Powered By Blogger

Friday, February 9, 2018

''စောနေသလားကွဲ့ ''

''စောနေသလားကွဲ့ ''
---------------
နွေဦးပေါက်တော့ မည်လား..။
တွန်သံချို
နွေကြိုလင့် 
ဥသြ ငယ်တစ်ချို့ 
ကိုင်းကြီးတွေထက်မှာ...။


 ရာသီ အခါမညီ
အချိန်မဲ့ 
တွန်သံပေးလို့ ..။

 စောနေသလား ကွဲ့ ..။


 ပေါ်မလာ ကြာခဲ့ တဲ့ 
ဆောင်းအအေးဓာတ်လေးကိုမှ
ခံစား ....
ဘ၀ အမောလေးတွေ
တဒင်္ဂ ဖြေလို့ မှ
မ၀သေးခင်။..။

( ၉၊ ၂ ၊၂၀၁၈ )