Powered By Blogger

Friday, January 5, 2018

စက်ဘီးလေးဟာ ကိုယ့် အဖေါ် ...ကိုယ့် စိတ်အာရုံတွေက တိမ်တွေကို စီး ကာလသုံးပါးမှာ အပြန်ပြန်အလှန်လှန် လွှင့် မျောလို့ ပေါ့ ..''


'စက်ဘီးလေးဟာ ကိုယ့် အဖေါ် ...ကိုယ့် စိတ်အာရုံတွေက တိမ်တွေကို စီး ကာလသုံးပါးမှာ အပြန်ပြန်အလှန်လှန် လွှင့် မျောလို့ ပေါ့ ..''
-----
ညက လမ်းထဲကပျော်ပွဲရွှင်ပွဲအသံတွေက သန်းခေါင်နားနီးမှပြီးသွားတယ် ၊ဒါနဲ့ အိပ်ယာဝင်နောက်ကျသွားတယ် ၊ အိပ်ပျေိာတစ်ချက်မပျော်တစ်ချက် ဖြစ်နေရင်းက မထူးပါဘူးဆိုပြီး ခါတိုင်းထက်စောပြီး မနက်၃နာရီလောက်မှတင် ဘီးကိုဆွဲထုတ်
ပြီး အိမ်ကနေထွက်ခဲ့ လိုက်ရော နဂိုကတည်းကတော့ နဲနဲစောထွက်မယ်လို့ တော့  စိတ်ကူးတော့ ရှိထားတာပေါ့ လေ ၊ အဲ့ ဒါက ဒီလိုကြောင့် ပေါ့ လေ ၊

ရန်ကုန်မြို့ ကြီးရဲ့ စတိုင်တစ်ခုက ပွဲတော်ကြီးတွေပြီးသွားလို့  နောက်မနက်ခင်းဆို တကယ့် ကို ကားသွားကားလာရော လူသူတွေသာမက လမ်းမကြီးတွေပေါ်မှာ တွေ့ ရတတ်တဲ့ ခွေးအစုအစုလေးတွပါ ရှင်းလင်းနေတတ်တယ် ၊ အဲ့ အချိန်လေး ဟာမြို့ ကြီးဟာ ထူးထူးခြာခြားကို တိတ်ဆိပ်ငြိမ်သက်လွန်းလို့ လမ်းမကြီးတွေဟာ ခြောက်ခြားစရာ တောင်ကောင်းနေသလိုပါပဲဗျာ ၊ တစ်ဖက်ကတွေးရင်တော့  အဲ့ ဒီလောက် လူသူရှင်း သတ္တ၀ါနဲ့ တူတာဆိုလို့ ကိုယ်တစ်ယောက်ထဲပဲ လမ်းတွေပေါ်မှာ ဆိုတဲ့  အခြေအနေမျိုးဟာ ရတောင့် ရခဲ မနက်လိုဖြစ်ပြီး တစ်မျိုးတော့  စိတ်ကို ပျော်နေပြန်စေတယ် ၊ အဲ့ လို အခြေအနေမျိုးကို တစ်ခါတစ်ရံ လိုချင်နေ သဘောကျနေတတ်တော့ လေ ၊ တစ်လောကလုံး အိပ်မောကျလို့  မိုးအောက်မြေပြင်မှာ ကိုယ့် တစ်ယောက်ထဲ လမ်းမကြီးတွေပေါ်မှာ ...စက်ဘီးလေးဟာ ကိုယ့် အဖေါ် ...ကိုယ့် စိတ်အာရုံတွေက တိမ်တွေကိုစီး ကာလသုံးပါးမှာ အပြန်ပြန်အလှန်လှန် လွှင့် မျောလို့ ပေါ့ ..။..

