Powered By Blogger

Tuesday, April 28, 2015

မြို...


မြို....

တစ်နေ့ တစ်နေ့ 
မြိုချနေရတဲ့ 
ဆင်ခြင်သိ
အတွေ့ အကြုံသိတွေ ဟာ
တစ်ချို့  ခွန်အားတွေဖြစ်..
တစ်ချို့ အဆိပ်တွေ ဖြစ်ခဲ့ ။

ထူးဆန်းနေတာက..



ထူးဆန်းနေတာက..
-----
ဆဒန်ဟူစိန်က အာဘောင်အာရင်းသန်သန်နဲ့ ကမ္ဘာကြီးကို  ဖြဲပြလာတာ ကြာပြီပေါ့ ..ကိုယ့် ကို တိုက်ရိုက်မထိသေးရင် ကိုယ့် ကိုယ်ကျိုးစီးပွားကို အပွန်းမခံချင်တဲ့ ကမ္ဘာကြီးကတော့ ကြိတ်ပြီး အာရုံနောက်နေပြီပေါ့ လေ၊ နောက်ဆုံးတော့  လူမိုက်ကြီး အန်ကယ်ဆန်တို့ တပ်တွေ ၀င်ဖဲ့ တဲ့ စခန်းရောက်ရောဆိုပါတော့၊

အဲ့ မှာ စိတ်ဝင်စားနေကြပုံက အန်ကယ်ဆန်တို့ တွေ ဘယ်လိုလက်နက်အသစ်အဆန်းတွေနဲ့ များ ပွဲထုတ်ပြီးချသုံးပြီး အနိုင်ယူမလဲဆိုတာပါပဲဗျာ..ဒါလည်း သဘာဝကျသားပါပဲ လူ၂ယောက်ရန်ဖြစ်တာ ကိုယ့် လူမပါရင် ပွဲလိုဝိုင်းကြည့် တာမျိုးလိုပဲ တကယ့် ခေတ်သစ်စစ်ကားအစစ်ကိုကြည့် ရပြီဟဲ့ ဆိုပြီး တစ်ချို့ က ကြိတ်တောင်ဝမ်းသာနေကြသေးတာ...စစ်ပွဲက ခန့် မှန်းထားတာတာထက် စောပြီး ပြီးသွားသလိုဖြစ်လို့  အားမလိုအားမရတောင်တစ်ချို့ ဖြစ်ကျသေးတယ်တဲ့ ..နောက်ဆက်တွဲ ကားဗုံးခွဲတာ ဘာညာက ပင်မစစ်ပွဲနဲ့ တော့  တိုက်ရိုက်မဆိုင်ပေါ့ လေ...ဟဲဟဲ..

လွယ်ပါပုစ်..




လွယ်ပါပုစ်..
---
နီပေါ ငလျင်အကြောင်းက ဖုံးနည်းပညာကြောင့် အရင်ထက်ကို တိုက်ရိုက်ကြီး ခံစားနေရသလို ကြည့် လာရတယ်ဗျ...ကိုယ့် နေရာမဟုတ်သေးလို့  စစခြင်း သံဝေဂလိုလို ဘာလိုလိုပေါ့  လန့် စရာလည်းကောင်းတယ် ဖြုံစရာလည်းကောင်းတယ်...အားကိုးရာမဲ့ သွားသလိုလည်းခံစားရတယ်ပေါ့ ...နောက်တော့  လှုပ်နေတုန်း တန်းလန်း ဖုံးနဲ့ ရိုက်ထားတာလေးတွေ အွန်လိုင်းပေါ် ထပ်ထပ် တက်လာတော့  ...ဘာတွေ တွေးမိလာလဲဆို လုံခြုံအောင်ဆိုပြီး အိပ် အထပ်ထပ်နဲ့  သိမ်းထားတဲ့  ရှိစုမဲ့ စု အတွင်းပစ္စည်း တစ်သောင်းတန်ငွေစက္ကူ သုံးရွက်လေး ကိုယ်နဲ့ နီးနီးထားထားရရင်ကောင်းမလားလို့ ..ဒါမှ အလွယ်တကူ ယူပြေးလို့ ရမှာလို့ ...တော်ကြာ တိုက်ခန်းပြိုကျနေတုန်း အလွတ်ရုန်းတဲ့ အခါ အလွယ်တကူ ယူပြေးလို့ မရရင် အခက်လို့ ..အဟီးးး..အသက်ကို ကျော်ပြီး ပစ္စည်းအပါယူဖို့ စဉ်းစားသွားမိတာပြောပါတယ်...ဟီးဟီးးး...အဲ...ဘဏ်လည်း စိတ်မချ သူများလည်းစိတ်မချနဲ့  ဥစ္စာများခြောက်ချက်က စိတ်တွေများ လွယ်ပါပုစ်..


