Powered By Blogger

Wednesday, July 27, 2016

'' အခါတိုင်''


ကျနော်တို့ လိုင်းမှာ '' အခါတိုင်'' ဟာ အရေးပါတဲ့  ကဏ္ဍမှာ ရှိပါတယ် ..

.မေးသူက

'' အိမ်'' ရောင်းချင်လို့  လို့ ဆိုလာတဲ့ အခါ အခါတိုင်ဟာ စန္ဒရော တိုင် (၀ါ) တနင်္လာတိုင် မှာ
သူပြောတဲ့  အိမ် ဆိုတဲ့  တနင်္ဂနွေနံ ခိုက်မှာ (၀ါ) အမြစ် မှာ ရောက်နေရင်..

 ပြီးပြီးရော အလွယ်လေး ကြုံရာ သိရာ ဖတ်ထားမှတ်ထားဖူးရာ ဓါတ်ယတြာတွေပေးလိုက်လို့  အလုပ်မဖြစ်တတ်ပါဘူး ဇွတ်လုပ်ရင် လူမှာ မိသားစုမှာ အန္တရာယ်လည်း ပြန်ဖြစ်လာတတ်ပါတယ်

ခိုက် ပစ္စည်းဟာ ကိုယ့် သဘောတစ်ခုတင်မပြီး အစုအစပ်ပိုင် အမွေဆိုင် အမှု့  ကံ သတ္တိဆိုး အကြောင်းတစ်ခုခု နောက်ကွယ်မှာ ပါလာလေ့ ရှိပါတယ် ...

အရောင်းတင်မက အ၀ယ်လည်း အန္တရာယ်မကင်းတတ် သဘောတရား ရှိပါတယ်...

.အဲ့ မှာ အိမ် ဟာ ဘယ်သူပိုင်တာလည်း အစုအစပ်လား အမွေဆိုင်လား အမှုတန်းလန်းလား စသဖြင့်  အများကြီး မေးစမ်းရပါတယ် ချိန်ဆရပါတယ်

လိုအပ်ရင် အချိန်တစ်ခုကို စောင့် ခိုင်းရတတ်ပါတယ်.... ကျန်တဲ့ အခါတိုင်ရဲ့  ခိုက် နံ သတ္တိတွေဟာလည်း ဒီသဘော ရှိကြပါတယ်

နောက်မှ ဘာဖြစ်ဖြစ် လာတုန်းကြုံတုန်း ယတြာတောင်းတုန်း တစ်ခုခု စိတ်ကျေနပ်အောင် ယတြာပေးလိုက်တာ အေးပါတယ်ဆိုရင်တော့ ..ယတြာပေါင်း သောင်းခြောက်ထောင်။

No comments:

Post a Comment

'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..