'' ဗေဒင်အကြောင်းလေးတွေနဲ့  အတွေ့ အကြုံတွေ ရေးဖို့  ''တဲ''လေး တစ်ခုလောက်ပါပဲ ဒါထက် ပိုမရည်ရွယ်ပါဘူး ''...
Sunday, October 11, 2015
အနောက်မယ်တော်ကို လှုတန်းရေး ပရောဂျက်ကြီး
အနောက်မယ်တော်ကို လှုတန်းရေး ပရောဂျက်ကြီး
------------------------
၆၈ ၈ လပိုင်း ဖွား တနင်္လာသမီး သိုက်ဖွား အပျိုကြီးရဲ့  ရင်သားစီအေကို မနှစ်က အသက် ၄၇ သောကြာသက်ရောက် မှာ သူဆေးကုတော့  ယတြာနဲ့  အဆင်ချောအောင် ကူခဲ့ ပြီးသားပေါ့ ..အပြီးပျောက်သွားပြီပေါ့ လေ...ဘန်ကောက်မှာ သွားကုတာ...ဒါနဲ့  အဲ့ ကိစ္စ သတိတောင် မရတော့ ဘူးပေါ့ လေ..
အခုပြန်ဆုံပြန်တော့  အသက်၄၈ တနင်္ဂနွေ သက်ရောက်ကိုဝင်ပြီ...အခုလစိတ်က အင်္ဂါ မရဏ လစိတ်ဖြတ်တော့  ရင်သားက သရိုးသရီပြန်တွေ့ လာတယ်
အဲ့ ဒါ ဘန်ကောက် မသွားတော့ ပဲ ဒီမှာပဲ ပြန်ပြရင်ကောင်းမလား ပါရဂူက ဘယ်သူဆိုတော့  အိုကေ ဘန်ကောက်မလိုဘူး ဒီမှာတင်ပြီးတယ် ဘာညာတွေနဲ့ ပေါ့ လေ...အဲဒါ တွက်ချက်ပြီး စကားတွေပြောပြီး ယတြာတွေဘာတွေနဲ့ ကိစ္စလဲပြီးရော အဲ့ အပျိုကြီးက နဂါးမယ်တော်စီးတယ်ဆိုတဲ့  သီလရှင်ကြီးတစ်ပါးက သူ့ ကို ယတြာပေးတဲ့ အကြောင်းပြောလာတယ်..
( ကျနော်ကတော့ ဘာဟောညာဟော ဆရာကြီးတွေ အများကြီးကြုံဘူးခဲ့ လို့ အဲ့ အဟောလိုင်းထဲရောက်နေတဲ့ ဆရာလေးဆရာကြီးတွေ အကြောင်း အတော် များများသိနေပေမယ့်  ဘာမှ ဘာညာတွေ ပြောလေ့ မရှိပါဘူး လာပြောရင် နားထောင်နေလိုက်တာပါပဲ..တစ်ခါတစ်လေ ရင်းနှီးသူတစ်ချို့ ကိုတော့  မှာတတ်တယ် ဟိုကျောင်း ဒီကျောင်းတွေသွားရင် မီးဖိုထဲတွေ ဟိုဟိုဒီဒီတွေ အထိ မသွားနဲ့  လျှောက်မစပ်စုနဲ့  ရှိရင်စွဲသဒ္ဒါလေးတွေ စိတ်မထားတတ်ရင် ပျက်ကုန်မယ် ဘုရားခန်းတင် လှုစရာရှိတာလှု လျှောက်စရာရှိတာလျှောက် စကားစမြည်နဲနဲပါးပါးပြာပြီးရင် အဲ့ ဘုရားခန်းကနေပြီးတော့ ပဲ ပြန်လစ်ချည်လို့ ..ဟီးးး)
