Powered By Blogger

Sunday, May 10, 2015

အမေရီး အကြောင်းစတိ.. -------------------------------



အမေရီး အကြောင်းစတိ..
-------------------------------
အမေ့ ရဲ့  အမေ အကြောင်းစတိလောက်ပြပြချင်တယ်.(..ပြောစေဗျား..ငင့် ..ဟီးးး.) အဲ..ပြောရရင် ကျနော်တို့ က မြေးဦးမြေးကြီးတွေဆိုတော့ အမေ့ အမေက အတော်ချစ်ပုံရပါတယ်.ပြည်ကနေ ရန်ကုန်လာရင် ပြည်မြို့ ထွက် ရာသီစာ သြဇာသီးတို့ သရက်သီးတို့ ဆို တောင်းလိုက်ကြီးကို သယ်ချလာတတ်တယ်..

အဲ့ မှာ အခေါ်အဝေါ်လေးတွေက ထူးခြားလေးတွေရှိတယ်..အမေက သူ့ အမေကို အစ်မ တဲ့  သူတို့ ဓလေ့ ပေါ့ ..ကျနော်တို့ ကလည်း အဖွားလို့ ခေါ်တတ်ဖူး..အမေရီး လို့ ပဲ အသံထွက်ခေါ်ခဲ့ တာ.ချွဲပြီး .ကြီး ဆိုတဲ့ အသံတောင် မပီတော့ လို့  အောင်ဝေး..အဲ မှားလို့  ရီး ဖြစ်သွားတယ်..စားစရာတွေသယ်သယ်လာလို့  ချွဲရင်းက အချွဲလွန်သွားသလားတော့ မသိပါဘူး အမေရီး ခေါ်တာက နှုတ်ကျိုးသွားတော့ တာပါပဲ။

အမေရီးက ပြည်မြို့ သူ အစစ်တော့ မဟုတ်ဖူး ဧရာသူ အင်းရဲကြီးဘက်ကရွာတွေကတဲ့  စစ်ပြေးရင်းပြည်မြို့ ရောက်တဲ့ အုပ်စုဖြစ်သွားပြီးအခြေချရတာလို့ ဆိုတယ် ။ ပြည်ရောက်တော့  အဖိုးက တစ်ခြားအလုပ်လုပ်၊ အမေရီးက မုန့် ဟင်းခါးရောင်းတယ်၊ မနက်ပိုင်း ခေတ္တရာဈေးမှာ ရောင်း.နေ့လည်မှာ မြို့ သစ်လည် ရောင်းတယ်၊



ကျနော်တို့ က နွေရက်ရှည် ကျောင်းပိတ်ရက်ဆို အဲ့ ပြည်မှာလနဲ့ ချီ သွားနေရတယ်..ကျနော်တို့ အမေကို ပြည်မှာနေရင် အလုပ်မဖြစ်ဖူးလို့ တွက်တယ်နဲ့ တူပါရဲ့ ရန်ကုန်က အမျိုးတွေဆီ  ပို့ ထားတာတဲ့ ၊ အဲ့ ရန်ကုန်အုပ်စုကလည်း တောစစ်ပြေးတွေချည်း နဲ့ ခေါင်းရွက်ဗျက်ထိုးတွေပါပဲ.

.အဲ့ ဒါကြောင့် လားတော့ မသိ ခေါင်းရွက်သည်တွေ နဲ့  မပြေလည်ပဲယက်ကန်ယက်ကန်နဲ့ လောကဓံလှိုင်းကြမ်းမှာ ရုန်းနေရသူတွေဆိုရင် သိပ်ကို သနားမိတတ်တာနဲ့  အလုပ်မှာ သူတို တွေအတွက်ဆို ဖရီးတွေချည်း များတော့ တာပါပဲ...

.အဲ့ ဒီ့ ဘ၀အခြေနိမ့် ပါးသူတွေကို မြင်လိုက်ရင် သူ တို့ ဟာ သူတို့ ဘာကြောင့် နိမ့် ပါးပါး. .ဆရာမောင်သာနိုး ဘာသာပြန်တဲ့  အာရှတိုက်ရဲ့  အလင်းရောင် ဆိုတဲ့ မဟာဗုဒ္ဓ၀င် ကဗျာရှည်ကြီးထဲက စာသားဖြစ်တဲ့  '' ဆင်းရဲသားက ဆင်းရဲသားကို သနားသကိုး '' ဆိုတဲ့ စာသားက ရင်ထဲကို ထိထိရှရှ ၀င်လာ ခံစားလိုက်မိတတ်တယ်...

