Powered By Blogger

Wednesday, September 30, 2015

ယတြာ

ယတြာ

တနင်္ဂနွေ  သစ္စာ ၊ တနင်္လာ သပြေ ၊ အင်္ဂါ ခရေ ၊  ဗုဒ္ဓဟူး စပယ် ၊ ကြာသာပတေး စွယ်တော် ၊ သောကြာ ပိတောက် ၊ စနေ မာလကာ  ဆိုတဲ့ 
အရွက်တွေ အညွန့် တွေ ပန်းတွေဟာ ဒုက္ခတွေ အမျိုးမျိုးများနေရင် ယတြာအဖြစ်သုံးတဲ့  အဲ့ အညွန့် တွေဟာလည်း အနားဝန်းကျင်တွေ
ယတြာအညွန့် ရောင်းတဲ့ ဆိုင်တွေတွေမှာ ၀ယ်လို့ မှာလို့ ခူးလို့  ရလွယ်တဲ့ မဟာဘုတ်မလို ကိုယ့် ဟာကိုယ် ဘာနေ့ သားသမီးလို့ သိယုံနဲ့  သုံးလို့ ရတဲ့  ပစ္စည်းတွေဖြစ်တယ်...
သုံးပုံသုံးနည်းက ( ၄) မျိုးသုံးနိုင်တယ်...

ဥပမာ...တနင်္ဂနွေသားသမီး ဒုက္ခတွေ များနေပြီလို့  ကိုယ့် ဟာကိုယ်ခံစားလာရပြီဆိုရင်...

၁။ သစ္စာပန်းကို အိမ်ဘုရားအပြင်ဘုရား (သို့ ) ဘုရားကိုရည်စူး အမြင့် တစ်နေရာရာမှာ ခဏခဏလှုထားတာ လှုလိုက်တာ
၂။ သစ္စာပန်းက အရွက်နဲနဲ ကိုခေါင်းအုံးအိပ်ထာ နွမ်းရင်လဲလဲပေးတာ
၃ ။ မနက်မနက် သစ္စာပန်းအရွက် ၁ရွက်နဲ့ ရေစိမ်ချိုးလိုက်တာ တစ်ပတ်လောက်ပေါ့ 
၎။ လူမှာ သွားလေရာ လာလေရာမှာ ပိုက်ဆံအိပ်လေးထဲ သစ္စာပန်းအရွက်လေး၂ လက္မလောက်ဖြတ်ဆောင်ထားပြီးသွားတာ နွမ်းရက်လဲလဲပေးတာမျိုးပေါ့ 
ကျန်တဲ့ နေ့ သားတွေလဲ ဒီသဘောပဲ..ဒါတွေကို အခြေခံယတြာသဘောတွေလို့ ဆိုနိုင်တယ် ဒီယတြာကို လုပ်လိုက်ရင် တစ်ပတ်အတွင်း ဒုက္ခတွေကနေ အတော်လေးသက်သာခွင့် တွေရလွယ်သွားတယ် ပိတ်နေတယ်ထင်ရတဲ့ အကောင်းကံတံခါးတွေ ပြန်ပွင့် လွယ်သွားတယ် ဒုက္ခတွေများနေလို့ ကျနေတဲ့ စိတ်ဓါတ်တွေ ကံကောင်းမှု့ တွေ ပြန်တိုက်ဆိုင်လာပြီး ပြန်တက်ကြွလာတတ်တယ်
 ၃ ပတ်လောက်သာ အဲ့ ယတြာလုပ်လိုက်တယ်ဆိုရင် ဖယိုဖရဲယိမ်းထိုးနေတဲ့ ဘ၀လေးဟာ ပြန်တည်ငြိမ်လာတတ်တယ်
-----
တော်ယုံ့  ဒုက္ခတွေလောက်ကတော့ ငွေကုန်ကြေးကျ မများလှပဲ ဒီယတြာနဲ့ တင် အလုပ်ဖြစ်တယ်

