'' ဗေဒင်အကြောင်းလေးတွေနဲ့  အတွေ့ အကြုံတွေ ရေးဖို့  ''တဲ''လေး တစ်ခုလောက်ပါပဲ ဒါထက် ပိုမရည်ရွယ်ပါဘူး ''...
Sunday, May 10, 2015
အလွမ်းမိုး...
အလွမ်းမိုး...
-----
အဲ့ ဒီညက ဘွားအေကြီး လွန်ခဲ့ တာ တစ်လ ပြည့် တဲ့ ညပေါ့ ..
သားကိုရှင်ပြု သမီးတွေကို နားသ သီလရှင်ဘောင်အတွင်း သွတ်သွင်းဝတ်စေဖို့  အလှုတော်မင်္ဂလာ လုပ်ချင်တဲ့ အိပ်မက်တွေ အကောင်အထည်ဖေါ်ဖို့ ဆိုတာ နှစ်တွေအကြာကြီး အားထုတ်ခဲ့ ရတာ..အဲ့ ဒီဆန္ဒတွေ အကောင်အထည် ဖေါ်ကာနီး တစ်လအလိုမှာ အလှု့ အစ်မ ကျနော်အမေရဲ့ ချစ်လှစွာသော မိခင်အိုကြီးက ရုတ်တရက်ကြီး လွန်သွားခဲ့ တယ်ဆိုတော့ ...
ကျန်ရစ်သူ သမီးကြီး ရဲ့ ရင်ထဲမှာ သူ့ ရင်ကဖြစ်တဲ့ ချစ်လှစွာသော သူ့ သား အစ်မမြေးကြီးရဲ့ ရှင်ပြုလေးကိုတောင်;;;;;....ဆိုတဲ့  သမီးတစ်ယောက်ရဲ့ ခံစားချက်က ...တရားပွဲအပြီးမှာ ဓမ္မသဘင်ပွဲတော်လာ ဆွေမျိုးမိတ်သင်္ဂဟ ပရိပ်သတ်တွေ အတွက် ဘယ်လက်ဖ၀ါးပေါ်မှာ..ငွေဖလားတင် ညာလက်ဆုပ်နဲ့  ဆန်မန်းပေါက်ပေါက်တွေ ငွေတွေ ကို ဆုပ်...ကောင်းကင်ကို ၀ဲပျံ ပစ်ကြဲလို့ ..ငါ့ သားကို ရှင်ပြုပေးနိုင်ခဲ့ ပြီ အောင်ပြီဟေ့  အောင်ပြီဟေ လို့ .ကြွေးကြော်ရင်းးး..
....ဓမ္မအောင်ပွဲမိုး ရွှေမိုး ငွေမိုး ရတနာမိုးလေးတောင် ကြာကြာပြုံးပြီး......မရွာပေးနိုင် ...
ရွာကျလာတာက ကိုယ့် နှုတ်ခမ်းကို ကိုယ် နာနာပြန်ဖိကိုက် သတိရ လွမ်းဆွတ်မိလို့  ဆို့ တက် ၀ဲတက်လာတဲ့ မျက်ရည်တွေကြောင့် ဝေသီလာတဲ့ မျက်ဝန်းအိမ်ကို သူတကာမမြင်သာအောင် မျက်လွှာာချလို့  ဒီပွဲဟာ ငါ့ သားကြီးသြရသရဲ့  ရှင်ပြု မင်္ဂလာပွဲကြီးပါလားလို့  သတိကိုပြန်ကပ် အားမာန်တင်းရင်း. ငို၍လည်းမရ ရီ၍လည်းမရ နဲ့  ကျဲချလိုက်ရတာက.....အလွမ်းမိုး...မိခင်ကြီးကို တသတဲ့  အလွမ်းမိုး...
( ကျနော့် အမေက ကျနော်တိုဖွားအေ သူ့ အမေကို အစ်မ လို့ ပဲ သူတို့ ရွာဓလေ့အတိုင်းခေါ်တယ်)
Subscribe to:
Post Comments (Atom)
No comments:
Post a Comment
'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..