'' ဗေဒင်အကြောင်းလေးတွေနဲ့  အတွေ့ အကြုံတွေ ရေးဖို့  ''တဲ''လေး တစ်ခုလောက်ပါပဲ ဒါထက် ပိုမရည်ရွယ်ပါဘူး ''...
Sunday, August 21, 2016
ရထား../ မမ ရထား
ရထား
-
'' ရထားပြူတင်းကနေ ဖြတ် ဖြတ်ဝင်လာတဲ့  လွတ်လပ် လေအေးလေးတွေကလည်း
ကိုယ့် မျက်နှာပြင်ကို တစ်ချက်ချက် ခပ်ပြင်းပြင်းလေး ၀င်ဝင်တိုးလို့ ပေါ့ ... ''
MYANMAR RAILWAYS ဆိုတဲ့ စာလုံးတို့  Train Journey MYANMAR စာလုံး တို့  Train စာလုံးတွေကို ယူကျု့ မှာ တစ်လုံးစီ လျှောက် ရိုက်လိုက် တန်းစီကျလာတာတွေ လိုက်ကြည့် လိုက်နဲ့  ညကတော့ ယူကျူ့ ကနေ ရထား လိုက်စီးတာ မြို့ ပတ်ရထားတွေရော မြန်မာပြည်အနှံ့  ရထား ခရီးတွေရော စုံသွားတာပဲဗျား... 😁 ယူကျူ့ မှာ မမ အကြောင်း တိုးတွေ တင်ထားတဲ့  ဒေါ်ကူတွေ တိုး ခရီးအတွေ့ အကြုံတွေ မနဲဘူးပဲ..၊ အနောက်သား အဖြူတစ်ချို့ ကတော့  ရထားတွေက ရေရေလည်လည် ခုန်တယ်ဆိုပဲ :P တစ်ချို့ က ကမ္ဘာ့ အခုန်ဆုံးရထားတွေတဲ့  😁 ရယ်ရယ်မောမောနဲ့ ဟာသ လုပ်ပြော သွားကြသေးတယ် ."horse train". လို့ ရေးထားတာတောင်တွေ့ ရသေး 😁 ။ .ရထားလမ်းဘေးဝဲယာက ရှု့ ခင်းတွေကိုတော့  အတော်သဘောကျ ကျတယ် ဂုတ်ထိပ် ရှု့ ခင်း အလှကို ထောင့် ပုံစုံက မှတ်တမ်းတင်ပြီးတော့လဲ သဘောကျ ကျတယ် ၊ တစ်ချို့ က "circular train" ဆိုပြီး မြို့ ပတ်ရထား လိုက်စီးပြီး ရထားလမ်းဘေးတွေက လူနေမှု့ ဘ၀တွေ ဘူတာရုံနားကဈေးတွေကို လိုက်မှတ်တမ်း တင်ပြီး မြို့ ပြ လူနေမှု့ တွေရဲ့  နေ့ တဓူဝ ဘ၀ အစစ်တွေ တွေ့ ရလို့ ဆိုပြီး သဘောကျနေတာမျိုးလည်းတွေ့ ရတယ်..နိုင်ငံစုံက ရထားအကြောင်းတွေ တစ်ပုံချည်းရှိပေမယ့်  ဘတ်ဂျက်အရ အကုန်လိုက်မကြည့် နိုင်ဘူး :'(
ဒါနဲ့ မြန်မာပြည်ပြည်ထဲက ရထားပေါင်းစုံပဲလိုက်ကြည့် တာ ဒါတောင် ဘတ်ဂျက် သဘောအရ ပေရှည်နေရင် ခုန်ကျော် ကြည့် လိုက်ရတာကပါသေးတယ် :P ကိုယ်သိချင်နေတာက ကိုယ့် မြန်မာပြည်ကို ပြည်ပသားစစ်စစ် တိုး တွေက ဘယ်လိုမြင်ကြလဲပေါ့ လေ ( အဲ့ မှာ ကြည့် ပါများလာတော့ ) တိုး တောင် အင်တိုးနဲ့  အမှန်အကန်တိုးက ကွာသေးတယ် :P ရထားပေါင်းစုံနဲ့  အထက်မြန်မာပြည် အောက်မြန်မာပြည် ရထားလမ်းပိုင်းပေါင်းစုံတွေ ကြည့် လိုက်ရတာ မြန်မာပြည် တစ်နံတစ်လျား ရောက် သွားသလိုပဲ...တစ်နေ့ နေ့ တော့  ရထားစီး ဟိုင်းဝေး ခရီးထွက်ဦးမှာပါလို့ တော့ တွေးမိသေးတယ်........