ပါပွန်းတိကိန်း

ပါပွန်းတိကိန်း
-------------
အိမ်တွေ တိုက်ခန်းတွေ ခြံတွေ မြေတွေရောင်းဖို့  ယတြာပေးပြီးတဲ့ အခါ ပြန်ကြုံရတတ်တဲ့ အခက်အခဲက . ပြန်လာတဲ့ သူတွေရဲ့ ငြီးခြင်းအရ ယတြာပေးလိုက်လို့ ယတြာလုပ်ကြတယ်...
အဲ့ အခါမှာ ၀ယ်လက်တွေလာလာကြည့် ကြတယ် ( အရင်က လာတောင်မစုံစမ်းတာများခဲ့ တဲ့ အနေအထားကနေပေါ့ )...တစ်ချို့ ဈေးမေးတယ် ပြီးတော့ ပြန်သွားကြတယ်
(ပြန်မလာကြတော့ ဘူးပေါ့ လေ) တစ်ချို့ ကတော့  ၀ယ်သူဆစ်တဲ့ ဈေးကို မရောင်းနိုင်လို့ ....ဆိုပြီး ပြန်လာပြောကြတဲ့ အခြေအနေပေါ့ ...
အဲ့ ဒီလို အိမ်တွေ တိုက်ခန်းတွေ ခြံတွေ မြေတွေရောင်းဖို့  ယတြာပေးအခါ အများအားဖြင့် ယတြာအဓိက ဗေဒင်ဆရာက သိပ်ပြီးအာရုံစိုက်တွက်ချက်နေတာမျိုးမဟုတ်ပဲ ယတြာပေးလိုက်တာသာများတယ်အဲ့ လိုပေးလိုက်တိုင်းလဲ အများအားဖြင့်  အလုပ်ဖြစ်သွားလေ့ ရှိတယ်....အပေါ်ကစတိုင်နဲ့ အလုပ်မဖြစ်သေးဘူးလို့ ပြန်လာပြောတဲ့ အခါမှာတော့  ဗေဒင်ဆရာက အခြေအနေ ၂ မျိုးနဲ့ ပြန်တုန့် ပြန်ရတယ်
ပထမတုန့် ပြန်နည်းက ပထမ ဘာယတြာပေးခဲ့ လဲလို့  ပြန်မေးယူရတယ် ( ဘာယတြာတွေ ပေးခဲ့ မိလဲ မမှတ်မိတာများလို့ နဲ့ အရင်ပေးခဲ့ တဲ့ ယတြာဘာလဲဆိုတာ သေခြာအောင်))..ပြီးတော့ မှ နောက်ယတြာအမျိုးအစား အသစ် ကိုပြန်စဉ်းစားပေး လိုက်တယ်...
နောက်တုန့် ပြန်နည်းတစ်ခုက ရောင်းလိုတဲ့ ပိုင်ရှင်ရဲ့  မွေးသက္ကရာဇ်ကိုအဲ့ တော့ မှမေးစမ်းပြီး ဘာသက်ရောက် ဘယ်လစိတ်တွေဖြတ်နေလို့ ကြံ့ ကြာနေရတာလဲတို့  သက်ရောက်တွေလစိတ်တွေက ပိုင်ဆိုင်မှု့ ပစ္စည်းတွေထွက်ကိန်းကံမရှိသေးတာလားတို့  စသဖြင့် ပြန်တွက်ယူပြီး ယတြာလည်းပြန်ပေး ထွက်နိုင်ခြေကာလကို အကြမ်းပြော မထွက်နိုင်သေးတာ ဘာကြောင့် ဆိုတာပြန်ရှင်းပြနဲ့ ပြောပြရလေ့ ရှိတယ်
ယတြာပေးရတာ အခက်ဆုံးက ဈေးမကိုက်ဘူးဆိုပြီး လာဈေးဆစ်သမျှကို ခါလွှတ်နေတဲ့  အရောင်းသမား.တက်ရိပ်ရှိတယ်လို့ ဘေးကပြောလို့ ခေါ်ပြီးဈေးနဲ့ ဝယ်လက်ပေါ်မှ ဈေးတိုးတိုးသွားတဲ့  အရောင်းသမား အုံနာတစ်ယောက်တည်း
ဆုံးဖြတ်ခွင့် မရှိပဲ တမိသားစုလုံးက တစ်ယောက်တစ်ပေါက်တွေ ဈေးအမျိုးမျိုးတွေခေါ်နေကျ တစ်ယောက်သဘောတူတာာကိုနောက်တစ်ယောက် ထကန့် ကွက်ကျနဲ့  ပွဲစားနဲ့ ဝယ်လက် စိတ်ညစ်သွားတဲ့ အရောင်းသမားမျိုးတွေအတွက် ယတြာပေးရတာ အခက်ဆုံးပဲ...
ပြီးတော့  သက်ရောက်ကောင်းရင် ရောင်းရခက်တတ်ပြီး( ကံက ပိုင်ဆိုင်မှု့ မကုန်စေချင်သေးလို့  ) သက်ရောက်ဆိုးရင် (ပုံမှန်ဈေး အထက်ဈေး မရတတ်) အောက်ဈေးနဲ့ အထွက်မြန်တတ်တာလဲရှိတယ်( ရောင်းရတဲ့ ငွေက ကောင်းကျိုးမဲ့ ပလုံမှာဆိုတော့ လေ)
အများအားဖြင် ထုထည်ကြီး ငွေအမောင့် ကြီးတဲ့ ပိုင်ဆိုင်မှု့ တွေ ရောင်းလိုက်လို့ ရောင်းပြီးမှ စီးပွားတိုးသွားတယ်ဆိုတာ ရှားပါအဖြစ်ဖြစ်ပြီး ရောင်းပြီးမှ အခြေအနေတွေပိုပျက်တဲ့ လမ်းကြောင်းပေါ်မြန်မြန်ရောက်သွားတာမျိုးက ပိုများတယ် အကြောင်းက လူ့ သဘာဝအများစုကအခြေအနေကောင်းနေရင် ပိုင်ဆိုင်မှု့ တွေကို ရောင်းဖို့  အာရုံလာလေ့ မရှိပဲ
အခြေအနေတွေ မဟန်ချိန်မှ ပိုင်ဆိုင်မှု့ တွေကို ဖျောပြီး ရှင်းစ်ကြည့် ဖို့ တွေးလာကြတဲ့ သဘောကြောင့် ပါပဲ...အများအားဖြင့် ပိုင်ဆိုင်မှု့ ကိုရောင်းပြီး ပိုတိုးတက်အောင်လုပ်မလားလို့ ကြံပြီးရောင်းတာမျိုးလည်းရှိတယ် ဒါမျိုးကလည်း ပိုကောင်းတဲ့  အနေအထားကိုရသွားတယ်ဆိုတာ ဖြစ်တောင့် ဖြစ်ခဲဖြစ်ပြီး အရင်ထက်ပိုထူးမလာတာ ငွေပေါ်ပေမယ့်  ဟိုလိုလို ဒီလိုလိုနဲ့  တတိ တတိ ကုန်သွားတဲ့ ပါပွန်းတိကိန်း ဆိုက်ပြီး ပိုင်ဆိုင်မှု့ တစ်ခု လျော့ သွားတာပဲ အဖတ်တင်ကျန်ခဲ့ တာများတာတွေ့ ရတယ်...ဒီတော့  အတိုင်းအတာ တစ်ခုခုရှိတဲ့ ပိုင်ဆိုင်မှု့ တစ်ခုခုကို ဖျောပြီဆိုရင် အသေအခြာချိန်ဆတာ ပိုကောင်းတယ်

