Thursday, November 19, 2015

အယူအစွဲ ဖီလင် ခံစားမှု့ တွေက ဖြစ်လာတဲ့ သောကစိတ်တွေကို အယူအကောက်ဖီလင် ခံစားမှု့ တွေ အပြီးတိုင်မပယ်သတ်နိုင်ခင်မှာ သောက နဲအောင် ချုပ်ချလိုက်ပုံ (၁).


အယူအစွဲ ဖီလင် ခံစားမှု့ တွေက ဖြစ်လာတဲ့ သောကစိတ်တွေကို အယူအကောက်ဖီလင် ခံစားမှု့ တွေ အပြီးတိုင်မပယ်သတ်နိုင်ခင်မှာ သောက နဲအောင် ချုပ်ချလိုက်ပုံ (၁).
-----------
ဒါက ကျနော်ဖြတ်သန်းခဲ့ တဲ့  လမ်းတစ်လျောက်မှာ ကြုံတွေ့ ခဲ့ ရတာတွေကို မှတ်မိသလောက် ပြန်တွေး စဉ်းစားရင်ဘ၀ခရီး အတွက် အဓိက သာမည သဘောကို ခွဲခြမ်းစိတ်ဖြာပြီး
စိတ်ပူနှုံးကို လျှော့ ချတာ သတိထားသင့် တယ် ထင်တာကို သတိထားတယ် သဘောနဲ့  ကိုယ်ပိုင်ပေတံ တစ်ချောင်တည်ဆောက်ပြီး..ဆင်ခြင်ပြီး မဂိခင် ရှေ့ ခရီးကို ပေါ့ ပေါ့  ပါးပါး ဖြစ်အောင် တွေးတောနေထိုင် ဖြတ်သန်းတဲ့ နည်းပဲ...



လူအများစု သဘောအတွက် လက်တွေ့ သဘောဆန်ဆန်လဲ ဖြစ်တယ် ကျနော့် ပေတံသဘောလဲ ဆောင်တယ်...အဲ့ ပေတံက ကိစ္စတစ်ခုခု ဖြစ်တော့ မယ် ဖြစ်နေဆဲ လုပ်တော့ မယ် ဆို ကိုယ့် ဘ၀အခြေခံ ထမင်းအိုးကို ထိခိုက်နိုင်လား အရင် တွေးလိုက်တာ.....ဗိုက်ဆာလွန်းရင် ရုပ်ဓါတ် ခွန်အားကျဆင်းသွားလို့   အကြံကောင်း ဥာဏ်ကောင်း အတွေးကောင်း ဆုံးဖြတ်ချက်ကောင်းလေး တွေ မထွက်တတ် အမှားအမှန် ခွဲခြားနိုင်တဲ့  သဘောပါ အာနဲသွားတဲ့ အပြင်...ငတ်မရှက် စကားပုံထဲရောက်သွားတတ်လွန်းလို့ ...

ဥပမာ မျက်ခမ်းတွေ လှုပ်တဲ့ အခါ မကြာခင်မှာ ရန်ဖြစ်စရာ စကားများစရာတွေ တစ်စုံတစ်ယောက်နဲ့  ပြဿနာကြုံလာလေ့ ရှိတယ်.ငယ်စဉ်ကဆို အဆူခံထိတာမျိုးပေါ့ အဲ့ အခါ .အရင်က အဲ့ လို မျက်ခမ်းတွေလှုပ်လာရင် သောက ကြီးကြီး ဖြစ်တတ်ခဲ့ တယ်..နောက်တော့  မျက်ခမ်းလှုပ်ဖူးပေါင်းလဲ များခဲ့ ပြီ  လှုပ်ပြီးတိုင်း အဆူခံထိတာတွေ ပြဿနာတွေလဲ ကြုံဖူးပေါင်းများခဲ့ ပြီ..'''' ပြီးရင် ပြီးသွားတာပါပဲဆိုတာလဲ သတိထားမိခဲ့ ပြီ..'''' .အဲ့ မှာ ပြန်တွေးတယ် မျက်ခမ်းလှုတာလောက်နဲ့ တော့  မသေနိုင်တတ်ဘူး..ထမင်းအိုးကို ထိခိုက်တာမျိုး မဖြစ်လောက်ခဲ့ ဘူး...အိုကေ အသက်နဲ့ ဝေးတယ် ဘ၀ပျက်လောက်တဲ့  ကိစ္စမဖြစ်ခဲ့ ဘူးလို့  သိလိုက်ချိန်မှာ နောက်ထပ် မျက်ခမ်း လှုပ်ချင်သလောက်လှုပ် အရေးမကြီးတော့ ဘူး ကြုံလာတဲ့ အခြေအနေမှာ မီးစင်ကြည့် ကယုံပေါ့  စိတ်နဲနဲ ရှည်ရှည်ထားပေးလိုက်တာပေါ့ လို့  စသဖြင့်  မျက်ခမ်းလှုပ်တဲ့  လက္ခဏာ ဆိုင်း နမိတ် အပေါ်  သဘောထားလိုက်နိုင်ပြီ...သောကစိတ်ကို လျှော့ ချနိုင်ခဲ့ ပြီပေါ့ လေ...ဒါက အသားလှုပ်တွေ တစ်ချို့ ထဲက ကိုယ့် အတွေ့ အကြုံအရ ကြုံဖူးတဲ့  ကိစ္စတွေကိုပြန် ချိန်ပြီး သဘောထားတွေ ပြောင်းပစ်လိုက်တဲ့  အကြောင်း ပြောတာပါ...

