Saturday, November 21, 2015

ဖွဘုတ် ဂရုထဲက စာပေါင်းစုံ...

ဖွဘုတ် ဂရုထဲက စာပေါင်းစုံ...

ဗေဒင်သာလုပ်နေတာ ဗေဒင်ကို ဟဲဗီးကြီး စွဲ မနေတတ်ဖူး.( ကျနော် တစ်ခါက ရေးပြဖူးသလိုပဲ ဗေဒင်လိုက်ရင်းကနေ ဗေဒင်ထောင်ထဲ ကျနေသလို ဖြစ်လာပြီထင်လာတယ် မလွတ်လပ်တော့ ဘူးလို့ ထင်လာတာနဲ့  တဖြည်းဖြည်း ပြန်ဆုတ်ခဲ့ တယ် ဓမ္မစာပေတွေဖက်ပြန်သွားတယ် ကံ သဘောတွေဖက်ပြန်နှလုံးသွင်းနေခဲ့ တယ်ပေါ့ ဗျာ )...
..ဒါပေမယ့်  ဟဲဗီးကြီး စွဲနေတဲ့  အံ့ ဖွယ် လူသားတွေလဲ ကြုံခဲ့ ဖူးတယ်....သူ့ အစွဲထဲက တစ်ကွက်က..
''ကြိစတု နင်းကြမ်းပြု '' ဆိုတာကို ပုံသေယူလိုက်ပြီး နင်းကြမ်းကို အမြဲ နင်းထားရင် ကောင်းတယ် လုံခြုံတယ်လို့  ထင်မှတ်သွားပုံရပါတယ်...လုပ်ပုံက..သူစီးနေကျ  မန္တလေး ခြေညှပ် ဖိနပ် ဆိုးလ် ကို ခွာပြီး  ဘယ် ညာ နှစ်ဖက်မှာ တြိရန်းအသားလေး နဲ့  စတုရန်းအသားလေးကိုထည့်  သားရည်ကပ်ကော်နဲ့ ပြန်ကပ်ပြီး အမြဲစီးနေတော့ တာပါပဲ...စီးပေမယ့်  ဒိုင်လျိုစီးတာမျိုးမဟုတ်ပဲ ပညာယူတွေ အချင်းချင်းကို သူ့ ဖိနပ်မှာ အဲ့ ဒီလို ထည့် ထားတဲ့ အကြောင်းကို ပညာအပေါ်ဘ်ာလောက်တောင်အားကိုးတယ် ယုံပါတယ်
လက်တွေ့  ဘယ်လိုသုံးနေပါတယ် ဆိုတဲ့ အကြောင်း အသိပေးတဲ့  အနေနဲ့  ပြောပြလိုက်ပါသေးတယ်...ရယ်ချင်မိပေမယ့်  သူ့ ရှေ့ မှာတော့  ပေါ်တင်မရယ်ခဲ့ ပါဘူး...တွေးမိတာကတော့ လူတစ်ချို့ တွေရဲ့  ယုံကြည်မှု့ သဘောဟာ  ယုံလောက်စရာကို ယုံပြီဆိုရင်  အဲ့ ဒီလောက်ကို ယုံတတ်ပါလားလို့ တွေးမိပါတယ်ပေါ့ ဗျာ..
-
-------------------------------------------------------
ကျနော် ဗေဒင်လုပ်ခဲ့ တာ ကြာပြီ ဒီတော့  လူတွေအများကြီးကိုတွေ့ ခဲ့ ပြီ ဒီတော့  ဗေဒင်မှာ ဘာအဓိက ဖြစ်နေလဲဆိုတာကို ကျနော့် ကိုယ်တွေ့ နဲ့ ပြန်ပြောပြနေတာမျိုး...ဆိုပါတော့  ကျနော့်  ဗေဒင်စတိုင် ဗေဒင်အချုပ်မဟာဘုတ်နိဒါန်း ကို စ စိတ်ဝင်စားတာ စရိုက်တွေ ကို ပြောတာ သဘောကျသွားလို့  စတာ မှန်ပေမယ့်

မှန်တာကမှန်တာသပ်သပ် ကိုယ်အပါအ၀င် လူအများစုက ကိုယ်ထင်တာ ကိုယ်လုပ်တာချည်းများတယ် ဒီဗေဒင်က ဘာလုပ်တာ ကောင်းတယ် ဘာလုပ်တာ မကောင်းဘူး ဘယ်လို ပြောပြော မပြင်တာများတယ် ပြင်ကြည့် လဲ ခဏပဲ မူလစရိုက်ထဲက အပြီးထွက်ရတာ ခက်ကိုခက်တယ် ထမင်းအိုးကွဲနိုင်တဲ့  စရိုက်ဆိုးတွေမဖြစ်အောင်ပဲထိမ်းနိုင်တယ်...
ပြီးတော့  လူအများစု တကယ့် သဘောက ဗေဒင်က လမ်းညွှန်တာ အသာထားဦး မိရိုးဖလာဘာသာရေးက ကောင်တဲ့ လမ်းညွှန်ချက်တွေတောင်  ဒုက္ခမရောက်မချင်း သိပ်ဂရုစိုက်ကြတာမဟုတ်ဖူး

တစ်လျှောက်လုံး လုပ်ခဲ့ ရတာက သက်ရောက် အကြောနပ်ဖို့  နဲ့ ယတြာတွေချည်းပဲ...လူတွေ အများစုက လဲ ဒါ့ အတွက်ချည်း အဓိကလာတာများတယ်...ဒါကြောင့် ကျနော်က
စရိုက်တွေ ဘာဥာဉ် ညာဥာဉ်တွေ ကဏ္ဍကို လျှော့ ချပစ်လိုက်တာ အဲ့ ကဏ္ဍတွေက အွန်လိုင်းပေါ်မှာ ပွထနေအောင်အများကြီး ရေးနေကြ ရေးပြီးသားတွ တစ်ပုံကြီး ကျနော်
ပြန်ရေးပြနေတာ ဘယ်သက်ရောက်မှာ ဘာလုပ်မိလို့  ဘာတွေဖြစ်ကုန်ဆိုတာမျိုးတွေနဲ့  ယတြာ သဘောတွေပေါ့ ဗျာ...ပြီးတော့  လူ့ ဘ၀ တကယ့် ပြဿနာတွေအကြောင်းနဲ့ 
နောက် အတွေးအခေါ် ဒဿနပညာ အရောလေးတွေပေါ့ လေ...

