Friday, March 6, 2015

ပူတင်း...
-------
ရယူထားတဲ့ အာဏာနေရာထိုင်ခုံ မဖယ်ရရေးအတွက်  လုပ်သမျှ ဘာမဆိုတရားတယ်ဆိုတဲ့ သဘောမျိုးကို ကွန်မြူနစ်နိုင်ငံတွေ အများစုနဲ့ အစွန်းရောက်စိတ်ရှိတဲ့ နိုင်ငံတွေမှာ အများဆုံးတွေ့ နိုင်တယ်။ မနေ့ တစ်နေ့ ကတင် ရုရှားမှာ နေရာအာဏာကို လုဖို့ အလားအလာအရှိဆုံး အတိုက်အခံခေါင်းဆောင်ကို ဂန်းရှော့ လုပ်ပစ်လိုက်တယ်...လက်ရှိအာဏာရှင် ပူတင်နဲ့  ပူတင့် အုပ်စုကလွဲရင် အားလုံးက ပူတင့် လက်ချက်လို့  ပြောကြတယ် ၊ ပြောကြဆို အစဉ်အလာကိုကရှိခဲ့ ပြီးသားမို့ ပါပဲ

ဒီလိုမျိုးကိုယ့် နေရာကိုလုမယ့် သူကို ကမ္ဘာမြေပေါ်က အပြီးပျောက်သွားအောင် သတ်ပစ်လိုက်ရင် (၀ါ) သေရင်ပြီးပြီ ဆိုတဲ့ သဘောကိုလဲ အဲ့ လို အာဏာရှင်တွေက တကယ့် ကို ကျင့် သုံးလေ့ ရှိတယ်..သူတို့ သဘောကတော့  လူတွေက မတရားပါဘူးလို့ ဝိုင်းအော်လဲ ခဏပေါ့  အာညောင်းရင်ရပ်သွားမှာလို့ ခံယူထားကြလို့ ပါပဲ...(အာညောင်းရင်ရပ်သွားတတ်တာတော့ သိပ်ငြင်းစရာမရှိပါဘူး ဒါပေမယ့်  မြုံသွားတဲ့ အနာလို အတွင်းဘက်လှိုက်လောင်စားသွားပြီး  တစ်နေ့တော့ ကုရခက်သလို ကြီးကျယ်တဲ့ အိုင်းအနာကြီးအဖြစ်ပြန်ပေါ်လာတာမျိုးတော့  နောက်တော့ တိုင်းပြည်ပါပျက်ကရောဆိုတာမျိုး ကဒါဖီတို ဆဒန်တို  ပါကစ္စတန်နိုင်ငံပျက်သလိုဖြစ်နေတာတို့ လိုမျိုး အဖြစ်တွေက ခေတ်သစ်အတွက် နမူနာပါပဲ)...



ဒီလိုမျိုး နေရာအာဏာအတွက် အန္တရာယ်ရှိလာမယ့် သူတွေကို အပြီးသတ်ပစ်လိုက် (၀ါ) အပြတ်ရှင်းပစ်လိုက်တဲ့ အပြုအမူမျိုးကို ကွန်မြူနစ်နဲ့ အာဏာရှင်နိုင်ငံတွေမှာသာအတွေ့ ရဆုံးဖြစ်ပြီး ဒီမိုဘိုးအေနိုင်ငံတွေနဲ့ အနောက်ဥရောပနိုင်ငံတွေမှာ ဖြစ်တာ မကြားရသလောက် (ဖြစ်ဦးတောင် အလွန်  အလွန်အဖြစ်နဲခဲ့ တာ) ဆိုတာကလည်းသတိထားကြည့် ရင် သတိထားမိသလောက် တွေ့ ရမှာပါပဲ..။

ဒီတော့  တကယ့် အာဏာယူထားတဲ့ အာဏာရှင်တွေမှာ အာဏာအတွက်ဆိုရင် ဘာသာတရားမရှိဘူးဆိုတာ အဲ့ ဒီ့ အပြုအမူမျိုးကိုရည်ညွှန်းကြတာလို့ ဆိုတယ်..
ဒီတော့  ဒီမိုစစ်စစ် သဘောတရားမျိုးကို လက်တွေ့ ကျင့် သုံးနေတဲ့ ဒေသမှာ လူမဖြစ်ခဲ့ ပဲ အာဏာနေရာအတွက် ဘာမဆိုလုပ်မယ့် လူတွေလွှမ်းမိုးနေတဲ့ ဒေသမှာ
လူဖြစ်လာတဲ့  ကိုယ့် ရဲ့ အသက်နဲ့ ဘ၀ကိုလည်းအထိအခိုက်မခံနိုင်တဲ့ လူတွေဟာ ဘယ်လိုနေထိုင်အသက်ရှင်ကြမလဲက ...ဒါက တစ်ယောက်နဲ့ တစ်ယောက်တူ
မှာတော့  မဟုတ်ဘူး...လောကဓမ္မအရပြောရရင် ကိုယ်ရွေးတဲ့ လမ်းရဲ့ အကျိုးဆက်က ကိုယ့် ပေါ်မှာပဲတာဝန်ရှိတယ်ပေါ့ လေ..

ဒီတော့ မတရားမှု့ လို့ ထင်ရရင် အုပ်ချုပ်ခံတွေလုပ်လို့ အလွယ်ဆုံးက ကိုယ့် ခွင်ထဲကနေ ကိုယ်တုန့် ပြန်ဖို့ ကပိုလွယ်တယ်ဆိုတာ ၂၀၀၇ ပြီးတုန်းက တစ်ချို့ လုပ်ခဲ့ ကြသလို နည်းတွေရှိခဲ့ တယ် အဲ့ ထဲက တစ်နည်းက ပူတင်နဲ့ ပူတင့် အုပ်စုကို တတ်နိုင်သမျှ မဆက်ဆံဘူး သဘောမျိုးတွေပေါ့ ..ဥပမာ ဖွရွာထဲက လုပ်နည်းမျိုးပေါ့  ကိုယ်မကြိုက်တဲ့ သူဆို ပြန်ရှင်းပြနေတာ ပြန်တုန့် ပြန်နေတာမျိုးမလုပ်တော့ ပဲ ဘယ်တုန်းကမှ မသိခဲ့ မမြင်ဘူးခဲ့ သလို ဘလော့ လိုက်တဲ့ နည်းသဘောမျိုးပေါ့ 

နိုင်ငံရေးနယ်မှာ တစ်ချို့ ကတော့ ရေရှည် အမျှော်အမြင်နဲ့ ပူးပြီး ကိုယ်လိုချင်တာကို ပုံဖေါ်နေတဲ့ ပုံစံနဲ့  သွားတဲ့ လမ်းကြောင်းကို ရွေးတယ်. ဒါလဲ ကောင်းတယ်လိုအပ်တယ် လုပ်ရမယ် အဲ့ လိုလုပ်တဲ့ သူတွေကိုလည်း ကိုယ့် ခွင်ထဲကနေ အားပေးတယ်ပေါ့ လေ...

No comments:

Post a Comment

'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..