တိုတိုတုတ်တုတ်ပြောရရင် မြေးတွေကိုချစ်တဲ့  အမေရီး မြေးတွေကို ချစ်အလိုလိုက်လို့ သူ့ အသက်ပေးခဲ  ရသလိုဖြစ်သွားတာလေး ကျမ္မာရေး ဗဟုသုတ အဖြစ်ပြောပြရရင်...အမေရီးဟာ အသက်ကြီးလာတော့  ရန်ကုန်က သူ့ သမီး ကျနော့် အမေတို့ ဆီ ရက်သတ္တတစ်ပတ်နှစ်ပတ် လာလာနေတတ်တယ်..၊

အိုလာပေမယ့်  သူ့ မုန့် ဟင်းခါးက အရပ်ထဲလည် ရောင်းတာမျိုး မလုပ်တော့ တာက လွဲရင် ဆိုင်ထွက်ပြီး ရောင်းနေဆဲပဲ..သူ့ ဖေါက်သည်မိတ်တွေကလည်း အဲ့ ဒီ့ အိုကြီးအိုမ ရဲ့ လက်ရာမှ မုန့် ဟင်းခါးလို့ ထင်နေပုံပါပဲ..၊ လောကဓံကြမ်းတွေနဲ့ ဘ၀ခရီးနှင်လာရင်းက ကြာတော့  အမေရီးမှာ နှလုံးသွေးကြောက ကျဉ်းနေပြီလို့  ဆိုတယ်..တစ်ခါတစ်ခါ ရင်ကျပ်ရင် မြွေအကောင်တွေ အများကြီးဝိုင်း တွန်နေသလို နဲ့ ကျပ်တတ်တယ်..

မြို့ ရောက်တော့  သူ့ မြေးတွေဖြစ်တဲ့ ကျနော်တို့ က ကြာဆန်ကြော်  ကြော်ကျွေးပါလို့  ပူဆာတော့  သူကိုယ်တိုင် ထွက်ဝယ်ခြမ်းကြော်ကျွေးတာ ၀က်သားနဲ့ ၊ သူလည်းနဲနဲစားမိတယ်ပေါ့ ။ အဲ့ ဒီ့ ဝက်သားနဲ့ ကြာဆန်ကြော်က နေ့ လည် နေပူရှိန်ကြောင့်  ချက်ချင်းဘာမှ မဖြစ်သေးပေမယ့်  ညဦးပိုင်း အအေးဓါတ်လည်း ၀င်လာရော နှလုံးကျဉ်းသမားကို ကျပ်တက်သွားစေတော့ တာပါပဲဗျာ.

..၀က်သားကြာဆန်ကြော် ရဲ့  ၀က်င်္ဆီနဲ့  ကြာဆန်ပွတက်လာချက်ရဲ့  နှလုံး ကျပ်သွားချက် နဲ့ မြန်ချက်က နာရီပိုင်းလောက်ပဲခံတယ်...၊အဲ့ မှာမှ ၀က်သားတို့ ကြာဆန်တို့ ဆိုတာ နှလုံးသမားတွေအတွက် ဒိန်းဂျားပဲဆိုတာ သိသွားတော့ တာပါပဲဗျား..အဲ့ ကိစ္စအတွက် အမေက ငယ်သေးတဲ့  သူ့ သားသမီးတွေကို ဘာမှ မပြောရှာပါဘူး..ကံကုန်သဘောလို့ ပဲ စိတ်ဖြေတတ်တဲ့ သူတွေမို့ ပါပဲပေါ့ လေ....

အဲ့ ဒီမှာ ကျနော့် အမေ ငိုပုံက စဉ်းစားလိုက်ရင် စိတ်အာရုံ နားထဲကတောင် ပြန်ပြန်ကြား ယောင်လာ တတ်တယ်...အစ်မရေ..အစ်မရေ...အစ်မရေ...တဲ့ ..ဒါပဲ...ဘာမှ စာဖွဲ့ ပြီး တမ်းတပြီးတော့ ကို မငိုတတ်ဖူး...ရိုးချက်က အဲ့ လို.။ ဘ၀တွေရဲ့ အကြောင်းတွေ ပြောရရင်တော့ ကုန်ကြမ်းတွေကို မနဲဘူးပဲ.....
.(သြော်  စာက တော်တော် တိုထားပေလို့ ပဲ..အဟီးး..) (ပုံက နက်လိုင်းပေါ်က ယူလာတာ)

No comments:

Post a Comment

'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..