Powered By Blogger

Sunday, February 22, 2015

မေးခွန်းတွေတစ်ခုပြီးတစ်ခုဆင့် ထုတ်စဉ်းစားရင်းမှ..

မေးခွန်းတွေတစ်ခုပြီးတစ်ခုဆင့် ထုတ်စဉ်းစားရင်းမှ..
----------
ပြဿနာအများစုဟာ ကြားကာမျှ မြင်ကာမျှနဲ့ စိတ်ခံစားချက်အတိုင်း ချက်ချင်းနီးပါး ကောက်ချက်ဆွဲချလိုက်ရာက အဆီအငေါမတည့် တဲ့ အခါ ပြဿနာတွေ တန်းစီတက်ကုန်လာရင်း အကျိုးမဲ့ တွေဖြစ်လာတော့ တဲ့ သဘောများတယ်.

ဆိုပါတော့  ခေါင်းကိုက်နေတာကအမှန်ပါပဲ..ဒီအတွက် ခေါင်းကိုက်ပျောက်ဖို့  ကုသမှု့ တစ်ခုခု မဖြစ်မနေလိုပါတယ်..ကုသမှု့ အပိုင်းကိုဆင်ခြင်ရာမှာ ရေရှည်နည်းရော လတ်တလောနည်းပါ ၂ မျိုးစလုံးစဉ်းစားရပါလိမ့် မယ် ယေဘူယျအားဖြင့်  လတ်တလော ခေါင်းကိုက်ပျောက်ဖို့ ကိုတော့  အရင်စဉ်းစားကြလေ့ ရှိတာကလည်း ဝေဒနာရှင်ရဲ့  ခံနိုင်စွမ်းရည်ကြောင့် စဉ်းစားပေး ရတာကလည်း အမှန် သဘာဝ ကျတာပါပဲ



ဒီတော့ ခေါင်းကိုက်ပျောက်ဖို့ ရာမှာ အတွင်းသောက်ဆေးအဖြစ် တစ်ခြားရွေးစရာ ဆေးပြားတွေမရှိသေးပဲ ပါရာစီတမော ဆေးပြားတစ်မျိုးတည်းသာရှိမယ်ဆိုပါတော့ ..ဒီဆေးပြားဟာ အစာအိမ် သွေးကြော ပေါက်တတ်တယ်လို့ လည်း သိထားပြီဆိုပါတော့ ..ဒါဆို ပါရာစီတမောဆေးပြားကို မသောက်ဘူး အစာအိမ်သွေးကြောပေါက်လိမ့် မယ် လို့  ငြင်းပယ်မှာလား  ၊ ဒါမှမဟုတ် ပါရာစီတမောအစား အပြင်ကုထုံးလက်နှိပါနဲ့ ကုသကြည့် မှာလားကို ဆင်ခြင်စဉ်းစားရပါလိမ့် မယ်...ပါရာစီတမောကိုလည်း ငြင်းပယ်မယ် အပြင်ကုထုံးကိုလည်း မသုံးဘူးဆိုရင် ဒီခေါင်းကိုက်ရောဂါဟာ ပျောက်ကင်းသွားမှာမဟုတ်ပဲ ဆက်ပြီးခေါင်းကိုက်နေရပါလိမ့် မယ်...ဒါမှမဟုတ် ခေါင်းကိုက်တာမခံနိုင်တော့ ရင် သတ်သေလိုက်ဖို့ ပဲရှိပါတော့ တယ်...

လောကသဘောမှာ  ကိစ္စတစ်ခုခုကို ငြင်းပယ်ပြီ ဆိုရင် ငြင်းပယ်လိုက်ယုံနဲ့ ပြီးတဲ့ ကိစ္စလည်းရှိမယ် ငြင်းပယ်ယုံနဲ့ မပြီးတဲ့ ကိစ္စတွေလည်း ရှိပါတယ်...။ 

ငြင်းပယ်ယုံနဲ့ ပြီးတဲ့ ကိစ္စတွေအတွက် ဆက်စဉ်းစားနေစရာမလိုပေမယ့်  ငြင်းပယ်ယုံနဲ့  ကိစ္စတွေမပြီးရင် အဲ့ ဒီ ငြင်းပယ်လိုက်တဲ့ ကိစ္စနေရာမှာ ဘာကို အစားထိုးလို့ ရမလဲကို ထည့် စဉ်းစားဖို့ လိုပါလိမ့် မယ် အဲ့ ဒါဟာ သိပ်အရေးပါတဲ့ အခြေအနေပါပဲ...ငြင်းယုံသာငြင်းပယ်နေပြီး အစားထိုးစရာတွေ ချမပြနိုင်ဘူးဆိုရင် ကမ္ဘာပျက်တောင် ပြဿနာတွေ ဖြေရှင်းလို့ ပြီးမယ့် သဘောမရှိပါဘူး..