ရထားစီးရတာ အရင်ကတည်းက သဘောကျတော့ လေ..အဲ့ မှာ ရထားသွားနေတုန်း ရထားဘီးတွေ နဲ့  သံလမ်း အဆက်တွေ ဖြတ်တိုင်း ထွက်ထွက်လာနေတဲ့  ဟာမိုနီကျကျ စည်းချက်မှန်မှန်နဲ့  ဂလုပ် ဂလုပ် ဂလက်ဂလက် ဂလုပ် ဂလုပ် ဂလက်ဂလက် မြည်သံတွေ
( တစ်ခါတစ်လေ အဲ့ မြည်သံလေးကို နရီစည်းချက်မှန်မှန်နဲ့ ထွက်လာနေတဲ့  ဂီတသံလေးလို နားဆင်ရင် မျက်လုံးလေး အသာမှိတ်မှေးလို့  အိပ်လိုက်လာရတဲ့ အရသာ ခံစားမှု့ တွေ)
ချောင်းကျယ်တံတား မြစ်ကျယ် တံတားတွေပေါ်က ဖြတ်သွား ချိန် ရေပြင်ကျယ် လေဟာနယ်နဲ့ တံတားသံဘောင်တွေကြားက အသံလှိုင်း ပြန်ရိုက်ပြီး...ဝေါ....ဆိုတဲ့  လှိုင်သံတွေ ထွက်လာတဲ့ အသံမျိုးတွေ ၊
ရထားရပ်တုံး ရထားပေါ်ကနေ ရထားအောက်က ဈေးသည်တွေဆီက ရထားပြန်မထွက်ခင် အချိန်လုပြီး သည်းထိပ်ရင်ဖို တစ်ခုခု ၀ယ်စားရတာတွေ
ရထားသွားနေတုန်း ရထားပြူတင်းကနေ မြင်နေရတဲ့  လယ်ကွင်းကျယ်ကြီးတွေ ဟိုးအဝေးက ပြာလဲ့ လဲ မှုံရီဝေမှိုင်းနေတဲ့ တောင်တန်းပြာကြီးတွေ တစ်မျှော်တစ်ခေါ် ကြီး မြင်နေရတဲ့ ယာခင်းပြင်ကြီးတွေ ရေစပ်စပ် လယ်ကွင်းထဲက ငါးစောင့် နေတဲ့  ဗျိုင်းဖြူဖြူကြီးတွေ...တစ်ခါတစ်လေ ရထားနဲ့ အပြင် လိုက်ပျံ လာတတ်တဲ့ ငှက်ကလေးတွေ.....
နေက အနောက်ကို ကျလုလု မှာ နေညိုချိန် ရွှေအိုရောင် သန်းနေတဲ့ နေလုံးကြီးနဲ့ အတူ တစ်စ တစ်စ အလင်းဖျော့ လာတဲ့  ကောင်းကင်ကြီး နဲ့  အိပ်တန်းပျံ ငှက်အုပ်လေးတွေ ဗျိုင်းအုပ်လေးတွေ လင်းဆွဲအုပ်တွေကို ခပ်မြန်မြန် အမြန်နှုံးတင်ပြီး သွားနေတဲ့  ရထားပေါ်ကနေ လှမ်းတွေ့ ရတဲ့ မြင်ကွင်း ကျယ်ကြီးတွေ...တစ်ခါတစ်ခါ ရထားလမ်းဘေး လမ်းကွင်းထဲက လယ်ရဲ့  သမီးပျိုတစ်ချို့  လယ်စိုက်နေရာက ရပ်ပြီး ရထားကို လက်ပြနှုတ်ဆက်တော့  ကိုယ်တွေကလည်း ရထားပေါ်ကနေ ပြန်လက်ပြ နှုတ်ဆက်ရတဲ့ အပျော်လေးတွေ ....
