အင်္ဂါလစိတ်
---------
ကိုရီးယားမှာ အလုပ်လုပ်နေတဲ့  စနေသမီးပေါ့ ...၈၆ ၁လပိုင်းမွေး လို့ ဆိုလို့  အသက် ၃၀ထဲမှာ ရောက်နေတဲ့  ၃ကြွင်း စနေသမီးပေါ့ ..သူက ကိုရီးယားကနေ
လူကြုံနဲ့  ဗမာပြည်ကိုဒေါ်လာတွေ လွှဲပေးလိုက်တယ်...အဲ့ မှာ ဒေါ်လာက ဗမာပြည်ရောက်တော့  ပါမလာဘူး..အားလုံး ဖြစ်ကြောင်းရယ်ကုန်စင် ချုပ်လိုက်တော့ 
ကိုရီးယားမှာကတည်းက အချင်းချင်းက ပြန်နှိုက်ထားလိုက်တာ ဆိုတာ သေခြာသလောက်ပေါ့ လေ..သဘောက စနေသမီး ပြီးခဲ့ တဲ့  တနင်္ဂနွေက ငွေပျောက်တယ် ....ခါတိုင်းလွှဲနေကျလူမဟုတ်ပဲ မလွှဲဘူးတဲ့ လူနဲ့  အချင်းချင်းဆိုပြီး လွှဲတာ အဲ့ အချင်းချင်းလူက
ဘောလုံးအလောင်းအစားသမားလို့ ဆိုတယ်...
အဲ့ မှာ ပြောချင်တာက ငွေပျောက်တဲ့  လစိတ်ကို ပြောချင်တာ....အဲ့  စနေသမီးက ၁ လပိုင်းမွေးဆိုလို့  အဲ့ ၁ လပိုင်းကနေ လစိတ်ကို ဘက်ဂီယာထိုးပြီး
ပြန်ဆုတ်ကြည့် ရင် ၁လပိုင်း ၊ ၁၂ ၊ ၁၁ ၊ ၁၀ ၊၉လပိုင်း ပေါ့ ..ဒီတော့  ၉ပိုင်းနဲ့  ၁၀လပိုင်းကြားက တနင်္လာနံခိုက်တဲ့  အင်္ဂါလစိတ် ထဲမှာ ကျနေတာ တွေ့ ရမယ်..
.သဘောက ငွေပျောက်တဲ့  လစိတ်က အင်္ဂါလစိတ် ဖြစ်နေတာ အဲ့ လစိတ်မှာမှ လူသစ်ပြောင်း လွှဲမိမှားဖြစ်တာတွေ တွေ့ ရမယ်ပေါ့ လေ..သဘောက
အင်္ဂါလစိတ်မှာ ငွေရေးကြေးရေးတွေကိစ္စတွေကို တစ်ခြားလစိတ်ထက် ပိုသတိထားဖို့ လိုတယ် အမှားမခံဘူး အချီကြီးထိတတ်တယ် သဘောပေါ့ ..
No comments:
Post a Comment
'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..