အဲ့ လောက် ရှင်းလင်းလွန်းနေတဲ့ အခြေအနေမျိုးအချိန်လေးဟာ သိပ်တော့ မကြာတတ်ပါဘူးမနက်၂နာရီဝန်းကျင်ကနေမနက်၎နာရီစွန်းစွန်းလေးလောက်အထိပဲ ကြာတတ်တယ် ၊ ရန်ကုန်မြို့ ကြီးဟာ ညသန်းခေါင်းယံ တစ်ချက်တီးလောက်အထိ မအိပ်တတ်သေးပဲ ၁နာရီနောက်ပိုင်းမှ တစ်စတစ်စ အိပ်မော ကျသွားရင်း မနက်၎နာကျော်လောက်မှာတော့ ဈေးကြိုကားတွေ တစ်ချို့ လဘ္ဘက်ရည်ဆိုင်လေးတွေတစ်ချို့ နဲ့ ပြန်နိုးထ အသက်ဝင်လာပြန်ရော၊

ရန်ကုန်မြို့ ကြီးရဲ့  လမ်းမကြီးတွေထဲမှာ ၀ါကျင်ကျင်မာကျူရီ မီးတိုင်တွေ ရှိပါလျက်နဲ့  စိတ်ခြောက်ခြားစရာ လမ်းမကြီးလို ဖြစ်နေတဲ့ လမ်းပိုင်းလေးတစ်ခု ( ကျနော်နင်းနေတဲ့ လမ်းကြောင်းတွေထဲမှာပေါ့ လေ ) ဒဂုံ(၁)ကျောင်းဘေးကဖြတ် ကုန်းဆင်းသွား တိရိစ္ဆာန်ရုံအ၀နားကနေ တိရိစ္ဆာန်ရုံဘေးကနေ ဟိုး ဦးထောင်ဘို ကုန်း အ၀ိုင်းကြား လမ်းမကြီးပေါ့  ၊

ရှင်းလင်းလွန်းနေတဲ့ လမ်းမကြီးတွေပေါ်မှာ အဲ့  လမ်းမကြီးအပိုင်းလေးကတော့  ပိုရှင်းလွန်းတယ် ဘေးမှာ ကုန်းမြင့် တွေ မိုးထားလူနေအိမ်ခြေမရှိသလောက် သစ်ပင်ကြီးတွေက တန်းစီလို့  တိရိစ္ဆာန်ရုံဝင်းကြီးကိုကျော်တော့  အာမေနီယံ အင်္ဂလိပ်သင်းချိုင်းကုန်းက ကုန်းမြင့် ပေါ်က စီးမိုးလို့ ပေါ့  လင်းပေမယ့် မထိန် မှုံဝါးဝါးနဲ့  အ၀ါရောင် မာကျူရီ ဓာတ်မီးတိုင်တွေကလည်း မြူလိုလို နှင်းလိုလို မြေခိုးရိုက်သလိုလိုအောက်မှာ သူ့ အလင်းရောင်ကိုက ခြောက်ခြားစရာ အလင်းရောင်တစ်မျိုးလို ဖြစ်နေတာမျိုးပဲ ၊ ပြီးတော့  အဲ့ လမ်းမကြီး အပိုင်းနဲ့  ဦးထောင်ဘိုအ၀ိုင်းကြား အာမေနီယံ အင်္ဂလိပ် သင်းချိုင်းကုန်းဘေးဟာ တစ်ခါတစ်ခါ သရဲ ခြောက်တတ်တယ် ဆိုတာကလည်း သတင်းကကြီးသေးလေ ၊

-------------
ဦးထောင်ဘိုကုန်းအတက်မှာ
--
အဲ့ ခြောက်ခြားစရာကောင်းတဲ့ လမ်းမကြီးကို အမြဲတမ်းတော့ ဖြတ်နင်းလေ့ မရှိပါဘူး ၊ တစ်ခါတစ်လေတော့ ဆူးလေကနေပြန်ထွက်အလာ ဆူးလေ ဘူတာကြီးကုန်းပေါ်တက် အဲ့ ကနေ အောင်ဆန်းကွင်းဘေးကနေဖြတ် ဖဆပလတိုက်တန်းဘေးလမ်းကနေ အဲ့  ဦးထောင်ဘိုကုန်းရှိရာ တိရိစ္ဆာန်ရုံဝင်းကြီးဘေးကနေနဲ့  အာမေနီယန် သင်းချိုင်းကုန်းမြင့် ရှိရာ တိတ်ဆိတ်ငြိမ်သက် လူသူကင်းမဲ့ လွန်း ကားအသွားအလာရှင်းလွန်း လူနေအိမ်ခြေ နဲလွန်း လမ်းဘေးခွေးအစုစုတွေ တစ်ကောင်တစ်မြည်းမှ မတွေ့ ရတတ်တဲ့  ၀ါကျင်ကျင် မာကျူရီ မီးတိုင်တွေ ခပ်ကျဲကျဲနဲ့  အေးစိမ့် နေတတ်တဲ့  သစ်ပင်အုပ်တွေ တန်းစီနေတဲ့  အဲ့ လမ်းမကြီး အပိုင်းကို တမင့် ကို ဖြတ်နင်းတတ်တယ်.......