ယောက်ျားကို သတ်တောင် ပစ်လိုက်ချင်တယ်


ယောက်ျားကို သတ်တောင် ပစ်လိုက်ချင်တယ်
------------
တစ်မိသားစုလုံးရဲ့ အတိုင်ပင်ခံလိုဖြစ်နေတာလဲ တကယ်တော့ ပျော်စရာ မကောင်းဘူး တစ်ခါတစ်ခါ ကြားညပ်လုလုကနေ မနဲ ရုန်းထွက်ယူရတယ်...အကုန်လုံးက..အထူးသဖြင့်  လင်ရော မယားရောက သူ့ အမြင်နဲ့ သူမှန်တယ်လို့ ယူထားကြတာမျိုးတွေကို ကိုယ်က ကြားကနေ ဘယ်ဖက်မှ မလိုက်ဘူးလိုလို နေပေးရတာမျိုးက အတော်တော့် မလွယ်တဲ့ သဘောရှိတယ်...

ဒီလင်မယားစုံတွဲက ငယ်လင်ငယ်မယားတွေ ၂ယောက်စလုံးက ၅၀တန်းတွေ လင်က ၀ါရင့် သင်္ဘောသား ၆ အင်္ဂါ...မိန်းမက ဘော်ဒါနဲ့  ၀ိုင်းကျူရှင်သမား ၅ တနင်္ဂနွေ...၆ က သင်္ဘောသက်ကြာလာတော့ နားချင်ပြီ မိန်းမက အရင်က သိပ်မအောင်မြင်ပေမယ့် နောက်ပိုင်းအောင်မြင်လာတယ်..အရင်က လင်ကို အများဆုံးမှီခဲ့ ရာကနေ အခုတော့ ရေလျှံစပြုနေပြီ...အဲ့ အချိန်မှာ လင်က သင်္ဘောကနေ နားဖို့ ကြံပြီးခဏ အိမ်ထိုင်ချိန်မှာ ပူညံပူညံဖြစ်လာတော့ တာမျိုး..
ပူညံပူညံ ဖြစ်ရတာက မိန်းမအလုပ်က ကိစ္စတွေမှာ ၀င်ဝင်ပါသလိုဖြစ်နေပြီး ပါပုံက ကျောင်းသားအကြောနားမလည်ပဲ ပါသလိုဖြစ်နေတယ်လို့  မိန်းမထင်ပြီး
သူဝင်ပါပုံက အလုပ်ကိုကူရာမရောက်ပဲ နှောက်ယှက်သလိုဖြစ်နေတယ်လို့ ထင်ပြီး ပူညံသံထွက်လာတာမျိုး...လင်က ထင်ပုံက သူသင်္ဘောမလိုက်တော့ ပဲ
ကုန်ပေါ်မှာနားနေလို့  ၀င်ငွေမရှိချိန် ၀င်ငွေရှိလာတဲ့  မိန်းမက သူ့ အပေါ်ဆက်ဆံရေးကျဲလာသလိုလို မလေးစားတော့ သလိုလိုမျိုးဖီလင်ဝင်လာတာ နဲ့ ပူညံ ပူညံ..

