'စက်ဘီးလေးဟာ ကိုယ့် အဖေါ် ...ကိုယ့် စိတ်အာရုံတွေက တိမ်တွေကို စီး ကာလသုံးပါးမှာ အပြန်ပြန်အလှန်လှန် လွှင့် မျောလို့ ပေါ့ ..''
-----
ညက လမ်းထဲကပျော်ပွဲရွှင်ပွဲအသံတွေက သန်းခေါင်နားနီးမှပြီးသွားတယ် ၊ဒါနဲ့ အိပ်ယာဝင်နောက်ကျသွားတယ် ၊ အိပ်ပျေိာတစ်ချက်မပျော်တစ်ချက် ဖြစ်နေရင်းက မထူးပါဘူးဆိုပြီး ခါတိုင်းထက်စောပြီး မနက်၃နာရီလောက်မှတင် ဘီးကိုဆွဲထုတ်
ပြီး အိမ်ကနေထွက်ခဲ့ လိုက်ရော နဂိုကတည်းကတော့ နဲနဲစောထွက်မယ်လို့ တော့  စိတ်ကူးတော့ ရှိထားတာပေါ့ လေ ၊ အဲ့ ဒါက ဒီလိုကြောင့် ပေါ့ လေ ၊
ရန်ကုန်မြို့ ကြီးရဲ့ စတိုင်တစ်ခုက ပွဲတော်ကြီးတွေပြီးသွားလို့  နောက်မနက်ခင်းဆို တကယ့် ကို ကားသွားကားလာရော လူသူတွေသာမက လမ်းမကြီးတွေပေါ်မှာ တွေ့ ရတတ်တဲ့ ခွေးအစုအစုလေးတွပါ ရှင်းလင်းနေတတ်တယ် ၊ အဲ့ အချိန်လေး ဟာမြို့ ကြီးဟာ ထူးထူးခြာခြားကို တိတ်ဆိပ်ငြိမ်သက်လွန်းလို့ လမ်းမကြီးတွေဟာ ခြောက်ခြားစရာ တောင်ကောင်းနေသလိုပါပဲဗျာ ၊ တစ်ဖက်ကတွေးရင်တော့  အဲ့ ဒီလောက် လူသူရှင်း သတ္တ၀ါနဲ့ တူတာဆိုလို့ ကိုယ်တစ်ယောက်ထဲပဲ လမ်းတွေပေါ်မှာ ဆိုတဲ့  အခြေအနေမျိုးဟာ ရတောင့် ရခဲ မနက်လိုဖြစ်ပြီး တစ်မျိုးတော့  စိတ်ကို ပျော်နေပြန်စေတယ် ၊ အဲ့ လို အခြေအနေမျိုးကို တစ်ခါတစ်ရံ လိုချင်နေ သဘောကျနေတတ်တော့ လေ ၊ တစ်လောကလုံး အိပ်မောကျလို့  မိုးအောက်မြေပြင်မှာ ကိုယ့် တစ်ယောက်ထဲ လမ်းမကြီးတွေပေါ်မှာ ...စက်ဘီးလေးဟာ ကိုယ့် အဖေါ် ...ကိုယ့် စိတ်အာရုံတွေက တိမ်တွေကိုစီး ကာလသုံးပါးမှာ အပြန်ပြန်အလှန်လှန် လွှင့် မျောလို့ ပေါ့ ..။..