အဲ့ လမ်းမကြီး ဖြတ်နင်းမယ်လို့ ရည်ရွယ်တဲ့ နေ့ မျိုးတွေက အိမ်က စအထွက်ကတည်းက ပတ်ဝန်းကျင်ကို အကဲခတ်လိုက်ရင် အရင်နေ့ တွေထက် လူသွားလူလာ ကျဲနေပုံရတယ်လို့ ခန့် မှန်းမိတဲ့ နေ့ မျိုးတွေပေါ့ လေ ၊ နောက်တစ်ချက်က စိတ်က ခြောက်ခြားစိတ် ဆိုတဲ့  စိတ်သဘောကိုလည်း သည်းထိတ်ရင်ဖို အတွေ့ အကြုံလေးတစ်ခုမျိုးအဖြစ် ခံစားချင်နေတာမျိုး ဖြစ်နေတာပါပဲ ၊

အဲ့ လမ်းမကြီးကို ခပ်မှန်မှန်လေး ဘီးကိုနင်းရင်း ရှေ့ ကို အဝေးကြီးမျှော်ကြည့် လိုက် လမ်းမကြီးဘေးက အေးစိမ့် နေတဲ့ အအေးဓာတ်တွေရနေတဲ့ သစ်ပင်ကြီးတန်းတွေဘေးက မှောင်ရိပ်ကျနေတဲ့ သစ်ပင်တွေရဲ့ နောက်ကွယ်ကို ဖြတ်ကနဲ လှမ်းကြည့် ပြီး နင်းလိုက်နဲ့  ဘယ် သစ်ပင်နောက်ကွယ်ကများ သရဲ ဆိုတာများ ရုတ်တရက် ထွက်လာပါလိမ့် မလဲလို့  သိချင်စိတ်နဲ့  အဲ့ လမ်းမကြီးပေါ်မှာ တစ်ကိုယ်တော် ဘီးနင်း ဖြတ်နေတာမျိုးပေါ့ ဗျာ.. .
.( အခုအထိတော့  ဘာသရဲမှ အရိပ်အသံ အနံ့ တောင် မကြုံခဲ့ ရဘူးသေးပါဘူး ကိုယ်ကပဲ သီလ လုံလို့ လား ငိငိ ဘုရားစာတွေ ရွတ်ပြီးတော့ ပဲ ဘီးနင်းနေလို့ လား ကံမြင့် နေသေးလို့ လာ ဘာလားတော့  မပြောတတ် မဝေဖန်တတ်ပါဘူး ခ် )

အဲ့  စိတ်ခြောက်ခြားစရာကောင်းတဲ့  သင်းချိုင်းကုန်းလည်း ရှိနေတဲ့  အ၀ါရောင် လမ်းမကြီးကို ဖြတ်နင်းဖို့  ကြံလိုက်တိုင်း သရဲထက် ပို ဖြုံနေတာက ဦးထောင်ဘို အ၀ိုင်းကို ပတ်ပြီး ရွှေတိဂုံဘုရား တောင်ဖက်မုဒ်ကို ပြန်တက်ရတဲ့ ဦးထောင်ဘိုကုန်း အတက် ကုန်းအရှည်ကြီးပါပဲ ၊ ဦးထောင်ဘို ကုန်းအတက်ဟာ တစ်ခြားကုန်း အတက်တွေနဲ့ မတူပဲ ကုန်အတက် ခရီးဟာ ရှည်ပြီး ခပ်မော့ မော့ တက်ယူရတာမျိုးပါပဲ ။ ကြားမှာ မြေပြင်ညီ သဘော မရှိသလောက်ပါပဲ