အဲ ငယ်ငယ်က ကျနော်တို့ ဈေး ညဦးပိုင်းကြီး မီးလောင်တော့  အရင်ပြေးယူပြေးတာ ဖုံးခွံကြီးဗျ...အခွံတောင်ဘယ်လောက်ရှားခဲ့ လဲဆိုတော့ လေ...အဲ့ ဈေးဆိုင်တွေမှာ အိမ်လုပ်နေတဲ့ သူတွေထဲက ဈေးသူတစ်ယောက်ကတော့ ပိုက်ပြီးထွက်ပြေးတာ ခေါင်းအုံးကြီး..အဲ့ ခေါင်းအုံးထဲလဲဘာမှမပါတာ ပြီးမှသိတာ ကယောင်ကတမ်းနဲ့  လန့် ပြီးဆွဲမိဆွဲရာတဲ့ ...တကယ့် အထုပ်လေးက မီးလောင်ပြင်ထဲ ပြန်မွှေမှ ရွေစရွေနလေးအရေပျော်မဲနေတာလေးပြန်တွေ့ ရတယ်တဲ့ ..ဘ၀ကံတရားတွေဆိုတာ.အဲ လို..

ဗဟုအမှန်တရား

ဗဟုအမှန်တရား
----------
ကျနော်လည်း အမှန်တရားကို မြတ်နိုးတတ်ပါတယ်..
တစ်ခုပဲ ပြောစရာရှိလောက်မှာပါ
ကျနော့် အမှန်တရားက သူများအမှန်တရားနဲ့ 
တူချင်တူမယ်
မတူချင် မတူနိုင်ဘူးဆိုတာလေးပါပဲ..


ပူစီမ

အိမ်က ပူစီမတောင် အိမ့် ပါပါရာဇီဖုံးဒဏ်ခံနေရပုံရတယ်
လန့် ပြီးြဲပန်ကြည့် တာ မျက်လုံး ပြူးနေပုံက...ငိငိ

အတုအစစ်


အတုအစစ်
=====
ပိုက်ဆံအတုလားတဲ့ ..
ဖြတ်ကနဲ အတွေးတစ်ချက်ဝင်သွားတယ်..
ငါ့ လူမှု့ ဆက်ဆံရေးစိတ်ကရော
အတုလား အစစ်လား...

နိုးတဲ့ အချိန် မနက်




နိုးတဲ့ အချိန် မနက်
-----
မျက်နှာသစ်ရင်း ဒီမနက်မုန့် ကဘာပါလိမ့် လို့  လှမ်းချက်လိုက်တော့ မြင်လိုက်ရတာက တွဲလောင်းလေးချိတ်ထားတဲ့  ခေါက်ဆွဲသုတ်ပေါ့ .ဟင်းအိုးဖက် မျက်လုံးရောက်သွားတော့  မီးဖိုးပေါ်က အိုးလေးထဲမှာလှမ်းတွေ့ လိုက်တာက ရွှေခေါင်းပြောင်...အာ့ နဲ့  အသုတ်+ထမင်းဖြူနဲ့ 
ရွှေခေါင်းပြောင်း တစ်လုံး စွပ် ဆိုကောက်ထည့် ပြီး နိုးတဲ့ အချိန် မနက်မုန့် ဆိုပြီး ငိငိတော့ တာပေါ့ လေ...ခ်ခ်..