လင်က သူ့ ဖီလင်ကို ပထမရက်လာရင်ဖွင့်  ဘာဆက်လုပ်ရမလဲဆိုတော့  အဲ့ မိန်းမနဲ့  အိမ်ထောင်ကျသွားကတည်း က သင်္ဘောလိုက်ဖို့ က အသက် ၆၀လောက်အထိ ဖြစ်ဖို့ များသွားပြီးလို့ ပြောခဲ့ ပြီသားပဲ အခုတော့  သင်္ဘောပြန်တက်လိုက်ဦး အဲ့ ဒါဆို ပူညံကိစ္စတွေ နားအေးသွားမယ် နောက်တစ်ခေါက်၂ခေါက်လောက်လိုက်ပြီးရင် ကုန်ပေါ်မှာ ထသွားထလာ နားနားနေနေ ကားဆွဲနေလိုက် အိမ်မကပ်လေလေ ကောင်းလေလေပဲ ဖြစ်နိုင်ရင် မိန်းမအလုပ်နဲ့ ဝေးတဲ့ နေရာမှာ အခန်းတစ်ခန်းသပ်သပ်နေလို့ ပြောလွှတ်လိုက်ရတယ်....

နောက်နေ့ ကျတော့  သူ့ မိန်းမက ရင်လာဖွင့် ပြန်ရော....ရင်ဖွင့် တာရဲ့ အဓိက သဘောက သူ့ လင်ကို အထင်သေးနေတာမဟုတ်ပဲ အလုပ်သဘောကို နားမလည်ပဲ ၀င်ဝင်ါနေသလိုလို ဖြစ်နေလို့ ကြာရင် ကျောင်းသားတွေထွက်ပြေးကုန်မှစိုးလို့  ပြောရင်က သူ့ ယေက်ျားနဲ့ ပူညံ တွေဖြစ်ကွိုင်တွေတက်တက်နေတာ လို့  လာရှင်းသလိုမျိုးတွေ ပြောတာ သူ့ ယောက်ျားလာသွားတာလဲ သိတယ် ဘာပြောလွှတ်လိုက်သလဲလည်း သိချင်တယ်...အဲ့ မှ ပြာရင်းက သူ့ ယောက်ျားကို ဘယ်လောက်စိတ်တွေတိုနေလဲဆိုတော့  သတ်တောင်သတ်ပစ်ချင်တဲ့ စိတ်တွေတောင်ဖြစ်နေတာမျိုးလို့ ဆိုပါရောဗျာ...

အဲ့ တော့ အဲ့ တာတွေ နားထောင်ပေးပြီး ဒါတွေအကုန်လုံးဖြစ်နေတာ တနင်္ဂနွေသမီးမရဏဖွားကံသဘောကို ပြန်ရှင်းပြပြီး ကျားကို သင်္ဘောပေါ်ပြန်တက်ခိုင်းလိုက်တဲ့ အကြောင်းတွေ ဘာညာဘာညာတွေလျှောက်ပြောလိုက်ရတယ် အတော်သတိထားပြောရတာက ဘယ်သူပြောတာမှ မှန်တယ် မှားတယ် ၀င်မပြောပဲ သူတို့ ပြောတာသာ ထိုင်နားထောင်ပေးပြီး ဗေဒင်ထောင့် သက်သက်ကနေပြီးတော့ ပဲ လမ်းကြောင်း ချပြလိုက်ရတာမျိုး..လင်မယားသဘောက ရန်ဖြစ်တုန်းပဲ...ပြန်တဲ့ သွားလို့  ဟီလာထကုန်ရင် ကြားလူရဲ့  ဝေဖန်ချက်တွေက မြွေဖမ်းကုန်တယ်လေ  ၅ကြွင်းမိန်းမတွေ အတော်များများ တွေ့ ခဲ့ ရတာမှာ အများစုက ယောက်ျားကိုပေါက်ကွဲသံစဉ်အတော်ပြင်းတတ်တာ သတိထားမိပေမယ့်  ဒီ ၅ ကြွင်း တနင်္ဂနွေမိန်းမ
ဆီကန  သူ့ ယောက်ျားကို သတ်တောင် ပစ်လိုက်ချင်တယ်လို့ ပေါက်ကွဲတာ ဒါ ပထမဆုံးကြားဖူးတာပဲ...ဒါတောင် ယောက်ျားက သင်္ဘောသားတွေအများကြီးကြုံခဲ့ သမျှထဲ အတော်ရိုးသားပုံရတဲ့ သင်္ဘောသားလို့  သတိထားမိတာ...စမော်လ်များဆွဲမိရင် ဘယ်နှယ့် နေမယ်မသိဘူး  မိန်းမကတော့  ကျားထက်စွာတယ် သွက်တယ်လူမှု့ ရေး အရမ်းကောင်းတာတော့  သိသာတယ် ကျားက ပွစိပွစိနဲ့  ခိုသံ နဲနဲပေါက်လို့  အသက်ရလေလေ အိမ်သားတွေကိစ္စ နေရာတကာပါလေရာဖြစ်ပြီး မြင်မြင်သမျှ  ဗျစ်တောက်ဗျစ်တောက် လိုက်လုပ်တတ်တဲ့  တစ်ချို့  ၆ ကြွင်းစတိုင်းတွေမျိုး ဖြစ်လာမယ့်  အိမ်သားတွေ နားငြီးမယ့်  အိမ်ထောင်ဦးစီးပုံမျိုးလို့  အရင်ကတည်းက တွက်ထားတာ...