ဘာနဲ့ တူလည်းဆိုတော့  ကျိုက်ထီးရိုး ရသေ့ တောင်ကနေ ရင်ပြင်တော် မုဒ်ဦးအထိ တက်ရတဲ့  ကုန်းမော့ မော့ လမ်းနဲ့ တူတာမျိုးပါပဲ ၊၊ ဦးထောင်ဘို အ၀ိုင်းကနေ တောင်ဖက်မုဒ် အ၀ ရောက်ပြီဆိုရင် လူဟာ ရှိသမျှ အားလေး အကုန်ကုန်သွားတဲ့ အထိ ကုန်တက်အရှည်ကြီးက အဲ့လောက် ရှည်တာမျိုးပေါ့  ၊ အဲ့ လိုများ တက်လိုက်ရင် တောင်ဘက်မုဒ်က ဓမ္မာရုံလေးတစ်ခုခုမှာခြေပစ်လက်ပစ်ကို ထိုင် ခဏနားနေလိုက်ရတော့ တာပါပဲဗျာ..၊ သရဲခြောက်ခံရမှာထက် အားကုန်သွားတာဟာ ပိုဆိုးပေါ့  ၊ တစ်ခါတစ်လေ ဦးထောင်ဘို အ၀ိုင်းအစကနေ တောင်ဘက်မုဒ် အ၀အထိ စက်ဘီးကို ဆင်းတွန်း လမ်းလျှောက် တက်ခဲ့ ရတာမျိုးတွေလည်း ရှိပါတယ်. ( ကုန်းမော့ မော့ ကို စက်ဘီးကိုတွန်းပြီး လမ်းလျှောက်တက်လာရတာမှာ လမ်းတစ်ဝက်လောက်ရောက်တော့  ခြေ့ ကို ဒရွတ် ဆွဲချင်လာ ခ် ) .ဘော်ဒီ ဖစ်မဖြစ်တဲ့  မနက်မျိုးတွေမှာပေါ့ လေ .ကိုယ့် အကြောင်းကိုယ် အမြဲတမ်း ချိန်ဆထားတော့  ဘယ်လို အချိန်မှာ ဇွတ်မိုက်လို့ မရဘူးလို့  ကိုယ့် ဟာကိုယ်လည်း အမြဲတွက်ဆထားရသေးတယ်..၊

ကုန်းဆင်းလေးများ ဆူပါကပ်အပေါ်ခွထိုင်လိုက်ရသလို ၀ှစ်ဝှစ် ၀ှစ်ဝှစ်နဲ့ လေတိုးသံလေးနဲ့  ဖရီးရိုက် လှိမ့် ချသွားရတာ အရသာ ရှိသလောက် ကုန်းအတက်များဆိုရင်တော့ ...ဖောဖောကိုမတ် ဖတ်ဖတ်ကိုမော ထုတ်ယူလိုက်ရ သုံးလိုက်ရတဲ့  ခွန်အားတွေ ဇောချွေးတွေတောင်ပျံလို့  သူများတွေ အနွေးထည်ကိုယ်စီတွေနဲ့ ဖြစ်နေချိန်မှာ ကိုယ့် မှာတော့  တောင်ဘက်မုဒ်ခြေတော်ရင်းမှာ ခြေပစ်လက်ပစ်လေးပေါ့ လေ ၊

မောပန်းလာတဲ့ အချိန်မှာ ဘာအနှောင်အဖွဲ့  ဘာငဲ့ စရာမှမရှိပဲ စိတ်ရှိ လက်ရှိ နားချင်သလို နားခွင့် ရတာမျိုးဟာလည်း အတော် ကံကောင်းတဲ့  ဘ၀မျိုးလေးပဲလို့ လည်း တွေးပြီး ကိုယ့် ဘ၀ကိုယ် ကျေနပ်မိနေပေါ့ လေ ။

ကုန်းအဆင်းမှာ ဖရီးရိုက်ခဲ့ ရတုန်းက ပျော်ရသလောက် ကုန်းအတက်မှာတော့  စိတ်လေပါရဲ့  သဘောဟာ ဘ၀ခရီးရှည်ကြီးထဲက ရေစုန်ရေဆန်သဘောတွေ ဘ၀ရဲ့ အတက် အကျသဘောတွေ အခြေအနေပေးမှု့ အပေါ် အလိုက်သင့် လေး မျှောလိုက်ပါသွားခြင်း ကိုယ်လိုရာကို ရေဆန်ခရီးနဲ့ ကြုံရင် အားထည့် ယူမှ ရောက်သွားတတ်ခြင်းသဘောတွေနဲ့ လည်း ခပ်ဆင်ဆင်ပါပဲ..။


No comments:

Post a Comment

'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..