----------------------------------------------------
ဗေဒင်လိုက်စားရတာ အကျိုးအနပ်ဆုံးကိစ္စက ''လစိတ်'' ကို တွေးတောပြလိုက်တဲ့  နည်းကို ကျနော့် ဆရာဆီက ရလိုက်တဲ့ ကိစ္စပါ အဲ့  လစိတ် ကို သိသွားတာလောက် အကျိုးကြီးတာ မရှိဘူးလို့ တောင် ကျနော်က ကျနော့် အတွက်ခံယူတယ် ကျနော် နှစ်ပေါင်းများစွာ ဗေဒင်အလုပ်သက်သက်  တမည်ထဲ နဲ့  ရပ်တည်နိုင်တာ အဲ့ လစိတ်ကို ရလိုက်လို့ ပါ....



ဘာကြောင့်  အဲ့ လစိတ်က မှန်နေရတာလဲကိုတော့  အစမလိုက်တော့ ပါဘူး...တိုက်ရိုက်အသုံးချယုံသဘောမှာသာထိုင်လိုက်ပါတော့ တယ်...သဘောက ဘယ်တနင်္ဂနွေသားသမီးမဆို တစ်နှစ်တာမှာ သူတို့ အခက်အခဲအများဆုံး အခြူခြာဆုံး ပြဿနာတက်တာအများဆုံး ဆေးရုံစော်အနံဆုံး လပိုင်းတွေဟာ သူတို့ မွေးလကနေ ရက် ၉၀ ကျော် (၀ါ) ၃လကျော် မှာ စကြုံရလေ့ ရှိပြီး ကြာမြင့် ချိန်က ၄ လ ၀န်းကျင်လောက်ရှီိတယ် သက်ရောက်ကောင်းဆိုးအပေါ်မူတည်ပြီး ဒဏ်ခံရတာ အနဲအများကွာမယ်ပေါ့ 
ဥပမာ ဇန္န၀ါရီလ၁ ရက်နေ့ မွေးတဲ့  တနင်္ဂနွေတိုင်း သူတို့ ဘ၀တစ်လျှောက် အခက်အခဲအများဆုံး ကြုံတတ်တဲ့ လစိတ်တွေဟာ ဧပြီ မေ ဇွန် ဇူလိုင်လတွေမှာ အများဆူံးကြုံရတာဖြစ်တယ်  အဲ့  ၄ လမှာ စီးပွားမှားလဲ့ ရင် တစ်သက်တာ စုဆောင်းလာတွေ တစ်ခါတည်း မြောင်းထဲရောက်သွားနိုင်ပြီး အဲ့  ၄ လကို ထိမ်းသိမ်းနိုင်ရင်
အလွယ်နဲ့ မမွဲနိုင်ဘူးဆိုတာကို ထောက်ပြနိုင်ခဲ့ တယ်....အဲ့ ဒါ လစိတ်တွေ ဟာ ဘ၀ အတွက် အရေးအပါဆုံး နေနည်းထိုင်နည်းတွေ သဘောပေါ့ ...တစ်ခြား ၆ နေ့သားတွေမှာလည်း အဲ့ လို ကံကြမ္မာ အနဲဆုံးလစိတ်တွေ ကိုယ်စီ ရှိနေတယ် ဒါကို တွက်ထုတ်နိုင်ခဲ့ တာကိုဆိုလိုတာပါ..

ပြီးတော့  ကျနော် အဓိက ပေးနေတာလဲ အဲ့ ဒီလစိတ် သဘောကိုပေးနေတာပါပဲ
--------------------------------------

ကိုယ့် ကိုယ်ကိုယ် အရင်ပြန်တွက် နောက်ကြောင်းပြန်ချိန်နေမှ ဗေဒင်က ပိုအလုပ်ဖြစ်လာတာ သများတွေချည်း ဟောပြောနေပြီး ကိုယ်ကတော့  ချောင်ပိတ်ခံနေရတယ်ဆို လူကြားမကောင်းဘူးလေ...အဟီးးး

အဲ့ မှာထပ်တွေးတယ် တနလာလစိတ်မှာ တနင်္လာ နံ အ၀င်ကိန်းရှိနေပြီးသားဖြစ်တယ် အဲ့ လစိတ်မှာ ခွေးစားကျွေးမယ်ပေါ့  ဘာဖြစ်နိုင်သလဲ  ချက်ချင်း ငွေရွှင်လာတယ်ဆိုရင် ခွေးစာကျွေးလို့ ငွေရွှင်လာတာလား တနင်္လာလစိတ်ကို ဘာခွေးစာမှ မကျွေးလဲ ငွေရွှင်တတ်တာပဲ မဟုတ်ဖူးလား သဘော..ဒါက အတွေးကို စတည်ဆောက်တာ....တည်ဆောက်ပြီးမှ လက်တွေ့ စမ်းသတ်မှု့ တွေ သွားတယ်ပေါ့ လေသဘောက ယတြာ တစ်ခုခု ကူလို့  သိသာတဲ့  အကျိုးတွေ ရတာလား ယတြာမပါပဲရော သူ့ ကံနဲ့ သူ ဂွတ်နေတာရောမဖြစ်နိုင်ဘူးလား  ယတြာကူလိုက်ရင် ကောင်းချိန်မျိုးမှာမြန်မြန်ကောင်းသွားတတ်တာမျိုးလားကို တွေးဆတာမျိုး

ပြီးတော့  ယတြာသဘော အပြုအမူ တစ်ခု ထဲကို အကောင်းဆိုတဲ့ လတွေမှာ လုပ်ကြည့် မယ် အညံ့ ဆိုတဲ့  လတွေမှာ လုပ်ကြည့် မယ် ပြန်လာမယ့် အကျိုးသက်ရောက်မှု့ က ဘာကွာမလဲ...ဒီလိုတွေးတော လုပ်တာကိုဆိုလိုတာ အဲ့ ဒါရဲ့  အကျိုးက သူများကို ယတြာ ညွှန်တဲ့ အခါ ကိုယ်ပေးတဲ့ ယတြာရဲ့  အကျိုးသက်ရောက်မှု့  အတိုင်းအတာကို ကြိုတင်ခန့် မှန်းပေးနိုင်လာမယ်

---------------------------------------

လူတွေကိုလေ့ လာရတာ ပျော်စရာလည်းကောင်တယ် စိတ်ဝင်စားစရာလဲကောင်းတယ် နဂိုကကို တွေးတောတာ ၀ါသနာ ပါလာပုံရတယ် ကျောင်းတက်တော့  အဲ့ အတွေးထူပြောတာကို ဓာတ်ဆီလောင်းပေးလိုက်သလို ဖြစ်သွားတယ်...

