တယ် ဘယ်သူ့ ကိုတော့ မတတ်သာလို့ ဆိုတဲ့  စိတ်သဘောက ခွဲခြားလိုက်တာကိုပြန်တွေးကြည့် ရင် ရှင်းရှင်းလေးပေါ်တယ်...
အချင်းချင်းမို့ တဲ့ လား..
အချင်းချင်းမို့ တဲ့ လား..
---
ပိုက်ဆံချေးသွားတာ ပြန်မရသေးလို့ တဲ့ ..အမေ့ ဘက်ကအမျိုးတဲ့ အချင်းချင်းတွေမို့ ချေးလိုက်တာတဲ့ 
ဟားးး..အဲ့ အချင်းချင်းပဲ ကြောက်နေရတာ တစ်စိမ်းက လာလိမ်ရင် အင်ဆန်တစ်အိပ် အင်ဆီ၅ပိဿာပေါ့  ဘော်ဒါချင်းလိမ်တော့ ခဏဆိုပြီး ဆယ်ပုံး ပုံးနှစ်ဆယ်လောက်ပလုံသွားတာလေ ရီးစားက ဘတ်သွားတာလည်း အဲ့ အချင်းချင်းဆိုပြီး ယုံမိလို့ မို့ ပေါ့ ဗျ..ဟဲဟဲ.ကြည့် ဗျာ ဟိုအမွေဘတ်တဲ့ အမှုဆိုတာ အရင်းနှီးဆုံးတွေပေါ့ ဗျာ.လင်မယားချင်းလည်း အချင်ချင်းဆိုပြီး ကပ်ပြီးဘတ်တယ်ဗျာ..ဆရာတပည့် တွေလည်း အပြန်အလှန် လိမ်တယ်ဗျာ.အမေကို သားက ပြန်ဘတ်တယ်ဗျာ..ဒီမှာဘဲကြည့် လေ...ကျနော်တို့ နိုင်ငံလည်း အဲ့ အချင်းချင်းတွေ အုပ်ချုပ်တာဆိုပြီး မျှောပေးလာတာ အဲ့ အချင်းချင်းက ဘတ်သလား မမေးနဲ့  ရုပ်ကော နာမ်ကော ဘာမှမရှိတော့ ဘူး ကုန်ပြီဖြစ်နေပြီဗျာ..အင်္ဂလိပ်ခေတ်ကမှ တော်သေးလို့ တောင် တစ်ချို့ လူတွေပြောဆိုနေတာမျိုးတွေ ဖြစ်ကုန်ပြီ...ဟားဟားဟား .....ဆိုပြီး...ဘယ်ကဘယ်လို ဘောလောတစ်တွေ ဘောလောဆီတွေပါသွားမှန်းမသိဘူး..အဖြစ်က...ဟီးဟီးး
စနိုက်ပါသမား အယောက် ၄၀..
ʘ‿ʘ
စနိုက်ပါသမား အယောက် ၄၀..
-----
'' ကြွက်တွေပျော်တဲ့ မြို့ '' ဆိုတဲ့ ကြွက်နှိမ်နှင်းရေးသတင်း ဆောင်းပါးဖတ်ခဲ့ ရတာမှာ .အဲ့ ဆောင်ပါးထဲ့ မှာ ကြွက်တွေကို ဖဲ့ ဖို့ ဆိုတာ အတော်တော့ မလွယ်ပါဘူးဆိုတေဲ အကြောင်းတွေ သဘောဗျ..ရိုးရိုးကြွက်သုတ်သင်ရေး တိုက်ပွဲဝင်တပ်သားနဲ့ တောင်မရပဲ အထူးစပါယ်ရှယ် လေ့ ကျင့် ထားရတဲ့  ကြွက်သုတ်သင်ရေး လက်မရွံ့ စနိုက်ပါကြွက်သတ်သမား အထူးဝန်ထမ်း အယောက်၄၀ထဲ့ နဲ့ ည ညလိုက်ဖဲ့ နေရတာပါတဲ့ ..ကြွက်ပစ် ကျည်တစ်တောင့် ကို ကြွက်တစ်ကောင်ကျ..ပေါ့ လေ၊ စစချင်း ကြွက် တစ်ကောင်ပစ်ချနိုင်ဖို့ ဆိုတာ တော်တော်ခက်တာဆိုပဲ..နောက်မှ အိုကေ လာတာတဲ့ ။
Wednesday, May 27, 2015
စတိုင် ၂မျိုးနဲ့ လူ
-----------
ဒီဘက်ခေတ်မှာ ကျနော်တို့ တွေမှာ သူများ အတွေးတွေကို ကိုးကားရင်းက ကိုယ်တိုင်လည်း တွေးတတ်တဲ့ သဘောတွေက ပိုအားကောင်းလာတော့  တစ်ခါတစ်လေ ကိုယ့် အတွေးနဲ့ ကိုယ့် ဘ၀ ရပ်တည်နေတဲ့ ဒေသ ရဲ့ ဓလေ့ ယဉ်ကျေးမှု့ သဘောက သဟဇာတ ဖြစ်မလာတဲ့ အခါ ကျနော်တို့ ရဲ့ အသက် နဲ့ ဘ၀အိုးအိမ်တွေကိုထိခိုက်လာနိုင်တဲ့ အခြေအနေတွေ ဖြစ်လာနိုင်တယ်...