ဥပမာ ထမင်းကို ငြင်းပယ်မယ်ဆိုငြင်းပါ ရပါတယ်..ဒါပေမယ့် ထမင်းဆိုတာ အသက်ဓါတ်ဖြစ်ပါတယ် ဒီတော့ ထမင်းကို ငြင်းပယ်ချင်ရင် ထမင်းနေရာမှာ အစားထိုးဖို့  ပေါင်မုန့် ဖြစ်စေ ခေါက်ဆွဲကြော်ဖြစ်စေ အစားထိုးရပါလိမ့် မယ့်  ဒီလိုမှ မဟုတ်ပဲ အစားထိုးစရာ မရှိပဲ ထမင်းစားတာ မကောင်းဘူးချည်း ဆိုပြီးငြင်းပယ်ယုံငြင်းပယ်ပြီး မစားပဲနေရင် မကြာခင် ထမင်း အသက်၇ရက်ကိန်းဆိုက်ပြီး အသက်ဓါတ်ကုန်ပြီး သေသွားပါလိမ့် မယ်...

စနစ်တစ်ကျ အဆင့် လိုက်တွေးတောပြီး အခြေအနေကောင်းတဲ့ အဖြေ တစ်ခုထုတ်တယ်ဆိုတာ ဒီလိုမျိုး သဘောတရားပါပဲ... မိုက်မဲပြီး သွေးဆူတတ် ယုံလေးနဲ့ တော့  အခြေအနေကောင်းတဲ့ သဘောကို ရောက်ဖို့ မလွယ်ပါဘူး...

သံသရာလည်မှု့ မှာ အဖန်ဖန်ကြုံတွေ့ နေရတဲ့  သေခြင်းတရားကို ငြင်းပယ်နေယုံနဲ့ သေခြင်းတရားရဲ့ စက်ကွင်းကနေ လွတ်မြောက်မှာ မဟုတ်ပဲ သေခြင်းတရားရိရင် မသေခြင်းတရား ရှိရမယ်ဆိုတဲ့  အတွေးစဉ်ဆက်ပြီး အဲ့ ဒီ့ အတွေးကိုအ ရင် တည်ဆောက်ပြီးမှ မသေခြင်းတရားကိုလိုက်ရှာရင်းက သေခြင်းတရားမရှိရာလမ်း (သို့ ) သေခြင်းရော မသေခြင်းရော ပြောနေစရာ မလိုတော့ တဲ့  အရာမှန်သမျှ ချုပ်ငြိမ်းခြင်းလမ်းကိုရှာတွေ့ သွားတာမျိုးဖြစ်လာတော့ တာပါပဲ..


ဖြစ်ပျက်သဘောတရားရယ် အဖြစ်ရှိနေရင်အပျက်ဆိုက်ရပါဦးမယ် ဆိုတဲ့ သဘာဝနိယာမသဘောအရ အခုဖြစ်နေဆဲ ကမ္ဘာကြီးဟာ တစ်နေ့ တော့ ပျက်ရမှာဖြစ်ပါတယ် ဒီလို ပျက်ဖို့ အတွက် အပျက်တရား အဖျက်တရားတွေ ပိုပိုပြီး အားကောင်းလာဖို့ လိုပါလိမ့် မယ် ဒါမှ ကမ္ဘာပျက်ကိန်းကို ဆိုက်ရောက် ရမှာပဲဖြစ်လို့ ပါပဲဗျာ...ဒီတော့  အပျက်သဘောတွေ အဖျက်သဘောတွေ ပေါလာတာ သိပ်တော့ မထူးဆန်းသဘောလို့ ဆိုလို့ ရတာပါပဲဗျာ..

2 comments:

  1. ဘလော့ဂါတွေ ရှားလာပြီဗျ
    အားပေးပါတယ်၊
    လာလည်သွားပါတယ်။
    http://ebooksforallmyanmar.blogspot.com/

    ReplyDelete

'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..