ဘယ်လောက်အထိ တွေးခဲ့ သလဲဆိုရင် တစ်ချို့  အဖွားအရွယ်တွေက သူတို့  ဒုက္ခတွေ အဆင်ပြေသွားလို့  လက်အုပ်ချီပြီး ဘုန်းကြီးကို ကန်တော့် သလို ကန်တော့်  သွားတာမျိုးကြုံရတတယ်..(  အဲ့ မှာ တေပီဆြာပဲ..ဟီးး..အဲ့ လိုတွေ လ်ုလာရင် မျက်နှာကို မထားတတ်ဘူး )....အဲ့ မှာ တစ်ချို့  အဖွားက ပညာကိုကန်တော့တာပါလို့ 
ပြောပြီးကန်တော့ တယ်...အဲ့ အပြုအမူမှာ အဖွားမှာ ဖြစ်နေတဲ့ စေတနာကို ကျနော်က တွက်လို့ ရတယ် ပညာကို ကန်တော့ တာဖြစ်လို့ ကျနော့် ကို ငရဲမကြီးပါဘူးလို့ 
ဆိုလိုတာလို့ နားလည်နိုင်တယ် ပြီးတော့ ရိုးရာဆန်တဲ့ အဖွားတစ်ချို့ က ရိုးရာဓလေ့ အရ ဗေဒင်ဆရာ ဘိန္ဓောဆရာမျိုး ဆရာဆို ဆရာ့ ဂုဏ်ရည်သဘောမှန်းပြီး ကန်တော့ လိုက်တာမျိုးတွေလဲ ရှိတတ်တယ်...

ကျနော်က အဲ့  အပြုအမူကို ဆက်တွေးတယ် ပညာကို ကန်တော့ တယ်ဆိုတော့  လူမပါဘူးပေါ့ လို့ တွေးတယ် ( ဒါက ထော်လော်ကန့် လန့် တွေးတတ်တဲ့ အကျင့် က ထွက်လာတဲ့  အတွေး)...နောက်ဆက်တွေးတာက လူနဲ့  ပညာကို ဘယ်လို ခွဲလိုက်ပါလိမ့်  ခွဲလို့ ရရဲ့ လား..စသဖြင့်  စသဖြင့်  ဆက်တွေးစရာတွေ အများကြီးထွက်လာတယ်..ဆိုလိုတာကဗျာ
အပြုအမူတွေကို လေ့လာရတာ ပျော်စရာလဲကောင်း တွေးစရာတွေလဲ တစ်ပုံကြီးရတတ်တယ်ပေါ့ ..

ပြဿနာဖြစ်လာတာက ဒီလို အတွေးတွေက  ဗေဒင်ဘက်ကို ပါလာတဲ့ အခါ....တစ်ချို့ ကိစ္စတွေ အယူအဆတွေမှာ ပြဿနာတွေ တက်လာနိုင်စရာ ဖြစ်လာရောလို့ ...အဲ့ မှာ အသာနေရတော့ တာမျိုးတွေ မသိချင်ယောင်ဆောင်နေရတာမျိုးတွေ ရှိလာတယ်ပေါ့ လေ..ခိခိ
-------------------------------------------------------------

 ဗေဒင်တတ် ဗေဒင်သိ ဗေဒင်တွက် ယတြာခြေပြီး ဘ၀ကို ဖြတ်သန်းသွားတဲ့ သူတွေထက် ဘာဗေမှ မဒင်ဘဲ ဘ၀ကို ဖြတ်သန်းသွားတဲ့ သူတွေကို လေ့ လာရတာ ကလည်း တော်တော်ကောင်းတယ်..စတွေးတာက ဘာဗေဒမှ မဒင်တဲ့ သူတွေလဲ ဘ၀ကို ဒီလိုပဲ ရုန်း၍ ကန်၍ ရင်ဆိုင်၍ လုပ်ပြီး ဖြတ်သန်း ပျံသန်းရင် အဆုံးသတ်သွားတာပါပဲ လို့  စတွေးတာကစတာ သူတွေကရော ဘယ်လိုပုံစံနဲ့ ဘ၀ကို အဆုံးသတ်သွားသလဲ ကောင်းရင် ဗေဒင်လမ်းမပါဘဲ ဘာလိုကောင်းနေလဲ မကောင်းရင်ရော ဘာလိုမကောင်းတာလဲ ကိုစတွေးပြန်ကြည့် ...ပြီးတော့  ကိုယ့် ကိုယ်ကိုယ် ပြန်ကြည့် တယ် ဗေဒင်မတတ်ခင်က စတိုင် တတ်ပြီးစတိုင်ပေါ  ဘာပြောင်းလဲသွားလဲပေါ့ .....

အဲ့ တွေးရဲ့ အကျိုးကျေးဇူးက ဘာဗေမှမဒင်လဲ ဘ၀တစ်ခု ကို ဒီလိုပဲ ရုန်း၍ ကန်၍ ရင်ဆိုင်၍ လုပ်ပြီး ဖြတ်သန်းပျံသန်းရင်း နေသွားလို့ ရတာပါပဲလို့ သိသွားတယ်...ပြီးတော့ 
ဘ၀မှာ ဗေဒင်မရှိလဲ တစ်ခြားအရာတွေ ရှိနေသေးတယ်ဆိုတာ တွေ့ တယ်ပေါ့  ဥပမာ ဘာသာရေးတွေ လုပ်ကျင့် ရှိနေတာမျိုးပေါ့ ..ဆိုလိုတာက နေရာတကာ တဗေဒင်ထဲ တဗေဒင် ဖြစ်လာတဲ့ စိတ်ကို ပြန်လျှော့ ချပစ်နိုင်ခဲ့ တာလို့ ဆိုလိုတာ


