Powered By Blogger

Wednesday, October 14, 2015

ကြာသာပတေးသက်ရောက်ရဲ့ အပြောင်းအလဲသဘော


ကြာသာပတေးသက်ရောက်ရဲ့ အပြောင်းအလဲသဘော
--
တောကျောင်းဆရာမပေါ့  ဟိုဖက်ကမ်းမှာ.လုပ်လာတာကြာပြီ ၆၄ နိုဝင်ဘာ မွေး ဗုဒ္ဓဟူးသမီး ပုတိဖွားပေါ့  ဒီနှစ်နှစ်ဆန်းပိုင်း လာတုန်းက ဒီဖက် ရန်ကုန်ဖက်ကမ်းကို ကျောင်း အပြောင်းအရွှေ့ တင်ချင်လို့ တင်လို့ ရပြီလားလို့ လာမေးတုန်းက ကြာသာပတေးသက်ရောက်အ၀င် ဖြစ်နေလို့  အပြောင်းအလဲ တစ်ခုခု စလုပ်လို့ ရတဲ့ နှစ်ဖြစ်နေလို့  ရတယ်လို့ ပြောလိုက်တယ်...အဲ့ တော့  ဘယ်မြို့ နယ်တွေ ထည့် လျှောက်ရမလဲလို့  မေးလာပြန်တော ကိုယ်လိုချင်တာ ထည့် ပေါ့  ပေးတာ မပေးတာ သူတို့ ကိစ္စ သဘောထား ဒေါင်းတောင်း ထဲက တစ်ခုခုပါ ထည့် လျှောက်လိုက်ပေါ့ လို့  ပြောလိုက်ခဲ့ တယ်..ပြီးတော့ အဲ့ အတွက် ယတြာတော့ မလိုဘူး ကံသဘောပဲ ကောင်းဖို့ ဖြစ်လာတဲ့ နှစ်မျိုးပဲ...ဒါပေမယ့်  ဒီတစ်နှစ်လုံးအတွက် အစစကောင်းဖို့ အတွက်ကတော့  အုန်း ၆ညွန့် လောက်သာ ခဏခဏလှုဖြစ်နေရင်ရပြီလို့ ပြောလိုက်တယ်


အခု အဲ့ ဆရာမက ကျောင်းပြောင်းခွင့် ကျလာပြီ ဒေါင်းတောင်းထဲမှာ လို့ လာပြောတယ် ( နိုဝင်ဘာမွေးမို့  အခု အော်ဒါထွက်တဲ့ လဟာ ဗုဒ္ဓသားသမီးတွေရဲ့ သဘော မွေးလပြန်ဝင်ခါနီး အင်္ဂါလစိတ် တစ်လခွဲအလိုမှာ ဖြစ်နေတာ သတိထားမိလို့ ရတယ် သဘောက မူလနေရာက အထွက်ပြ ခွဲခွာခရီးပေါ်တတ်တဲ့  လမျိုးပေါ့ )....ပြီးတော့  ကြာသာပတေးသက်ရောက် မကုန်ခင်မှာ ကျောင်းပြောင်းခွင့် ကျတာ တွေ့ နိုင်ပြီး မွေးလကျော်ရင် ထပ်တွေ့ ရမယ့် သက်ရောက်က ရာဟုသက်ရောက် မို့  စီးပွားခွင်အတွက် မဆိုးဘူးဆိုတာပါ ကြိုရိပ်မိလို့ ရတယ်..

ဆိုလိုတာက ကြာသာပတေးသက်ရောက်ဆိုတာ အပြာင်းအလဲတစ်ခုခု လုပ်ချင်ရင် အလုပ်ဖြစ်လွယ်တဲ့  သက်ရောက်သဘောလို့ ဆိုလိုတာပါ...( သုံးတန်ပေါ်မှာ တန်းစီးမှာ တနင်္ဂနွေထိုင်ထားတာမို့ လို့  မြင်လို့ ရသလို ဖြစ်တော်စဉ် နံတိုင် ဂုရုတိုင်ဖက်ကဆိုရင် ပဋိသန္ဓေနေတဲ့ တိုင်ပရိယာယ် သတ္တိသဘော (၀ါ) ဘ၀သစ် စတင်ခြင်းအချိန်အခါ သဘောကြောင့် လို့ လည်းမြင်ကြည့် လို့ ရတယ်

သဘောက ကျနော်တို့  ဒီလို အဖြစ်အပျက်တွေကနေ ကိုယ့် ဘ၀အတွက် ဘာယူလို့ ရသလဲဆိုရင် အပြောင်းအလဲတစ်ခုခုကို စတင်ချင်ရင် ကြာသာပတေးသက်ရောက် (၀ါ) ကြာသာပတေးလစိတ် တွေကနေ စတင်ကြည့် လို့ ရတယ် မှားခဲတယ် နောက်တစ်ချက်က ကိုယ်တိုင် ပြောင်းလဲဖို့ စတင်တာမဟုတ်ပဲ သူ့ သဘာဝအတိုင်း အတိတ်ကံသဘောအရလဲ အပြောင်းအလဲတစ်ခုခု ကြုံလာတာမျိုးလည်း ဖြစ်တတ်လေ့ ရှိပြီး အပြောင်းအလဲဖြစ်သွားလို့  အပြောင်းအလဲလုပ်မိလို့  မူလ အနေအထားထက် ကံပိုဆိုးသွားတာမျိုးတော့ ဖြစ်တောင့် ဖြစ်ခဲသဘောရှိတယ်ပေါ့ လေ.
..ပြီးတော့  ကြာသာတေးသက်ရောက်ရဲ့  အပြောင်းအလဲသဘောတွေဟာ အတိိတ်ကံသတ္တိက ပိုလွှမ်းမိုးတယ်လို့ လည်းမြင်လို့ ရတယ်...

No comments:

Post a Comment

'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..