မိသားစုတွေ စိတ်အညစ်ဆုံး အိမ်ထောင်ဦးစီးအမျိုးအစားတွေထဲမှာ သီဘကောင်း အရက်မသောက် မပွေတတ်ပေမယ့် မီးဖိုချောင် ပန်းကန်ဆေးတာ ပန်းကန်ထားတာ အမှိုက်ပုံးထားတာမျိုးက အစ နေရာတကာ လိုက်ပါပြီး မြင်မြင်သမျှ ဗျစ်တောက် ဗျစ်တောက်လိုက်လုပ်တတ်တဲ့ အိမ်ထောင်ဦးစီးမျိုးတွေလည်းပါတတ်တယ်...

လွယ်လိုက်တဲ့ ဆိုင်အမည်ပေး


လွယ်လိုက်တဲ့ ဆိုင်အမည်ပေး
-------------------
၈၄ ဖွား ၁ သောကြာသမီး အခု ၃၂ ထဲမှာ အိမ်ထောင်ကျတာ ၆ လလောက်ရှိပြီ ....သူက သူ့ အိမ်မှာ ဖိနပ်ဆိုင်ဖွင့် ချင်လို့ တဲ့ ...ဒီတော့  ဖိနပ်သဘောက ၁ကြွင်းရဲ့  အထွန်းနံ စနေနံ အားများနေလို့  ပြီးတော့  သောကြာအတွက် အညွန့်  စနေနံ သဘောရာ အမြစ်အညွန့် မတွန့် စေရသဘောပါ ပါနေလို့  အိုကေပေါ့ ..
(၁ကြွင်းတွေရဲ့  လူဝီရိယအားများ  အိမ်ထောင်ပြုတာတောင် ထိုင်မနေရဘူး ဈေးထရောင်းရပြီ..ဒါလဲကောင်းတာာပဲ ၁က အလုပ်လက်မဲ့ နေရင်ရောဂါက အလိုလိုထူလာတတ်တယ်လေ ငိငိ )...

ဒါနဲ့  ဖွင့် မယ်လချိန်ပြီး အကျိုးဆက်လေးတော့ နဲနဲပြောပေးရတယ် စဖွင့် တဲ့ လ ကံအားနဲနေပေမယ့်  နောက်၂လလောက်ဆို အရောင်းသွက်လာလိမ့် မယ်ပေါ့  ( ဟူးလစိတ်မှာ စဆိုင်ဖွင့် မှာမို့ နောက်၂လလောက်အကြာ စနေလစိတ်အကျော်  ကြာသာပတေးလစိတ်မှာ ရောင်းကောင်းလာမယ်လို့ ပြောလိုက်တာ..).ပြီးတော့ ဘေးအရံပစ္စည်းတွေအဖြစ် စုံစီနာဖာတွေတင်လို့ ရ ကော်စမက်တစ်လေးတွေ တိုင်းရင်းဆေးလေးတွေ ကျွတ်ကျွတ်အိပ်တွေပါတင်လို့ ရပါသေး...ဆိုတာပါ လမ်းကြောင်းချပြောလိုက်တယ်..ပြီးတော့  လူပင်ပမ်းခံမှ အလုပ်