ကိုယ့် ကိုယ်ကိုယ်ဗေဒင်တွက်ပြီး..
-----------
ကျနော်က ၁ ကြွင်းသောကြာပါ....အတွေ့ အကြုံအရ ၁ အများစုက မတော်တဆမှု့ ဖြစ်ခဲတယ်...ဖြစ်လဲ တစ်သက်တာမှာ အကြိမ်ရေနဲနဲပေါ့ ...ကျနော်ကတော့  ၄ နှစ်သားလောက်ကတည်းက ၂ ထပ်တိုက်ဝရမ်းတာက စပြုတ်ကျတယ်.. ဆန်းရှိတ်သွပ်ပြားပေါ်တင်နေလို့ သာ ပွဲမသိမ်းသွားတာမျိုး...နောက်တော့  မနဲဘူး မတော်တဆမှု့ နဲ့  ကြုံရတာ သေတွင်းကနေ ကပ်ကပ်လွတ်လာတာမျိုး..

နောက်တော့  တက္ကစီဆွဲတယ်...စမောင်းပြီး တစ်လမပြည့် ခင်မှာကို တိုက်ပစ်လိုက်တယ်...နောက်တော့  ဗေဒင်သင်တယ်...သင်နေရင်းကို နောက်ထပ် ၂ ကြိမ် တိုက်ပစ်တယ် အတိုက်ခံရတာ ၁ကြိမ်ပါတယ်...အဲ့ မှာ ကားတိုက် သေမှာကြောက်ပြီး  တက္ကစီဆွဲတာကို အပြီးစွန့် လွှတ်လိုက်တယ်..

အဲ့ မှာ ဘာလို့  ဒီလောက်တောင်မတော်တဆမှု့ နဲ့  ကြုံနေရတာလဲ ကိုစတွေးတယ် ကိုယ် လိုက်နေတဲ့ ဗေဒင်တွေ သက်ရောက်တွေနဲ့ အဖြေရှာတယ်....တော်တော်နဲ့  ဘ၀င်မကျဘူး...အကျင့် စရိုက်ကြောင်းလား အမည်ကြောင့် လား ဘာလားပေါ့ ...နောက်တော့  မွေးချိန် ဘောမတိုင်ကို မဟာဘုတ် တန်းထူ ကြည့် လိုက်တော့  ၃ကြွင်း မဟာဘုတ်တစ်ခုရလာတယ်
အဲ့ မှာ သောကြာနံ ခရီးသဘောရော မိဘပေး အမည်ပါ  မရဏအိမ်မှာ ချည်း ကိန်းနေတာ သတိထားမိသွားတယ်...သောကြာနံ မရဏအိမ်မှာထိုင်နေတာဟာ သိပ်ပြီး လှုပ်လှုပ်ရှားရှားလုပ်လို့  မကောင်းဘူး အန္တရာယ် ဖြစ်လွယ်တယ်ဆိုတာကို ရိပ်မိလာတယ်...

သွေးတိုးမူးလဲ ဆေးရုံရောက်တဲ့ နှစ်က ကောဇာ မဟာဘုတ်က ၃ ကြွင်းနှစ်နဲ့ တိုက်ဆိုင်နေတာကိုလဲ သွားသတိထားမိတယ်..အဲ့ မှာ ကိုယ့် တစ်သက် မတော်တဆမှု့ တွေ အများကြီးကြုံခဲ့ တာဟာ မွေးချိန်ကနေ ရစ်နေတာဆိုတာ အဖြေသဘော သွားတွေ့ တယ်...( အဲ့ မှာ ဆရာနဲ့  ရွှေတိဂုံဘုရားကနေ လမ်းလျှောက်ပြန်လာရင်းက လမ်းမှာ ဆရာက
ပြောခဲ့ တာသွားသတိရတယ် မွေးချိန်ဟာလဲ ဘ၀ရဲ့  ပုံဆောင်ခဲတစ်ခုသဘောပဲ လို့ ပြောခဲ့ တာ...သဘောက ဘ၀ကို ခြယ်လှယ်နေတာ မူလမဟာဘုတ်သဘောတင်မကဘူး
မွေးချိန်ကပါ ခြယ်လှယ်နေတာမျိုးလို့  သဘောပေါက်လိုက်တယ်) အဲ့ ကနေ ဒီနေ့ အထိ ကားဆွဲစားခြင်းသဘောကို အပြီးစွန့် လိုက်သလို ကိုယ့် နေရာမှာ ဖင်ကျောက်ချထိုင်ပြီး
အလုပ်လုပ်တဲ့ စတိုင်ကို ယူလိုက်တော့ တာမျိုး...ကိုယ့် အလုပ်မှာ အချိန်မရွေးနီးပါးရှိနေတဲ့ သဘောက ငွေရလွယ်တဲ့ သဘော ဖြစ်လာတယ်..ဆိုလိုတာက အလုပ်တစ်ခုကို
ရွေးပြီးရင် ဇောက်ချ လုပ်တော့ တဲ့ စတိုင်ကို အချိန်တစ်ခုအထိ  သည်းခံပြီး မွေးယူလိုက်တော့ တာမျိုးပေါ့ လေ...( လမ်းသလားလိုစိတ်ကို အတော်သည်းခံယူခဲ့ ရတယ်)

ဆိုလိုတာက ဗေဒင်ကို လိုက်တာ ကိုယ့် ဘ၀အတွက် ကိုယ် အရင် အသုံးချတတ်အောင် လုပ်တတ်သင့် တယ်ပေါ့ ဗျာ....