နောက်တစ်ခါ အတွေးတည်ဆောက်ထားတာက ဘ၀တစ်ခုဆိုတာ ဘ၀တစ်ခုပဲ သူလို ကိုယ်လိုတွေ အများစု နဲ့  ဘ၀ခရီးကို ကိုယ့် ဟန်နဲ့ ကိုယ်သွားနေကြတာချည်းဖြစ်ပြီး တစ်နေ ဂိ ကုန်တာချည်းပဲ.ဒါ့ အပြင် ဘ၀ခရီးမှာ ကြုံခဲ့ တဲ့ သူတွေ လမ်းမှာ ပြုတ်ကျန်ခဲ့ တာလဲရှိတယ် ဆက်ပါလာနေတာလဲ ရှိတယ်.အသစ် အသစ်တွေလဲ ကြုံနေတယ် .ပျော်စရာတွေလဲကြုံတယ် ညစ်စရာတွေလဲ ကြုံတယ် အားလုံးဟာ ဖြစ်နေတုန်း ဖြစ်ပြီး မကြာခင်မှာ အခြေအနေသစ် တစ်ခု ထပ်ထပ်ကြုံရတာချည်းဖြစ်တယ် လို့ တွေးလိုက်ပြီး...သတ်သေချင်စရာ ကောင်းလောက်အောင် အရေးကြီးတဲ့  ကိစ္စတွေ ဘာမှမရှိဘူးလို့ တွေးပေးလိုက်တဲ့ အခါ လူဟာ နေသာထိုင်သာ ရှိသွားတယ် နေသာ ထိုင်သာရှိရင် တွေးရတောရတာ ပေါ့ ပေါ့ ပါးပါးရှိလာတယ်...

ဘ၀ ပစ်မှတ်ကို ပြောင်းလိုက်ပုံက ကျိကျိတက် ချမ်းသာနေဖို့ ထက် စုတ်ပြတ်နေအောင် မဆင်းရဲရင် အိုကေ ရပြီ..အဲ့ လိုတွေးနိုင်ပြီဆိုတဲ့ အခါ  စုတ်ပြတ်နေအောင်ဆင်းရဲနိုင်တဲ့ ကိစ္စတွေကို လက်ရှောင်ပြီ..

ဘာအကြောင်းနဲ့ မှ အသားလွတ် ထောင်အကျ မခံနိုင်ဘူး ဆိုတာ ကိုယ့် ကိုယ်ကိုယ် ခပ်ပြတ်ပြတ် မညာတမ်း မလိမ်တမ်း တွေးလို့ ရချိန်မှာ ထောင်နားနီးနိုင်တာတွေကို လက်ရှောင်လိုက်တယ်.ထောင်နဲ့ ဝေးတယ်လို့  တွေးလို့ ရရင်  ဘ၀ပျက်နိုင်တာတွေနဲ့ ဝေးရင် ထမင်းငတ်နိုင်တာတွေနဲ့ ဝေးရင်  အသားလွတ်သေနိုင်တာတွေနဲ့  ဝေးတယ်လို့ တွေးလို့ တွက်လို့ ရရင်.....စိတ်စေရာနောက်ကို လုပ်ချင်တာတွေ ထလုပ်လိုက်တယ်...အဲ့ မှာလည်း ပေါ့ ပေါ့ ပါးပါးနေနိုင်လာတဲ့ သဘောဖြစ်လာတယ်...

အဲ့ မှာ ကျနော်အရင်က ရယ်စရာပြောဖူးတယ် အသည်းကွဲတာက အသည်းကွဲတာ ဗိုက်ဆာတာက ဗိုက်ဆာတာ..အသည်းကွဲပေမယ့်  ဆာလွန်းလာရင် ထမင်း ထစားမိတာပါပဲလို့ ပေါ့  သဘောက ခံစားမှု့  ဖီလင်ရယ် လက်တွေ့ ဘ၀ရယ်ကို သိပ်ပြီး ဂွင်ဆက် မပြတ်အောင် တွေးတယ်ပေါ့ လေ...ပြီးတော့  ကိုယ့် ကိုယ်ကိုယ် သီးခြားလူသားအဖြစ်ခံစားမှု့ ကို လျှော့ ချလိုက်တယ် ပုံမှန် လူတွေထဲက ပုံမှန် လူတစ်ယောက်လောက်ပါပဲလို့ တွေးပေးလိုက်ချိန်မှာလဲ ပေါ့ ပေါ့ ပါးပါးစိတ်တွေနဲ့  နေနိုင်သွားပြန်တယ်




No comments:

Post a Comment

'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..