'' အလွမ်းတွေထဲမှာ နေညိုချိန် တိမ်တစ်ချို့ ကလဲ တောက်ပ အလင်းပြန်လို့  အဲ့ ဒီ့ အချိန် တလှုပ်လှုပ်နဲ့ သွားနေတဲ့  ရထားပြူတင်းပေါက်ကနေ အဝေး မြင်ကွင်းကျယ် ကောင်းကင်ပြင်ကြီးကို မျှော်ငေးပြီး လွမ်းရတာ ...ဘယ်လို လွမ်းလို့ လွမ်းမှန်းကို မသိဘူး လွမ်းမိတာပဲ သိတော့တာမျိုးပဲ ''
ရထားပြူတင်းကနေ ဖြတ်ဖြတ်ဝင်လာတဲ့  လွတ်လပ် လေအေးလေးတွေကလည်း ကိုယ့် မျက်နှာပြင်ကို တစ်ချက်ချက် ခပ်ပြင်းပြငိးလေး ၀င်ဝင်တိုးလို့ ပေါ့ ...
-----------------------------
မမရထား
--
ယူကျူ့ ထဲမှာ နိုင်ငံစုံက ရထားတွေ ရထားလမ်းတွေအကြောင်း ပတ်ကြည့် နေတာအတော်များပြီ ကျည်ဆံရထားအတွေအကြောင်းရောပေါ့ လေ..ကိုယ့် နိုင်ငံက ရထားတွေအကြောင်းလည်းပါပေါ့  အဲ့ မှာ ကိုယ့် နိုင်ထက် အများကြီးသာတဲ့ အနေအထားတွေရော သိပ်မကွာတဲ့ အနေအထားတွေ ပိုဆိုးတဲ့  အနေအထားတွေပါ တွေ့ ရတာပေါ့ လေ..ကိုယ့် ဆီကရထားတွေကိုတော့  ခုန်တဲ့ ကိစ္စကိုပြောတာ အတော်များများတွေ့ ရတယ်၊ ကျနော်တို့ ကတော့ ရိုးသလိုတောင်ဖြစ်လို့ ပျော်စရာတစ်မျိုးတောင်လုပ်ပြီး ဟာသဖေါက်လိုက်တတ်ပေမယ့် တိုး တွေကတော့ အံ့ သြရယ်မောလို့ ပေါ့  သူတို့ အများစုက ဒီလို ခုန်တဲ့ ရထားမျိုးတွေစီးခဲ့ ဖူးပုံမရလောက်ဘူး..။ :)
အဲ့ လိုတွေ လိုက်ကြည့် ရင်း ဟိုက်စပိ ကျည်ဆံရထားတွေ အကြောင်း လိုက်ကြည့် တော့  စီးချင်စရာကောင်းလောက်အောင် ရထားတွေက လွှတ်ကောင်း လွှတ်သားနားပြီး ရေရေလည်လည်မြန်လွန်းတယ်ပေါ့ လေ..မြန်ချက်က ရထားပြူတင်းဆို အကုန် အသေ ပိတ်ထား ရထားသွားနေတုန်း ပြင်ပရှု့ ခင်းဆို ရိပ်ကနဲ ရိပ်ကနဲပဲ ပြင်ပကမ္ဘာကို အရသာခံကြည့် ဖို့  ဘာမှကောင်းကောင်း မမြင်လိုက်ရအောင် မြန်လွန်းပေါ့ 
မြန်လွန်းချက်နဲ့  ရထားတွဲအတွင်းပိုင်းထဲက ဖက်စက်လတီတွေက ရထားက ရထားနဲ့ တောင် မတူတော့ သလိုလိုပဲ... 😁
.အဲ့ မှာ ကိုယ့် နိုင်ငံက အကောင်းဆုံး အမြန်ဆုံး အမြန်ရထား ဆိုတာတောင် ရထားခုတ်နေတုံး ပြူတင်းပေါက်ကိုလဲ ဖွင့် ထားလို့ ရသေးတယ် ရထားလမ်းဘေး ၀ဲယာရှု့ ခင်းတွေကိုလည်း ကြည့် လို့ ရသေးတယ် ရထားလမ်းဘေး လယ်ကွင်းပြင်တွေကို ဖြတ်တိုင်လာတဲ့  ကွင်းလေတွေကိုလည်း ထိတွေ့ ခွင့် ရသေးတယ် ရထားပြူတင်းကနေ လက်ထုတ်ပြီးဆော့ လို့ ရသေးတယ် ရထားပေါ်ကနေ နေ၀င်သွားတဲ့ အလှ နေထွက်လာတဲ့ ရှု့ ခင်းတွေကိုလည်း ငေးမော စိတ်ကူးယဉ်လို့ ရသေးတယ် လမ်းဘူတာတွေ ခဏရပ်တုန်း အဲ့ ဒီက ဒေသထွက် ရိုးရာ အစားအစာမျိုးစုံတွေလည်း ၀ယ်စားလို့ ရသေးပေါ့ ..ရထားသွားနေတုန်း ပြူတင်းပေါက်ကနေ မျက်နှာခဏထုတ်ပြီး လေတိုးခံရတာလည်း ပျော်စရာတစ်မျိုးလေးပေါ့ လေ... :P 😁