ဒါနဲ့ ကလေးယူဖို့ ကိစ္စပါ ပါလာသေးတော့  သူ့ လူအကြောင်းမေးလိုက်တော့ ၈၆ တနင်္ဂနွေ အသက် ၃၀ အ၀င်ပေါ့ လူရိုးပေါ့ ..ဒါဆို  ကလေးရတော့ မှာ ၄ လအတွင်းပေါ့  ( ဂုရုတိုင်လာမေးတာကိုး)..ပြီးတော့  ကလေးထိမ်းရင်ဈေးရောင်းရမှာ ကိုယ့် ဇာတာဆိုတာလဲ ကြိုသိထားနော်ပေါ့  ..ဒါနဲ့  ဆိုင်ဖွင့် ရက်က ရှေးစကားလဲ မပယ်တဲ့ နေရာ မပယ်ပါ ဆိုပြီး သောကြာနေ မနက် ၉နာရီကနေ ၁၀နာရီခွဲကြားမှာ  ဘ၀သစ် စတင်ခြင်း အဖွင့် ပြလိုက်ပါ အရွက်တွေက ပိတောက်ရွက်ထိုး ပိတောက်ရွက်နဲ့ ဆိုင်ကို အမွှေးနံ့ သာရေနဲ့ ဖြန်းဖွင့် လိုက်ပေါ့ လေ...

အားလုံးအိုကေပြီးမှ...သြော်..ဆိုင်အမည်လေး..တဲ့ .....အင်း...ဆိုင်ဖွင့် ဈေးရောင်းဖို့ သာပြင်နေတာ ဆိုင်အမည်က စိတ်ကူးတောင် မယဉ်ခဲ့ ရသေးဘူးပဲ...
ဒါနဲ့  လူအမည်က ဘယ်လိုခေါ်လဲ ဆိုတော့  အမည်ပြောပြတယ်...တစ်လုံးမှ ကီးမကိုက်ဘူး...ဒါနဲ့  ကမန်းကတန်းတက်သုတ်ရိုက်တွေးလိုက်တာ..
အင်းးးးး...''မေပိတောက် ''...လို့ ပဲ ပေးလိုက်ဗျာ...မေပိတောက် ဖိနပ်ဆိုင်ပေါ့  ဆိုင်ရဲ့ ဆိုင်းဘုတ်လိုဂိုလေးက ပိတောက်ပန်းခက်လေးတောင်ထည့် ဆွဲလို့ ရသေးတယ် အမျိုးသမီးထိုင်မှာဆိုတော့  မဆိုးပါဘူး မေပိတောက် အမည်နဲ့ ဆိုတော့  သဘောတွေကျပြီး အိုကေ ပြီးသွားရော ...အဲလိုမျိုးပဲ တစ်ခါတစ်လေ ဆိုင်အမည်ပေးတာ လက်ပေါက်ကပ်အောင် မတွေးလိုက်ရဘူး..တစ်ထိုင်ထဲနဲ့ ပြီးသွားရာဗျာ .ဟီးဟီး...

Monday, September 28, 2015

ချာရပတ်ရမ်းနေတဲ့ အိမ်ထောင်ရေးဆွေးနွေးခန်း

ချာရပတ်ရမ်းနေတဲ့ အိမ်ထောင်ရေးဆွေးနွေးခန်း :P      😁
---------------------------------
အဲ့ အမျိုးသမီးက မူလ ၃ကြွင်းနဲ့ မွေးချိန် ၅ကြွင်းပေါင်းထားတဲ့  တနင်္လာသမီးဗျ အသက်က ၃၇ ကြာသာပတေးသက်ရောက်ထဲမှာ ရောက်နေပြီ  သူ့ လာရင်းက ပြည်ပထွက်တော့ မလို့  အလုပ်ဖြစ်မဖြစ် အဓိကသဘော...ပညာတတ် ထက်ထက်မြက်မြက်ရှိပြီး သွက်လက်တယ်...ဒါနဲ့  မွေးချိန်သဘောအရရော သက်ရောက်သဘောအရရောနဲ့  ရှေ့ ဂြိုလ်က ရာဟုဂြိုလ်ဖြစ်နေတာပါကြောင့် ပါ ရတယ်ပေါ့ ...အဲ့ မှာ သူက ပြဿနာဖြစ်နေတာက ပြည်ပလမ်းက လမ်းနှစ်သွယ်ဖြစ်နေလို့ တဲ့  အိမ်က(မအေက)  ဖြစ်စေချင်တာက တစ်လမ်း သူသွားချင်တာက တစ်လမ်း တဲ့ ...ဒါနဲ့ ကျနော်က ပြောတယ် ဘယ်လမ်းရွေးရွေးကျနော်ကတော့  မတားဘူး ဒါပေမယ့်  ခက်တာက ကျနော်တို့ က ဗမာတွေဆိုတော့  မိဘဖြစ်စေချင်တဲ့  လမ်းကိုငြင်းပယ်ရတာ သိပ်ခက်တယ်..တစ်ချို့ ကတော့ 
ကိုယ့် ဘ၀တစ်ခုလုံးကို မိဘကိုထိုးကျွေးလိုက်တာမျိုးလည်းရှိတယ်....ဒီလို တနင်္လာအသက် ၃၇ ဆိုတာမျိုးကတော့  ကိုယ့် ဘ၀ ကံကောင်းမှု့ အသစ်တွေ စတင်တာမျိုးဖြစ်လို့   ဘယ်လမ်းရွေးရွေးကျဆုံးခန်းတော့ မဖြစ်ပါဘူး တစ်ချို့ ဆို အလုပ်သစ်လမ်းတင်မကဘူး အိမ်ထောင်ကံပါ တစ်ပါတည်းပေါ်လာသေးတာလို့ 
( သူလာမေးတာ ဗုဒ္ဓတိုင် တနင်္လာ စုတ်စန်းနဲ့ လာနေလို့  အိမ်ထောင်ကံပါ ထည့် ပြောတာ) ...ဆိုလိုက်တော့  အဲ့ တော့ မှ သူ့ အိမ်ထောင်စန်းအကြောင်း ကိုပြောတော့ တာ...