မူလ ၆ ဖြစ်နေတာက သူများတွေက အထင်ကြီးတာ ခံနေရတဲ့  ဒဏ်ကို ခံနေရတာမျိုး...မွေးချိန် ၁ သဘောက လုပ်ခဲ့ သမျှ အလုပ်တွေက လူကို အရမ်းမောင်တဲ့  ဖတ်ဖတ်မောအလုပ်တွေ ကိုယ့် ဒူးကိုယ်ချွန်သွားနေရတာ ပညာနဲ့ အသက်မွေးရတာ လူကောင်းသူကောင်းနဲ့ ကြုံရတာနဲတာ ကိုယ့် အပ်ါအခွင့် အရေးယူမယ့် လူတွေများများကြုံရတာ စသဖြင့်  ဘ၀စတိုင်ဖြစ်လာတယ် ( လူပင်ပမ်းတဲ့  ၆ ကြွင်းကြီးပေါ့ ...ခ်..ငိငိ  )

၃ကြွင်း သဘောက သူ ရှိတဲ့ နေရာကို ငွေကလာလေ့ ရှိတယ် အဲ့ ဒါကို စောင့် ယူတတ်ရင် ဘ၀သက်သာတယ်.. ဒါပေမယ့် 
၃ အများစုက မရဏ သောကြာကို ရုန်းကန်လိုစိတ် သတ္တိကများနေတော့  အထိုင် ဂဏှာ မငြိမ်တတ်ဖူး သဘောက  အငြိမ်အလုပ်တွေ သိပ်မလုပ်ချင်တတ်ဖူးသဘော..လမ်းသလား
ချင်စိတ်ကိုများတတ်တဲ့ သဘောပေါ့ ...


န၀င်းစီးပွဲယတြာပညာရဲ့  တစ်ခြားယတြာတွေနဲ့ မတူတဲ့  အဓိက အားသာချက်..
----------------------
အတော်စဉ်းစားရခက်သွားလားဗျ....ဟီး...အင်း...ယတြာဖိုး ပိုက်ပိုက် ကုန်တာများလား. ဟုတ်လောက်မယ်နဲ့ တူတယ် ..ခ်
----------------------------
ဘာမှ မှုတ်ဖူး အဓိကအားသာချက်က ဘာသာရေးတွေ လုပ်ရမှာ  ဘုရားသွားယတြာခြေရမှာ  ပုတီးစိတ်ရမှာ  ဂါထာတွေ ကျက်ပြီးရွတ်ရမှာတွေ လုပ်ရမှာ ပျင်းတဲ့  သူတွေ အတွက် ပိုက်ပိုက်လေး အကုန်ခံပြီး ၁၀မီးနစ် ၁၅ မီးနစ်လောက် န၀င်းလာထိုင်ယုံနဲ့ တော်ယုံ့  ပြဿနာတွေ အကျပ်အတည်းတွေကနေ သက်သာခွင့် ရလွယ်တဲ့  အလုပ်ဖြစ်တဲ့  ယတြာဖြစ်နေတယ်လို့ ....ဟီးဟီး...( ကျနော့် စီလာနေကြ တရုပ်တန်းက  ကိုယ်တော်ချောတွေက အဲ့ ဒီ့ ဘုရားသွားယတြာခြေရမှာ အဓိဌာန် ဂါထာ ပုတီးစိတ်သက်လွတ်စား အသားရှောင် ဘာသီလ ညာသီလ ကတိခံ အရက်ရှောင် အနှိပ်ခံရှောင် ဘာညာတွေ လုပ်ရမှာ ပျင်းတတ်ကြတယ်လေ..အမယ်တစ်ချို့ များ ပွဲထိုးထားပေးပါဆြာ ဆိုပြီး ပိုက်ပိုက်နဲ့  ဓါတ်ပုံလေး တီရှပ်လေး အင်းကျီလေး ပဲ ထားသွားတာ  ပိုက်ပိုက်ရှာနေရတာ အချိန်မရဘူးဖြစ်နေပုံရတယ်...ငိငိ )

------------------------------------------------------------------
အယူအဆတွေမှာ ပြောနေကျတာ ရှိတယ် အမည်နဲ့  ဟာမိုနီ မဖြစ်ရင် အမည်ကို ဟာမိုနီဖြစ်အောင် မနေတတ်ရင် အမည်နဲ့  ဆန့် ကျင်ဘက်တွေ ဖြစ်လာတယ်ခံစားရတယ်လို့ ဆိုတယ်...တွေးဘူးသိဘူးတဲ့  သူတစ်ချို့ လဲ အဲ့ လိုတွေ တွေ့ နေရသလိုလိုဆိုတော့  ဘာမီမဆိုင်ဘူးလို့  ငြင်းရတာခက်တယ်..
ဥပမာ ဒေါ်အေး ဆိုပါတော့  ဒီအမည်ဟာ သူ့ ဘ၀တစ်လျှောက်လုံး ပူလောင်သောကတွေ အများကြီး ကြုံခဲ့ ကြုံနေဆဲ အမည်လို့ ပြောလိုက်တာမျိုးပေါ့ ...ဟုတ်မဟုတ်က ဒေါ်အေးကိုယ်တိုင်ပဲသိမယ်...ကိုဗလတဲ့  ဒါဆို အမြဲတမ်းရောဂါတစ်ခုခုနဲ့  လုံးထွေးနေမယ့် လူလို့ ဆိုတာမျိုး...ဒေါ်လှလှတဲ့ 
ဘ၀က မလှခဲ့ ရှာဘူးသဘော...သဘောက အမည်ရဲ့  ဆန့် ကျင်ဘက်တွေကို တွေးပြီးကောက်ချက်ချတဲ့ သဘော..အဲ့ မှာ တွေးစရာက ဒေါ်အေးပေါင်း ကိုဗလပေါင်း ဒေါ်လှလှပေါင်း ဘယ်နှစ်ယောက် ဆုံခဲ့ ဘူးလို့  ဒီလိုကောက်ချက်ချသလဲက တွေးစရာရှိသလို ဒေါ်အေးက အမည်နဲ့ လိုက်အောင် အေးအေးလူလူ
နေတတ်သူဖြစ်နေရင် ကိုဗလက အမည်နဲ့ လိုက်အောင်ဘော်ဒီဖစ်ရှာက ဟဲဗီးဝတ်ဖြစ်နေရင် ဒေါ်လှလှက မော်ဒယ်လို လန်းပြီးလှနေရင်..
အကျိုးကျေးဇူးက ဘာဖြစ်နိုင်လဲ သဘောက ဆက်တွေးစရာ......ပြီးတော့  ဒါက မြန်မာအမည်သမားရိုးကျတွေ သဘော...အကယ်၍ ဒေးဗစ် ဆိုရင် သူရဲ့ ဘ၀ဟာ အမည်ရဲ့ သဘော
ကြောင့်  ဘာတွေ ကြုံနိုင်သလဲ ပြီးတော့  ဒေးဗစ်ပေါင်း ဘယ်နှစ်ယောက်ဆုံတွေ့ ဘူးလို့ ဒီလို ကောက်ချက်ချသလဲ စသဖြင့် ပေါ့ ...သဘောက ဘာရယ်မဟုတ်ပါဘူး...ခေါင်းကို အလုပ်ပေးတဲ့ သဘောပါပဲ...
----------------------------------------------------------------