အဲ့ လိုတွေးမိလိုက်တော့  သံလမ်းပေါ်ကနေ ရထားသံဘီးတွေများ လေထဲ လွတ်သွားပြီလားလို့  ထင်ရလောက်အောင် တစ်ချက်တစ်ချက် မြင်းလို ခုန်ခုန်သွားတတ်တာ အရမ်းလွှဲလိုက်တဲ့ ပုခက်လို မှောက်များမှောက်တော့ မလားအထိ ဟာသလုပ် အချင်းချင်း ရယ်မော တွေးယူလိုက်ရအောင် ဘယ်ညာ တအား ယိမ်းထိုးသွားတာမျိုးလေးကလွဲရင် သိပ်မမြန်လွန်းတဲ့ ရထားစီးရတာကလည်း ကျည်ဆန်ရထားတွေမှာ မရနိုင်တဲ့ အပျော်လေးတွေကို ရနေတာမျိုးပဲလို့  😁
'' အမေ့  အံသွားအကျိုးလေးဟာ...''
'' အမေ့  အံသွားအကျိုးလေးဟာ...''
--------------------
လူ့  ဒက်ဘော်ဒီတွေကို မြစ်ဝကျွန်းပေါ် ပြည်တွင်းစစ်ကာလက နေ့ ချင်းပြီး ပြီးပြီးရော အဖြစ်သဘော ဖျာလိပ် အစုတ်နဲ့ ပတ် ချခဲ့ ရသလို....
----------
နဲနဲ အခြေအနေပေးရင် ပကာသား နဲ့  အရပ်ကူပါ လူဝိုင်းပါနဲ့  ကြုံသလို အခေါင်းထစပ် ....လုပ်တိုင်းကုန်းဆီသို့ ..
-------------
ဒိထက်ဆို...ခေတ်သစ် သင်းချိုင်းမှုးတွေ ကို လာဘ်ထိုး ကျွန်းခေါင်းလေးဆို ဘယ်လောက်ကျမလဲ ဆရာ. ...ဆရာ ဆရာချင်း တွင်တွင်ဆို ညွှတ်နူး တိုးလျိုးလို့ ...
--------------------------------------------
ဒက်ဘော်ဒီ ဖြစ်သွားယုံနဲ့  လူတွေဟာ သေရင် ဒါပါပဲလို့  ဆင်ခြင်လိုက်ရင်....စာဆင်ခြင်ပြယုံနဲ့  လွယ်ရိုးလား.....
-------------------------------------------------]
ဒက်ဘော်ဒီ သက်သက် သဘောသာဆိုခဲ့ရင်........
---------------------------------------
ဓါတ်တော် မွေတော်တွေ ပူဇော် သဘောတွေလည်း ဖြစ်လာမှ မဟုတ်သလို....
အာဇာနည်နေ့ တွေ ဘာတွေ ဆိုတာလည်း ဖြစ်လာမှာ မဟုတ်တော့ ဘူး...
---------
ဒက်ဘော်ဒီတွေ တွေကို.....အထူးထူး အပြားပြား.....ပူဇော်ခြင်း....အလေးအမြတ်ပြုခြင်း ဆိုတာတွေဟာ ................
---------------------
ရုပ်ပစ္စည်း သဘောတွေကိုထက် အမည်နာမ သီလ သမာဓိ ပညာ အနန္တ ဂုဏ် ကျေးဇူးတွေရဲ့  ဂုဏ်ရည် သဘောကိုသာ ဦးညွှတ်ခြင်းဖြစ်တယ်။
--------------
အမေ့ ရဲ့ အံသွား အကျိုးလေးဟာ အမေ့ ကို ချစ်တဲ့  သားအတွက် သားရဲ့ လည်ပင်းမှာ အမွန်တမြတ် ဆွဲထားတဲ့  ဆွဲကြိုး လောကက်သီးလေး ဖြစ်ခဲ့ တယ်.....