Saturday, September 26, 2015

မရဏကိန်းဆိုတာနဲ့ တန်းသေရမယ့် အပေါက်...


မရဏကိန်းဆိုတာနဲ့ တန်းသေရမယ့် အပေါက်...
---------------------
အခု အသက် ၃၉ ကြာသာပတေး သက်ရောက်ထဲဝင်သွားတဲ့  ၂ သောကြာအဓီပတိဖွား ပညာတတ်ကျားတစ်ယောက်ပေါ့ ..၂ ခေါ်က်မြောက်ရောက်လာတာ ၊ ၃၈ စနေ ဖြတ်တုန်းက လစိတ်ဆိုးတွေမှာ စိတ်တွေ ကသောင်းကနင်းဖြစ်ခဲ့ တယ် သူလာတော့  လွတ်တောင်လွတ်ခါနီးနေပြီ ဒါနဲ့  အရွက်ယတြာလေးလောက်ပြော စိတ်ထားနည်း လေးပြောလိုက်တော့  ဟန်ကျသွားတယ်

အခုလာတော့  ကျနော်က ၃၉ထဲရောက်ရင် ပြန်လာပေါ့ လို့  ပြန်ခေါ်ထားလို့  တဲ့  သြော် ဟုတ်လား..အဟီးး.မေ့ နေပြီလို့  ဒီလိုပဲ မေ့ တတ်တယ်လို့  .ဒါနဲ့ ပြန်ကံချိန်ပြီး နေနည်းထိုင်နည်းလေးတွေနဲ့  ကြာသာပတေးသက်ရောက်မှာ ရတတ်တဲ့ အခွင့် အလမ်းလေးတွေပြော အရွက်ယတြာတွေ စတိုင်သစ်ချိန်း ပြောတော့  တက်ကြွလာတယ်...

၉လိုင်း ၈၇ ပုတိ သောကြာသားသင်္ဘောနဲ့  ၇လပိုင်း ၈၇ ပုတိသောကြာသမီး လင်မယားအတွက် ရှေ့ ရေးတိုင်ပင်ကြခန်း



၉လိုင်း ၈၇ ပုတိ သောကြာသားသင်္ဘောနဲ့  ၇လပိုင်း ၈၇ ပုတိသောကြာသမီး လင်မယားအတွက် ရှေ့ ရေးတိုင်ပင်ကြခန်း
-------------
၂ယောက်စလုံး ၅ သောကြာချည်းဖြစ်တော့  ဒီသောကြာသား သင်္ဘောသား ဖြစ်နေတာဟာ ဘ၀တစ်သက်တာ အသက်မွေးဝမ်းကြောင်းအလုပ်သဘောဆန်ပြီ
ကုန်ပေါ် အလုပ် အခြေပြန်ချဖို့  အလွယ်နဲ့ မဖြစ်နိုင်တော့ ဘူးပေါ့ လေ..

သူတို့ လင်မယား အသက်၂၈ မှာ စ လာခဲ့ တယ် စလာတုန်းက သောကြာသားဟာ သင်္ဘောပြန်တက်ရကောင်းမလား အိမ်အမွေကိစ္စ ရှင်းပြီးတဲ့အထိ စောင့် ရမလားဆိုပြီး လမ်း ၂ကြောင်း ကိစ္စ အုံးစားပြီးတော့ လာခဲ့ တယ်...အမွေအိမ်က ညီအစ်ကို ၂ယောက်ဆိုင်ဖြစ်တယ် အစ်ကိုနေတယ်..အစ်ကိုက တာဝန်ရှိတာသိပြီး  မငြင်းဆန်ပေမယ့်  ၀ါးတားတားတွေဖြစ်နေတယ် .သင်္ဘောကလည်းခေါ်နေပြီ....