ကျနော်တွေးပုံ...
---
အခုနမူနာပြမှာက အခုပုံလေးက ကျနော့် ဝေါပေါ်က အိုသွေးရှင်တွေ ဟောတဲ့ ဟောချက်တစ်ခုပေါ့ ..ကျနော်ကတော့ အိုသွေးမဟုတ်ပါဘူး...၊ ဂလုထဲမှာတော့ အိုသွေးတွေ ရှိမှာပေါ့ လေ...
ဒီတော့  အိုသွေးသမားတွေဟာတဲ့  အငြင်းအရမ်းသန်တယ်တဲ့  ၊ သဘောက ဒါ သွေးအုပ်စုတွေကို ခွဲပြီး ဗေဒင်ဟောလိုက်တဲ့ သဘောပေါ့ လေ...အဲ့ မှာတွေးစရာ ရှိတယ်အိုသွေးသမားတိုင်း အငြင်းသန်တာလား  အငြင်းမသန်တဲ့ အိုသွေးရော ရှိနိုင်သလား တစ်ခြား အေ တွေ အေဘီတွေ ဘီတွေကရော  အိုသွေးသမားလောက်အငြင်းမသန်ဘူးလား ဘယ်လိုကိစ္စတွေမှာ အငြင်းသန်တာလဲ အရာရာတိုင်းကို အငြင်းလေးနဲ့  စကားပြောတာလား..စသဖြင့်  ဆက်တွေးစရာ မေးစရာတွေ ရှိလာတယ်ပေါ့ ...

နောက်တစ်ခါ အငြင်းသန်တယ်ဆိုတာ မှန်နေပါပြီတဲ့  ဟယ်..သွေးဗေဒင်က မှန်လိုက်ထှာ ပေါ့ ..ဒါ ပုံမှန် ဗေဒင်ပရိတ်သတ် အများစု ဆီက ကြားရမယ့်  ကြားရလေ့ ရှိတဲ့  
စတိုင်ပေါ့ လေ ..အဲ အများစုက အဲ့ နေရာမှ ရပ်သွားလေ့ ရှိတယ်...ကျနော်တို့ က မရပ်ဖူး...ဟုတ်ပြီ အိုသွေးသမားတွေဟာ အငြင်သန်တာ မှန်ပြီဆိုကြပါစို့ ...မှန်တယ်ဆိုယုံနဲ့ ပြီးရောလား  အဲ့ အငြင်သန်ခြင်းရဲ့ အကျိုးဆက်က ဘာလဲ ဘာဖြစ်တတ်လဲ ကောင်းလား မကောင်းဘူးလား ဘယ်လိုနေရာတွေမှာမငြင်းသင့် ဘူးလဲ ဘယ်လိုနေရာတွေမှာ ငြင်းသင့် လဲ မှားနေတာကိုရော မငြင်းရတော့ ဘူးလား စသဖြင့် ဆက်တွေးတယ် အငြင်းသန်တယ်ဆိုတဲ့ ဟောကိန်းနောက်မှာ ဖြစ်လာနိုင်တဲ့  ကောင်းကျိုးဆိုးကျိုးတွေကို တွက်ဆမယ်
အဖြေဆက်ရှာမယ် ဆောင်ရန်ရှောင်ရန်တွေ ဆက်တွေးမယ် ပြောမယ်ပေါ့ ..ဒါ ကျနော်တွေးနေကျစတိုင်...ဆိုလိုတာက ကျနော်သုံးနေတဲ့ မဟာဘုတ်စတိုင်တွေမှာ ဒီလိုတွေးနည်းတွေနဲ့  သွားနေတာလို့ ဆိုလိုတာ.....

ဆိုပါတော့  အင်္ဂါသက်ရောက်မှာ စနေ + ကြာသာပတေးနံ တန်းစီးတိုင်ထိပ် ဖြစ်နေလို့ ထီပေါက်တတ်တယ်လို့ ဟောတယ် တကယ်လဲ ပေါက်တတ်တယ်ပေါ့ ...ကျနော်တို့ ဆက်သွားတာက ထီပေါက်ခဲ့ ရင် အကျိုးဆက်က ဘာဖြစ်မှာလဲ စီးပွားတက်ရောလား အရင်းအနှီးတွေ ဖြစ်သွားရောလား ထီပေါက်ပြီး ကောင်းကျိုးနဲ့ ဆိုးကျိုး ဘယ်ဖက်က ပိုများနိုင်သလဲ...စသဖြင့်  ဆက်လေ့ လာတယ် တွေးတယ် စောင့် ကြည့် တယ်ပေါ့ ..အဲ့ မှာ အင်္ဂါသက်ရောက်မှာ ထီပေါက်တဲ့ လူတွေရဲ့  ကောင်းမှု့ ဆိုးမှု့ တွေကို တွေ့ ပြီပေါ့ 
အဲ့ ဒါကို မှတ်တမ်းယူထားလိုက်ပြီး နောက်လူတွေကို ဥပမာပေးပြီး ဆောင်ရန်ရှောင်ရန်တွေ ပြောပြပေးလိုက်တယ်ပေါ့ လေ..ဒါ ကျနော် ဗေဒင်ကို သုံးနေတဲ့ စတိုင်...
----------------------------------------
ခါတော်မီ နမိတ်
-----
အဲ့ ဂျာနယ်ထဲမှာ တောင်ပြိုကမ်းပြိုနိုင်ရမည် (၀ါ) သောင်ပြို ကမ်းပြို နိုင်ရမည်ဆိုတာက တဲ့ နမိတ်ဆောင် သဘောဖြစ်သွားတော့ အဲ့ လိုလဲ ကြွေးကြော်ကြရော..
ရေတွေ ကြီးကုန်သတဲ့ .မြေတွေမြို..အဲ မြေတွေပြိုကုန်သတဲ့ .(တောင်တွေဖြို ရောင်းတုတ်တာ မပါပုစ်..) ...ဆွဲစိချက်က..( အမယ် ဆောင်းပါးထဲ လေယာဉ်ပျံကို ခဲနဲ့ ပေါက်ရင် ထိလိမ့် မယ် ဘာညာတွေနဲ့ မဆလာခေတ်က ချေးခြောက်ရေနှူး နမိတ်တွေ ပြန်တူးဆွလိုက်သေး..ခ်ခ်ခ်).....