အဲ့ မှာ ဆရာကြီးက နဂါးမယ်တော်က၀င်စီးတော့ (ဗမာစကားနဲ့ မတူတဲ့  ကွိကျိကွကျတွေ ပြောပြီး ) ( နဂါး လန်းကွေ့ စကားနေမှာပေါ့ ..ငိငိ )...အနောက်မယ်တော်ကို ယပ်ဖြူနဲ့ ကြံဆစ်လှုပါလို့ ဆိုတယ်..အဲ့ မှာ ကျနော်က ကြံဆစ် ဆိုတာ ကြံဆစ်လက်ကောက်များလားလို့ ထင်ပြီး ဖြုံသွားလို့  အဲ့ ကြံဆစ် လှုပါဆိုတာ ဘာလဲလို့ ပြန်မေးလိုက်တော့  စုတ်တဲ့ ကြံကိုပြောတာတဲ့ ..( သြော် အနောက်မယ်တော်ကလည်း ကြံစုတ်တတ်ကိုး.ကြံရည်ညှစ်ပြီး ခွက်နဲ့ ကြံရည်ကပ်ခိုင်းလည်းရသားနဲ့ ...ခ် စိတ်ထဲကပါ...ဟီင်္းး)....အဲ့ မှာ အဲ့ တနင်္လာသမီး ပြဿနာတက်နေတာက အနောက်မယ်တော်ဆိုတာ ဘယ်သူလဲတဲ့  နံကရိုင်းမယ်တော်ပြောတာလားတဲ့ ..အဲ့ ဒါ ဟောတဲ့  ဆရာကြီး မမေးပဲ ကျနော့် လာမေးရောဗျာ...ခ်
ကျနော်က အဲ့ လိုင်းတွေအကြောင်း စာဖတ်ဖူးတာ ကျနော်လဲမေ့ နေပြီ မယ်တော် ၄ပါးလည်း ကြားဖူးဖတ်တယ် စီးတယ်ဆိုတာလဲမြင်ဖူးတယ် ဒါပေမယ့် အဲ့  ၄ပါးက က ရေယဉ်မယ်တော် နံကရိုင်းမယ်တော် ဘာညာတွေက ဘယ်ဟာက ဘယ်ဟာမှန်း မသိတော့ ဘူးဗျ..ပြီးတော့  ဟောတဲ့ သူက လှုပါလို့  အလွယ်သာဟောလိုက်တာ ဘယ်သွားလှုရမယ်ဆိုတဲ့  မြနန်းနွယ်လို ဆူးလေဘိုးဘိုးကြီးလို နန်းလိပ်စာ ကွိကွိကွကွတွေလည်းမပါ ကိုယ်လဲ တစ်သက်လုံး အိမ်မှာ အဲ့  ဒါမျိုးတွေ မလုပ်ဖူးဘူးမလား လို့ ဆိုလိုက်တော့  အဲ့ တနင်္လာသမီးက အင်း.တဲ့  မလုပ်ဖူးဘူုးတဲ့ ....ဒီတော့  ဒီလိုလုပ်ကြည့် လေ မလုပ်ဖူးရင် မေ့ ပလိုက်ပေါ့ ...ဒါမှမဟုတ် စိုးရိမ်စိတ်တစ်ခုခု ရှိနေရင် အဲ့  ယပ်ဖြူနဲ့ ကြံဆစ်ပိုင်း လောက်က ပိုက်ဆံ အရမ်းကုန်တဲ့ ကိစ္စမျိုးမဟုတ်တော့  အဲ့ ဟောတဲ့  ဆရာကြီးကိုပဲ ၀တ္ထုငွေလေး ကပ်ပြီး ဆရာကြီးပဲ ကြားကနေလှုပေးပါ ကျမတို့ ကမလုပ်ဖူးတော့  မှားမှာကြောက်လို့ ပါ ဘာညာပြောပြီး အဲ့ ဆရာကြီးကို တာဝန်ပြန်ပုံပေးလိုက်ဗျ..အဲ့ နည်းကပိုကောင်းတယ်လို့ ပြောလိုက်တော့  အဲ့ တနင်္လာ သမီးရဲ့  ယပ်နဲ့ ကြံဆစ်ပိုင်း အနောက်မယ်တော်ကို လှုတန်းရေး ပရောဂျက်ကြီး အဆင်ပြေသွားပါရောဗျာ...ဟဲဟဲ...
Labels:
ဗေဒင်ကိစ္စ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment
'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..