--------------------
Thursday, July 28, 2016
ကမ္ဘာပျက်မိုး
ကမ္ဘာပျက်မိုး
-----------
မိုး
ခါတစ်ရံ
သည်းသည်းမဲမဲ
ရွာချနေပေမယ့် 
မအေးနိုင်
သောကမိုးက
ကမ္ဘာပျက်မိုးလို...။
သင်းကွဲ
သင်းကွဲ
--------
ခြိမ်းခြောက်လွန်းတယ်လို့ 
ထင်ရတဲ့ လေသံမျိုးတွေ .......
အသားလွတ်
ဆရာကျပြတယ်လို့ 
့ထင်မိတဲ့ လေသံမျိုးတွေကို
မကြိုက်ဘူး....
အဲ့ ကနေစပြီး...
ကျနော်ဟာ...
ကျနော် နဲ့ ကျနော်သာ
အပေါင်းအဖေါ် တွေလို ဖြစ်လာတော့ တယ်။
Wednesday, July 27, 2016
'' အခါတိုင်''
ကျနော်တို့ လိုင်းမှာ '' အခါတိုင်'' ဟာ အရေးပါတဲ့  ကဏ္ဍမှာ ရှိပါတယ် ..
.မေးသူက
'' အိမ်'' ရောင်းချင်လို့  လို့ ဆိုလာတဲ့ အခါ အခါတိုင်ဟာ စန္ဒရော တိုင် (၀ါ) တနင်္လာတိုင် မှာ
သူပြောတဲ့  အိမ် ဆိုတဲ့  တနင်္ဂနွေနံ ခိုက်မှာ (၀ါ) အမြစ် မှာ ရောက်နေရင်..
ပြီးပြီးရော အလွယ်လေး ကြုံရာ သိရာ ဖတ်ထားမှတ်ထားဖူးရာ ဓါတ်ယတြာတွေပေးလိုက်လို့  အလုပ်မဖြစ်တတ်ပါဘူး ဇွတ်လုပ်ရင် လူမှာ မိသားစုမှာ အန္တရာယ်လည်း ပြန်ဖြစ်လာတတ်ပါတယ်
ခိုက် ပစ္စည်းဟာ ကိုယ့် သဘောတစ်ခုတင်မပြီး အစုအစပ်ပိုင် အမွေဆိုင် အမှု့  ကံ သတ္တိဆိုး အကြောင်းတစ်ခုခု နောက်ကွယ်မှာ ပါလာလေ့ ရှိပါတယ် ...
အရောင်းတင်မက အ၀ယ်လည်း အန္တရာယ်မကင်းတတ် သဘောတရား ရှိပါတယ်...
.အဲ့ မှာ အိမ် ဟာ ဘယ်သူပိုင်တာလည်း အစုအစပ်လား အမွေဆိုင်လား အမှုတန်းလန်းလား စသဖြင့်  အများကြီး မေးစမ်းရပါတယ် ချိန်ဆရပါတယ်
လိုအပ်ရင် အချိန်တစ်ခုကို စောင့် ခိုင်းရတတ်ပါတယ်.... ကျန်တဲ့ အခါတိုင်ရဲ့  ခိုက် နံ သတ္တိတွေဟာလည်း ဒီသဘော ရှိကြပါတယ်
နောက်မှ ဘာဖြစ်ဖြစ် လာတုန်းကြုံတုန်း ယတြာတောင်းတုန်း တစ်ခုခု စိတ်ကျေနပ်အောင် ယတြာပေးလိုက်တာ အေးပါတယ်ဆိုရင်တော့ ..ယတြာပေါင်း သောင်းခြောက်ထောင်။
Tuesday, July 26, 2016
ပယောဂ မဟုတ်ဖူးဆိုတာ ကိုက
သူ့ မအေနဲ့ လာတဲ့  တစ်ဦးတည်းသောသမီး ဖြစ်တဲ့  မအေလည်း ခပ်၀၀ သူလေးလည်း ခပ်၀၀ အဲ့ ကောင်မလေး က စပြောလာတာက ခုတလော ငိုလည်း ငိုချင်နေတယ် အလိုလို ၀မ်းနည်းပြီး ခဏခဏလည်း