Monday, September 21, 2015

ဗေဒင်အကြံ

ဗေဒင်အကြံ
---------
ဗေဒင်အကြံပါပဲ...အဲ့ ကားဝပ်ရှော့ ဆရာရဲ့ မိန်းမက ကားအပ်ထည်တွေနည်းနေလို့ ဆိုလာတော့  ကားပြင်နေကျနေရာတစ်ဝိုက်ကို လဘက်သားရေစိမ်ရေမွှေးစွပ်ပြီး အဲ့  လဘက်သားရေမွှေးရေနဲ့ လက်နဲ့ လိုက်တောက်လိုက် ၂ရက်၃ရက်ပေါ့ လို့  တပွဲတိုးယတြာပေးခဲ့ လည်း အလုပ်ဖြစ်သွားတာပါပဲ
ရွှေပန်းတိမ်သမားက ရွှေအပ်ထည်နဲနေလို့ ဆိုလာလို့  ကြက်သွန်နီတစ်လုံး ရေခဏစိမ်ရေမွှေးစွတ် ပန်းတိမ်လုပ်တဲ့ ခုံတစ်ဝိုက် အဲ့ ကြက်သွန်နီစိမ်ထားတဲ့ ရေမွှေးရေနဲ့  လက်နဲ့ လိုက်တာက်လိုက် ၂ရက်၃ရက်လောက်ပေါ့ လို့ လည်း ယတြာပေးခဲ့ တာ အလုပ်ပြန်ကျလာတယ်
သဘောက လူ့ လောက သဘောမှာ ပြဿနာ အကျပ်အတည်းဆိုတာ ပုံစံမျိုးစုံနဲ့ လာတာဖြစ်လို့  ဘယ်လိုပုံစံနဲ့ လာလာ ဘေ့ စစ် သီအိုရီတွေကို ကိုင်ထားပြီး တွေးဆယူပြီး ဖြေရှင်းယူရတယ်ပေါ့ လေ...တပွဲတိုးနဲ့ ပြီးမှာလာ ရေရှည်ကိစ္စတွေလားကိုလည်း ခွဲခြားယူရသေးတယ်...
-----------------------
ပဉ္စပွတ်ပေးတာလားဆြာ


Na Win Thi Ha ဓါတ်မိတ်တွေ သုံးသွားတာပါ.တနင်္ဂနွေနံကိစ္စ အဆင်ပြေဖို့ ဆို ပိတောက်၊ တနင်္လာနံ လဘက်၊ အင်္ဂါနံ သရက် ဟူးနံ ကသစ်ကြက်သွန် ကြာတေးနံ အင်ကြင်းအကျော် သောကြာနံဇီဇ၀ါဇလပ် စနေနံ အာလူး တွေပေါ့  ဒါတွေကို တပွဲတိုး အဆင်ပြေအောင်သုံးတာ တပွဲတိုးဆိုတာ တစ်ချို့ ဓါတ်မိတ်တွေက ဆိုက်အဖက်ရှိတယ် ဥပမာ ကြာတေးနံအတွက် သုံးတဲ့  အင်ကြင်း က အခါတိုင်အရ ကြာသာပတေးသားသမီးတွေ ရဲ့  မတွန့် စေရ ကျီးအာ ကြက်ဥ အတွဲရဲ့ ပြောင်းပြန်အပျက် အတွဲနံဖြစ်နေတယ် ဒီတော့  ကြာသာတေးနံ ကိစ္စ အဆင်ပြေအောင် အင်ကြင်းကို ကြာသာပတေးသားသမီးတွေက ကြာကြာသုံးရင် သူ့ ကြာသာပတေးနံ မူလ တွေးခေါ်မှု့ တွေ ကြောင်လာတာမျိုး ကျမ္မာရေးညံ့ လာတာမျိုး လူကြီးသူမတွေနဲ့  အဆင်မပြေတော့ တာမျိုး ဆိုက်အဖက်ဝင်လာတတ်တယ်.


ဓမ္မ နဲ့ အဓမ္မ

ဓမ္မ နဲ့ အဓမ္မ
-------------------
သူမ လာရင် ပြုံးပျော်လို့ ကြို
သူမ ပြန်ရင် လွမ်းလို့ ဖြင့် ကျန်ခဲ့ တယ်

ဟိုသူတို့ လာရင် သောကစိတ်ဝင်
ဟိုသူတို့ ပြန်ရင် ဒေါသနဲ့ ကျန်ခဲ့ တယ်...