ယုံကြည်မှု့ သဘောမှာ စိတ်ထဲမှာသာ တည်ဆောက်ထားတဲ့ အယူမျိုးက ကိုယ်ကသာ အပြင်ကို ထုတ်မပြရင် ထမင်းအိုးကို မထိခိုက်နေပေမယ့် အပြင်လောကနဲ့ ဆက်စပ်ပေးလိုက်မိပြီဆိုရင်တော့  အဆင်မသင့် ရင် ကိုယ့် ဘ၀ကို ထိခိုက်သွားနိုင်တယ်ပေါ့ လေ..
တွေးပေါက်တွေ..
တွေးပေါက်တွေ..
-------------
တွေးပုံတွေးနည်းကိုကစကွာတယ် ကျနော်တို့ လိုလားတဲ့ သူ အာဏာရလာလဲ ဘာမှဖြစ်မလာပါဘူးလို့ တွေးသူတွေအများကြီးတွေ့ ရတယ် ကျနော်တို့ တွေးပုံကကျနော်တို့ 
''မလိုလားတဲ့ သူ အာဏာမရဖို့ ''နဲ့ ''ကျနော်တို့ လိုလားတဲ့ သူ အာဏာရဖို့ '' တွေက အရင် အဓိက ကျတယ်၊ ကျန်တဲ့  နောက်ကဏ္ဍက ကျနော်တို့ လိုလားတဲ့ သူတွေ အာဏာရပြီးမှ ဆက်လုပ်ကြတာပေါ့ ဆိုတာမျိုး တစ်ဆင့် ပြီးတစ်ဆင့်  လှမ်းတက်သွားတာမျိုး တွေးတာမျိုးပဲ ..
ကျနော်တို့  ထောက်ခံလိုက်တဲ့ အဖွဲ့ က ပေါက်ကရတွေဖြစ်သွားရင်ဘယ်လိုလုပ်မလဲလို့ မေးလာရင် ဒါကတော့ လုကံ ၀ကံ ၂ ယောက်ကန်တော့ ခြင်ထောင်ပြဲ သဘောပဲ အခုတင်မဲပေးမလို့ အားခဲရင်း သေသွားတဲ့ သူတွေရှိနေတယ် အနာဂတ်ကံကို ဘယ်သူဘိုင်သေပြောနိုင်သလဲ
အမျှော်အမြင်တွေ တကယ့် ကို သိပ်ကောင်းနေကြရင် ဗမာပြည် ကနေ ဂလိုတွေတောင်ဖြစ်နေမှာ မဟုတ်ဖူး..ဒီတော့  ကိုယ်မဲပေးတဲ့ အဖွဲ့ အချိုးမပြေရင် နောက်တစ်ခါ တစ်ခြားအဖွဲ့ ပေါ့  အဲ ကိုယ် မသေသေးရင်ပြောပါတယ်...
ဆိုပါတော့  ၂၀၀၈တုန်းက ကိုယ် မဲပေးခဲ့ တဲ့ အဖွဲ့ ကဗရုတ်သုတ်ခဖြစ်သွားတယ်လို့ မြင်လိုက်ရတဲ့ အခါ ဒီတစ်ခါမှာတော့  အဲ့  ၂၀၀၈တုန်းက ပေးခဲ့ တဲ့ အဖွဲ့ ကို ထပ်ပေးစရာ အကြောင်းမရှိတော့ ဘူးပေါ့ ..ဒါဟာ ကိုယ်မဲပေးခဲ့ တဲ့  အဖွဲ့ ရဲ သက်တမ်းကာလအတွင်း ဆောင်ရွက်ချက်တွေကို အကဲဖြတ်ပြီးဆုံးဖြတ်လိုက်တဲ့ သဘောပဲ။