မျက်ရည်ကျတတ်နေတယ် သတ်လည်းသေချင်စိတ်တွေ ပေါက်နေတယ်လို့  မအေ့ ရှေ့ မှာ ကိုယ်တိုင် ဆိုလာတယ် မအေက သမီးနောက်ကနေ သောက မျက်ဝန်းတွေနဲ့  ( ဂုရုတိုင်) မွေးသက္ကရာဇ် လေးဆိုတော့  ၉၆ ၈လပိုင်းဖွား ဗုဒ္ဓဟူးသမီး ဗုဒ္ဓဟူးနေ့  မနက် ၉ ခွဲ မွေး တဲ့  ၊ ရူပကာကို နဲနဲ လျှိုးလိုက်တော့  ပုံမှန် ဥပဓိရှင်လေးပဲ..စကားတွေသာလွှတ်နေတာ တကယ်လုပ်မယ့် ဟန်မရှိ ...( ဒါပေမယ့်  သုညတွေ ရဲ့  စိတ်ပိုင်းဆိုင်ရာသဘောကို လျှော့ တော့ မတွက်ပါဘူး )
( သိနေပြီ သူ့ ကို တစ်ယောက်ယောက်က တစ်ခုခုနဲ့ များ လုပ်ထားသလား လို့ မသင်မကာ ဖြစ်လို့  လာမေးတဲ့ သဘော)
သုည ဗုဒ္ဓဟူးသမီး အဓိပတိဖွား စိတ်ဝါဒီတွေ မွေးချိန်သောရီတိုင် သုညကြွင်းပဲဇာတိစိတ်သမားပဲ ထပ်ဖြစ်နေ သဘောက မူလရော မွေးချိန် အရပါ စိတ်ခံစားမှု့ အားကြီးတဲ့  နှစ်ထပ်ကွမ်း ဗုဒ္ဓဟူး အဓိပတိဘွန်းလို ဖြစ်နေတာ မွေးလက ၈ လပိုင်းတဲ့  ဒါဆို အခု ၇ လပိုင်းဟာ မွေးလပြန်ဝင်ခါနီး တစ်လအလို အင်္ဂါ မရဏလစိတ် ( အသက်၂၀ ရာဟု ဆန်းပွင့် အပျော်သက်ရောက်ကနေ အသက် ၂၁ သောကြာလွတ်လပ်ဂြိုလ်ကို ၀င်ခါနီးကာလလေး တစ်ဦးတည်းသော သမီးဘ၀လေးက ရုပ်ဘ၀ အဖေါ်မဲ့ အထီးကျန်သဘောကနေ စိတ်က လွတ်လပ်ဖရီးပျံသန်းလွန်းချင်နေတဲ့  သဘော ဖီးလ်တွေက လူကိုတွေးလိုက်တိုင်းဝမ်းနေစတဲ့  သဘော.
ဘာပယောဂမှ မဟုတ်ပေဘူး
အဲ့ သဘောတရားတွေ သမီးရော မအေပါ နားဝင်ချို အောင် နားလည်လွယ်အောင် ဂြိုလ်ပြဿနာသက်သက်သာဖြစ်ကြောင်း နားသွင်း...ဖွင့် ဆို ရှင်းပြ မတွန့် စေရ ယတြာတွေပေး လပိုင်းလေး ယာယီသဘော အာရုံတွေ လွင့် ပျံ့ သဘောလေးလောက် ပါ မွေးလ ၈ လပိုင်း မွေးရင်ကျော်တာနဲ့  ပုံမှန် ဘ၀လေးထဲပြန်ရောက်သွားမှာပါပြော အားပေး ဒီဇာတာတွေက ဒီလိုပဲ တွေးယုံနဲ့ တင် မျက်ရည်က ကျတတ် တနုံ့ နုံ့ လည်း ခံစားတာ အမှတ်အတေးလည်းကြီးတတ် စိတ်ဖိအားများစလာရင် သွေးပေါက်တောင်ကျတတ် သွေးပေါင်ကျလာရင် နှလုံးခုန်မှု့ က ပုံမမှန်တော့ တတ် ၀မ်းနည်းစရာများတွေမိရင် မျက်လုံးက မျက်ရည်တွေက သူ့ ဟာသူကျလာတတ်တဲ့  သဘောရှိတယ် ဘာမှမဟုတ်ဘူး စိတ်ထွက်ပေါက်မရလို့ ဘာညာ ဘာညာ
မအေရော သမီးပါ ရယ်ရယ်မောမော ဖြစ်သွား ပယောဂ မဟုတ်ဖူးဆိုတာ ကိုက စိတ်သက်သာရာရသွားပုံ
Subscribe to:
Posts (Atom)