အဲ့  ဂျာနယ်ရဲ့  အဲ့ ဆောင်းပါး စာမျက်နှာ တစ်ကွက် နေရာက `NLD လှုပ်ရှားသမျှကို ဖဲ့ ဘို့ ရေးတဲ့ ဆောင်းပါးတွေ အမြဲထဲ့ ပေးနေတဲ့ နေရာ လေး...အများအားဖြင့်  မောင်သိန်းညွန့် က အုပေဒ ရှု့ ထောင့် လိုလို ဘာလိုလိုနဲ့  `NLD ကို အညှိုးတကြီးနဲ့ ရေးနေလေ့ ရှိတယ်....တကယ်က သောင်ပြိုကမ်းပြို စကားသံမတိုင်ခင်ကတည်းက သင်္ကြန်မှာ 
ဝါထာဖါထီ ရီဖါထီ က အပီပေါက်ပြီးသား ......

အဲ့  ၀ါထာဖါထီ ရီဖါထီ ဟော့ ကတည်းက နမိတ်ကောက် ၀ါသနာထုံတဲ့ အများက တွက်ပြီးသား ခန့် မှန်းပြီးသား ရေကြီးနိုင်တယ်လို့ ...သိပ္ပံ နဲ့  လက်တွေ့  ကျကျတွေးတဲ့ ထောင့် ကကြည့် ရင် ရေကြီးတာကလည်း မဆန်းပါဘူး ဘာနမိတ်မှ မပေါ်လဲ ရာသီဗေဒပညာရှင်တွေ သစ်တောနဲ့  သဘာဝသိပ္ပံဆရာတွေကရော ပြောနေကြပြီးသား ဒီလောက် သစ်ခုတ် တောင်ဖြို ချောင်းပိတ် မြစ်ပိတ်တွေ အိုဗာဖြစ်အောင် လုပ်နေမှတော့  ရာသီဗေဒ သဘောက မဖေါက်ပြန်ပဲ နေပါတော့ မလား ရှေ့ နှစ်ရှေ့ နှစ်တွေလဲ လာဦးမှာပဲ....အယူဝါဒသမားတွေကလည်း အပြစ်တင်ပြီးသား လူတွေ စာရိတ္တဖေါက်ပြန်လို့  မင်းကျင့် တရား နဲ့ မညီလို့  ဂလိုတွေ ဖြစ်တာတို့  ဘုရားသခင်က ဒဏ်ခတ်တာတို့ ပေါ့ ...

.သူတို့ လိုသာ နမိတ်ကောက်ပြောရရင် ဟိုဖါထီကြီး စချီတုန်းက ကြံ့ ...ခိုင်မာတောင့် တင်း 
အင်အားကြီး သတ္တ၀ါပေါ့ ..နောက်တော့  လူတွေအများက ခေါ်တာ ဖွတ် တဲ့ ..
.ကြံ့ ဘ၀နဲ့ မတန်တော့  ဈာန်လျှောသွားချက်က တိုင်းပြည်ကြီး မွဲချက်ကယ်နာတဲ့ ဖွတ်မင်း သတ္တ၀ါဘ၀ကိုရောက်ကရော..

အဲ့ ဖွတ် နမိတ်ကမှ တကယ့် အပီ နမိတ်..ခါတော်မီ နမိတ်တောင်မဟုတ်ဘူး သူ့ လို နမိတ်ကောက် စတမ်းဆို..ဟိုးအတော်ကြာကြာကတည်းက နမိတ်ဖြစ်နေတာ 
ရိုးရာ ဓလေ့ စကား အိမ်ကို ဖွတ်တက်ရင် မွဲတတ်သတဲ့  တိုင်းပြည်ကို ဖွတ်တက်တော့  
ဘာတွေ ဖြစ်ကုန်သတုံး...( အိမ်အကူတွေ ဖြစ်ကုန်ပါတယ်ခီည..) 
( ငင့် ...အာ့ မပါဘူးယေ...ငိငိ)..ခ်ခ်ခ်..ငိငိ
-----------------------------------------------------------

ကျနော် ''တောင်ပြိုကမ်းပြို ''အသုံး ကို ပို့ စ်တစ်ခု ရေးခဲ့ ပြီးပြီ...ရေကြီးတာ အဲ့ စကားကြောင့် လို့  တစ်ချို့ ကဆိုတယ် ကျနော်က ငြင်းတယ်..အကြောင်းက 
.အဲ့ စကားလုံး မကျယ်ပြန့် ခင် သင်္ကြန်မတိုင်ခင်ကတည်းက ၀ါထာဖါထီ  ရီဖါထီ ဆိုတဲ့  ဖရူဖရု ချော်သိမ်းန် ရဲ့  သီချင်းက ခေတ်အရင်စားသွားလို့  ရေကြီးနိုင်တယ်လို့  ဟောကိန်းထုတ်ပြခဲ့ တယ်  စစ်ကိုင်းအလှုမှာ ရုပ်ပျက်ဆင်းပျက် ရေကြီးခံရတယ်
အစိုးရက  မဆင်ခြင်ဘူး ဆက် ပြီး အမှားတွေဆက်လုပ်တယ် ဆက်ရေကြီးခဲ့ တယ်..သဘောက တောင်ပြိုကမ်းပြိုမတိုင်ခင်ကတည်းက ရေကြီးမဲ့ နမိတ်ပေါ်ပြီးသားသဘော...
ပြီးတော့  နမိတ်သဘောဟာ လုပ်ကြံပြောလို့ မရဘူး တားလို့ လဲ မရဘူး လူတွေက ကိုယ်ကျင့် သီလအပေါ်မှီပြီးဖြစ်လာတဲ့  သဘာဝကိစ္စသာဖြစ်တယ် ဒီ့ အတွက် 
တစ်ယောက်ချင်း ဘယ်သူ့ မှာမှ တာဝန်မရှိဘူး..တာဝန်ရှိတယ်လို့ ဆိုလာရင် အားလုံးမှာတာဝန်ရှိတယ်


