Powered By Blogger

Wednesday, December 16, 2015



အပေါ်ရုပ် အတွင်းစိတ် + လောဂျစ်
---------
လောကီပညာသဘောကို လုပ်နေရင်းကနေ အပေါ်ရုပ်တွေ အပေါ်ထားတဲ့ အမြင်က သင့် တော်ယုံကနေ သိပ်ကျွံသွားရင် ကိုယ့် မြတ်ဘုရား ရဲ့ ဓမ္မစစ် အတွင်းသဘောတွေ စေတနာဟာ ကံဖြစ်သည်သဘော စိတ်သာရှင်စော ဘုရားဟောသဘော သံသရာနဲ့ ချီပြီးပါလာတဲ့  ကံသတ္တိသဘောတွေကနေ ကင်းကွာသွားရင် ..အိုဗာတွေ ဖြစ်လာပြီလို့  ထင်စရာတွေ အထင်သေးစရာတွေ အများအမြင်မှာ ဖြစ်လာတတ်တယ်


ဘုရားပန်းကပ်လှုတာ အစစ်မှ သင့် တော်တယ် ပလတ်စတစ်ပန်းကပ်တာဟာ ကိုယ်ကတော့  သုံးချင်သလို သုံးပြီး ဘုရားကို မလေးစား အရေးမထားရာကျတယ်တွေ ဘာတွေ ဖြစ်လာတဲ့ အမြင်ဟာ အတွေးမနက်ရင် အမှတ်တမဲ့ တော့  ဟုတ်နိုးနိုး...


ဒီအမြင်ဟာ အပေါ်ရုပ် အပြုအမူကိုသာ ဇောင်းပေးလိုက်တဲ့ စိတ်တွေရဲ့  (၀ါ) သဒ္ဒါရဲ့  သဘောကို မစေ့ ငု လူတွေရဲ့  ဆင်းရဲချမ်းသာ ဘ၀ကံဇာတာ အနိမ့် အမြင့် လူမှု့ ပတ်ဝန်းကျင် လူတန်းစား သဘောကို မျက်ကွယ်ပြုလိုက်တဲ့  အမြင်မျိုးဖြစ်တယ်လို့  ကျနော်ကတော့ မြင်တယ်...


ဘုရားကို ပန်းအစစ်နဲ့  ပူဇော်ထားစေ ပလတ်စတစ်ပန်းနဲ့ ပူဇော်ထားစေ ဒါဟာ ဘုရားကို ဘုရားမှန်းသိသူတွေရဲ့  ဘုရားရှင်ကို ကောင်းမှု့ တစ်ခုခုတော့ ပြုထားမယ်ဆိုတဲ့  သဒ္ဒါ စိတ်က စေ့ ဆော်လိုက်တဲ့  ကောင်းမြတ်တဲ့  စေတနာကံက ဖြစ်လာတဲ့  ကံ လှုပ်ရှားမှု့ မျိုးဖြစ်တယ် ဒီ့ အတွက် ပလတ်စတစ်ပန်းသာ ထိုးလှုပူဇော်ထားသူဟာလဲ ဘုရားရှင်ကို ကြည်ညိုပူဇော်ရမှန်း
သိနေတဲ့ ကောင်းတဲ့ စိတ်ထားကြောင့်  ကောင်းတဲ့ အကျိုး ပြန်ရလာမှာ မလွဲမသွေပဲဖြစ်တယ်


ဘာဘုရားစင်မှ မရှိ ဘာပန်းအိုးမှ မရှိတောင်မှာ ကိုယ့် ရဲ့  စိတ်ထဲကနေ ဂုဏ်တော်ပွားနေတာ ဘုရားစာတစ်ခုခု ရွတ်ဖတ်နေမိတာတောင် ကောင်းမှု့ စိတ်ထား ကြောင့်  ကောင်းကျိုးပြန်ရမှာ မလွဲ ဆိုတာကို ယုံကြည်ကြသေးရင် ဘုရားကို ဘယ်လို အကြောင်းပြချက်နဲ့  ဖြစ်စေ ပလတ်စတစ်ပန်းလေး ထိုးလှုထားတာဟာလဲ ဘာကြောင့်  ကောင်းကျိုးပြန်မရစေရမှာလဲ


ကျောင်းဆောင်ကို ဘုရားငုတ်တုပ် နဲ့  ဟောင်းလောင်းထားတာထက်စာရင် ပလတ်စတစ်ပန်းခိုင်လေးတွေ ဘုရားစင်မှာ လှတပတပူဇော်ပေးထားတာဟာ ဘုရားကျောင်းဆောင်ကို သဒ္ဒါစိတ်ဝင်စေ အမြင်သာယာကြည်နူးမှု့ ကို ဖြစ်စေတယ်မဟုတ်လား....