အမေရေ..



အမေရေ..
--------
တော်တော် ဇာတ်ထုပ်ရှုတ်တဲ့  လူတွေပါအမေရယ်..ကျနော့်ပိုက်ဆံလေး နှစ်ပဲခြောက်ပြား လက်ပေါ်စုပြီး ရေတာ လက်ထဲ ခိုးလို့ ခုလုနဲ့ မို့ ကြည့် လိုက်တော့  တစ်ထောင်တန်လေးကို ဆိုဒ် ၂မျိုးဖြစ်နေလို့  လက်ထဲ ခလုခလုနဲ့ အချိုး မပြေဖြစ်နေတာကိုးအမေရဲ့ ..ချပ်သရီး.;; ဆိုဒ်တစ်မျိုးထဲ ထုတ်တော့  ဘာဖြစ်မှာမို့ လဲ အမေရာ..နော့ ..တစ်ချို့ တွေ အဲ့ လိုပဲအမေရဲ့  သူတို့ အိပ်ကမစိုက်ရလဲ လူတွေ အဆင်ပြေပြီးပျော်နေကြမှာကို မနာလိုကြတာအမေရ...တစ်ချို့ လူတွေက ခက်ပါတယ်အမေရာ...
...( ခွိခွိခွိ.)

တနင်္ဂနွေသမီး အဓိပတိဖွားကို အမည်ပေးလိုက်ပုံ...



တနင်္ဂနွေသမီး အဓိပတိဖွားကို အမည်ပေးလိုက်ပုံ...
-------------
တနင်္ဂနွေသမီးလေး ၂၀၁၄ မွေးဖြစ်လို့  ၄ကြွင်းမဟာဘုတ် အဓိပတိဖွားပေါ့ ..စိနသွေးတစ်ဝက်ပါသူလေးပါ ..ဒီတော့ အသားဖြူမှာပါ ဖအေရော မအေပါဖြူပါတယ်၊ ကျနော်တို့ မဟာဘုတ်လိုင်းကနေ အမည်ပေးတဲ့ အခါ မူလမဟာဘုတ်ရယ် မွေနံ တနင်္ဂနွေတိုင်ရယ် ၂ ခုကို ပင်မဦးစားပေး အဖြစ် စဉ်းစားပါတယ်..

မွေးနံတိုင် တနင်္ဂနွေတိုင်အရ တနင်္ဂနွေသားသမီးတိုင်းမှာ ပန်းယဆိုတဲ့  ကြာသာပတေး+ဗုဒ္ဓဟူး အတွဲ၊ သစ်စိမ့် ဆိုတဲ့  သောကြာနံ+ အင်္ဂါနံ အတွဲ နဲ့  အလယ်တွဲ အမြစ်အညွန့် ဆိုတဲ့  စနေ+တနင်္လာနံရှိပါတယ်။ ( တစ်ခြားနေ့သားတိုင်းစမှာလည်း နံသင့် သာကွဲသွားတယ် ဒီလို သုံးတွဲစလုံးရှိနေတာပါပဲ။

အဲ့ ဒီမှာ တိုင်စဉ်ဖွဲ့ စည်းပုံအရ တနင်္ဂနွေသားသမီးနံဟာ အလယ်မူလဖြစ်လို့  အပေါ်က ကြာသာပတေး ၊ တနင်္လာ ၊ သောကြာဟာ တနင်္ဂနွေသားသမီးတွေရဲ့  အညွန့် နံ သုံးနံ ထွက်လာပါတယ်...