မိကောင်းစကား ဖကောင်းစကား
---------
ဆွမ်းပင့် ကပ်တော့  ကြွနေကျ ဆြာတော်အိုကြီးပါကြွလာတော်မူတာပေါ့ ..အဖေ အမေလက်ထက်ကတည်းက ကိုးကွယ်လာတဲ့ ဆြာတော်ကြီးကိုး..ဒီလိုနဲ့  တြားတော်နာ ဆွမ်းကပ်သဃန်းလှုနဲ့ ရေစက်ချတွေ ပြီးတော့  အာလာပ သာလာပ သာကြောင်းမာကြောင်းတွေပြောရင်းက ဆြာတော်ကြီးက ချီးမွမ်းစကားဆိုလိုက်ပုံက...
''''မင်းတို့ မောင်နှစ်မတတွေ စည်းစည်းလုံးလုံး အေးအေးချမ်းချမ်း မြင်နေရတာ စိတ်ချမ်းသာ လိုက်တာကွာ.တဲ့ ..ပြီးတော့  ဆက်မိန့် တာက ဘယ်မိဘတွေရဲ့  သားသမီးတွေကတော့  ဘ၀တွေပျက်ကုန်တာ..ဘယ်မိသားစုကတော့  တကွဲတပြားနဲ့  မခေါ်နိုင်မပြောနိုင်နဲ့ ကွာ စီးပွားတွေလည်းပျက်ကုန်ပါပြီ..( ကျနော်တို့ တွေရဲ့ ရှေ့ မှာတင် ဆြာတော်ကြီးရဲ့ ရှေ့ မှာတင် ဆြာတော်ကြီးရဲ့ ဒကာရင်းခြာတွေ ကွယ်လွန်ပြီး ပြိုလဲသွားကြတဲ့ မောင်နှစ်မတွေအကြောင်း)
မင်းတို့ တွေခုလို တင့် တင့် တယ်တယ်ညီညီညွတ်ညွတ်နေနေကြတာ အားရတယ်ကွာ..အဲ့ ဒါ မိကောင်းစကား ဖကောင်းစကား နားထောင်ကြလို့  သားကောင်းရတနာ သမီးကောင်းရတနာတွေ ဖြစ်လာကြတာပေါ့ ကွ..အေး..အေး..အေး ၀မ်းသာတယ် .အဲ့ လိုပဲ မြင်ချင်တယ်ကွာ '''...လို့ 
လောကကို သူမျက်ကွယ်မပြုသွားခင် ပြိုလဲသွားသူတွေအတွက် ၀မ်းနည်းသံ စုစည်းညီညွတ်နေတဲ့ ကျနော်တို့ မောင်နှစ်မအုပ်စုတွေအတွက် ၀မ်းသာအဲလဲ ဖြစ်သံ ရောပြွန်းနေတဲ့ အသံနဲ့ မိန့် တော်မှုလိုက်ပါတယ်...
လက်အုပ်လေးချီ မှန်ပါ့ ဖျားလို့  ခပ်ပြုံးပြုံးလုပ်ပြီး ပြန်လျှောက်လိုက်ရင်း ကိုယ့် ဖအေမအေကို မိကောင်းဖကောင်းတွေ ကိုယ့် မောင်နှစ်မတတွေ ကိုသားကောင်းရတနာ သမီးကောင်းရတနာတွေလို့  ချီးမွမ်းသံကြားလိုက်ရတော့  ပျော်သလိုလိုဖြစ်သွားတာပေါ့ လေ..
.တကယ်တော့  ဒီလို အချီးမွမ်းခံရဖို့  ရည်ရွယ်ခဲ့ ကြတာ မဟုတ်ပဲ အဖေအမေတွေရဲ့  ပုံမှန်အတိုင်း တောသူတောင်သားတို့ ရဲ့  ရိုးသားကြိုးကုပ်တဲ့ လူနေမှု့ စတိုင်ကြောင့် နဲ့  ဘ၀ပေးအသိတွေ စာပေတွေရဲ့  အကျိုးကျေးဇူးကြောင့် ဒီလိုကိုး နေမိကြတော့ တဲ့  သဘောပါပဲ.
.ငယ်ငယ်ကတည်း အကြီးဟာ အကြီးနေရာဆိုပြီး အငယ်ကို ဗိုလ်ကျတာ အငယ်က ခံပက်တာမျိုးတွေ မရှိလှပဲ ကြီးစဉ်ငယ်လိုက် ကိုယ့် ကဏ္ဍနဲ့ ကိုယ်သွားနေကြတာရယ်...အဓိက အချက်ကတော့  ကိုယ့် အသီးသီးရဲ့  အတ္တတွေကို မောင်နှစ်မတွေအတွက် တစ်ယောက်စီချင်းစီကကို အလိုလို လျှော့ ပေးခဲ့ ကြတာမျိုးဖြစ်နေလို့  ဒီနေ့  ဒီလို အချီးမွမ်းစကားသံကြားလိုက်ရတာမျိုးပါပဲဗျာ..
ဆြာတော်ကြီးကတော့  ကျောင်းကြီးလည်းအို လူလည်းအို သံဝေဂမျိုးစုံကိုလည်းရရင်း ဆြာတော်ကြီးရဲ့  မျက်စိရှေ့ မှောက်တင် တက်လာတဲ့ သူတွေ ကျသွားတဲ့ သူတွေကို မြင်တွေ့ နေရင်းက သူ့ ဘ၀ရဲ့ ဘ၀နေ၀င်ချိန်ကို သွားနေပုံရခဲ့ ပါပြီ...
No comments:
Post a Comment
'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..