''ဘုရား''လို့  လန့် ပြီး ယောင်အော် လိုက်တာနဲ့  လန့် ပြီး ယောင် ''ဆဲ''လိုက်တာမှာ လန့် ပြီး ရေရွတ်တာချင်း အတူတူ ဘယ် ရေရွတ်သံဟာ ''ကောင်းသော ရေရွတ်သံ'' ဖြစ်မလဲသဘော..

'' ကောင်းတဲ့  အပြုအမူဟာ ကောင်းတဲ့  အပြုအမူသာ ဖြစ်တယ် မကောင်းတဲ့  အပြုအမူဟာမကောင်းတဲ့  အပြုအမူပဲဖြစ်တယ်...''

ဘုရားကို ပန်းလှုတာဟာ ကောင်းတဲ့ အပြုအမူဆိုရင် ပန်းစစ်စေ ပန်းတု ပလတ်စတစ်ပန်းဖြစ်စေ ဘုရားကို ပန်းလှုတဲ့  အပြုအမူသာဖြစ်လို့ ကောင်းတဲ့  အပြုအမူသာဖြစ်တယ်. ဘုရားဆွမ်းတော်ကို ပန်းကန်သေးသေးနဲ့  ကပ်ကပ် ကြီးကြီးနဲ့  ကပ်ကပ် ဘုရားကိုဆွမ်းတော်ကပ်လိုတဲ့  စေ့ဆော်တဲ့ စိတ်ထားကနေ ဘုရားဆွမ်းတော်ကိုကပ်ဖြစ်တာဖြစ်လို့  ဆွမ်းကပ်လိုတဲ့  စိတ်ထား စပေါ်လာကတည်းက ကောင်းသောအကျိုးကို စရနေပြီဖြစ်တယ်


ဂါရ၀ အဂါရ၀ သဘောနဲ့  ထောက်ပြလာရင်လဲ ရွှေကျောင်းပြောင်ပြောင် ၀မ်းခေါင်ခေါင် ဆိုရိုးစကား ထားခဲ့ ခြင်းဟာ အလကားထားခဲ့ တာမဟုတ်ပဲ ဒီ စကားအလင်္ကာရဲ့  နောက်ကွယ်က ဆင့် ပွား ကွယ်ဝှက် အနက်တွေကို တွေးဆနိုင်ရင် ဂါရ၀ လျှိုးပြကောင်းတိုင်း အပြင်ကနေ လှမ်းဖတ်ရခက်တဲ့  အတွင်းစိတ်ထာ့း ဘယ်လိုတွေ ကြံနေလဲဆိုတာ မသိနိုင်ဘူး ဒိ အတွက် ဥပမာတွေ ဇာတကထဲမှာ အများကြီးရှိတယ်


လက်တွေ့ လောကမှာလဲ ဖြစ်ခဲ့ တယ် ဖြစ်နေဆဲဖြစ်တယ် ဖြစ်ဦးမှာပဲ ဖြစ်တယ် ဆိုတာက ဘုရားဖူးလာသယောင်နဲ့  ဘုရားရှင်ကို လှုဒါန်းပူဇော်ထားတဲ့  ရွှေကို ပွတ်ယူသွားတာမျိုးတွေဟာ မခိုးခင်မှာတော့  သူခိုးဟာ ဂါရ၀ကြီး သယောင်သဘောပေါ့ 


စိတ်ထား သဘော စိတ်ဇောသတ္တိ သဘောတွေကပဲ ..

.''ကောင်းကင်တံခါးကို ပွင့် စေတယ် ငရဲတံခါးကို ပိတ်စေတယ် ကောင်းကင်တံခါးကို
ပိတ်စေတယ် ငရဲ တံခါးကို ပွင့် စေတယ်..ဓမ္မစစ်သဘောမှာ စိတ်သာရှင်စော '''ပဲ

ဒါတွေဟာ ကျနော့် ရဲ့ ဖလောစဖီနည်း သဘော လောဂျစ်တွေနဲ့  ရောထားတဲ့ အတွေးတွေ အမြင်တွေပါ




2 comments:

  1. This comment has been removed by a blog administrator.

    ReplyDelete
  2. စပါးကြီးမြွေ အညွတ် ဘယ်လိုအသုံးပြုရ ကောင်းမကောင်း အကြောင်းလေး နည်းနည်းပြောပြပေးပါ ဆရာ......

    ReplyDelete

'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..