ကျနော်တွေ့ တယ် ငြင်းနေကြတာ တောင်ဖြစ်စေ သောင်ဖြစ်စေ ကျနော်ယူတာ စေတနာ ဒီအသုံး တကယ့် စေတနာက အားရပါးရ အောင်ပွဲခံတဲ့  ပျော်ရွှင်တဲ့  အကောင်းမြင်တဲ့  ကြွေးကြော်လိုက်တဲ့ စကားအသုံး အဆိုးမြင်အသုံးမဟုတ်ဘူး..
အခု အများစု ဖြစ်နေတာ အဆိုးမြင်...NLD ရဲ့ အောင်ပွဲကို အဆိုးမြင်သွားရောနေတာမျိုး...ဘာကြောင့် အဆိုးမြင် အဖြစ်အသွင်ပြောင်း မြင်ကုန်တာလဲဆိုတာ....အဖြေရှိတယ် ပြောမကောင်းဘူး...
ယေဘူယျကတော့  ဒီတိုင်းပြည်မှာ အနိဌ အမြင်တွေ ဆယ်စုနှစ်တွေ နဲ့ ချီပြီး လွှမ်းမိုးခံခဲ့ ရလို့ ဖြစ်နေတာလို့ တော့ တွေးမိတယ်ဗျ
------------------------------------------------------------------


အဲ့ လောက်တော့ မဟုတ်ပါဘူး ဖွဘုတ်သုံးတဲ့ သူက အခုနှစ်ဆန်းကစပြီး အကောင့် သစ်တွေ သန်းနဲ့ ချီ ခုန်တက်လာတယ်..အဲ့ မှာ အရင်က ပိုစ့် အဟောင်းတွေ ကို အကောင့် သစ်က အခုမှအသစ်အဆန်းဖြစ်ပြီး ရှယ်နေကျတာမျိုး ဒီ ကြာခွက် အနာဒီဇိုင်း ဖိုတိုရှော့ က ၂၀၁၄ နှစ်ဆန်းက ရင်သားမှာ ဘော်လီအကျပ်နဲ့ မသန့် တာဝတ်လို့ ဆိုပြီး ဖြန့် ဖူးတဲ့  ဖိုတိုရှော့ ဒီဇိုင်းမျိုးတွေ...နှစ်ပေါက်နေပြီဖြစ်တဲ့ 
ကလေးပျောက်ပိုစ့် အဟောင်းတွေတောင် အခုပျောက်သွားတယ်ထင်လို့  ဖြန့် နေတာတွေတောင် ရှိနေတယ်...

ဒါပေမယ့်  တိုင်းပြည်ထဲမှာ တစ်ယောက်ချင်းဆိုင်ရာ ရောဂါဘယထက် အများဆိုင်ရာသဘော အတွက် ပိုကြောက်စရာကောင်းတဲ့ ပြဿနာရှိနေတယ်...နမိတ်ဆိုတာထက် အနိဌာရုံတွေကို အရမ်းလုပ်ခဲ့ ကျ လုပ်နေဆဲဖြစ်နေလို့  အခု တိုင်းပြည်ထဲမှာ ပုံပျက်ပန်းပျက် အနိဌာရုံလူသေမှု့  လူသတ်မှု့ တွေ ဒလကြမ်းတိုးလာနေတယ်..အနိဌရှိရာ အနိဌ လာသဘော...နေ့ လည်က  မြို့ တစ်မြို့ က ကထိန်လှည့် တဲ့ ကားမှာ ဆောင်းဘောက်ကြီးတွေအတွက်သုံးတဲ့  မော်တာအင်ဂျင်ထဲ လူညပ်သွားတာ
ခေါင်းအပြီး ပြတ်ထွက်ပြီး လမ်းပေါ်ပြုတ်ကျနေတဲ့ ပုံတွေလိုက်ရတယ် သွေးပျက်စရာပဲ..သဘောက အဲ့ လို ခေါင်းပြတ်သွားတာ ကိုယ်အင်္ဂါတွေ တစ်ပိုင်းစီတစ်စစီဖြစ်ကုန်တာတွေ အနှစ်သုံးဆယ် လေးဆယ်အတွင်းမှာ ဖြစ်ခဲ့ လွန်းတဲ့  အနိဌာရုံတွေ ဒီ ၃ နှစ် ၄ နှစ် အတွင်းမှာ ဖြစ်သင့် တာထက် အလွန်အကျွံဖြစ်နေတယ်...အဲ့ လို ဖြစ်ရခြင်းအကြောင်းက နိုင်ငံရေးကစားကွက်တွေ ဖန်တီးလိုက်တော့  အဲမှာ
လူပေလူတေတွေဟာ လက်မရွ့ံတန်း သတ်ဖြတ်မှု့ တွေ ( သူများအယူက လက်ရဲဇက်ရဲလုပ်သလိုတွေ အတုယူပြီး လိုက်လုပ်ကြတာ) က စတာလို့  သတိထားမိလို့ ရတယ်...ဒီအတွက် ဥပမာက အယူအတွက် ယဇ်ဆန်ဆန် သတ်ဖြတ်မှု  အနိဌာရုံ့တွေ လူကြားသူကြားမှာ အလွန်အကျွံလုပ်တဲ့  ဒေသတွေမှာ တစ်ခြားဒေသတွေထက် အနိဌာရုံတွေ ပိုများတာ သတိထားကြည့် လို့ ရတယ်...အခု ဒီမှာ
အနိဌာရုံတွေ အလွန်အကျွံများလာတာလဲ ဒီသဘောပဲ...အနိဌာရုံများတဲ့  အရပ်မှာ အနိဌ အကောင်တွေ မြေဖုတ်ဘီလူးတွေ သရဲ တစ္ဆေတွေ အများကြီး လာပျော်ကြ ပွဲတော်ကြီးဖြစ်နေကြ သဘော....အဲ့ တော့  အနိဌပြီးအနိဌပေါ့ ...( အာ့ ကြောင့်   ဂြိုလ်ကောင်းကောင်း မကောင်းကာင်း ခေတ်မကောင်းဘူး  အဆောင်တွေ ဘာတွေဆောင်ပြီးသွားလို့ ပြောတာ...ခ်ခ်ခ်)
------------------------------------------------------------------------------

No comments:

Post a Comment

'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..